ဒီဃာယုဓား
Vol. 194 Ch. 2899
တက္ကသိုလ်ဂိုဏ်းချုပ်၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်နှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာက လှုပ်ရှားယိမ်းယိုင်သွားခြင်းမရှိဘဲ သူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ခုခံဖို့အတွက် မထုတ်ဖော်လိုက်ပေ။
အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်သည် မာရ်နတ်မျက်နှာဖုံးကို ထိခိုက်မိသောအခါ ဝဲဂယက်များက မျက်နှာဖုံး၏ မျက်နှာပြင်ပေါ်မှာ ရုတ်တရက်ပေါ်ထွက်လာ၏။
၎င်းသည် တစ်စုံတစ်ရာဖြင့် နှိုးဆွခံလိုက်ရသည့်အလား ဆိုးယုတ်၍ ကြောက်စရာကောင်းသော တစ္ဆေမျက်နှာများက မျက်နှာဖုံး၏ မျက်နှာပြင်ပေါ်မှာ ရုတ်တရက်ပေါ်ထွက်လာ၏။ သူတို့က ပြုံးလိုက်၊ ငိုလိုက်၊ ဝမ်းနည်းလိုက်၊ ကျေနပ်သဘောကျလိုက်၊ တုန်လှုပ်လိုက်၊ ကြောက်လန့်လိုက်ဖြင့်…။
စိတ်ခံစားချက်ပေါင်းစုံက ထိုတစ္ဆေမျက်နှာပေါ်မှာ ပေါ်ထွက်လာပြီး အဲဒါက ချောက်ချားစရာကောင်းနေ၏။
ဧကရာဇ်ပိုရွှင်းသည် သူ၏ စိတ်ခံစားချက်ခုနှစ်မျိုးကိုယ်ပွားကို သန့်စင်မွမ်းမံပြီး မရေမတွက်နိုင်သော သဘာဝရတနာများနှင့်ပေါင်းစည်းကာ မာရ်နတ်မျက်နှာဖုံးကို ဖန်တီးထားခြင်းဖြစ်သည်။
၎င်းမှာ ဝမ်းသာခြင်း၊ အမျက်ဒေါသ၊ ပူဆွေးခြင်း၊ ကြောက်ရွံ့ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်းနှင့် လိုအင်ဆန္ဒတို့ကဲ့သို့ သန်မာအားကောင်းသော စိတ်ခံစားချက်များပါဝင်နေလေသည်။ ၎င်းသည် အမြုတေစိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ခုခံနိုင်ရုံသာမက ၎င်းသည် တစ်ဘက်သူ၏ စိတ်အာရုံကိုလည်း ထွေပြားသွားစေနိုင်လေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် ထူးဆန်း၍ ကြောက်စရာကောင်းသော တစ္ဆေမျက်နှာကို ရုတ်တရက်တွေ့မြင်လိုက်သောအခါ သူက ရင်တစ်ချက်ထိတ်သွားသည်။
သိုင်းစိတ်ဝိညာဉ်မီးသက်သက်က တက္ကသိုလ်ဂိုဏ်းချုပ်၏ ဧကရာဇ်နယ်ပယ်အမြုတေစိတ်ဝိညာဉ်ကို ခုခံနိုင်မည် မဟုတ်ပေ။
သို့သော်လည်း သူ့ရှေ့မှ မာရ်နတ်မျက်နှာဖုံးနှင့်အတူ သူသည် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်၏ ပျက်စီးထိခိုက်မှုတစ်ဝက်ကို ပိတ်ဆို့ထားခဲ့ပြီး ကျန်ရှိနေသောစွမ်းအားကို သိုင်းစိတ်ဝိညာဉ်မီးက ချေဖျက်လိုက်၏။
တကယ်တော့ တက္ကသိုလ်ဂိုဏ်းချုပ်သည် စုန်းမျိုးနွယ်၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်မည်ဆိုလျှင် အဲဒါသည် သိုင်းတာအိုပင်မခန္ဓာကို တကယ်ပင် ကြီးမားစွာ ဒုက္ခရောက်စေပေလိမ့်မည်။
