တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများ
Vol. 194 Ch. 2901
လောကတစ်ခု၏ ကာကွယ်မှုကို ဆုံးရှုံးသွားခြင်းသည် တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ အကြီးမားဆုံးမှီခိုအားထားရာကို ဆုံးရှုံးသွားပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာလျော့ကျသွားသည်ဟု ဆိုလိုသည်။
သိုင်းတာအိုပင်မခန္ဓာ၏ အော်ရာက ရပ်တန့်တားဆီး၍မရနိုင်ဘဲ သူက ရှေ့သို့ နောက်တစ်ဖန် တိုးလာခဲ့သည်။
တက္ကသိုလ်ဂိုဏ်းချုပ်က အလွန်တရာ လျင်မြန်စွာ တုံ့ပြန်လိုက်၏။
စာနာစိတ်မရှိသော ကောင်းကင်ဘုံက မကြေမွခင် သူက စတင်၍ ဆုတ်ခွာသွားခဲ့ပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းပြီး ညှိုးခြောက်နေသော ရှေးဟောင်းအဆောင် ၁၂ခုကို သူ့ရှေ့မှာ ရုတ်တရက် ဖြန့်ကြဲကာပစ်ထုတ်လိုက်၏။
အဆောင်တစ်ခုချင်းစီကို ထူးဆန်းသော စကားလုံးနှစ်လုံးစီနှင့် ရေးထွင်းထားလေသည်။
“ဟမ့်”
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားသည်။
အဆောင် ၁၂ခုပေါ်မှာ ရေးထွင်းထားသော စကားလုံးများသည် ယင်ယန်အဆောင်သုတ္တန်မှာရှိသော စကားလုံးများနှင့် တူညီသော အရင်းအမြစ်ကနေ လာသည်။
သူတို့အပေါ်မှာ အနက်ရောင်စာလုံးများနှင့် ရေးထိုးထားသည့် အဆောင် ခြောက်ခု ရှိနေလေသည်။ သူတို့က တင်းမောင်၊ တင်းစစ်၊ တင်းဝေ၊ တင်းယို၊ တင်းဟိုင်နှင့် တင်းချောက်တို့ ဖြစ်လေသည်။
အဖြူရောင်စာလုံးများ ရေးထိုးထားသော အခြားသော အဆောင် ခြောက်ခုလည်း ရှိနေသည်။ သူတို့က ကျားကျီ၊ ကျားရှု၊ ကျားရှန်၊ ကျားဝူ၊ ကျားချန်နှင့် ကျားယင်တို့ဖြစ်သည်။
အဆောင် ၁၂ ခုသည် အလွန်တရာ ရှေးကျသည့်ပုံပေါ်ပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ပြီးနောက် အဆောင်များအပေါ်ရှိ စကားလုံးများ၏ စွမ်းအားက သိသိသာသာ လျော့ကျလာခဲ့သည်။
သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်က အဆောင် ၁၂ ခုကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် သူတို့သည် ကြောက်စရာကောင်းသော အော်ရာများနှင့်အတူ ပုံရိပ် ၁၂ ခုအဖြစ် တစ်ခဏချင်းမှာပင် အသွင်ပြောင်းလဲသွားသည်။
သူတို့ကြားမှာ အနက်ရောင်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် အမျိုးသမီးခြောက်ဦး ရှိနေသည်။ သူတို့မှာ ကြော့ရှင်းသော သွင်ပြင်များရှိပြီး တိုက်ခိုက်ရေးဓားများကို ကိုင်စွဲထားကြသည်။ သူတို့၏ အော်ရာများက ထူးချွန်ထက်မြက်နေပြီး အင်မော်တယ်နန်းတော်တစ်ခုမှ နတ်မိမယ်များနှင့် တူနေသည်။
