← Chapters

ယဲ့ရုန်ရှန်းနှင့် သေသေရှင်ရှင်တိုက်ခိုက်ခြင်း

Vol. 34 Ch. 510

ယဲ့ရုန်ရှန်းနှင့် သေသေရှင်ရှင်တိုက်ခိုက်ခြင်း

Vol. 34 Ch. 510

အနှစ်သာရသွေးကို စဉ်ဆက်မပြတ်စတေးခဲ့ရသည်နှင့်အမျှ ယဲ့ရုန်ရှန်း၏အသွင်ကူးပြောင်းမှုအတိုင်းအတာသည် ပိုမိုနက်ရှိုင်းလာသည်။ တစ်ခဏချင်း၌ပင်

သူသည် လူတစ်ဝက်သားရဲတစ်ဝက်ပုံစံမှ ဆန်းကြယ်သားရဲအဖြစ်လုံးဝပြောင်းလဲသွားသည်။ သူ၏ မျက်လုံးများက ကြက်သွေးရောင် သွေးများဖြင့် ပြည့်နေသည်။ သူ့နောက်ကျောတွင် အတောင်များပေါက်လာကာ မျက်နှာပြင်တွင် အဆူးအချို့ဖြင့်ဖုံးလွှမ်းထားသည်။ သူ့ခေါင်းပေါ်တွင် ကြီးမားသော ချိုနှစ်ချောင်းရှိကာ သွေးစွမ်းအင်များဖြင့် အဆက်မပြတ် လည်ပတ်နေသည်။ သူ့တစ်ကိုယ်လုံး ကြွက်သားများ သိသိသာသာ ပေါက်ထွက်ကာ ပေါက်ကွဲအား အပြည့်ပေါ်ထွက်လာသည်။

သူ၏ကြီးမားကြံ့ခိုင်သော ခန္ဓာကိုယ်သည် မြို့ခေါင်းဆောင်များက သူ့ကို ဖြတ်မကျော်နိုင်သော မီတာတစ်သောင်းရှိသော တောင်ကြီးတစ်ခုကဲ့သို့ဖြစ်လာသည်။

ဘမ်း

ကြောက်မက်ဖွယ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။ လုံးဝပြောင်းလဲသွားသော ယဲ့ရုန်ရှန်း၏ခန္ဓာကိုယ်သည် ကြီးမားသောဖိအားဖြင့် ရုတ်တရက်ပေါက်ကွဲသွားကာ လေထုကို ဖန်ကွဲစများကဲ့သို့ ကွဲအက်သွားစေသည်။ သူ့ကိုတိုက်ခိုက်နေကြသော မြို့ခေါင်းဆောင်များက ဤဖိအားကြောင့် လွင့်ထွက်သွားကြကာ ဒွာရကိုးပေါက်မှ သွေးများစီးကျလာလျက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားကြသည်။

အားနည်းသူအချို့သည် ဝိဉာဥ်ထိခိုက်သည်အထိ တုန်လှုပ်သွားကာ သတိလစ်သွားကြသည်။

အနီးနားရှိ အနှောက်အယှက်များကို ကိုင်တွယ်ဖြေရှင်းပြီးနောက်၊ ယဲ့ရုန်ရှန်းသည် လင်းဇီချန်ဆီသို့ တခဏချင်း ပြေးသွားခဲ့သည်။ သူ၏ အရှိန်သည် အလွန်လျင်မြန်လွန်းသဖြင့် လေထုကိုဖြိုခွင်းကာ လေထုကွဲအက်သံများစွာ ထွက်ပေါ်လာသည်။

ဆန်းကြယ်သားရဲအဖြစ် အသွင်ပြောင်းပြီးနောက်တွင်၊ သူ၏ ခွန်အားသည် သိသိသာသာ တိုးလာကာ ဒဏ္ဍာရီအဆင့် နဝမမြောက် အဆင့်သို့ တိုက်ရိုက် တက်လာခဲ့သည်။ ယင်းကား ရှေးဘိုးဘေးအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ အချိန်တိုအတွင်း သွေးမျိုးဆက်စွမ်းအားအဆင့် မြင့်တက်လာခြင်းက စိတ်ကူး၍ပင်မရနိုင်သော တန်ကြေးတစ်ခုပေးရန် လိုအပ်ပေသည်။

အကြီးမားဆုံးသော တန်ကြေးမှာ ခန္ဓာကိုယ်က ဆန်းကြယ်သားရဲအဖြစ်သို့ပြောင်းလဲသွားခြင်းဖြစ်၍ လူပုံစစံကို ပြန်မပြောင်းနိုင်တော့ခြင်းဖြစ်သည်။

သို့သော်၊ ဤသည်မှာ ယဲ့ရုန်ရှန်းအတွက် ပြဿနာမဟုတ်ပေ။

သူသည် မူလမြေတွင် နှစ်ပေါင်းများစွာ တပ်စွဲခဲ့သည်ဖြစ်၍ မရေမတွက်နိုင်သော ရှေးဟောင်း လျှို့ဝှက်ဆန်းကြယ်သော အပျက်အစီးများထဲသို့ ဝင်ရောက်ကာ ရှားပါးရတနာများစွာကို ရရှိခဲ့သည်။