စုန်းမျိုးနွယ်၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်အများစုသည် အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားသော ကျိန်စာများဖြစ်ပြီး သူ၏ အသိစိတ်ထဲသို့ ရုတ်တရက် ဆင်းသက်ပေါ်ထွက်လာနိုင်၏။
မာရ်နတ်မျက်နှာဖုံးနှင့်ပင်လျှင် သူက အဲဒါကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း စောစောက ဆူဇီမိုသည် ငရဲကန့်သတ်မဲ့စိမ့်စမ်းကို ပစ်ထုတ်ခြင်းဖြင့် တက္ကသိုလ်ဂိုဏ်းချုပ်ကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့ပြီး သူက သံသယများ၊ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
သူ၏ သတိထားတတ်သော စိတ်နေစရိုက်အရ သူသည် ငရဲကန့်သတ်မဲ့စိမ့်စမ်းရေဖြင့် နောက်တစ်ဖန်တန်ပြန်တိုက်ခိုက်ခံရမည်ကို ဆိုးပြီး ဆူဇီမိုရှေ့မှာ စုန်းမျိုးနွယ်၏ မည်သည့်နည်းလမ်းကိုမှ သေချာပေါက် ထုတ်ဖော်ရဲတော့မည် မဟုတ်ပေ။
သို့သော်လည်း တကယ်တမ်းမှာတော့ ဆူဇီမိုမှာရှိသော ငရဲကန့်သတ်မဲ့စိမ့်စမ်းရေက စောစောက တိုက်ပွဲမှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
သူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်က သိုင်းတာအိုပင်မခန္ဓာအပေါ် သက်ရောက်မှုမရှိသည်ကို တက္ကသိုလ်ဂိုဏ်းချုပ် တွေ့မြင်သောအခါ သူက သူ၏ လှုပ်ရှားကွက်ကို နောက်တစ်ဖန်ပြောင်းလဲပြီး သူ၏ လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။
“ကောင်းကင်ဘုံစွမ်းအား”
“ကမ္ဘာမြေစွမ်းအား”
“လူသားစွမ်းအား”
“လေစွမ်းအား”
“တိမ်စွမ်းအား”
“နဂါးစွမ်းအား”
“ကျားစွမ်းအား”
“နတ်ဘုရားစွမ်းအား”
ချီမင်၏ စွမ်းအားကိုးမျိုး...။
အစကတော့ အဲဒီမှာ တစ္ဆေစွမ်းအားလည်း ရှိနေခဲ့သည်။
သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်သည် အဲဒါကို ယခင်က အသုံးပြုခဲ့ပြီးပြီဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ဆူဇီမို၏ ဘေးသို့ တိတ်တဆိတ်ဆင်းသက်လာနိုင်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ အာရုံခံစိတ်ကနေပင် ပုန်းရှောင်နိုင်ခဲ့ခြင်းဖြစ်သည်။
အရင်တုန်းက ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ တက္ကသိုလ်ဂိုဏ်းချုပ်သည် အလွန်ဆုံးစွမ်းအားနှစ်မျိုးကိုသာ ထုတ်ဖော်မည်ဖြစ်ပြီး အဲဒါက အရာရာတိုင်းကို ဖြေရှင်းဖို့ လုံလောက်လေသည်။