အခြားသော ခြောက်ဦးက အဖြူရောင်ချပ်ဝတ်တန်ဆာများနှင့် အမျိုးသားများ ဖြစ်လေသည်။ သူတို့က တုတ်ခိုင်သန်မာပြီး သိပ်သည်းပြင်းထန်သော အော်ရာများနှင့်အတူ လှံများကို ကိုင်စွဲထားကြကာ ကောင်းကင်ဘုံစစ်သားများနှင့် တူလေသည်။
“ဧကရာဇ် ၁၂ ပါးလား”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
ထိုပုံရိပ် ၁၂ ခုကနေ ဖြာထွက်ပေးနေသော အော်ရာများက တက္ကသိုလ်ဂိုဏ်းချုပ်ထက် လုံးဝမနိမ့်ကျပေ။ တကယ်ဆို သူတို့က ပို၍ပင် သန်မာနေသည်။
ဤသည်က တက္ကသိုလ်ဂိုဏ်းချုပ်၏ ကိုယ်ပိုင်ခွန်အားမဟုတ်ပေ။
အဲဒါသည် တစ်နေရာရာကနေ သူရရှိထားသည့် ရတနာတစ်ခုနှင့် ပိုတူသည်။
သူသည် အဲဒါကို မဟာဧကရီ ကောင်းကင်ကိုးလွှာ ဆန်းကြယ်အပျိုစင်၏ အမွေအနှစ်ကုန်းမြေကနေ ရရှိထားခြင်းဖြစ်ဖို့များသည်။
ဆူဇီမိုသည် အဆောင်များကနေ ဆင့်ခေါ်ထားသည့် ပုံရိပ် ၁၂ ခုကို အတွေးနက်စွာဖြင့် ကြည့်နေ၏။
သိုင်းတာအိုပင်မခန္ဓာက အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားတွေးတောနေချိန် မရပေ။ သူက တက္ကသိုလ်ဂိုဏ်းချုပ်ကို သတ်ဖြတ်လိုသည်ဆိုလျှင် သူသည် ဤအမျိုးသားနှင့် အမျိုးသမီး ၁၂ ဦး၏ အဟန့်အတားကို ဖြတ်ကျော်ရပေမည်။
“ဟား…”
အမျိုးသား ခြောက်ဦးက တစ်ချိန်တည်းမှာ ဟိန်းဟောက်ပြီး သူတို့၏ လှံများနှင့်အတူ သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ပစ်ထိုးလိုက်၏။
လှံများက သိပ်သည်းပြင်းထန်သော စွမ်းပကားနှင့်အတူ လေထုကို ဆုတ်ဖြဲပြီး ဘေးပတ်ဝန်းကျင်လေဟာနယ်က ချက်ချင်းပင် ပြိုကျကာ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။
အမျိုးသား ခြောက်ဦးက အရမ်းကို သန်မာသည်။
လောကတစ်ခု ထောက်ပံ့ပေးထားခြင်းမရှိသည်ကလွဲလျှင် အမျိုးသားခြောက်ဦး ထုတ်ဖော်လိုက်သော စွမ်းအားက သေချာပေါက် ဧကရာဇ်နယ်ပယ်မှာ ရှိနေသည်။
ဘုန်း…
သိုင်းတာအိုပင်မခန္ဓာက ပစ်ထိုးလိုက်၏။
ထိုထိုးချက်သည် လေဟာနယ်ကို ပြိုကျသွားစေပြီး လှံခြောက်လက်ကို လွှမ်းခြုံသွားလေသည်။
လှံခြောက်လက်က သူတို့၏ မူလလမ်းကြောင်းကနေ ဆွဲယူခြင်းခံရပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ဘန်း…
အမျိုးသားခြောက်ဦးက ဆတ်ခနဲတုန်ခါသွားပြီး သိုင်းတာအိုပင်မခန္ဓာကလည်း ရပ်တန့်သွားသည်။
လှံခြောက်လက်သည် မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်းသော ရုန်းကန်ပေါက်ကွဲစွမ်းအားကို ခုခံပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးချက်ဖိအားအောက်မှာ လှံများအားလုံးအပေါ်တွင် ဧရာမစက်ဝန်းများ ပေါ်ထွက်လာ၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ သိုင်းတာအိုငရဲခန်းနှင့် အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူကို တစ်ချိန်တည်းမှာ ထုတ်ဖော်သည့်အခါ သူသည် ထိုးချက်တစ်ချက်နှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်၏ လောကကို ခြေမွှပစ်နိုင်သည်။
