← Chapters

ကံကြမ္မာ

Vol. 194 Ch. 2903

ကံကြမ္မာ

Vol. 194 Ch. 2903

ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှော၊ နတ်ဘုရားဘုရင်ရီယောင်နှင့် အခြားသောဘုရင်များစွာက တံခါးရှစ်ချပ်သွမ့်ကျားဝင်္ကပါထဲမှာ ပိတ်မိနေပြီး မဆင်မခြင်မပြုမူရဲကြပေ။

“စန်းမူ.. မင်းရဲ့ ဒွိသူငယ်အိမ်နဲ့ ထွက်လမ်းတစ်ခုကို မရှာနိုင်ဘူးလား”

သိပ်မကြာခင် ဘုရင်ရှစ်ရှောက ပျာပျာသလဲဖြစ်လာပြီး မနေနိုင်ဘဲ မေးလိုက်၏။

မည်သို့ပင်ဆိုစေ သူတို့သည် ဓားကမ္ဘာမှ ဆူကျူးကို အမဲလိုက်ရန်အတွက် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

ယခု သူတို့သည် ဤနေရာမှာ ပိတ်မိနေပြီး သူတို့က နောက်ပိုင်းလွတ်မြောက်နိုင်မည်ဆိုလျှင်တောင် သူတို့သည် ဆူကျူးကို လိုက်မီနိုင်တော့မည် မဟုတ်ပေ။

“ဟင့်အင်း”

ဘုရင်စန်းမူ၏ အမူအရာက သုန်မှုန်နေပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကျုပ်ရဲ့ ဒွိသူငယ်အိမ်မြင်ကွင်းက ဘေးပတ်ဝန်းကျင်မြူခိုးတွေကို ထွင်းဖောက်မြင်နိုင်တယ်.. ဒါပေမဲ့ ကျုပ်က တံခါးရှစ်ချပ်ထဲက ထွက်ပေါက်ကိုတော့ မဆုံးဖြတ်နိုင်ဘူး”

ဘေးတစ်ဘက်မှာ နတ်ဘုရားဘုရင်ရီယောင်က ရုတ်တရက်ပြောလိုက်သည်။

“တံခါးရှစ်ချပ်သွမ့်ကျားဝင်္ကပါက တကယ့်ကို စွမ်းအားကြီးမားတာပဲ… စောစော တံခါးရှစ်ချပ်ရဲ့ နောက်ဘက်ကနေ အရမ်းကို ကြောက်စရာကောင်းတဲ့ စွမ်းအားအတက်အကျတစ်ခုကို ငါခပ်ရေးရေးအာရုံခံမိတယ်”

“ငါတို့က မှားယွင်းပြီး ဝင်ရောက်မိမယ်ဆိုရင် ငါတို့က အသက်ရှင်နိုင်မှာ မဟုတ်လောက်ဘူး”

အခြားသော အထွတ်အထိပ်ဘုရင်များကလည်း မူမမှန်သောစွမ်းအင်အတက်အကျကို အာရုံခံမိပြီး ခေါင်းညိတ်ပြလိုက်ကြ၏။

ထိုစွမ်းအားအတက်အကျသည် တံခါးရှစ်ချပ်သွမ်းကျားဝင်္ကပါနှင့် သက်ဆိုင်မှုမရှိဘဲ အဲဒါသည် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် သိုင်းတာအိုပင်မခန္ဓာကြား တိုက်ပွဲ၏ တုန်ခါလှိုင်းကြောင့်ဖြစ်သည်ကို မည်သူကမှ မသိရှိကြပေ။

၎င်းသည် တံခါးရှစ်ချပ်သွမ့်ကျားဝင်္ကပါကို ဖြတ်ကျော်ပြီး တဖြည်းဖြည်းရောက်ရှိလာခဲ့သည်။

အချိန်က တစ်စတစ်စကုန်ဆုံးလာခဲ့၏။

မသိလိုက်မသိဘာသာအချိန်တစ်ခုကြာသွားပြီးနောက် ဘေးပတ်ဝန်းကျင်မြူခိုးများက တဖြည်းဖြည်းဖျော့တော့လာပြီး ပျက်ပြယ်တော့မည့်လက္ခဏာများ ပြသလာသည်။

ဘုရင်များစွာက ထိုသည်ကိုတွေ့မြင်သောအခါ အားတက်သရောရှိလာကြသည်။

မည်သူကမှ သတိမပေးခင် ဘုရင်စန်းမူက သူ၏ ဒွိသူငယ်အိမ်ကို အသက်သွင်းလိုက်ပြီဖြစ်ပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို နောက်တစ်ဖန်ထောက်လှမ်းကြည့်ရှုလိုက်သည်။

“တံခါးရှစ်ချပ်က ပျောက်ကွယ်သွားပြီ”

ဘုရင်စန်းမူက ကျေနပ်နှစ်ခြိုက်သွားပြီး အလောတကြီးပြောလိုက်၏။

“တံခါးရှစ်ချပ်သွမ့်ကျားဝင်္ကပါကို ပယ်ဖျက်ပြီးသွားလောက်ပြီ”

ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှော၊ နတ်ဘုရားဘုရင်ရီယောင်နှင့် အခြားသူများ၏ အမူအရာက မကောင်းကြပေ။

ဘုရင်လုဝူက အေးစက်စွာနှာတစ်ချက်မှုတ်လိုက်သည်။

“ငါတို့က လွတ်မြောက်လာခဲ့မယ်ဆိုရင်တောင် ဓားကမ္ဘာက ဆူကျူးက အခုလောက်ဆိုရင် မရှိလောက်တော့ဘူး”

မြူခိုးများက ဖျော့တော့လာခဲ့ပြီဖြစ်ပြီး လူတိုင်း၏ မြင်ကွင်းကို ပိတ်ဆို့မထားနိုင်တော့ပေ။

ဘုရင်များစွာသည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များစွာကို ဖြန့်ကြက်ပြီး လှည့်ပတ်ကြည့်ရှုလိုက်ကြ၏။

ကြယ်တာရာကောင်းကင်က အကန့်အသတ်မဲ့လေသည်။

လူတိုင်းသည် လှည့်ပတ်ကြည့်ရှုပြီးနောက် မလှမ်းမကမ်းမှာရှိသော ပုံရိပ်နှစ်ခုကို သတိထားမိလိုက်သည်။ သူတို့ထဲမှတစ်ဦးသည် အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်ရုံကိုဝတ်ထားကာ ထိုသူက ဓားကမ္ဘာမှ ဆူကျူးဖြစ်သည်။

အခြားတစ်ယောက်ကတော့ သူသည် ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ထားပြီး သူ၏ ခရမ်းရောင်ဝတ်ရုံက စုတ်ပြဲကြေမွနေ၏။ သူသည် အတော်လေး ဖိုသီဖတ်သီဖြစ်နေပြီး သူ၏ အော်ရာက အတော်လေးအားနည်းနေ၏။ သူသည် စောစောက တိုက်ပွဲမှာ တက္ကသိုလ်ဂိုဏ်းချုပ်ကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည်လည်း စွမ်းအင်အမြောက်အများကို သုံးစွဲခဲ့ရသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်ဝတ်ရုံက စာနာမှုမရှိသောကောင်းကင်ဘုံ၏ သက်ရောက်မှုဖြင့် စုတ်ပြတ်ကြေမွသွားပြီး သူက ယခုအချိန်ထိ အဲဒါကို ပြန်မလဲရသေးပေ။ ထို့ကြောင့် သူက အနည်းငယ်ဖိုသီဖတ်သီပုံပေါက်နေ၏။

“ဟမ်”

သူတို့သည် ဆူဇီမိုကို တွေ့မြင်သောအခါ ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှောနှင့် အခြားသူများ၏ မျက်လုံးများက ကျေနပ်အားရမှုဖြင့် ဝင်းလက်လာကြသည်။

လူတိုင်းသည် သူတို့ပျောက်ဆုံးသွားသည့်အရာကို ပြန်လည်ရရှိသလို ခံစားလိုက်ရသည်။

အစကတော့ ဓားကမ္ဘာမှ ဆူကျူးသည် ထွက်ပြေးလွတ်မြောက်သွားပြီး သူတို့၏ လိုက်လံဖမ်းဆီးမှုက ကျရှုံးသွားသည်ဟု လူတိုင်းက တွေးထင်ခဲ့ကြသည်။ ယခု ဆူကျူးက သူတို့နှင့်မလှမ်းမကမ်းမှာရှိနေသည်။

“ငါသိပြီ”

ရုတ်တရက် ဘုရင်ရွှယ်လီက ပြုံးကာ ပြောလိုက်၏။

“ငါတို့တွေက တံခါးရှစ်ချပ်သွမ့်ကျားဝင်္ကပါထဲမှာ ပိတ်မိနေခဲ့တယ်… ဆူကျူးကလည်း တူညီတဲ့ ပုံစံနဲ့ကြုံတွေ့ပြီး တံခါးရှစ်ချပ်သွမ့်ကျားဝင်္ကပါထဲမှာ ပိတ်မိနေခဲ့တာဖြစ်ရမယ်”

“အဲဒါက သူ့ရဲ့ကံကြမ္မာပဲဖြစ်လိမ့်မယ်”

နတ်ဘုရားဘုရင်ရီယောင်က မှင်သေသေဖြင့် ပြောလိုက်၏။

ဘုရင်များကြားမှာ ဘုရင်စုန်းသွေးတစ်ယောက်ကသာ မျက်မှောင်ကြုတ်ပြီး စဉ်းစားတွေးတောနေ၏။

သူ့ရှေ့မှမြင်ကွင်းသည် အနည်းငယ်ထူးဆန်းနေပြီး သူထင်မှတ်ထားသည်ထက်နှင့် လုံးလုံးလျားလျားကွဲပြားနေကာ ဓားကမ္ဘာမှ ဆူကျူးကို တက္ကသိုလ်ဂိုဏ်းချုပ်က ခေါ်ထုတ်သွားရမည်ဖြစ်သည်။

