← Chapters

ဒဏ္ဍာရီအဆင့်သို့ ရောက်ရှိခြင်း

Vol. 34 Ch. 508

ဒဏ္ဍာရီအဆင့်သို့ ရောက်ရှိခြင်း

Vol. 34 Ch. 508

မြို့ထဲရှိ စစ်မြေပြင်တွင်

တောင်ကဲ့သို့ ကြီးမားကာ ဖြိုခွင်း၍ မရနိုင်သည်အထိ ကြီးမားသော ကျောက်တုံး မြွေကြီးတစ်ကောင်သည် ပတ်ဝန်းကျင်ရှိ ကမ္ဘာ့တိုက်ခိုက်ရေးသမားများကို ထိခိုက်စေခဲ့သည်။ ဤကျောက်မြွေ၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် ဒဏ္ဍာရီအဆင့်သို့ ပြောင်းလဲရန် တစ်ဆင့်သာလိုတော့သော မြင့်မြတ်သူ နဝမအဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကြီးမားသော ခန္ဓာကိုယ်ကို ရွေ့လျားရုံမျှဖြင့် ၎င်းသည် ၎င်း၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ စစ်မြေပြင်၏ အလယ်ဗဟိုတွင် မြေပြင်မှ စစ်သည်တော်များစွာတို့သည် ၎င်း၏ အမြှီးဖြင့် ရိုက်ခတ်ခြင်းခံရကာ သွေးသံတရဲရဲအသားစိုင်ဖတ်များအဖြစ်သို့ ကြေမွလျက် မျေှာ်လင့်ချက်ကင်းမဲ့သွာ သေဆုံးသွားခဲ့ကြသည်။

“နောက်ဆုတ်”

“မြန်မြန် နောက်ဆုတ်”

“ထိပ်တိုက်မတွေ့နဲ့ ဆုတ်ကြ”

မြင့်မြတ်သူနဝမအဆင့် ကမ္ဘာမြေကျွမ်းကျင်သူသည် မြွေနှင့် ထိပ်တိုက်တွေ့ရန် ပြင်နေကြသည့်အခြားသူများအား အော်ငေါက်နေကြစဥ် ကျောက်မြွေ၏ အမြှီးကို တားဆီးရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ ကျောက်မြွေ၏ သွေးမျိုးဆက်စွမ်းအားအဆင့်က အလွန်မြင့်မားသည်ဖြစ်ရာ ၎င်း၏ ကာကွယ်ရေးအတွက် အထူးလူသိများသည်။ သွေးမျိုးဆက်စွမ်းအားအဆင့်နိမ့်သူများသည် ယင်းကို ထိရောက်သော ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်နေစနိုင်ပေ။ ထိုသို့သောအခြေအနေမျိုးတွင် ဝိုင်းရံခြင်းက အဓိပ္ပါယ်မရှိပေ။

လက်ရှိအချိန်တွင် အကောင်းဆုံးရွေးချယ်မှုမှာ ဤမပျက်စီးနိုင်သောကျောက်မြွေနှင့် တိုက်ရိုက်ထိပ်တိုက်တွေ့မှုကို ရှောင်ရှားရန်ဖြစ်သည်။ မြို့တော်ရှိ မရွေ့ပြောင်းနိုင်သော အဆောက်အဦများအနေနှင့် မြွေ၏ကြီးမားသော ခန္ဓာကိုယ်ကြောင့် အရာအားလုံး အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

သို့သော် ယင်းက အရေးမကြီးတော့ပေ။ ထိုသို့ကြီးမားသောတိုက်ပွဲကြီးဖြစ်လာလျှင် မြို့က ခံနိုင်ရည်မရှိမည်မှာ သေချာသည်။ အဆော်ကအအုံများ ပြိုကျချင်သလောက် ပြိုကျစေကာမူ လူများအသက်ရှင်နေသရွေ့ လုံလောက်ပြီဖြစ်သည်။