သို့သော် ယခု ထိုထိုးချက်ကို အဆောင်ခြောက်ခုကနေ ဆင့်ခေါ်ထားသော အမျိုးသားခြောက်ဦးက ပိတ်ဆို့တားဆီးထားသည်။
ဒါ့အပြင် သူတို့သည် အလွန်တရာ အိုဟောင်းနေသောကြောင့် အဆောင်များ၏ စွမ်းအားက သိသိသာသာ လျော့ကျနေလေသည်။
မဟုတ်ပါက အမျိုးသားခြောက်ဦး၏ တိုက်ခိုက်ရည်ခွန်အားက များစွာပိုမိုကြောက်စရာကောင်းနေပေလိမ့်မည်။
လက်သီးနှင့်လှံတို့က ထိတွေ့ရိုက်ခတ်သောအခါ မည်သူကမှ နောက်မဆုတ်ကြပေ။
သို့သော်လည်း မည်သည့်ဘက်မဆို ရှေ့ကိုဆက်တိုးဖို့က အရမ်းကို ခဲယဉ်းသွားခဲ့ပြီဖြစ်သည်။
ထိုစဉ်မှာပင် ထက်ရှသော ဓားများကို ကိုင်စွဲထားသည့် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် အမျိုးသမီးခြောက်ဦးက လျင်မြန်စွာ လှုပ်ရှားလာခဲ့သည်။ သူတို့က အမျိုးသားခြောက်ဦး၏ ကြားထဲကနေ ဖြတ်ကျော်ပြီး သိုင်းတာအိုပင်မခန္ဓာရှိရာသို့ သူတို့၏ ဓားများဖြင့် ပစ်ထိုးလိုက်၏။
ဓားအလင်းများက အေးစက်နေပြီး ကြမ်းကြုတ်ခက်ထန်နေ၏။
“ဒါက နည်းနည်းတော့ ကိုင်တွယ်ရခက်ခဲပြီ”
သိုင်းတာအိုပင်မခန္ဓာက ထိုးချက်တစ်ချက်နှင့်အတူ အမျိုးသားခြောက်ဦး၏ လှံများကို ပိတ်ဆို့ထားသည်။ တစ်ချိန်တည်းမှာပင် သူက ငရဲဖိနှိမ်မီးဖိုကို ကိုင်မြှောက်ပြီး အဲဒါကို ပြေးဝင်လာသော အမျိုးသမီးခြောက်ဦးထံ ပစ်ပေါက်လိုက်၏။
အမျိုးသမီးခြောက်ဦးသည် အဆောင်များကနေ အသွင်ပြောင်းလဲထားခြင်းဖြစ်သော်လည်း သူတို့မှာ သူတို့၏ ကိုယ်ပိုင်အသိစိတ်နှင့် တိုက်ခိုက်ရည်ခွန်အား ရှိပုံရကာ ငရဲဖိနှိမ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ မရွေးချယ်ကြပေ။
ရွှစ်…
အမျိုးသမီးခြောက်ဦး၏ လှုပ်ရှားမှုနည်းစနစ်က ပေါ့ပါးဖျတ်လတ်နေသည်။ သူတို့၏ ဓားများက ငရဲဖိနှိမ်မီးဖိုနှင့် ထိတွေ့ရိုက်ခတ်မိသည့်ခဏမှာပင် သူတို့က သိပ်သည်းပြင်းထန်သော တွန်းကန်အားကို အသုံးချကာ သိုင်းတာအိုပင်မခန္ဓာကို ရှောင်လွှဲပြီး သူ၏ နောက်ဘက်မှာရှိသော ဆူဇီမိုကို ဝိုင်းပတ်လိုက်ကြ၏။
တစ်ခြားတစ်ဖက်မှာ…
တက္ကသိုလ်ဂိုဏ်းချုပ်သည် အဆောင် ၁၂ ခုကို ပစ်ထုတ်ပြီးနောက် သူက နေရာမှာတင် ရပ်တန့်မနေခဲ့ပေ။ ထိုအစား သူက တိုက်ပွဲနယ်မြေကနေ ဆုတ်ခွာပြီး သိုင်းတာအိုပင်မခန္ဓာနှင့် အကွာအဝေးတစ်ခု ခြားလိုက်၏။
သူသည် မဟာဧကရီ ကောင်းကင်ကိုးလွှာ ဆန်းကြယ်အပျိုစင်၏ အမွေအနှစ်ကုန်းမြေကနေ ထိုအဆောင် ၁၂ ခုကို ရှာတွေ့ခဲ့ပြီး သူတို့က သူ၏ အကြီးမားဆုံးဝှက်ဖဲများ ဖြစ်လေသည်။
