← Chapters

စာနာစိတ်မရှိသော ကောင်းကင်ဘုံ

Vol. 194 Ch. 2897

စာနာစိတ်မရှိသော ကောင်းကင်ဘုံ

Vol. 194 Ch. 2897

“တပည့် မင်းငါ့ကို နိုင်မှာမဟုတ်ဘူးလို့ ငါပြောခဲ့ပြီးပြီပဲ”

တက္ကသိုလ်ဂိုဏ်းချုပ်က မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကို ကြည့်နေ၏။ သူ၏ လေသံက အေးဆေးတည်ငြိမ်နေသော်လည်း ထိုအသံမှာ တင်စီးလွန်းသော ယုံကြည်မှုနှင့် တိကျသေချာမှုတို့ ပါဝင်နေ၏။

အထီးကျန်သိုင်းသခင်၏ ခွန်အားသည် သူ့ကို တကယ်ပင်မျက်စိကျယ်စေခဲ့၏။

မီးတောက်များဖြင့် လောင်ကျွမ်းနေသော ငရဲခန်းသည် အလွန်တရာစွမ်အားကြီးမားလေသည်။ အဲဒါက ကောင်းကင်လိုက်ဂူတစ်ခုနှင့်ဆင်တူသော်လည်း တကယ်တော့ ကွဲပြားခြားနားနေ၏။

ဤငရဲခန်းသည် ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်များကိုပင် သန့်စင်ဖိနှိမ်နိုင်သည်ဟု တက္ကသိုလ်ဂိုဏ်းချုပ်က သံသယဝင်မိသည်။

သို့သော်လည်း ဤငရဲခန်းနှင့်အတူ သူ့ကို ထိခိုက်အောင်လုပ်ဖို့က အလှမ်းကွာဝေးဆဲဖြစ်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ၏ သွေးချီကို လှည့်ပတ်ထားရုံသာဖြစ်ပြီး သိုင်းတာအိုငရဲခန်း၏ ထိတွေ့ရိုက်ခတ်မှုကို ခုခံနိုင်လေသည်။

ယခုအချိန်ထိကို အရာရာတိုင်းက သူ၏ ထိန်းချုပ်မှုအတွင်းမှာရှိနေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမို၏ အိတ်ကပ်ထဲမှာ တခြားဘာလှည့်ကွက်များ ရှိနေသည်ကို စဉ်းစားမကြည့်နိုင်ပေ။

တက္ကသိုလ်ဂိုဏ်းချုပ်၏ အစစ်အမှန်ခန္ဓာပေါ်ထွက်လာသည်ကို ဆူဇီမိုတွေ့မြင်သောအခါ သူ၏ မျက်လုံးများက တည်ငြိမ်နေပြီး မည်သည့်အံ့အားသင့်မှုကိုမှ ထုတ်ဖော်ပြသခြင်းမရှိပေ။

တကယ်ဆို သူက မဟာသူတော်စင်ကျောက်စိမ်းကျမ်းကို လှမ်းဆွဲယူနေဆဲဖြစ်သည်။

“မင်းက ငါ့ရှေ့မှာတောင် ကျောက်စိမ်းကျမ်းကို လုယူချင်သေးတာလား”

တက္ကသိုလ်ဂိုဏ်းချုပ်က ဆူဇီမိုကို စိတ်ဝင်တစားဖြင့်ကြည့်ပြီး ရယ်မောလိုက်၏။

သူ့ရှေ့မှာရှိသော ဆူဇီမိုက ခေါင်းမာသည့်ပုံပေါ်ပြီး ရိုးပင်ရိုးအနေလေသည်။

သူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ သူက သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို ယခုအချိန်မှာ ရရှိမည်ဆိုလျှင်တောင် အဲဒါကို ဘယ်လိုလုပ် အသုံးချနိုင်မှာလဲ။