သို့သော်ယခု သူသည် သိုင်းတာအိုပင်မခန္ဓာကို တစ်ခါတည်းသတ်ဖြတ်နိုင်ဖို့အတွက် ချီမင်၏ စွမ်းအားကိုးမျိုးစလုံးကို ထုတ်ဖော်လိုက်သည်။
သိုင်းတာအိုပင်မခန္ဓာသည် ဤတစ်ခေါက် ထွက်ပြေးလွတ်မြောက်သွားမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်မြင့်တက်လာသည်နှင့် သူက ဘယ်တော့မှ ပေါ်ထွက်လာရဲတော့မည် မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာတည်ရှိနေသရွေ့ သူသည် အပြင်လောကမှ နောက်တစ်ဖန် ဘယ်တော့မှ ပေါ်ထွက်လာရဲတော့မည် မဟုတ်ပေ။
သူသည် သိုင်းတာအိုပင်မခန္ဓာကို လုံးဝမတွက်ချက်နိုင်သောကြောင့်ဖြစ်သည်။
သူပေါ်ထွက်လာသည်နှင့် သူသည် သိုင်းတာအိုပင်မခန္ဓာ၏ ပစ်မှတ်ထားခြင်းခံရနိုင်သည်။
ချီမင်၏ စွမ်းအားကိုးမျိုးသည် ချီမင်သွမ့်ကျား၏ အသန်မာဆုံးလျှို့ဝှက်အတတ်တစ်ခုဖြစ်သည်။ စွမ်းအားတစ်ခုချင်းစီက မတူညီသော သက်ရှိပုံစံများနှင့် မျိုးနွယ်စုများ၏ စွမ်းအားများနှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်၏ အားဖြည့်စုဆောင်းမှုကို ထွက်ပေါ်လာစေပေလိမ့်မည်။
ဥပမာအားဖြင့် နဂါးစွမ်းအားသည် နဂါးမျိုးနွယ်၏ အော်ရာနှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ကို အားဖြည့်ထောက်ပံပေးပေလိမ့်မည်။ ထိုအခြေအနေမှာ သူသည် နဂါးမျိုးနွယ်၏ လျှို့ဝှက်အတတ်တချို့ကိုပင် ထုတ်ဖော်နိုင်သည်။
လေစွမ်းအားက ထွက်ပေါ်လာသည်နှင့် သူ၏ လှုပ်ရှားမှုနည်းစနစ်က အပြောင်းအလဲမြန်လာပြီး တစ်မူထူးခြားစွာ ပေါ့ပါးဖျတ်လတ်နေပေလိမ့်မည်။
တစ္ဆေစွမ်းအားထွက်ပေါ်လာသည်နှင့် သူ၏ လမ်းကြောင်းက နက်နဲသိမ်မွေ့လာပြီး ထောက်လှမ်းဖို့ ခက်ခဲသွားပေလိမ့်မည်။
ချီမင်၏ စွမ်းအားကိုးမျိုးကို ကုန်စင်အောင် ထုတ်ဖော်လိုက်မည်ဆိုလျှင် တက္ကသိုလ်ဂိုဏ်းချုပ်၏ တိုက်ခိုက်ရည်ခွန်အားက နောက်တစ်ဆင့်သို့ ကြီးမားစွာမြင့်တက်သွားပေလိမ့်မည်။
တက္ကသိုလ်ဂိုဏ်းချုပ်၏ တန်ပြန်တိုက်ခိုက်မှုက ယခုအချိန်ထိ မပြီးဆုံးသေးပေ။
သိုင်းတာအိုပင်မခန္ဓာ ထုတ်ဖော်ထားသည့်စွမ်းအားက ယခုအချိန်ထိ ဧကရာဇ်နယ်ပယ်ထိ မရောက်ရှိသေးဘဲ သူနှင့် လုံးဝမတိုက်ခိုက်နိုင်သည်ကို သူက ပြောနိုင်လေသည်။
သိုင်းတာအိုပက်မခန္ဓာသည် မဟာဧကရာဇ်လက်နက် ငရဲဖိနှိမ်မီးဖိုကိုသာ လုံးလုံးလျားလျားမှီခိုပြီး ဧကရာဇ်နယ်ပယ်စွမ်းအားကို ထုတ်ဖော်ထားခြင်းဖြစ်သည်။
သူသည် သိုင်းတာအိုပင်မခန္ဓာကို သတ်ဖြတ်လိုသည်ဆိုလျှင် သူသည် ငရဲဖိနှိမ်မီးဖိုကို အရင်ဆုံးဖိနှိမ်ရပေမည်။
ရွှစ်...
တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ၏ စာနာစိတ်မရှိသောကောင်းကင်ဘုံကိုမြှောက်တင်ကာ သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုကိုခုခံပြီး ဓားတစ်လက်ကို ဆင့်ခေါ်လိုက်၏။
ထိုဓားက ရှေးကျနေပြီး မော်တယ်လောကမှ သာမန်အဆန်ဆုံးဓားတစ်လက်နှင့်တူလေသည်။ ဓားသွားက သုံးပေနှင့်ခုနှစ်လက်မရှိပြီး ဓားအလင်းကို ချုပ်တည်းထားလေသည်။
သို့သော်လည်း ထိုဓားပေါ်ထွက်လာသည့်ခဏမှာပင် ငရဲဖိနှိမ်မီးဖို၏ အော်ရာကပင် သိသိသာသာ ဖိနှိမ်ခံလိုက်ရသည်။
အထွတ်အမြတ်ဝိညာဥ်လေးခုမှာ ထက်ရှသောအာခံစိတ်ရှိပြီး သူတို့သည် ဓားမှာပါဝင်သည့် ထက်ရှသောစွမ်းအားကို အာရုံခံမိသွားပြီး သူတို့၏ တိုက်ခိုက်မှုများကပင် ရပ်တန့်သွားသည်။
ငရဲဖိနှိမ်မီးဖိုနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်သည့် လက်နက်တစ်ခုသည် သေချာပေါက် သာမန်ဧကရာဇ်လက်နက်တစ်ခု မဟုတ်ပေ။
“မဟာဧကရာဇ်လက်နက်တစ်ခုလား”
သိုင်းတာအိုပင်မခန္ဓာက တီးတိုးရေရွတ်လိုက်သည်။
“ဟုတ်တာပေါ့”
တက္ကသိုလ်ဂိုဏ်းချုပ်က ထိုအချက်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။
“ဒါကာ.. ဒီဃာယုဓား.... အရင်တုန်းက မဟာဧကရာဇ်ဒီဃာယုရဲ့ ကိုယ်ပိုင်လက်နက်ပဲ... မင်းရဲ့ ငရဲဖိနှိမ်မီးဖိုက ဒီဃာယုဓားရဲ့ ထက်ရှမှုကို ခုခံနိုင်မလား ကြည့်ရသေးတာပေါ့”
မဟာဧကရာဇ်ဒီဃာယုနှင့် မဟာဧကရာဇ်အနန္တတို့သည် တစ်ဘဝတည်းမှာတွေ့ဆုံဖို့ ကံပါမလာခဲ့ပေ။ ယခု သူတို့၏ မဟာဧကရာဇ်လက်နက်များသည် အချိန်နှင့် လေဟာနယ်တို့ကို ဖြတ်ကျော်ကာ ယနေ့မှာ ယှဥ်ပြိုင်တိုက်ခိုက်ခွင့် ရလာခဲ့လေပြီ။
ရွှစ်....
တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ၏ စာနာစိတ်မရှိသောကောင်းကင်ဘုံကို ထောက်ပံ့ကာ မဟာဧကရာဇ်လက်နက် ဒီဃာယုဓားကို ကိုင်ဆွဲထားလေသည်။
ချီမင်၏ စွမ်းအားကိုးမျိုးလျှို့ဝှက်အတတ်နှင့်အတူ သူ၏ တိုက်ခိုက်ရည်ခွန်အားက သိသိသာသာမြင့်တက်လာခဲ့သည်။
ရွှစ်... ရွှစ်... ရွှစ်.....
ဓားအလင်းက အေးစက်နေပြီး အဘက်ဘက်ကိုတိုက်ခတ်ကာ လေဟာနယ်ကို ဆေးကြောပစ်နေ၏။။
အထွတ်အမြတ်ဝိညာဥ်လေးခုပင်လျှင် ဒီဃာယုဓား၏ ထက်ရှမှုကို မခုခံနိုင်ပေ။
စာနာစိတ်မရှိသောကောင်းကင်ဘုံအပေါ် မှီခိုရင်း တက္ကသိုလ်ဂိုဏ်းချုပိသည် ငရဲဖိနှိမ်မီးဖိုကို ကိုင်ဆွဲထားသော သိုင်းတာအိုပင်မခန္ဓာနှင့် ကောင်းကောင်းတိုက်ခိုက်နိုင်လေသည်။
ယခုအချိန်မှာ တက္ကသိုလ်ဂိုဏ်းချုပ်သည် ဒီဃာယုဓားကို ကိုင်ဆွဲထားပြီး ချီမင်၏ စွမ်းအားကိုးမျိုးနှင့်အတူ ၎င်းကိုထောက်ပံ့ကာ ချက်ချင်းပင် အခြေအနေကိုပြောင်းလဲပြီး အသာစီးရရှိလာခဲ့သည်။
ဖောက်...
