ငုပ်လျှိုးနေသော အန္တရာယ်ကို ဖြေရှင်းခြင်း
Vol. 194 Ch. 2902
ဧကရာဇ်နယ်ပယ် အဆောင်ခြောက်ခု၏ စွမ်းအားသည် ဆူဇီမို၏ ဘယ်ဘက်မျက်လုံးဖြင့် ဝါးမျိုခြင်းခံလိုက်ရသည်။
ဤသည်မှာ သူ၏ ကျင့်ကြံမှုနယ်ပယ်နှင့်အတူ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ ခံနိုင်ရည်မရှိသော အလွန်တရာ ပြင်းထန်ကြမ်းတမ်းပြီး ကြွယ်ဝသည့် စွမ်းအားတစ်ခုဖြစ်သည်။
သို့သော်လည်း တင်းခြောက်ပါး ကျောက်စိမ်းအပျိုစင်များကနေ ဆင့်ခေါ်ထားသော ယင်စွမ်းအားသည် တမလွန်မီးရောင်ကျောက်တုံးဖြင့် လုံးဝန်းလျားလျား စုပ်ယူခြင်းခံရပြီး ဆူဇီမိုအပေါ် မည်သည့်ပျက်စီးထိခိုက်မှုကိုမှ မဖြစ်စေပေ။
တမလွန်မီးရောင်ကျောက်တုံးသည် မြစ်ချောင်းများအားလုံးကို ဝင်ဆန့်စေနိုင်သည့် အဆုံးမဲ့ချောက်နက်တစ်ခုကဲ့သို့ ဖြစ်ပြီး အရာရာတိုင်းကို ဝါးမျိုပစ်နေ၏။
အဲဒါသည် အချက်အလက်များစွာ၏ တိုက်ဆိုင်လွန်းသော ပေါင်းစပ်မှုတစ်ခုကြောင့်လည်း ဖြစ်သည်။
ဆူဇီမိုသည် ယင်ယန်အဆောင်သုတ္တန်ကို မရရှိထားဘူးဆိုလျှင် သူသည် တင်းခြောက်ပါး ကျောက်စိမ်းအပျိုစင်များကို ယင်စွမ်းအားကနေ စုဖွဲ့ထားခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်လိမ့်မည် မဟုတ်ဘဲ ထိုအရာ၏ အားနည်းချက်ကိုလည်း ထွင်းဖောက်မြင်နိုင်မည် မဟုတ်ပေ။
တမလွန်မီးရောင်ကျောက်တုံးကြောင့် မဟုတ်လျှင် သူသည် တင်းခြောက်ပါး ကျောက်စိမ်းအပျိုစင်များကို ဤမျှအထိ လွယ်ကူစွာ ဝါးမျိုစုပ်ယူနိုင်လိမ့်မည်လည်း မဟုတ်ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်သည် နှစ်ပေါင်းများစွာကြာအောင် သူမသုံးရက်နိုင်ဘဲ ကွယ်ဝှက်ထားသည့် သူ၏ အသန်မာဆုံးဝှက်ဖဲသည် ဤမျှအထိ အလွယ်တကူ ဖြေရှင်းခြင်းခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
တမလွန်မီးရောင်ကျောက်တုံးသည် တင်းခြောက်ပါး ကျောက်စိမ်းအပျိုစင်များကို ဝါးမျိုပြီးနောက် ဆူဇီမိုသည် တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံမခံမိဘဲ သူ၏ မီးပဒေသာဂမ္ဘီရကျောက်တုံးကို နောက်တစ်ဖန် လှည့်ပတ်လိုက်လေသည်။
သူ၏ ညာဘက်မျက်လုံးက ဖြူစွတ်လာပြီး တောက်ပစွာ လောင်ကျွမ်းလာခဲ့သည်။
ထင်မှတ်ထားသည့်အတိုင်းပင်… အစက သိုင်းတာအိုပင်မခန္ဓာနှင့် တိုက်ခိုက်နေသော တင်းခြောက်ပါး နတ်စစ်ဗိုလ်များသည် အဖြူရောင်အလင်းတန်းများအသွင်ပြောင်းလဲပြီး ဆူဇီမို၏ ညာဘက်မျက်လုံးထဲသို့ တိုးဝင်လာခဲ့သည်။
တင်းခြောက်ပါးနတ်စစ်ဗိုလ်များကို ယန်စွမ်းအားကနေ စုဖွဲ့ထားခြင်းဖြစ်သည်။