ထိုစဉ်မှာပင် ဆူဇီမို၏ အကြည့်က တက္ကသိုလ်ဂိုဏ်းချုပ်ထံရောက်ရှိသွားပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။

“အခုချိန်ထိ ဘယ်လိုရလဒ်ထွက်လာမယ်ဆိုတာ ငါတို့မသိရသေးဘူး… ဒါပေမဲ့ ငါမင်းကို စောင့်နေခဲ့တာ အရမ်းကြာခဲ့ပြီ”

ရွှစ်…

ဆူဇီမိုက သူ၏ ဝတ်ရုံစကို လှုပ်ခါလိုက်၏။ ရေလိုကြည်လင်သော အလင်းရောင်တစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး တက္ကသိုလ်ဂိုဏ်းချုပ်ရှိရာသို့ ပြန့်ကျဲကျဆင်းလာ၏။

သူတို့နှစ်ယောက်ကြားအကွာအဝေးက အရမ်းကို နီးကပ်နေသည်။

ဆူဇီမို၏ စကားမဆုံးသေးခင်မှပင် ရေမြူခိုးများက ကျဆင်းလာခဲ့ပြီဖြစ်သည်။

အဆိပ်လား သို့မဟုတ် အဲဒါက တခြားဆိုးယုတ်ညစ်ညမ်းတဲ့ ပစ္စည်းလား။

“ဟဲဟဲ”

တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ ခေါင်းကို ညင်သာစွာခါပြီး သက်ပြင်းချလိုက်သည်။

“မင်းက ဧကရာဇ်နယ်ပယ်ရဲ့ စွမ်းအားအကြောင်း တကယ်ကို ဘာမှမသိဘူးပဲကိုး… အဲဒီပြင်ပပစ္စည်းတွေက ငါ့ကို ထိခိုက်အောင် ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ”

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဝင်ရောက်လာသော ရေမြူခိုးကို လျစ်လျူရှုပြီး သူ၏ သွေးချီကို လှည့်ပတ်လိုက်ရုံသာဖြစ်သည်။ သူက ရှေ့သို့တက်လှမ်းလာပြီး သူ၏ လက်ဖဝါးကို မြှောက်ကာ ဆူဇီမို၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်၏။

သူ့မှာ ဧကရာဇ်နယ်ပယ်စွမ်းအားဖြင့် မီးဆေးထားသော ကိုယ်ကာယနှင့်စွမ်းအားရှိလေသည်။ ဘေးပတ်ဝန်းကျင် ငရဲမီးကပင်လျှင် သူ့ကိုလုံးဝထိုခိုက်အောင် မလုပ်နိုင်ပေ။

ဤမြူခိုးများက ဘာများတတ်နိုင်မှာလဲ။

သို့သော်လည်း သူက မြူခိုးများကို ဖြတ်ကျော်လာသည့်ခဏမှာပင် သူက ရပ်တန့်သွားလေသည်။

တစ်စုံတစ်ရာ လွဲမှားနေသည်။

သူသည် ဧကရာဇ်နယ်ပယ် သူ၏ သွေးချီကို ယခုတင် ထုတ်ဖော်ထားခါစဖြစ်ပြီး ဘေးပတ်ဝန်းကျင်မှာရှိသော ငရဲမီးကပင် သူ့အနားကို မချဉ်းကပ်နိုင်ပေ။

ပုံမှန်အခြေအနေမှာဆိုလျှင် ထိုမြူခိုးများသည် သူနှင့် ပိုင်းခြားနေသင့်လေသည်။

သို့သော် သူက မြူးခိုးများကို ဖြတ်ကျော်လာစဉ် သူ၏ မျက်နှာပေါ်မှာ စိုထိုင်းထိုင်းခံစားချက်တစ်ခုကို ရရှိလိုက်သည်။