ထိုရတနာများထဲတွင် အနက်ရောင် လျှို့ဝှက်ဆန်းကြယ်သော ပုတီးစေ့သည် အခြားသတ္တဝါ၏ အသိဥာဏ်ကို လွှမ်းမိုးကာ အစားထိုးဝင်ရောက်နိုင်သည်။ လူပြိန်းပြောပြောရလျှင် ၎င်းသည် “ဝိဉာဥ်စီးခြင်း သို့မဟုတ် ကိုယ်ခန္ဓာလုယူခြင်း”ဖြစ်သည်။

ယခုအခါ ဒဏ္ဍာရီအဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေပြီဖြစ်၍ ခန္ဓာကိုယ်က သူ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းကြောင်းကို တားဆီးထားသည်ကို တွေ့ရှိပြီးနောက် လင်းဇီချန်၏ အံ့ဖွယ်ကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရန်လုပ်ဆောင်ကာ ရှေးဘိုးဘေးအဆင့်သို့ တက်လှမ်းနိုင်ရန် စီစဥ်ခဲ့သည်။

ထိုသို့လုပ်ဆောင်ရာတွင်၊ သူသည် ယခင်က ပိတ်နေသော ဆင့်ကဲပြောင်းလဲခြင်းလမ်းကြောင်းကို ပြန်ဖွင့်နိုင်ရုံသာမက ဂြိုလ်သားမျိုးနွယ်စုဝင်များ၏ ထိန်းချုပ်မှုမှလည်း လွတ်မြောက်နိုင်မည်ဖြစ်သည်။ ၎င်း၏ ဒုအုပ်ချုပ်ရေးမှုးရာထူးနှင့် အဆင့်မြင့် ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူဖြစ်လာခြင်းသည် ဂြိုလ်သားမျိုးနွယ်စု၏ ပံ့ပိုးမှုမပါဘဲ မအောင်မြင်နိုင်ပေ။ ဂြိုလ်သားမျိုးနွယ်စု၏ ပံ့ပိုးမှုကိုရနိုင်ရန် မိမိကိုယ်မိမိ ၎င်းတို့ထံရောင်းရမည်ဖြစ်သည်။

အကယ်၍ သူသည် သစ္စာမဲ့ရန် သတ္တိရှိလျှင် ဂြိုလ်လူသားမျိုးနွယ်စုဝင်များသည် အချိန်မရွေး သူ့အသက်ကို သတ်သွားနိုင်သည်။

"မြန်မြန်တား”

"ဒီယုတ်မာတဲ့သစ္စာဖောက်ကို တားကြ”

"သူ့ကို လင်းဇီချန်နား မသွားစေနဲ့”

ယဲ့ရုန်ရှန်းက ဆန်းကြယ်သားရဲ အဖြစ်အသွင်ပြောင်းလာသည်ကိုမြင်သောအခါ ဆံပင်ဖြူနှင့် မုတ်ဆိတ်မွေးရှိသည့် မြို့ခေါင်းဆောင်က လုပ်ဖော်ကိုင်ဖက်များကို သတိပေးရန် အော်လိုက်သည်။

သူအော်လိုက်သောအခါတွင်၊ သူသည် သူ၏သွေးစွမ်းအင်များအားလုံး ပေါက်ကွဲထွက်လျက် ယဲ့ရုန်ရှန်းကိုအမြန်ဆုံးအရှိန်ဖြင့်ဖမ်းရန် အနှစ်သာရသွေးများကို အရူးအမူးစတေးကာ လင်းဇီချန်ထံ မချဉ်းကပ်စေရန် တားဆီးလိုက်သည်။

သူ၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် ယဲ့ရုန်ရှန်းထက် နိမ့်ကျသော်လည်း၊ သူ့ခန္ဓာကိုယ်ရှိ ပြင်းထန်သော ပျံသန်းနိုင်သော ဆန်းကြယ်သားရဲမျိုးဗီဇကြောင့် မျက်စိတစ်မှိတ်အတွင်း၌ပင် ယဲ့ရုန်ရှန်းရှေ့သို့ ရောက်ရှိသွားကာ လမ်းကို ပိတ်ထားလိုက်သည်။

“မင်းကိုယ်မင်း အရမ်းတွက်ထားတာပဲ”

သူ့ကို တားရန် လာသော အဘိုးကြီးကိုမြင်လိုက်ရသောအခါ ယဲ့ရုန်ရှန်း၏ မျက်လုံးများတွင် အထင်သေးမှုများပြည့်နှက်သွားသည်။ ဆံပင်ဖြူနှင့်လူကြီးသည် ထိုစကားများကိုကြားသောအခါ စိတ်ထဲ၌ မည်သို့မျှ မခံစားခဲ့ရပေ။ သူ့ကိုယ်ပိုင်ခွန်အားဖြင့် ယဲ့ရုန်ရှန်းသည် လင်းဇီချန်ထံသို့ ချဉ်းကပ်မှုကို တားဆီးရန် မဖြစ်နိုင်ကြောင်း ကောင်းစွာသိသည်။ သို့သော် ပုံမှန်နည်းလမ်းများက အလုပ်မဖြစ်ပေ။