သို့ရာတွင် မြင့်မြတ်သူ နဝမအဆင့်အထွတ်အထိပ် ကျွမ်းကျင်သူကဲ့သို့ သွေးမျိုးဆက်စွမ်းအားမြင့်သော ကျောက်မြွေတစ်ကောင်သည် ၎င်းကို သတ်ရန် ဆုံးဖြတ်လိုက်လျှင်ပင် အောက်ခြေအဆင့်ရှိသူများက လွတ်မြောက်ရန် လုံးဝ တတ်နိုင်မည်မဟုတ်ပေ။ ခဏအကြာတွင် ကြောက်မြွေ၏ အမြှီးက နှေးကွေးစွာပြေးနေသည့် လူများကို ထိမှန်သွားသည်။

၎င်းတို့၏ ခန္ဓာကိုယ်များက လေးလံသော ကျောက်အမြှီးဖြင့် ထိမှန်ကာ သွေးစိုင်များအဖြစ်သို့ ပြောင်းလဲလျက် စစ်မြေပြင်တွင် ကျန်ရစ်ခဲ့ကာ နာကြည်းသော ဝိညာဉ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“မြင့်မြတ်သူအဆင့်အထက် သွေးမျိုးဆက်စွမ်းအားရှိတဲ့လူတွေ နောက်မဆုတ်ကြနဲ့။ ပြန်လာပြီး ကျောက်မြွေကြီး ချီတက်လာတာကို တားကြ”

ယခုတင် အားလုံးကို အမြန်ဆုတ်ခွာရန် တိုက်တွန်းလိုက်သော မြင့်မြတ်သူ နဝမအဆင့်ကျွမ်းကျင်သူက အဆင့်နိမ့်သော မိတ်ဆွေများ ကျောက်မြွေ၏ အမြှီးဖြင့် ရိုက်ခတ်ခံရသည်ကို မြင်သောအခါ ချက်ချင်း သွေးစွမ်းအင်များကို အပြည့်သုံးကာ အမိန့်ပေးလိုက်သည်။ ထိုသို့ပြောပြီးသည်နှင့် သူသည် နောက်ပြန်လှည့်ကာ ကျောခိုင်း၍ မိတ်ဆွေသားချင်းများကို ကယ်ကာ‌ ကျောက်မြွေကို ရင်ဆိုင်၍ အသက်ကို စွန့်လွှတ်ရန်ပင် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

သူဦးဆောင်ပြီးနောက် နောက်ထပ် မြင့်မြတ်သူအဆင့် ကျွမ်းကျင်သူများစွာသည် ရုန်းရင်းဆန်ခတ်ထဲသို့ ပြန်ဝင်လာခဲ့ကြသည်။

ဤကမ္ဘာမြေစစ်သည်များသည် အလွန်တရာ အစွမ်းထက်သော ကျောက်မြွေကို တိုက်ထုတ်ရန်အတွက် တုံ့ဆိုင်းခြင်းမရှိဘဲ ၎င်းတို့၏ သွေးစွမ်းအင်များကို အပြည့်အဝ ထုတ်သုံးလျက်ရှိသည်။ အနှစ်သာရသွေးကို စွန့်လွှတ်လိုက်ခြင်းက ဆင့်ကဲပြောင်းလဲခြင်းအတွက် အလားအလာကို ဆိုးရွားစွာ ပျက်စီးစေနိုင်သည်။

သို့သော် နောက်ထပ်အသက်များကို ကယ်တင်ရန်အတွက် ဤ မြင့်မြတ်သူအဆင့် ကမ္ဘာမြေမှ စစ်သည်များသည် ၎င်းတို့၏ ဆင့်ကဲပြောင်းလဲမှုဆိုင်ရာအခွင့်အရေးများကို စွန့်လွှတ်ရန် တုံ့ဆိုင်းနေကြခြင်းမရှိပေ။