သူ၏ ကွန်ဖြူးရှပ်ဝတ်ရုံကပင် စိုစွတ်သွားလေသည်။

သူ၏ ဧကရာဇ်နယ်ပယ်သွေးချီက ဤမြူခိုးများကို မတားဆီးနိုင်ဘူးလား။

တက္ကသိုလ်ဂိုဏ်းချုပ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူ၏ အမူအရာက အိုးတိုးအမ်းတမ်းဖြစ်နေစဉ် ဆူဇီမို၏ မျက်နှာပေါ်မှာ သရော်တော်တော်အကြည့်တစ်ခုကို တွေ့မြင်သွား၏။

ဆူဇီမိုသည် ထိုအခွင်းအလမ်းအကိုချိန်ဆပြီး မဟာသူတော်စင်ကျောက်စိမ်းကျမ်းကို ဆွဲယူကာ နောက်သို့ဆုတ်ခွာသွားသည်။

တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းနှင့် အန္တိမသူတော်စင်ကျောက်စိမ်းကျမ်းကို သိမ်းဆည်းကာ ပြေးလာနေလေသည်။

“မင်းက ထွက်ပြေးချင်သေးတာလား’

တက္ကသိုလ်ဂိုဏ်းချုပ်က လောလောဆယ်မှာ သူ၏ ရင်ထဲရှိ တွေဝေရှုပ်ထွေးမှုကို ဖိနှိမ်ပြီး သူ၏ သွေးချီကို လှည့်ပတ်လိုက်၏။ သူက နောက်တစ်ဖန်တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် သူ၏ အမူအရာက ပြောင်းလဲသွားလေသည်။

သိပ်သည်းပြင်းထန်သော နာကျင်မှု။

သူသည် သူ၏ မျက်နှာပေါ်နှင့် သူ၏ ကွန်ဖြူးရှပ်ဝတ်ရုံအောက်ရှိ သူ၏ ကြွက်သားများမျက်နှာပြင်မှာ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

သူ၏ အသားများက ရူးသွပ်စွာတိုက်စားခံနေရပြီး သူ၏ သွေးချီက လျော့ကျလာနေလေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်က ယိမ်းထိုးသွားပြိး ခပ်သဲ့သဲ့ညည်းတွားလိုက်၏။

အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

တက္ကသိုလ်ဂိုဏ်းချုပ်က နားမလည်နိုင်ပေ။

မြူခိုးတစ်ခုမျှက သူ့ကိုဘယ်လိုလုပ် ခြိမ်းခြောက်နိုင်ပြီး ဤကဲ့သို့ ပြင်းထန်သော ထိခိုက်ဒဏ်ရာကို ဖြစ်စေနိုင်မှာလဲ။

ငရဲကန့်သတ်မဲ့စိမ့်စမ်း။

ဤသည်မှာ တက္ကသိုလ်ဂိုဏ်းချုပ်အတွက် ဆူဇီမိုပြင်ဆင်လာသော လက်ဆောင်ဖြစ်သည်။

ဤတိုက်ပွဲသည် လွယ်ကူလိမ့်မည်မဟုတ်သည်ကို ဆူဇီမိုက မျှော်လင့်ထားပြီးသားဖြစ်သည်။ သို့သော်လည်း သူသည် တက္ကသိုလ်ဂိုဏ်းချုပ်ကို တိုက်ခိုက်ရပေဦးမည်။

တက္ကသိုလ်ဂိုဏ်းချုပ်၏ သတိထားတတ်သော သဘာဝအရ သိုင်းတာအိုပင်မခန္ဓာက ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုအထိ ကျင့်ကြံပြီး သူ၏ ပြိုင်ဘက်ကင်းစွမ်းပကားကို ထုတ်ဖော်နိုင်မည်ဆိုလျှင် တက္ကသိုလ်ဂိုဏ်းချုပ်သည် အန္တရာယ်ကို သေချာပေါက်စွန့်စားတော့မည်မဟုတ်ဘဲ အန္တရာယ်ကို အာရုံခံမိသည့်အခါ သူ၏ အစစ်အမှန်ခန္ဓာက ပေါ်ထွက်လာမည် မဟုတ်ပေ။

