တိုက်ပွဲ
Vol. 194 Ch. 2898
တက္ကသိုလ်ဂိုဏ်းချုပ်သည် စာနာစိတ်မရှိသော ကောင်းကင်ဘုံကို မြှောက်တင်ပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို ကာကွယ်ထားလေသည်။ သူ၏ လက်ကို ဝှေ့ယမ်းပြီး လျှို့ဝှက်ဆန်းကြယ်သော အော်ရာကို လှည်ပတ်စေရန် လမ်းညွှန်ကာ အဲဒါက သူ၏ လက်တံတစ်လျှောက် ဖြန့်ကြက်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလာခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော အော်ရာက ဖြတ်သန်းသွားစဉ် တက္ကသိုလ်ဂိုဏ်းချုပ်၏ ကိုယ်ပေါ်ရှိ ငရဲကန့်သတ်မဲ့စိမ့်စမ်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ဒဏ်ရာများကလည်း လျင်မြန်စွာ ရပ်တန့်သွားသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် ငရဲကန့်သတ်မဲ့စိမ့်စမ်းသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ပြီး သူ၏ အသားနှင့် ပေါင်းစည်းသွားခဲ့ပြီဖြစ်သည်။ သူ့အနေဖြင့် အဲဒါကို ဖယ်ရှားဖို့က ခဲယဉ်းပေလိမ့်မည်။
သို့သော်လည်း လျှို့ဝှက်ဆန်းကြယ်သော အော်ရာ၏ လွှမ်းခြုံမှုအောက်မှာ ငရဲကန့်သတ်မဲ့စိမ့်စမ်း၏ စွမ်းအားက လျင်မြန်စွာ လျော့ကျလာ၏။
တကယ်တော့ ငရဲကန့်သတ်မဲ့စိမ့်စမ်းကို ဖယ်ရှားခြင်းသည် လျှို့ဝှက်ဆန်းကြယ်သော အော်ရာပေါ်ရှိ စွမ်းအင်အမြောက်အများကိုလည်း ကုန်ဆုံးစေလေသည်။ သိပ်မကြာခင် တက္ကသိုလ်ဂိုဏ်းချုပ်၏ ထိခိုက်ဒဏ်ရာများက ဆက်လက်၍ ပိုမဆိုးတော့ဘဲ လျှို့ဝှက်ဆန်းကြယ်သော အော်ရာကလည်း ပျက်ပြယ်သွားသည်။
ငရဲကန့်သတ်မဲ့စိမ့်စမ်းကို ရှင်းထုတ်ပစ်ပြီးနောက် တက္ကသိုလ်ဂိုဏ်းချုပ်၏ ပျက်စီးထိခိုက်ထားသော အသားနှင့် ရုပ်ရည်သွင်ပြင်က မြင်နိုင်သောနှုန်းထားဖြင့် ကုသခံနေရပြီး တစ်ခဏချင်းမှာပင် ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့သည်။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
သူသည် ဧကရာဇ်နယ်ပယ်၏ စွမ်းအားအကြောင်း အနည်းအကျဉ်းသာ သိရှိထားသေးသည်။
မည်သို့ပင်ဆိုစေ သူသည် ထိုအဆင့်သို့ ယခုအချိန်ထိ မရောက်ရှိသေးပေ။ သူသည် ဧကရာဇ်တချို့ကို တွေ့မြင်ဖူးခဲ့ဖူးသော်လည်း သူသည် ဧကရာဇ်နယ်ပယ်အကြောင်း မမေးမြန်းခဲ့ဖူးပေ။
“ကြည့်ရတာ စောစောက စွမ်းအားက မင်းရဲ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေတဲ့ပုံပဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က မလှမ်းမကမ်းမှာရှိသော သိုင်းတာအိုပင်မခန္ဓာကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
ပကတိဧကနယ်ပယ်မှာရှိသော အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ လက်ထဲမှာ သူက ဤကဲ့သို့ ကြီးမားစွာ ထိခိုက်ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
“အဲဒီစိမ့်စမ်းရေရဲ့ အရသာကလည်း ခံစားလို့ သိပ်တော့မကောင်းဘူးမလား”