ယန်စွမ်းအားသည် အလင်းတန်းများအသွင်ပြောင်းလဲပြီး မီးပဒေသာဂမ္ဘီရကျောက်တုံး၏ လုံးလုံးလျားလျား စုပ်ယူခြင်းကို ခံလိုက်ရသည်။
ဧကရာဇ်အဆင့် အဆောင် ၁၂ ခု ပျက်ပြယ်သွားသည့်အချိန်မှာ တက္ကသိုလ်ဂိုဏ်းချုပ်ကလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။
တက္ကသိုလ်ဂိုဏ်းချုပ်က အရမ်းကို သတိကြီးကြီးထားတတ်လေသည်။
ဧကရာဇ်အဆင့် အဆောင် ၁၂ ခုကို ထုတ်ဖော်ပြီးလျှင်တောင် သူက ပြန်လှည့်မလာခဲ့ပေ။ ထိုအစား သူက အဝေးမှာသာ မတ်တတ်ရပ်ပြီး စောင့်ကြည့်နေ၏။
တင်းခြောက်ပါး ကျောက်စိမ်းအပျိုစင်များသည် ဆူဇီမို၏ ဘယ်ဘက်မျက်လုံးဖြင့် စုပ်ယူခြင်းခံလိုက်ရသည်ကို သူတွေ့မြင်သောအခါ သူက အလွန်တရာပြတ်သားမှုရှိပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်ပြေးသွားလေသည်။
သူသည် အထီးကျန်သိုင်းသခင်၏ လိုက်လံတိုက်ခိုက်မှုကို တားဆီးရန် တစ်စုံတစ်ရာကိုပင် တမင်သက်သက် ချန်ထားရစ်ခဲ့လေသည်။
ဤတစ်ခေါက်မှာ သူသည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာကို မရရှိခဲ့ရုံသာမက သူသည် ငရဲကန့်သတ်မဲ့စိမ့်စမ်းရေကြောင့် ဒဏ်ရာအပြင်းအထန်ပင် ရရှိပြီး သူ၏ သွေးချီက ပျက်စီးထိခိုက်ခဲ့ရသည်။
ဒါ့အပြင် သူသည် ဤတိုက်ပွဲမှာ ကြီးမားစွာ ဆုံးရှုံးခဲ့ရသည်။
တဗူးဂမ္ဘီရကျင့်စဉ် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို အထီးကျန်သိုင်းသခင်က လုယူသွားခဲ့သည်။
ဧကရာဇ်အဆင့် အဆောင် ၁၂ ခုကို ပစ်ထုတ်ပြီးလျှင်တောင် သူသည် မည်သည့်သက်ရောက်မှုကိုမှ မဖြစ်စေနိုင်ခဲ့ပေ။
သူက မကျေမနပ်ဖြစ်နေသော်လည်း အရှုံးကို ဝန်ခံရလိမ့်မည်။
ဤအတိုင်းသာ ဆက်သွားလျှင် သူ့ဘဝက ဤနေရာမှာ အဆုံးသတ်သွားနိုင်သည်။
တကယ်တော့ ဤတိုက်ပွဲအပြီးမှာ သူဆုံးရှုံးခဲ့ရသည့်အရာသည် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းသာလျှင် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ သူသည် သူ၏ လက်ဦးမှုရယူခွင့်နှင့် အားသာချက်များ အားလုံးနီးပါးကို ဆုံးရှုံးခဲ့ရပြီဖြစ်သည်။
ယခုအချိန်မှစ၍ သူသည် သူ၏ ခြေရာလက်ရာများကို ဖျောက်ဖျက်ကာ ဇာတ်မြှုပ်နေထိုင်ဖို့ ရွေးချယ်ရတော့မည်ဖြစ်သည်။ သူသည် ချောက်နက်တစ်ခုထဲမှာ ကျရောက်နေသကဲ့သို့ ဂရုတစိုက် ကျင့်ကြံရတော့မည်ဖြစ်သည်။
ဆူဇီမိုသည် သူ့ကို သေချာပေါက်လွှတ်ပေးမည် မဟုတ်သည်ကို သူကောင်းကောင်းသိထားသည်။
ထို့ကြောင့် အထီးကျန်သိုင်းသခင် အသက်ရှင်နေသရွေ့ သူက ပေါ်ထွက်လာရဲတော့မည် မဟုတ်ပေ။