တက္ကသိုလ်ဂိုဏ်းချုပ်ကို အနိုင်ရဖို့ ပိုမိုမြင့်မားသော အခွင့်အရေးတစ်ခု ပြပေးထားခြင်းဖြင့်သာ သူသည် သေစေနိုင်သော ဤအန္တရာယ်ကို တစ်ခါတည်း အပြီးသတ်ရှင်းလင်းပစ်နိုင်မည်ဖြစ်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမိုကို တစ်ချိန်လုံး အကွက်ချကြံစည်နေခဲ့သည်။ သို့သော်လည်း သူကရော တူညီစွာ ပြန်လည်ပြုလုပ်လို့ မရဘူးလား။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ငါးစာအဖြစ် သူ၏ ကိုယ်ပွားများကို အသုံးချခဲ့သော်လည်း ဆူဇီမိုက သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးချထားလေသည်။

သူ့အနေဖြင့် တက္ကသိုလ်ဂိုဏ်းချုပ်မှာရှိသော နည်းလမ်းများနှင့် တွက်ချက်မှုများကို ခန့်မှန်းမိဖို့ မလွယ်ကူပေ။

သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်၏ အကွက်ချကြံစည်မှုက ဘယ်လိုပင်ရှုပ်ထွေးနက်နဲသည်ဖြစ်စေ သူသည် နောက်ဆုံးမှာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို တိုက်ခိုက်လာဦးမည်ဆိုတာ သူက သေချာပြောနိုင်လေသည်။

ဤသည်က သူ၏ အခွင့်အရေးဖြစ်သည်။

ဤတစ်ခေါက်မှာ ဆူဇီမိုသည် သူ့အား သိုင်းတာအိုပင်မခန္ဓာပေးခဲ့သည့် ငရဲကန့်သတ်မဲ့စိမ့်စမ်းမှ ရေများအားလုံးကို ပစ်ထုတ်ခဲ့လေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ရုတ်တရက်ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး သူ၏ သွေးချီကို အလောတကြီးလှည့်ပတ်ကာ ငရဲကန့်သတ်မဲ့စိမ့်စမ်းကြောင့် ဖြစ်ပေါ်လာသော ပျက်စီးထိခိုက်မှုကို ဖိနှိမ်လို၏။ သို့သော်လည်း ငရဲကန့်သတ်မဲ့စိမ့်စမ်းသည် စုန်းမျိုးနွယ်၏ မျိုးဆက်သွေးကို အထူးတလည် ပစ်မှတ်ထားနိုင်လေသည်။

စုန်းမျိုးနွယ်၏ မျိုးဆက်သွေးတစ်ဝက်က တက္ကသိုလ်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေ၏။ သူ့အနေဖြင့် သူ၏ သွေးချီကိုသုံးကာ ငရဲကန့်သတ်မဲ့စိမ့်စမ်းရေကို ဖိနှိမ်ဖို့က ကောင်းကင်ဘုံသို့ တက်လှမ်းရသလောက် ခဲယဉ်းပေလိမ့်မည်။

သူ့မှာ လူသားမျိုးဆက်သွေးတစ်ဝက် ရှိနေခြင်းကြောင့်မဟုတ်လျှင် ငရဲကန့်သတ်မဲ့ စိမ့်စမ်းမှ ထိုရေပမာဏသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ကာ သူ၏ အသက်ဓာတ်တစ်ဝက်ကို နှုတ်ယူဖို့ လုံလောက်သည်ထက် ပိုနေပေလိမ့်မည်။

ဆူဇီမိုသည် နောက်သို့ဆုတ်ခွာပြီး တက္ကသိုလ်ဂိုဏ်းချုပ်နှင့် အကွာအဝေးတစ်ခုခြားလိုက်၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။