သို့သော်လည်း အဆောင် ၁၂ခုကနေ ဆင့်ခေါ်ထားသည့် တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများက သိုင်းတာအိုပင်မခန္ဓာကို ခုခံနိုင်ပါ့မလား သူက မသေချာသေးပေ။
ထို့ကြောင့် အဆောင် ၁၂ ခုကို ပစ်ထုတ်ပြီးနောက် သူက တိုက်ပွဲနယ်မြေကနေ ထွက်ခွာပြီး အဝေးကနေသာ စောင့်ကြည့်နေ၏။
အခြေအနေမကောင်းဘူးဆိုလျှင် သူက ချက်ချင်းထွက်ပြေးနိုင်မည်ဖြစ်သည်။
တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများက ဆူဇီမိုကို သတ်ဖြတ်နိုင်သည်ဆိုလျှင် သို့မဟုတ် သူ့ကို ချုပ်နှောင်နိုင်သည်ဆိုလျှင် သူ့အနေဖြင့် ပြန်လှည့်လာဖို့ နောက်ကျလိမ့်မည် မဟုတ်ပေ။
သူသည် သဘာဝအလျောက် သတိကြီးကြီးထားတတ်ပြီး ယနေ့ ဆူဇီမို၏ လက်ထဲမှာ ကြီးမားစွာ ထိခိုက်ဆုံးရှုံးခဲ့ရပြီဖြစ်ကာ သူက ပို၍ပင် ဂရုစိုက်လာလေသည်။
ထိုအခိုက်အတန့်မှာ ကျားခြောက်ပါးစစ်ဗိုလ်များက သိုင်းတာအိုပင်မခန္ဓာကို ထိပ်တိုက်ရင်ဆိုင်ထားပြီး တင်းခြောက်ပါး ကျောက်စိမ်းအပျိုစင်များက ထိုသူကို ကွေ့ရှောင်ကာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဝိုင်းပတ်ပိတ်ဆို့လိုက်သည်ကို တွေ့မြင်သောအခါ သူက ကျေနပ်သဘောကျသွားသည်။
ကျားခြောက်ပါး စစ်ဗိုလ်များက အထီးကျန်သိုင်းသခင်ကို ပိတ်ဆို့တားဆီးထားသည်။
ဧကရာဇ်နယ်ပယ် တင်းခြောက်ပါး ကျောက်စိမ်းအပျိုစင်များ၏ ဝိုင်းပတ်ပိတ်ဆို့မှုမှာ ဆူဇီမိုသည် လုံးဝခုခံနိုင်မည်မဟုတ်ဘဲ လွတ်မြောက်ဖို့ပင် အခွင့်အရေးရလိမ့်မည် မဟုတ်ပေ။
သူသည် အဆင့် ၁၂ ဖန်တီးခြင်းကြာပဒုမ္မာကို ရရှိနိုင်မည်ဆိုလျှင် ဤတိုက်ပွဲမှာ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်သေးလေသည်။
တစ်ခြားတစ်ဖက်မှာ…
ဆူဇီမိုသည် ယင်ယန်အဆောင်သုတ္တန်ကို သူ၏ စိတ်ထဲကနေ ရွတ်ဆိုနေဆဲဖြစ်သည်။
ယင်ယန်အဆောင်သုတ္တန်တစ်ခုလုံးမှာ စကားလုံး ခြောက်ရာခန့်သာ ရှိလေသည်။
သိပ်မကြာခင် သူသည် စောစောက အဆောင်များအပေါ်မှ စကားလုံးများနှင့် တူညီသော စာလုံးများကို ရှာတွေ့သွားသည်။
အစကတော့ ထိုစာလုံးများသည် ခက်ခဲနက်နဲပြီး နားလည်ဆင်ခြင်ဖို့ မတတ်နိုင်ခဲ့ပေ။
စောစောက ထိုစကားလုံးများပါရှိသည့် အဆောင်များက အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးခြောက်ဦးအဖြစ် အသွင်ပြောင်းလဲသွားသည်ကို တွေ့မြင်သည့်အခါ သူသည် တဖြည်းဖြည်းနားလည်သဘောပေါက်လာပြီး တစ်စုံတစ်ရာကို နားလည်ဆင်ခြင်မိလာခဲ့သည်။
ယင်ယန်အဆောင်သုတ္တန်အရ တင်းမောင်၊ တင်းစစ်၊ တင်းဝေ၊ တင်းယို၊ တင်းဟိုင်နှင့် တင်းချောက်တို့သည် တင်းခြောက်ပါးဖြစ်ပြီး ကျားကျီ၊ ကျားရှု၊ ကျားရှန်၊ ကျားဝူ၊ ကျားချန်နှင့် ကျားယင်တို့က ကျားခြောက်ပါးဖြစ်လေသည်။