သူသည် အထီးကျန်သိုင်းသခင်နှင့်ပတ်သက်သည့် မည်သည့်အရာကိုမှ တွက်ချက်နိုင်ခြင်း သို့မဟုတ် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။
ဤတစ်ခေါက်မှာ သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုပြီးတာတောင် သူသည် အသက်ရှင်နိုင်ခဲ့ရုံသာရှိသည်။
သူသည် နောက်တစ်ကြိမ်မှာ အထီးကျန်သိုင်းသခင်ထံကနေ ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု ယုံကြည်မှုမရှိတော့ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်သည် မည်သည့်ပြိုင်ဘက်ကိုမဆို အနိုင်ယူဖို့ အမြဲတမ်း ယုံကြည်မှုရှိခဲ့သည်။ သို့သော်လည်း သူသည် ဘာမှန်းမသိရသော အရာများဖြင့် ပြည့်နှက်နေပြီး ထူးခြားအံ့မခန်းဖြစ်သည့် အထီးကျန်သိုင်းသခင်ကို အမှန်တကယ်ပင် ကြောက်လန့်လာခဲ့ပြီဖြစ်သည်။
ဆူဇီမိုက ဘယ်လိုမွန်းစတားတစ်ကောင်ကို ကျင့်ကြံထားတာလဲ။
တက္ကသိုလ်ဂိုဏ်းချုပ်က အဲဒါကို နားမလည်နိုင်ပေ။
ထပ်ပြောရလျှင် သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့လည်း မပြန်နိုင်တော့ပေ။
အထီးကျန်သိုင်းသခင်က သူ့ကိုလွှတ်ပေးမည်၊ မလွှတ်ပေးမည်ကို အသာထား… ယနေ့ဖြစ်ပွားသော သတင်းက ပျံ့နှံ့သွားမည်ဆိုလျှင် ဓားကမ္ဘာမှ ဧကရာဇ်ပညာရှင်များသည် ဖြေရှင်းချက်တစ်ခုတောင်းရန် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်လာပေလိမ့်မည်။
သူသည် ဤတစ်ခေါက်မှာ ဆူဇီမိုကို ကိုင်တွယ်ရာမှာ ကျရှုံးခြင်းနှင့်အတူ အရာရာတိုင်းနီးပါးကို ဆုံးရှုံးခဲ့ရသည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် ကျင့်ကြံခဲ့စဉ်ကတည်းက သူ၏ တွက်ချက်မှုများက ဘယ်တုန်းကမှ မမှားယွင်းခဲ့ပေ။
လွန်ခဲ့သည့် နှစ်နှစ်ထောင်ကျော်ကပင်လျှင် သူသည် ဖန်တီးခြင်းကြာပဒုမ္မာကို မရရှိခဲ့သော်လည်း သူက မည်သည့်အရာကိုမှ မရရှိခဲ့ခြင်းမဟုတ်ပေ။ အနည်းဆုံးတော့ သူသည် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို စုစည်းနိုင်ခဲ့သည်။
ပြီးပြည့်စုံသော သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းနှင့်အတူ သူသည် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံပြီး နောက်ဆုံးမှာ ၎င်းထံကနေ မဟာဧကရာဇ်ဒီဃာယု၏ အမွေအနှစ်ရှိရာနေရာကို နားလည်ဆင်ခြင်နိုင်ခဲ့လေသည်။ သူသည် ထိုနေရာမှာရှိသော အခွင့်အလမ်းတစ်ခုကို ရရှိပြီး ဒီဃာယုဓားကိုလည်း ရရှိကာ သူသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာနိုင်ခဲ့သည်။