ဝုန်း…

သိုင်းတာအိုပင်မခန္ဓာက တက္ကသိုလ်ဂိုဏ်းချုပ်၏ ဦးခေါင်းကို ပစ်ထိုးလိုက်၏။

တက္ကသိုလ်ဂိုဏ်းချုပ်၏ ကိုယ်ကာယနှင့်သွေးချီက ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သူက ထိခိုက်ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။ သူသည် အားအနည်းဆုံး အခြေအနေမှာ ရှိနေပြီး သိုင်းတာအိုပင်မခန္ဓာအနေဖြင့် တိုက်ခိုက်ဖို့ အခွင့်အရေးကောင်းဖြစ်သည်။

“စာနာမှုမရှိသော ကောင်းကင်ဘုံ”

သိပ်သည်းပြင်းထန်သောအန္တရာယ်ကို နောက်ဆုံးမှာအာရုံခံမိသွားပြီး တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ လောကတစ်ခုကို ဖွင့်လှစ်လိုက်၏။

ဝုန်း….

သိုင်းတာအိုပင်မခန္ဓာသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ လောကကို ကျယ်လောင်သော မြည်သံနှင့်အတူ ပစ်ထိုးလိုက်၏။

လောက အနည်းငယ်သာ ယိမ်းထိုးသွားပြီး သိပ်သည်းပြင်းထန်သော တွန်းကန်အားဖြင့် သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က လွင့်စင်ထွက်သွား၏။

ဧကရာဇ်နယ်ပယ်မှာ သူတို့သည် လောကတစ်ခုကို ထိန်းချုပ်နိုင်သည်။

ထိုလောကနှင့် ကောင်းကင်လိုဏ်ဂူနယ်ပယ်ကြားကွာဟချက်က မိုနှင့်မြေလိုဖြစ်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်၏ စာနာမှုမရှိသော ကောင်းကင်ဘုံက သိုင်းတာအိုပင်မခန္ဓာ၏ ပိုင်နက်နယ်မြေထဲမှာ ပေါ်ထွက်လာစဉ်မှာပင် စွမ်းအားနှစ်ခုက ထိတွေ့ပြီး ပဋိပက္ခတစ်ခုဖြစ်ပွားလာခဲ့သည်။

သိုင်းတာအိုငရဲခန်းသည် ခဏမျှသာ တောင့်ခံပြီးနောက် လဲပြိုကျသွားသည်။ စာနာမှုမရှိသောကောင်းကင်ဘုံ၏ ဖိနှိမ်မှုအောက်မှာ မီးတောက်ခြောက်ခုက တစ်ခုပြီးတစ်ခု ငြိမ်းသေသွားလေသည်။

၎င်း၏ အမည်အတိုင်းပင် ကောင်းကင်ဘုံသည် စာနာစိတ်မရှိဘဲ သက်ရှိများအားလုံးကို ခွေးလေခွေးလွင့်များကဲ့သို့ ပြုမူဆက်ဆံနေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ၏ လောကကို စာနာမှုမရှိသော ကောင်းကင်ဘုံဟု အမည်ပေးထားသည်။ အဲဒါသည် လူများစွာကို ထိန်းချုပ်လိုသော သူ၏ ကြီးမားသည့် ရည်မှန်းချက်ကို ထင်ဟပ်ပြသပေးနေ၏။

သိုင်းပိုင်နက်နယ်မြေနယ်ပယ်၏ အဆင့်မြင့်ကျွမ်းကျင်မှုမှာ ၎င်းသည် ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်များကို ဖိနှိမ်နိုင်နေပြီဖြစ်သည်။ သို့သော်လည်း ၎င်းသည် ဧကရာဇ်နယ်ပယ်၏ ကျယ်ပြန့်သော အကွာအဝေးကို မဖြတ်ကျော်နိုင်သေးပေ။

တကယ်တော့ တက္ကသိုလ်ဂိုဏ်းချုပ်သည်လည်း ကောင်းမွန်သော အခြေအနေမှာရှိမနေဘဲ သူ၏ အန္တရာယ်ကနေ ယခုအချိန်ထိ မလွတ်မြောက်သေးပေ။