သိုင်းတာအိုပင်မခန္ဓာက အေးစက်တည်ငြိမ်စွာ ပြောလိုက်၏။
“အဲဒီစွမ်းအားမျိုးကလည်း မင်းရဲ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေမှာပဲ”
တက္ကသိုလ်ဂိုဏ်းချုပ်၏ ရုပ်ရည်သွင်ပြင်ကို ပြန်လည်ရရှိလာပုံရသော်လည်း ငရဲကန့်သတ်မဲ့စိမ့်စမ်းသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးအပေါ် သိသာထင်ရှားသော ထိခိုက်မှု ဖြစ်စေသည်ကို သိုင်းတာအိုပင်မခန္ဓာက သိရှိထားသည်။
အနည်းဆုံးတော့ တက္ကသိုလ်ဂိုဏ်းချုပ်သည် ဤကဲ့သို့ ပျက်စီးထိခိုက်မှုကနေ အချိန်တိုအတွင်းမှာ လုံးလုံးလျားလျား သက်သာပျောက်ကင်းလာလိမ့်မည် မဟုတ်ပေ။
“အဲဒါက ညစ်ညမ်းတဲ့ လှည့်ကွက်တချို့ပဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က လေထဲသို့ ခုန်တက်လိုက်၏။ ဤတစ်ခေါက်မှာ သူသည် စတင်တိုက်ခိုက်ဖို့ ရွေးချယ်လိုက်လေသည်။ သူက သူ၏ စာနာစိတ်ကင်းမဲ့သော ကောင်းကင်ဘုံကို မြှောက်တင်ကာ သိုင်းတာအိုပင်မခန္ဓာ ရှေ့သို့ ပစ်ဝင်ရင်း ညင်သာစွာ အော်ပြောလိုက်၏။
“စောစောက မီးတောက်ငရဲခန်း မရှိဘဲ လောကတစ်ခုလုံးရဲ့စွမ်းအားကို မင်းဘယ်လိုခုခံမလဲ ငါကြည့်ရသေးတာပေါ့”
သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းခြင်းမရှိဘဲ သူ၏ မျက်လုံးထဲရှိ မီးတောက်များက သိပ်သည်းစုဖွဲ့လာခဲ့သည်။
ဝုန်း…
ရုတ်တရက် သူ၏ ခန္ဓာကိုယ်ထဲကနေ ပြင်းထန်ကြမ်းတမ်းသော အသံတစ်သံ ထွက်ပေါ်လာပြီး သူ၏ သွေးက တဝုန်းဝုန်းပစ်ချနေသော မိုးကြိုးသံများကဲ့သို့ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ လည်ပတ်လာခဲ့သည်။
သူ၏ မျိုးဆက်သွေးကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ရွတ်ဆိုလိုက်၏။
“လောကက မီးဖိုဖြစ်လာပြီး ဖန်တီးခြင်းက လက်ရာတစ်ခု ဖြစ်လာလိမ့်မယ်… ယင်နဲ့ယန်က လောင်စာဖြစ်လာပြီး သက်ရှိတွေအားလုံးက ကြေးနီသတ္တုဖြစ်လာလိမ့်မယ်… စုဖွဲ့လိုက်စမ်း…”
နောက်ခဏ၌ ဧရာမမီးဖိုတစ်လုံးက ပေါ်ထွက်လာပြီး ၎င်း၏ ဘေးပတ်လည်ရှိ မီးတောက်ခြောက်ခုက အသက်ဝင်နေသော မီးနဂါးခြောက်ကောင်အဖြစ် အသွင်ပြောင်းလဲသွားကာ မီးဖို၏ ဘေးပတ်လည်ကို အဆက်မပြတ် လောင်မြိုက်ပေးနေသည်။
ဧရာမမီးဖိုသည် လောင်ကျွမ်းနီရဲကြည်လင်လာပြီး မျိုးနွယ်စုတစ်သောင်းကို လောင်ကျွမ်းပြာချပစ်နိုင်သည့်အလား လောင်မြိုက်စွမ်းအားတစ်ခုကို ဖြာထွက်ပေးလာသည်။
မျိုးဆက်သွေးနယ်မြေ၊ ကောင်းကင်နှင့်မြေကြီးမီးဖို…။
သူ၏ ကျင့်ကြံမှုနယ်ပယ်က မြင့်တက်လာပြီး နောက်ထပ် တမလွန်တစ္ဆေမီးကို ထပ်ပေါင်းထည့်လိုက်သည့်အခါ အဆက်မပြတ်မီးဆေးခံရပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေးက ပို၍ပင် သန်မာလာခဲ့သည်။
ကောင်းကင်နှင့်မြေကြီးမီးဖို၏ ဓမ္မတာအိုသည် အလွန်တရာ စီးပိုးခြယ်လှယ်မှု ရှိလေသည်။ အစကတည်းက ၎င်းသည် လောကနှင့် အခြားအရာရာတိုင်းကို အရည်ဖျော်ချပစ်ဖို့ ရည်ရွယ်လေသည်။