သမားရိုးကျမဟုတ်သော နည်းလမ်းများကို ကျင့်သုံးပါက အောင်မြင်ရန် အခွင့်အလမ်း ရှိသေးသည်။

“သခင်ယဲ့… ငါက မင်းလိုမျိုး ကိုယ့်လူမျိုးကိုယ် ကိုယ်ကျိုးအတွက် သစ္စာမဖောက်ဘူးကွ။ လိုအပ်ရင် ငါ့အသက်ငါ ငါ့လူတွေအတွက် စတေးပေးလိုက်မယ်”

ဆံပင်ဖြူလူကြီးက ထိုစကားများကို အေးဆေးတည်ငြိမ်စွာပြောပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်တို့ လုံးဝကုန်ခမ်းသွားသည့်အတိုင်းအတာအထိ စတေးပစ်လိုက်သည်။ ဆံပင်ဖြူလူကြီးထဲမှ စွမ်းအားများအလွန်များပြားလာသည်ကို ခံစားလိုက်ရသဖြင့် ယဲ့ရုန်ရှန်း၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားသည်။

"ခင်ဗျားက စောက်ရူးပဲ”

ထိုသို့ ဆဲဆိုသံထွက်ပေါ်လာပြီးနောက် ယဲ့ရုန်ရှန်းရှေ့မှ ဆံပင်ဖြူလူကြီး၏ ခန္ဓာကိုယ်က မီးပုံးပျံတစ်ခုကဲ့သို့ ဖောင်းကားကြီးထွားလာကာ အနီရောင်စွမ်းအင်များ အသားစိုင်များနှင့်အတူ ပေါက်ကွဲသွားသည်။

ဘမ်း

ဆံပင်ဖြူ လူကြီး၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်။ နူကလီးယားပေါက်ကွဲမှုထက် အဆများစွာ ပိုကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲအားသည် ဆံပင်ဖြူလူကြီး၏ ခန္ဓာကိုယ်မှ လျင်မြန်စွာ ပျံ့နှံ့သွားကာ ထိမိသမျှကို ဖျက်ဆီးပစ်ခဲ့သည်။ အနီးကပ်ဆုံးနေရာရှိ ယဲ့ရုန်ရှန်းက ဤဖောက်ခွဲရေးစွမ်းအားဖြင့် ပထမဦးစွာထိမှန်ခဲ့သည်။ သူ၏ ခိုင်မာတောင့်တင်းသော ခန္ဓာကိုယ်သည် စွန်ကြိုးပြတ်သွားသည့်နှယ် လွင့်ထွက်သွားသည်။

အခြားမြို့ခေါင်းဆောင်များကလည်း သက်ရောက်မှုကို မခံနိုင်ဘဲ အနောက်သို့ ပြင်းထန်စွာ လွင့်စင်သွားကြသည်။ မြေပြင်ပေါ်ရှိ သတ္တဝါများစွာသည် ပါးစပ်မှ သွေးများထွက်သည်အထိ တုန်လှုပ်ကာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သွေးမျိုးဆက်စွမ်းအားအဆင့်နိမ့်သည့် သက်ရှိအချို့က သေသည်အထိ ၎င်းတို့၏ ဝိညာဉ်များ ကွဲအက်သွားကာ စစ်မြေပြင်တွင် အသက်မဲ့ရုပ်အလောင်းများအဖြစ်ကျန်ရှိခဲ့သည်။

အဝေးက လင်းဇီချန်းက ပြင်းထန်သော စွမ်းအင်သက်ရောက်မှုကို အာရုံခံမိသောကြောင့် ရှန်ချင်းဟန်ရှေ့သို့ အမြန် ပြန်လာကာ ရှန်ချင်းဟန်ကို ပွေ့ဖက်လျက် သူ့ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးလိုက်သည်။

ဆယ့်စက္ကန့်မျှကြာသောအခါ ဆံပင်ဖြူနှင့်လူကြီးက မိမိကိုယ်မိမိ ဖျက်ဆီးရာမှ ထွက်ပေါ်လာသော လှိုင်းလုံးကြီးသည် နောက်ဆုံးတွင် ငြိမ်သက်သွားသည်။

လင်းဇီချန်သည် ခေါင်းမော့၍ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။

သူ့မျက်လုံးထဲဝင်လာသည့် မြင်ကွင်းမှန်သမျှသည် လုံးဝ ပျက်ဆီးနေခြင်း သို့မဟုတ် အလောင်းပုံများဖြင့် လွှမ်းခြုံထားခြင်းသာဖြစ်တော့၏။

All Chapters