ထိုစဉ်မှာပင် တက္ကသိုလ်ဂိုဏ်းချုပ်သည် သိုင်းတာအိုပင်မခန္ဓာကို နောက်ပြန်တွန်းလှန်ထုတ်ပြီးနောက် သူ၏ မျက်လုံးများက လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်ဖြင့် တောက်ပလာခဲ့သည်။

ချက်ချင်းပင် သူ၏ လက်နှစ်ဖက်က ချိပ်စည်းများကို အဆက်မပြတ်စုဖွဲ့ပြီး နောက်ဆုံးမှာ မရေမတွက်နိုင်သော လက်ဟန်ချိပ်စည်းများက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။

“သူတော်စင်သုံးပါးပေါင်းစည်းခြင်း”

တက္ကသိုလ်ဂိုဏ်းချုပ်က တီးတိုးရေရွတ်လိုက်၏။

သူ၏ လက်ချောင်းထိပ်ဖျားမှာ ခရမ်းရောင်၊ အစိမ်းရောင်နှင့် သွေးနီရောင်အလင်းတို့က ရုတ်တရက်တစ်ခုတည်းအဖြစ်ပေါင်းစည်းပြီး လျှို့ဝှက်ဆန်းကြယ်သော မီးခိုးရောင်အော်ရာတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

မီးခိုးရောင်အော်ရာက ပေါ်ထွက်လာသည့်ခဏမှာပင် ဘေးပတ်ဝန်းကျင်လေဟာနယ်က တုန်ခါသွားသည်။

သိုင်းတာအိုပင်မခန္ဓာ၏ သူငယ်အိမ်နှစ်ဖက်ကလည်း အနည်းငယ်တင်းကျပ်သွားလေသည်။

လျှို့ဝှက်ဆန်းကြယ်သောအော်ရာသည် လောက၏ အရင်းအမြစ်နှင့် ထိတွေ့မိနေပုံရပြီး ဖြာထွက်နေသော စွမ်းအားက သူ့ကိုပင် စိုးရိမ်ပူပန်ရစေလေသည်။

သူက ငရဲဖိနှိမ်မီးဖိုကို အလိုလိုထုတ်ယူပြီး သူ့ရှေ့မှာ ဒိုင်းကာအဖြစ်အသုံးချလိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် လျှို့ဝှက်ဆန်းကြယ်သောအော်ရာက ဘာနည်းလမ်းဖြစ်သည်ကို မသိရှိသော်လည်း အဲဒါက သူ့ကိုသတ်ဖြတ်ဖို့လုံလောက်နေ၏။

သူတော်စင်သုံးပါး ပေါင်းစည်းခြင်းလား။

သူတော်စင်သုံးပါး ကျောက်စိမ်းကျမ်းကို ရရှိပြီးနောက် ပို၍ပင် ဂမ္ဘီရဆန်သော အပြောင်းအလဲတစ်ရပ် ပေါ်ထွက်လာနိုင်သည်ကို ယွင်ကျူးက အဝီစိမှာတုန်းက သူ့ကို ပြောခဲ့ဖူးလေသည်။

အရင်တုန်းက မဟာဧကရာဇ်ဒီဃာယုသည် သူ၏ ဘဝသက်တမ်းကို ဆွဲဆန့်နိုင်ခဲ့သည်မှာ ဤအပြောင်းအလဲကို နားလည်ဆင်ခြင်မိခဲ့သောကြောင့်ဖြစ်သည်။

သူတော်စင်သုံးပါး ပေါင်းစည်းခြင်းဟု ခေါ်ဆိုသည့်အရာသည် ယခုတင် တက္ကသိုလ်ဂိုဏ်းချုပ်စုဖွဲ့လိုက်သည့် မီးခိုရောင်အော်ရာကို ရည်ညွှန်းခေါ်ဆိုတာလား။

All Chapters