ယခု ကောင်းကင်နှင့်မြေကြီးမီးဖို ပေါ်ထွက်လာပြီး ၎င်းသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ စာနာစိတ်ကင်းမဲ့သော ကောင်းကင်ဘုံကိုပင် ဝါးမျိုလိုကာ ၎င်းကို အဆုံးမဲ့ ဓမ္မတာအိုတစ်ခုအဖြစ် ကျိုချက်ပစ်ချင်နေ၏။
“မျိုးဆက်သွေးနယ်မြေလား”
တက္ကသိုလ်ဂိုဏ်းချုပ်က သူ့မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်၏။
သိုင်းတာအိုပင်မခန္ဓာ၏ ခွန်အားသည် သူ၏ စဉ်းစားတွေးတောနိုင်စွမ်းထက် တကယ်ပင် ထပ်တလဲလဲကျော်လွန်လာခဲ့သည်။
အန္တိမဘုရင်တစ်ပါး၏ မျိုးဆက်သွေးနယ်မြေက ဤကဲ့သို့သော စွမ်းပကား၊ ဤကဲ့သို့သော စိတ်ဆန္ဒနှင့် ဤကဲ့သို့သော ရဲဝံ့မှုကို တကယ်ပဲ ပိုင်ဆိုင်နိုင်တာလား။
တကယ်ဆို အဲဒါက သူ၏ လောကကိုပင် ဝါးမျိုပစ်ချင်နေ၏။
သူ ဘယ်လိုတောင် လုပ်ရဲတာလဲ…
တက္ကသိုလ်ဂိုဏ်းချုပ်၏ အမူအရာက ပြောင်းလဲမသွားသော်လည်း သူက ဒေါသချောင်းချောင်းထွက်လာ၏။
ဝုန်း…
တက္ကသိုလ်ဂိုဏ်းချုပ်သည် စာနာစိတ်မရှိသော ကောင်းကင်ဘုံကို မြှောက်တင်ကာ သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေးနယ်မြေနှင့် ကျယ်လောင်စွာ ပစ်တိုက်သွားစေ၏။
စာနာစိတ်မရှိသော ကောင်းကင်ဘုံနှင့် ကောင်းကင်နှင့်မြေကြီးမီးဖိုက လေထဲမှာ ဆက်လက်၍ ထိတွေ့ရိုက်ခတ်နေ၏။
အချိန်က ရုတ်တရက် ရပ်တန့်သွားပုံရသည်။
ဘေးပတ်ဝန်းကျင်မှာရှိသော လေဟာနယ်က ထိုစွမ်းအားနှစ်ခု၏ တုန်ခါလှိုင်းကို ခံနိုင်ရည်မရှိဘဲ အဆက်မပြတ် ပြိုကျလာ၏။
ဖျောက်… ဖျောက်…
ကောင်းကင်နှင့်မြေကြီးမီးဖိုမှာ အက်ကွဲသံများ ထွက်ပေါ်လာပြီး သိသာရှင်းလင်းသော အက်ကွဲကြောင်းများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။
နောက်ဆုံးမှာတော့ အဲဒါသည် ဧကရာဇ်တစ်ပါး၏ လောကကို ဖိနှိမ်ဖို့ မလုံလောက်ပေ။
တစ်စုံတစ်ယောက်သည် ကောင်းကင်လိုဏ်ဂူနယ်ပယ်ကနေ ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာပြီးနောက် အဲဒါသည် ငါးတစ်ကောင်က နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားခြင်းနှင့် တူလေသည်။
သူတို့နှစ်ခုကြား ကွာဟချက်က အရမ်းကို ကြီးမားလွန်းသည်။
သူ့ကိုယ်ပိုင် ဓမ္မတာအိုတစ်ခုကို ဖန်တီးကာ ဒြပ်စင်ငါးမျိုးနှင့် ပြန်ဝင်စားခြင်းစက်ဝန်းကနေ လွန်မြောက်နေသော သိုင်းတာအိုပင်မခန္ဓာကဲ့သို့ သန်မာသောသူပင်လျှင် ထိုကွာဟချက်ကို လိုက်မမီနိုင်ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်သည် ပကတိအသာစီး ရရှိလာသော်လည်း သူက အံ့အားသင့်မှင်တက်၍ ထိန်းချုပ်မရလောက်အောင် တုန်လှုပ်နေသည်ကို ဆူဇီမိုက မသိရှိပေ။
သူ၏ လောကသည် တစ်ဖက်သူ၏ မျိုးဆက်သွေးနယ်မြေကို ခြေမွှပစ်နိုင်သော်လည်း သူ၏ စာနာစိတ်မရှိသော ကောင်းကင်ဘုံကလည်း ကြီးမားသော သက်ရောက်မှုတစ်ခုကို ထိခိုက်ခံစားရပြီး ၎င်း၏ ခွန်အားက သိသိသာသာ လျော့ကျလာ၏။