တင်းခြောက်ပါးသည် ကျောက်စိမ်းအပျိုစင်များအဖြစ် ကျော်ကြားပြီး ယင်နတ်ဘုရားများဖြစ်ကာ ကျားခြောက်ပါးကတော့ နတ်စစ်ဗိုလ်များအဖြစ် ကျော်ကြားပြီး ယန်နတ်ဘုရားများ ဖြစ်ကြလေသည်။
“တရားမျှတမှုကို ထိန်းသိမ်းဖို့ တင်းခြောက်ပါးနဲ့ ကျားခြောက်ပါးကို ဖွဲ့စည်းခြင်း… နတ်ဘုရားများနဲ့ တစ္ဆေများအားလုံးကို ဖြိုခွင်းခြင်း”
အဲဒီမှာ နှစ်ပေါင်းများစွာကြာအောင် သူစဉ်းစားကြည့်၍ မရသော စာကြောင်းတစ်ကြောင်း ရှိနေ၏။
ထိုအခိုက်အတန့်မှာ တက္ကသိုလ်ဂိုဏ်းချုပ် ပစ်ထုတ်ခဲ့သော အဆောင် ၁၂ ခုကြောင့် သူသည် နောက်ဆုံးမှာ ထိုစာကြောင်းတွင်ပါဝင်သော ဓမ္မတာအို၏ အစစ်အမှန်သဘောတရားကို နားလည်ဆင်ခြင်မိလာသည်။
သူထင်တာမမှားလျှင် တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများသည် နည်းစနစ်သိုလှောင်ရုံမှ အာဒိကပ္ပသမဂ္ဂ၏ ဓမ္မတာအိုတစ်ခု ဖြစ်ရပေမည်။
သို့သော်လည်း လက်ရှိအခြေအနေက သေရေးရှင်ရေးဖြစ်နေပြီး သူက အဲဒါကို နားလည်ဆင်ခြင်ကာ ကျင့်ကြံဖို့ အချိန်မကျသေးပေ။
သူသည် အရင်ဆုံး တင်းခြောက်ပါး ကျောက်စိမ်းအပျိုစင်များကို ကိုင်တွယ်ရပေမည်။
အခြားသူများအနေဖြင့် တင်းခြောက်ပါး ကျောက်စိမ်းနတ်ဘုရားများကို ဖြေရှင်းဖို့က ခက်ခဲပေလိမ့်မည်။ သို့သော်လည်း ဆူဇီမိုသည် ၎င်း၏ ဓမ္မတာအိုအရင်းအမြစ်ကို ထိုးဖောက်မြင်နိုင်ပြီးနောက် တင်းခြောက်ပါး ကျောက်စိမ်းနတ်ဘုရားများ၏ စွမ်းအားအရင်းအမြစ်ကို ဖြေရှင်းနိုင်မည် ဖြစ်လေသည်။
တင်းခြောက်ပါး ကျောက်စိမ်းအပျိုစင်များကို ယင်စွမ်းအားကနေ စုဖွဲ့ထားပြီး သူတို့က ယင်နတ်ဘုရားများအဖြစ် ကျော်ကြားလေသည်။
ဆူဇီမိုသည် သူ၏ ဘယ်ဘက်မျက်လုံးထဲရှိ တမလွန်မီးရောင်ကျောက်တုံးထက် ပိုမိုသန့်စင်ကာ ပိုမိုသန်မာသော ယင်စွမ်းအားကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
တစ်ခဏချင်းမှာပင် တင်းခြောက်ပါး ကျောက်စိမ်းအပျိုစင်များက အနားကို ချဉ်းကပ်လာကြသည်။
ဆူဇီမိုက အလောတကြီးမရှိဘဲ သူ၏ ခေါင်းကို ဖြည်းဖြည်းချင်းမော့လိုက်၏။
သူ၏ ဘယ်ဘက်မျက်လုံးက ရုတ်တရက် ပိန်းပိတ်အောင် နက်မှောင်လာပြီး မှောင်မိုက်၍ အေးစက်နေသော အော်ရာတစ်ခုကို ဖြာထုတ်လိုက်၏။
တင်းခြောက်ပါးကျောက်စိမ်းအပျိုစင်များ၏ ဓားခြောက်လက်က ဆူဇီမိုကို ထိုးစိုက်တော့မည့်ဆဲဆဲမှာပင် သူတို့က ရုတ်တရက် ရပ်တန့်သွား၏။
ကျောက်စိမ်းအပျိုစင်ခြောက်ဦး၏ အမူအရာများက တဖြည်းဖြည်း နှေးကွေးလေးလံလာခဲ့သည်။
ထို့နောက် ချက်ချင်းပင် ကျောက်စိမ်းအပျိုစင်ခြောက်ဦးသည် နက်မှောင်နေသော အလင်းခြောက်ခုအသွင်ပြောင်းလဲပြီး ဆူဇီမို၏ ဘယ်ဘက်မျက်လုံးထဲသို့ ဝင်ရောက်ကာ တမလွန်မီးရောင်ကျောက်တုံး၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။