သို့သော် ဤတစ်ခေါက်မှာ သူသည် အတွက်မှားသွားခဲ့လေသည်။
ဤအတွက်မှားမှုက သူ့အသက်ကို ဆုံးရှုံးစေရလုနီးပါးပင်။
တကယ်တော့ တက္ကသိုလ်ဂိုဏ်းချုပ်က မကျေနပ်ပေ။
သူက ပြေးရင်းလွှားရင်း တန်ပြန်တိုက်ခိုက်နိုင်မည့် နည်းလမ်းများကို စဉ်းစားနေ၏။
သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ အထီးကျန်သိုင်းသခင်နှင့် ဆူဇီမိုကြား လျှို့ဝှက်ချက်ကို အများသိအောင် ထုတ်ဖော်ပြောဆိုဖို့ပင်။
သို့သော်လည်း ပြန်တွေးကြည့်လျှင် ဤကိစ္စ ပျံ့နှံ့သွားသည်ဆိုလျှင်တောင် အဲဒါသည် ဆူဇီမိုအပေါ် သိသာထင်ရှားသော ထိခိုက်မှုဖြစ်စေလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုကို အထီးကျန်သိုင်းသခင်ကဲ့သို့ ကြောက်စရာကောင်းသော ပညာရှင်တစ်ဦး ကာကွယ်ပေးထားသည်ဟု ပညာရှင်များနှင့် အဖွဲ့အစည်းများစွာက သိရှိသွားမည်ဆိုလျှင် သူတို့သည် ပို၍ပင် စိုးရိမ်ပူပန်လာပြီး သူ့ကို တိုက်ခိုက်ရဲတော့မည် မဟုတ်ပေ။
ထိုသို့ဖြင့် ဆူဇီမိုကို ဒုက္ခများစွာသက်သာစေပြီး သူ့ကိုကူညီပေးသလိုပင် ဖြစ်နေပေလိမ့်မည်။
ဤသို့ပြုလုပ်ဖို့က မသင့်လျော်ပေ။
သေသေချာချာ စဉ်းစားတွေးတောပြီးနောက် တက္ကသိုလ်ဂိုဏ်းချုပ်သည် ဤကိစ္စကို လောလောဆယ်မှာ ဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက်လေသည်။
အဲဒါသည် အကြောင်းပြချက်များထဲမှ တစ်ခုသာလျှင်ဖြစ်သည်။ နောက်ထပ် ပိုမိုအရေးပါသော အကြောင်းပြချက်ရှိလေသည်။
ငါက အထီးကျန်သိုင်းသခင်ရဲ့လက်ထဲမှာ ဒီလိုမျိုးဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့တယ်။ ငါ ဘာလို့ တခြားသူတွေကို သတိပေးရမှာလဲ။
အခြားသူများသည် အထီးကျန်သိုင်းသခင်၏ လက်ထဲမှာ သေဆုံးရသည့်အခါမှသာ တက္ကသိုလ်ဂိုဏ်းချုပ်သည် စိတ်ပိုင်းဆိုင်ရာအရ ပိုမိုသက်သာလာသည်ဟု ခံစားရပေလိမ့်မည်။
တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများကို ကိုင်တွယ်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲရှိ ခရမ်းရောင်မီးတောက်နှစ်ခုက ပေါ်ထွက်လာ၏။ သူ၏ အကြည့်က လေဟာနယ်ကို ဖြတ်ကျော်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်၏ အငွေ့အသက်များကို ချက်ချင်းပင် လိုက်လံရှာဖွေနေ၏။
သိပ်မကြာခင် သူသည် တက္ကသိုလ်ဂိုဏ်းချုပ်ကို တွေ့မြင်သွားသည်။
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်လိုက်၏။
တက္ကသိုလ်ဂိုဏ်းချုပ်က အရမ်းကို လျင်မြန်စွာ ပြေးလွှားနေ၏။