ကောင်းကင်နှင့်မြေကြီးမီးဖိုနှင့် ထိတွေ့ရိုက်ခတ်မိခဲ့သော စာနာစိတ်မရှိသော ကောင်းကင်ဘုံ၏ ကြီးမားသော ဧရိယာတစ်ခုက လောင်ကျွမ်းနီရဲလာပြီး ဖြန့်ကြက်လာတော့မည့် လက္ခဏာများ ပြသလာခဲ့လေသည်။
အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…
ဘုရင်တစ်ပါး၏ သွေးချီက တကယ်ပဲ ဤမျှအထိ ကြောက်စရာကောင်းနိုင်မှာလား…
သူရှေ့မှ အထီးကျန်သိုင်းသခင်က ဧကရာဇ်အဆင့်သို့ တက်လှမ်းလာမည်ဆိုလျှင် ဤမျိုးဆက်သွေးနယ်မြေက ဘယ်အဆင့်ထိ ရောက်ရှိလာမလဲ တက္ကသိုလ်ဂိုဏ်းချုပ်က စဉ်းစားမကြည့်ရဲပေ။
သူ့အနေဖြင့် ဧကရာဇ်နယ်ပယ်အထိ ရောက်ရှိစရာပင် လိုချင်မှ လိုပေလိမ့်မည်။
သူသည် နောက်ထပ်တစ်ဆင့်သို့ တက်လှမ်းပြီး ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ရောက်ရှိလာသည်နှင့်အမျှ ဤမျိုးဆက်သွေးနယ်မြေသည် သူ၏ စာနာစိတ်မရှိသော ကောင်းကင်ဘုံနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့ လုံလောက်ပေလိမ့်မည်။
သူက ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိလာမည်ဆိုလျှင် သူ၏ စာနာစိတ်မရှိသော ကောင်းကင်ဘုံကပင် သန့်စင်မွမ်းမံခံရပေလိမ့်မည်။
ယခုအချိန်မှသာ တက္ကသိုလ်ဂိုဏ်းချုပ်သည် သိုင်းတာအိုပင်မခန္ဓာထံမှ သိပ်သည်းပြင်းထန်သော ဖိအားနှင့် ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလာရသည်။
သူသည် ဤတိုက်ပွဲမှာ အထီးကျန်သိုင်းသခင်ကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင် အနာဂတ်မှာ အဲဒါကို ပြုလုပ်ဖို့က ပို၍ပင် မဖြစ်နိုင်တော့ပေ။
ထိုစဉ်မှာပင် ကောင်းကင်နှင့် မြေကြီးမီးဖိုပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာ၏။ သူက သွေးချီကို နောက်တစ်ဖန် လှည့်ပတ်ပြီး ကောင်းကင်နှင့်မြေကြီးမီးဖိုကို အတတ်နိုင်ဆုံး ထိန်းထားဖို့ ကြိုးစားနေ၏။
တစ်ချိန်တည်းမှာပင် သူက ငရဲဖိနှိမ်မီးဖိုကို ကောက်ယူပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ၎င်းထဲသို့ ထိုးသွင်းလိုက်၏။
ရွှစ်…
ငရဲဖိနှိမ်မီးဖိုက ချက်ချင်းတုန်ခါသွားပြီး ရောင်လျှံစက်ဝန်းတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်၏။ ၎င်းသည် ရှည်လျားသော အချိန်မြစ်ကို ဖြတ်ကျော်လာပြီး ၎င်း၏ ယခင်ဂုဏ်ကျက်သရေကို ပြန်လည်ထုတ်ဖော်လိုက်သည့်အလားပင်။
“ဂါး…”
“ဝေါင်း…”
“ဂီး…”
“ရွှီ…”
နဂါးဟိန်းသံ၊ ကျားဟိန်းသံ၊ ဖီးနစ်အော်သံနှင့် လိပ်တွန်သံတို့က ထွက်ပေါ်လာခဲ့လေသည်။