အသက်ရှူချိန်အနည်းငယ်မျှမှာ မိုးပြာနဂါးအထွတ်အမြတ်ဝိညာဥ်သည် ဒီဃာယုဓားဖြင့် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရသည်။
မိုးပြာနဂါးအထွတ်အမြတ်ဝိညာဥ်သည် ညည်းတွားအော်ဟစ်ပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ ငရဲဖိနှိမ်မီးဖိုထဲသို့ နောက်တစ်ဖန်ဝင်ရောက်၍ အိပ်မောကျသွားသည်။
ဖောက်... ဖောက်... ဖောက်...
သိပ်မကြာခင် ကျားဖြူ၊ ဟင်္သပဒါးငှက်နှင့် မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်တို့ကလည်း ဒီဃာယုဓားဖြင့် တစ်ခုပြီးတစ်ခု ခုတ်ပိုင်းခံလိုက်ရသည်။
အထွတ်အမြတ်ဝိညာဥ်လေးခု၏ အကူအညီမရှိဘဲ ငရဲဖိနှိမ်မီးဖို၏ စွမ်းအားကလည်း အားပျော့လာခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာသည် ယခုအချိန်ထိ ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ခြင်းမရှိသေးဘဲ ငရဲဖိနှိမ်မီးဖို၏ စွမ်းအားအပြည့်အဝကို အစကတည်းက မထုတ်ဖော်နိုင်ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်ကတော့ ဧကရာဇ်နယ်ပယ်မှာရှိနေပြီး သူက ဒီဃာယုဓား၏ စွမ်းအားကို အမြင့်ဆုံးထိ မြှင့်တင်နိုင်လေသည်။
ဤကဲ့သို့သောအခြေအနေအောက်မှာ သိုင်းတာအိုပင်မခန္ဓာသည် တစ်လှမ်းပြီးတစ်လှမ်းနောက်သို့ ဆုတ်လာရပြီး ခုခံဖို့အတွက် ရုန်းကန်နေရသည်။
ကောင်းကင်နှင့်မြေကြီးမီးဖိုကလည်း အချိန်မရွေးလဲပြိုကျသွားနိုင်ပြီး သိပ်ကြာကြာတောင့်ခံထားနိုင်မည် မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖို၏ မာကြောမှုပေါ်မှာသာ မှီခိုပြီး လောလောဆယ်မှာ ဒီဃာယုဓား၏ ထက်ရှမှုကို ခုခံနေရသည်။ သို့သော်လည်း သူသည် စာနာစိတ်မရှိသောကောင်းကင်ဘုံနှင့် ထပ်တလဲလဲတိုက်ခိုက်ခံနေရပြီး အချိန်မရွေးလဲပြိုကျသွားနိုင်သည်။
“ဆူဇီမို... မင်းရှုံးသွားပြီ”
တက္ကသိုလ်ဂိုဏ်းချုပ်က ယခင် သူ၏ ယုံကြည်မှုနှင့် အထက်စီးဆန်မှုကို ပြန်လည်ရရှိလာပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။
“ပကတိခွန်အားနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ မင်းရဲ့လှည့်ကွက်ကလေးတွေက အခြေအနေတစ်ရပ်လုံးကို ပြောင်းလဲပစ်နိုင်မှာမဟုတ်ဘူး”
သိုင်းတာအိုပင်မခန္ဓာက ခုခံတိုက်ခိုက်ရင်း စဥ်းစားတွေးတောနေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်၏ စွမ်းအားက သူမျှော်လင့်ထားသည်ထက် တကယ်ပင်ကျော်လွန်လာခဲ့သည်။