ထိုအခိုက်အတန့်မှာ တက္ကသိုလ်ဂိုဏ်းချုပ်သည် ကြယ်တာရာကောင်းကင်၏ အစပ်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်ပြီး သူ့အနေဖြင့် လိုက်မီဖို့ အချိန်အတော်ကြာယူရပေလိမ့်မည်။
သူသည် ဤတိုက်ပွဲမှာ စွမ်းအင်အမြောက်အများကို သုံးစွဲခဲ့ရသည်။
အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူနှင့် သိုင်းတာအိုငရဲခန်းက သိပ်ကြာကြာ တောင့်မခံနိုင်တော့ပေ။
ဒါ့အပြင် အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူကနေ ဆောင်ကြဉ်းပေးလာသည့် အန္တရာယ်အငွေ့အသက်က ပိုမိုသိသာထင်ရှားလာပြီး ပိုမိုနီးကပ်လာကာ သူ့ကိုပင် တုန်လှုပ်ချောက်ချားစေလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် စိုးရိမ်ပူပန်နေပြီး အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူကို အလောတကြီး ရုတ်သိမ်းလိုက်၏။
အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူ ပျက်ပြယ်သွားပြီးနောက် အန္တရာယ်အငွေ့အသက်ကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
တကယ်တော့ ပို၍အရေးပါသည်မှာ တက္ကသိုလ်ဂိုဏ်းချုပ် ထွက်မပြေးခင် သူသည် သိုင်းတာအိုပင်မခန္ဓာကို ကိုင်တွယ်ဖို့အတွက် ပြဿနာတစ်ခု ချန်ထားခဲ့လေသည်။
တိုက်ပွဲနယ်မြေ၏ ဘေးပတ်လည်မှာ တက္ကသိုလ်ဂိုဏ်းချုပ်သည် ကောင်းကင်ဘုံ လျှို့ဝှက်ချက်များကို ပိတ်ဆို့တားဆီးရန်နှင့် ဘုရင်များစွာကို ချုပ်နှောင်ရန် အစက တံခါးရှစ်ချပ် သွမ့်ကျားဝင်္ကပါကို ခင်းကျင်းထားခဲ့သည်။
တက္ကသိုလ်ဂိုဏ်းချုပ်အနေဖြင့် ဤဘုရင်တစ်အုပ်စုကို သတ်ဖြတ်ဖို့က အရမ်းကို လွယ်ကူလေသည်။
သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်က ထိုသို့မပြုလုပ်ခဲ့ပေ။
သူ မထွက်ပြေးခင် သူက တံခါးရှစ်ချပ် သွမ့်ကျားဝင်္ကပါကို ဖယ်ရှားပြီး ဘုရင်များစွာကို လွှတ်ပေးလိုက်လေသည်။
သိုင်းတာအိုပင်မခန္ဓာက သူ့နောက်သို့ ပြေးလိုက်လာမည်ဆိုလျှင် သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို အန္တရာယ်ကြားထဲမှာ သေချာပေါက်ထားခဲ့ရပေလိမ့်မည်။
တက္ကသိုလ်ဂိုဏ်းချုပ်က အရမ်းကို ပါးနပ်ပြီး သတိကြီးကြီးထားတတ်သည်။
တကယ်ဆို ဧကရာဇ်တစ်ပါးသည် ပကတိအင်မော်တယ်တစ်ဦးကို ကိုင်တွယ်ရာမှာ မအောင်မြင်စရာ အကြောင်းမရှိပေ။
သူက ဤတိုက်ပွဲမှာ ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိထားသည်ဆိုလျှင်တောင် သူ့အတွက် ထွက်ပေါက်တစ်ခုကို ချန်ထားဆဲဖြစ်လေသည်။