ငရဲဖိနှိမ်မီးဖိုပေါ်ရှိ အထွတ်အမြတ်ဝိညာဉ်လေးခုက နိုးထပြီး ထွက်ခွာလာခဲ့လေသည်။ သူတို့က သိုင်းတာအိုပင်မခန္ဓာကို ဝန်းရံပြီး မလှမ်းမကမ်းမှာရှိသော တက္ကသိုလ်ဂိုဏ်းချုပ်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ သက်ရှိများအားလုံးကို ခြိမ်းခြောက်နိုင်သည့် အော်ရာတစ်ခုကို ဖြာထွက်ပေးနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ကို လွှဲယမ်းပြီး ငရဲဖိနှိမ်မီးဖိုကို မြှောက်ကာ တက္ကသိုလ်ဂိုဏ်းချုပ်၏ စာနာစိတ်မရှိသော ကောင်းကင်ဘုံကို ပစ်ပေါက်လိုက်၏။
ဤတိုက်ခိုက်မှုနှင့်အတူ အထွတ်အမြတ်ဝိညာဉ်လေးခုကလည်း တစ်ချိန်တည်းမှာ ရှေ့သို့ပြေးတက်သွားလေသည်။
ဝုန်း…
အဲဒါက ကမ္ဘာတုန်လောက်ဖွယ်ရာ အသံဖြစ်၏။
ငရဲဖိနှိမ်မီးဖိုက စာနာစိတ်မရှိသော ကောင်းကင်ဘုံကို ပစ်တိုက်လိုက်သောအခါ အဲဒါသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ လောကကိုသာမက ဘေးပတ်ဝန်းကျင်မှာရှိသော ကြယ်တာရာကောင်းကင်ကိုပင် တုန်ခါသွားစေလေသည်။
ကောင်းကင်နှင့်မြေကြီးမီးဖိုသက်သက်က အစစ်အမှန်ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦးကို ဆန့်ကျင်တိုက်ခိုက်ဖို့ တကယ်ပင် မလုံလောက်ပေ။
သို့သော်လည်း ဧကရာဇ်လက်နက် ငရဲဖိနှိမ်မီးဖို၏ အကူအညီနှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျိုးဆက်သွေးကို ၎င်း၏ အကန့်အသတ်အထိ လှည့်ပတ်ကာ ဧကရာဇ်နယ်ပယ်နှင့် ယှဉ်နိုင်သော စွမ်းအားကို ထုတ်ဖော်လိုက်လေသည်။
မိုးပြာနဂါးက ရစ်ခွေနေပြီး ကျားဖြူက ကိုက်ခဲနေ၏။ ဟင်္သပဒါးငှက်က မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး စိတ်ဝိညာဉ်လိပ်က ပင်လယ်လှိုင်းလုံးများပေါ် တက်လှမ်းနေ၏။
ဝုန်း… ဝုန်း… ဝုန်း…
သိုင်းတာအိုပင်မခန္ဓာမှာ သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုရှိလာပြီး သူ၏ အကြည့်က တောက်လောင်ပြင်းပြလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဒေါသူပုန်ထနေသော မီးတောက်များက လောင်ကျွမ်းနေပြီး သူက မိစ္ဆာနတ်ဆိုးတစ်ကောင်နှင့် တူနေ၏။ သူက ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများနှင့်အတူ ငရဲဖိနှိမ်မီးဖိုကို ကိုင်မြှောက်ပြီး စာနာစိတ်မရှိသော ကောင်းကင်ဘုံကို အဆက်မပြတ် ပစ်တိုက်ချနေ၏။
စာနာစိတ်မရှိသော ကောင်းကင်ဘုံက ကြေမွသွားပြီး လောကတစ်ခု၏ ကာကွယ်မှုကို ဆုံးရှုံးသွားသည်နှင့်အမျှ တက္ကသိုလ်ဂိုဏ်းချုပ်အနေဖြင့် သိုင်းတာအိုပင်မခန္ဓာနှင့် အနီးကပ်တိုက်ခိုက်ရည်မှာ ခုခံတိုက်ခိုက်ဖို့ ခက်ခဲသွားပေလိမ့်မည်။
“သေစမ်း…”
တက္ကသိုလ်ဂိုဏ်းချုပ်၏ နှာရောင်က တောက်ပသွားပြီး သူက အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်၏။
သူ၏ ကျင့်ကြံမှုနယ်ပယ်သည် သိုင်းတာအိုပင်မခန္ဓာထက် ကျင့်ကြံမှုနယ်ပယ်အကြီးတစ်ခု ပိုမိုသာလွန်ပြီး သူ့မှာ တစ်ဖက်သူကို ဖိနှိမ်နိုင်သည့် နည်းလမ်းများစွာ ရှိနေသည်။ အဲဒါက လောကတစ်ခုသာလျှင် မဟုတ်ဘဲ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကလည်း တစ်ဖက်သူကို တိုက်ရိုက်သတ်ဖြတ်နိုင်လေသည်။