တက္ကိသိုလ်ဂိုဏ်းချုပ်သည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာခါစသာဖြစ်ပြီး သူ့ကို သာမန်ဧကရာဇ်တစ်ပါးဟုသာဆိုနိုင်သည်။
ထိုသို့ဆိုလျှင်တောင် ဝှက်ဖဲများစွာနှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်သည် သာမန်ဧကရာဇ်များကြားမှာ စွမ်းအားကြီးမားသော တည်ရှိမှု သေချာပေါက်ဖြစ်ပြီး သူနှင့်ကျင့်ကြံမှုနယ်ပယ်တူများကြားမှာ ပြိုင်ဘက်ကင်းလုနီးပါးဖြစ်လေသည်။
ငရဲကန့်သတ်မဲ့စိမ့်စမ်းသည် တက္ကသိုလ်ဂိုဏ်းချုပ်ကို အရင်ဆုံး ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့ခြင်းကြောင့် မဟုတ်လျှင် ဤတိုက်ပွဲသည် သူ့အတွက် ပို၍ပင် ခက်ခဲနေပေလိမ့်မည်။
တကယ်တော့ ထိုသို့ဆိုလျှင်တောင် သိုင်းတာအိုပင်မခန္ဓာမှာ အဲဒါကိုကိုင်တွယ်ဖို့အတွက် နည်းလမ်းတစ်ခုမှ ရှိမနေခြင်းမဟုတ်ပေ။
မဟုတ်ပါက သူသည် တက္ကသိုလ်ဂိုဏ်းချုပ်ကို ဤအခြေအနေထိ မျှားခေါ်ထုတ်လာခဲ့လိမ့်မည် မဟုတ်ပေ။
ပထမတစ်ခုက တမလွန်ဘုံရတနာကြေးမုံဖြစ်သည်။
သူသည် အမြုတေသွေးပမာဏများစွာကိုသုံးစွဲပြီး တမလွန်ဘုံရတနာကြေးမုံကို တစ်ဖန်ဆင့်ခေါ်လိုက်သည်နှင့် သူသည် တက္ကသိုလ်ဂိုဏ်းချုပ်ကို ဒဏ်ရာအပြင်းအထန်ရရှိစေခြင်း သို့မဟုတ် ထိုသူကို တိုက်ရိုက်သတ်ဖြတ်နိုင်ဖို့ပင် အခွင့်အရေးရှိနေသည်။
သို့သော်လည်း တမလွန်ဘုံရတနာကြေးမုံထဲမှာ ထိန်းချုပ်၍မရသော အလွန်တရာဆိုးယုတ်သည့် စိတ်ဝိညာဥ်တစ်ခုက ပုန်းလျှိုးနေ၏။
အဲဒါက ကြီးမားသောအန္တရာယ်တစ်ခုကို စွန့်စားရာကျပေလိမ့်မည်။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာမှာ ဘုရင်တစ်ပါး၏ မျိုးဆက်သွေးသာရှိနေသည်။ သူက သူ၏ မျိုးဆက်သွေးကို သုံးစွဲပြီး တမလွန်ဘုံရတနာကြေးမုံကို ထုတ်ဖော်မည်ဆိုလျှင်တောင် အဲဒါသည် ဧကရာဇ်တစ်ပါးကို သတ်ဖြတ်နိုင်ပါ့မလားဆိုတာ မသေချာပေ။
မည်သို့ပင်ဆိုစေ တက္ကသိုလ်ဂိုဏ်းချုပ်က တကယ့်ကို သန်မာလွန်းလေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်ကို တိုက်ရိုက်မသတ်ဖြတ်နိုင်သည်နှင့် သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုက သေချာပေါက်သေရပေလိမ့်မည်။
သူ၏ လုပ်ရပ်က အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သိုင်းတာအိုပင်မခန္ဓာသည် တမလွန်ဘုံရတနာကြေးမုံအား အမြုတေသွေးပမာဏများစွာကို တိုက်ကျွေးရမည်ဖြစ်ပြီး သူကအလွန်တရာအားနည်းသွားပေမည်။
တက္ကသိုလ်ဂိုဏ်းချုပ်က မသေဘူးဆိုလျှင် သေရမည့်သူက သူဖြစ်လာပေလိမ့်မည်။