အရာရာတိုင်းတွင် လွန်ကဲသော သဘောသဘာဝနှစ်ခုရှိသည်။ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များကို ရယူရန် လူသားမျိုးနွယ်၏ အကျိုးစီးပွားကို စတေးမည့် သစ္စာဖောက်များ ရှိနေပါက၊ ဆန့်ကျင်ဘက်အားဖြင့် မိမိကိုယ်ကိုယ် စတေးမည့် သူရဲကောင်းများလည်းရှိနေသည်။

ဘမ်း

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ နောက်ထပ်တစ်စက္ကန့်တွင် လူတစ်ဦးသည် ရှေ့မှ အရျိန်ပြင်းပြင်းဖြင့် နောက်သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြန်ကျ၍ ဖုန်မှုန့်များထလာသည်ကို မြင်လိုက်ရသည်။ ခဏအကြာတွင် ဖုန်မှုန့်များ ကင်းစင်သွားသည်။ အက်ကွဲကြောင်းများနှင့် နက်ရှိုင်းသော မြေကြီးပေါက်တစ်ခုသာ မြေပြင်ပေါ်၌ ကျန်ရစ်ခဲ့သည်။ ထိုမြေတွင်း၏ အလယ်ဗဟိုတွင် လူတစ်ယောက်သည် သွေးများဖြင့် ဖုံးလွှမ်းကာ အသက်ငင်နေသည်။

ပို၍ အနီးကပ်စစ်ကြည့်လိုက်သောအခါ ၎င်းက ကျောက်မြွေကို တိုက်ခိုက်ရန် ဦးဆောင်ခဲ့သည့် မြင့်မြတ်သူနဝမအဆင့် စစ်သူကြီးဖြစ်သည်။ မြို့တွင်းတွင် ဒုတိယအဆင့်ကျွမ်းကျင်သူအဖြစ် ကျော်ကြားသော သူသည် ကျောက်မြွေနှင့် တစ်ကြိမ်သာတိုက်ခိုက်ပြီးနောက် တိုက်ခိုက်ရေးစွမ်းရည် အားလုံးနီးပါးကို ဆုံးရှုံးခဲ့သည်။

ဘမ်း

ဘမ်း

မကြာမီတွင် အလားတူ အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ နောက်ထပ်လူများစွာက အလားတူလွင့်ပျံလာကာ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ထိုးစိုက်ကျ၍ မြေကြီးထဲသို့ သွေးစိုင်သွေးခဲများအဖြစ်ပြောင်းလဲသွားခဲ့သည်။ ပြုတ်ကျသွားသူများသည် မြင့်မြတ်သူအဆင့်ထက်နိမ့်သောကြောင့် ကျောက်မြွေ၏ တိုက်ခိုက်မှုကို ရိုးရှင်းစွာပင် ခံနိုင်ခြင်းမရှိခဲ့ပေ။

"ငါတို့ မထိန်းနိုင်ဘူး”

"နောက်ဆုတ်”

"ကိုယ့်ကိုယ်ကို အချည်းနှီး မစတေးပါနဲ့”

ကျောက်မြွေကြီး၏ သတ်ဖြတ်ခြင်းခံလိုက်ရသည်ကို မြင်လိုက်ကြရသောအခါ နောက်မှ လူများက မလိုအပ်ဘဲ အသေခံရန် စိတ်လိုက်မာန်ပါမလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုစဥ် ရုတ်တရက် ကျောက်မြွေ၏ ခန္ဓာကိုယ်မှ အပြာနုရောင်အလင်းတစ်ခု ဖြာထွက်လျက်ရှိသည်။ ၎င်း၏ ဦးခေါင်းက ရှစ်ပိုင်းကွဲသွားကာ ဦးခေါင်းရှစ်လုံးရှိသော မြွေဖြစ်လာသည်။ ထို့နောက် ၎င်း၏ စွမ်းအား၊ အမြန်နှုန်း၊ ကာကွယ်ရေးနှင့် အခြားသော သွေးမျိုးဆက်စွမ်းအားအားလုံး သိသိသာသာမြင့်တက်လာသည်။