သူသည် ဤတစ်ခေါက် တက္ကသိုလ်ဂိုဏ်းချုပ်ကို မသတ်ဖြတ်နိုင်ခဲ့သော်လည်း သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အန္တရာယ်ကို ဖြေရှင်းပေးနိုင်ခဲ့ပြီဖြစ်သည်။
တက္ကသိုလ်ဂိုဏ်းချုပ်၏ သတိကြီးကြီးထားတတ်သော စိတ်နေစရိုက်အရ သိုင်းတာအိုပင်မခန္ဓာ အသက်ရှင်နေသရွေ့ တက္ကသိုလ်ဂိုဏ်းချုပ်က ပေါ်ထွက်လာရဲတော့မည် မဟုတ်ပေ။
အစကတော့ တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမို၏ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေခဲ့သည်။
သို့သော် ယခု သိုင်းတာအိုပင်မခန္ဓာသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာခဲ့လေပြီ။
တက္ကသိုလ်ဂိုဏ်းချုပ်သည် ထွက်ပြေးလွတ်မြောက်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်မလားဆိုသည်ကိုတော့ ဆူဇီမိုက စိုးရိမ်မနေပေ။
ပထမအချက်… ဤကိစ္စ ပျံ့နှံ့သွားမည်ဆိုလျှင်လည်း သူက ဆက်လက်၍ ဂရုမစိုက်တော့ပေ။
ဒုတိယအချက်… တက္ကသိုလ်ဂိုဏ်းချုပ်၏ စိတ်နေစရိုက်ကို သူနားလည်ထားသလောက် ထိုသူက မည်သူ့ကိုမှ ပြောပြလိမ့်မည် မဟုတ်ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်သည် လျှို့ဝှက်တတ်သော စိတ်ရှိပြီး အချိန်တိုင်းလိုလို အခြားသူများကို အကွက်ချကြံစည်နေတတ်သည်။ ယခု သူက သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ ကြီးမားသော ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရပြီး သူက အခြားသူများကို သတိပေးရလောက်အောင် ဘယ်လိုလုပ်ထိ စေတနာကောင်းနိုင်ပါ့မလဲ။
ဆူဇီမိုအတွက်တော့ ဤတိုက်ပွဲမှာ ရရှိသော အကျိုးအမြတ်များက အရမ်းကို ကြီးမားလေသည်။
သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက် ပုန်းလျှိုးနေသော အန္တရာယ်ကို ရှင်းလင်းပစ်နိုင်ခဲ့ရုံသာမက သူသည် ပြီးပြည့်စုံသော သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကိုပင် ရရှိလိုက်လေသည်။
သူသည် နောက်ထပ် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုကို ရရှိလာခဲ့သည်။
ထိုမျှသာမက တက္ကသိုလ်ဂိုဏ်းချုပ် ပစ်ထုတ်လိုက်သော အဆောင် ၁၂ ခုကနေ သူသည် ယင်ယန်အဆောင်သုတ္တန်၏ လျှို့ဝှက်အတတ် တင်းခြောက်ပါးနှင့် ကျားခြောက်ပါးကို နားလည်ဆင်ခြင်မိလာခဲ့သည်။
တကယ်တော့ ယခုအချိန်က အဲဒါကို ကျင့်ကြံဖို့ အချိန်မဟုတ်ပေ။
အနီးအနားဝန်းကျင်မှာ ပြဿနာအနည်းငယ်ရှိနေပြီး သူက အဲဒါကို အလျင်အမြန် ကိုင်တွယ်ရပေမည်။