ရုတ်တရက် ပေါ့ပေါ့ပါးပါးတိုက်ခိုက်မှုကပင် မြင့်မြတ်သူနဝမအဆင့်ကျွမ်းကျင်သူများကို ဒဏ်ရာအပြင်းအထန်ရစေနိုင်ကာ ပြန်တိုက်ရန် အခွင့်အရေးပင်မရကြပေ။ မြင့်မြတ်သူအဆင့် ကျွမ်းကျင်သူများဆုတ်ခွာသွားချိန်တွင် ခေါင်းရှစ်လုံးရှိသော ကျောက်မြွေကြီး ၎င်းတို့နောက်သို့ ရုတ်တရက် ဆက်မလိုက်တော့ဘဲ ရပ်တန့်သွားသည်။ ယင်းက ခုနှစ်ခုမြောက် ကျောက်ရိုးကို ထောက်လျက် မတ်မတ်ရပ်ကာ ၎င်း၏ ပြင်းထန်သော ဦးခေါင်းရှစ်လုံးကို ကမ္ဘာမြေမှစစ်သည်များအားချိန်ရွယ်ထားသည်။

“ဝေါင်း… ဝေါင်း…ဝေါင်း…”

အင်ဂျင်မောင်းသကဲ့သို့ လေသံများက လေထုတစ်ခွင်ပျံ့နှံ့သွားသည်။ ခေါင်းရှစ်ခေါင်း၏ ပါးစပ်များမှ အပြာနုရောင်အလင်းတစ်ခု စတင် တောက်ပလာသည်။

အလင်းက ပိုမိုတောက်ပလာ၍ …

နောက်ထပ်တစ်စက္ကန့်တွင် မြွေ၏ ပါးစပ်မှ ကြောက်မက်ဖွယ်ရာအလင်းတန်းရှစ်ခုသည် ဆုတ်ခွာသွားသော မြင့်မြတ်တသူအဆင့်ကမ္ဘာစစ်သားများကို စတင်ပစ်မှတ်ထားတိုက်ခိုက်တော့သည်။ ၎င်းတို့ ထိလိုက်သမျှက ချက်ချင်းအငွေ့ပျံသွားကာ လေထုကိုပင် ဘာမှမဟုတ်သည့်အလား ဝါးမြိုသွားခဲ့သည်။ မြင့်မြတ်သူနဝမအဆင့် ကျွမ်းကျင်သူနှစ်ဦးသည် ကံဆိုးလှစွာဖြင့် ယင်းအလင်းတန်းများဖြင့်တိုက်ရိုက်ထိမှန်ကာ ချီစွမ်းအင်အကြွင်းအကျန်များပင်မကျန်ဘဲ လုံးလုံး ပျောက်ကွယ်သွားကြသည်။

မြင့်မြတ်သူအဆင့်မှ ကမ္ဘာ့တိုက်ခိုက်ရေးသမားတစ်ဦးသည် သူ၏ ညာလက်မောင်းကို စွမ်းအင်ရောင်ခြည်ဖြင့် ထိမှန်၍ အသားတစ်ခြမ်းလုံး အအငွေ့ပျံကာ ပြန်လည် မပြုပြင်နိုင်တော့ဘဲ တစ်သက်တာလုံး မသန်မစွမ်း လက်တစ်ဖက်သာရှိသောသူအဖြစ် ရှင်သန်ရတော့မည့်အခြေအနေသို့ရောက်သွားသည်။ ကျန်ရှိသော မြင့်မြတ်သူအဆင့် စစ်သည်များက ထို ဘေးဥပဒ်ကို ရှောင်နိုင်လောက်အောင် ကံကောင်းကြကာ ၎င်းတို့၏ နှလုံးသားအတွင်း ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

All Chapters