သူက ဤနေရာမှာ နောက်ထပ်လူတစ်ယောက်နှင့် ဘာ့ကြောင့်ရှိနေသေးတာလဲ။

တက္ကသိုလ်ဂိုဏ်းချုပ်က ဘယ်ရောက်သွားတာလဲ။

“ခရမ်းရောင်ဝတ်အမျိုးသားက ဘယ်သူလဲ”

ဘုရင်လုဝူက မေးလိုက်၏။

“ဘယ်သူက ဂရုစိုက်နေမှာလဲ”

ဘုရင်အေးစက်မျက်လုံးက သူ၏ လက်ကိုဝေ့ယမ်းပြီး သာမန်ကာလျှံကာပြောလိုက်သည်။

“သူက အရေးမပါတဲ့သူပဲ… သူ့ကို ငါတို့သတ်လိုက်ရုံပေါ့”

သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ တက်လှမ်းလာစဉ်က ကောင်းကင်ဘုံကမ္ဘာ၏ တည်ဆောက်သူသစ်ပင်တောင်ကြောရိုးမှာ တစ်ခါသာတိုက်ခိုက်ခဲ့ဖူးလေသည်။

ထိုတိုက်ပွဲသည် ကောင်းကင်ဘုံကမ္ဘာမှာ အတော်လေးဂယက်ရိုက်သွားစေသော်လည်း အဲဒါသည် ကောင်းကင်ဘုံကမ္ဘာ၏ အပြင်ဘက်သို့ ပျံ့နှံ့ကာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကျော်ကြားလာစေသည့်အဆင့်ထိ မရောက်ရှိခဲ့ပေ။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အထွတ်အထိပ်ဘုရင်များစွာရှိကြလေသည်။

ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ခါစ တစ်စုံတစ်ယောက်ကို ဘယ်သူက ဂရိုစိုက်နေမှာလဲ။

လက်ရှိ ဘုရင်များစွာထဲ သိုင်းတာအိုပင်မခန္ဓာကို ဘယ်သူကမှ မသိရှိကြပေ။

ဘုရင်စန်းမူက ရယ်မောကာ ပြောလိုက်သည်။

“အခုချိန်ဆို တံခါးရှစ်ချပ်သွမ့်ကျားဝင်္ကပါကနေ လွတ်မြောက်လာပြီးတဲ့နောက် ဓားကမ္ဘာက ဆူကျူးက ငါတို့ကို ရုတ်တရက်တွေ့မြင်တဲ့အခါ ဘယ်လိုခံစားရမလဲ မသိဘူး”

ဘုရင်ရှစ်ရှောက ပြောလိုက်သည်။

“သူက အကြောက်လွန်ပြီးသေသွားနိုင်တယ်”

ဘုရင်များက ထိုစကားကိုကြားသောအခါ ရယ်မောလိုက်ကြသည်။

လူတိုင်းသည် သူတို့၏ ရယ်သံကို ဖုံးကွယ်မထားဘဲ ခပ်ဖျော့ဖျော့မြူခိုးများကို ဖြတ်ကျော်ကာ ဆူဇီမိုရှိရာသို့ လျှောက်လှမ်းလာကြသည်။

လူတိုင်း၏ အကြည့်အောက်မှာ ဓားကမ္ဘာမှ ဆူကျူးသည် သူတို့၏ ရယ်သံကို ကြားပုံရပြီး သူတို့ဘက်သို့ လှည့်ကြည့်လာခဲ့သည်။

ထူးဆန်းစွာပင် ဆူကျူး၏ မျက်နှာပေါ်မှာ မည်သည့်ကြောက်ရွံ့မှု သို့မဟုတ် မည်သည့် အံ့အားသင့်မှုမှမရှိပေ။ ထိုအစား သူက တစ်မူထူးခြားစွာတည်ငြိမ်နေ၏။

သူတို့ကို ဆူကျူးကြည့်နေပုံကလည်း အနည်းငယ်ထူးဆန်းနေသည်။ ဘာကြောင့်ရယ်မသိ အဲဒါက ဖော်မပြတတ်အောင် တစ်နည်းတစ်ဖုံ ထူးဆန်းနေသည်။

ဆူဇီမိုသည် ပြုံးရွှင်၍ ယုံကြည်မှုရှိကာဣန္ဒြေရနေသော ဘုရင်အုပ်စုကိုကြည့်ပြီး သူကလည်းပြုံးလိုက်၏။

ပြောရလျှင် ဤတစ်ခေါက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ သွားရာခရီးစဉ်မှာ သူ၏ အဓိကရည်ရွယ်ချက်သည် တက္ကသိုလ်ဂိုဏ်းချုပ်ကို မျှားခေါ်ထုတ်ရန်ဖြစ်သည်။ အခြားသူများက သူ၏ အစီအစဉ်မှာ မပါဝင်ခဲ့ပေ။

ဒါ့အပြင် သူသည် အာဒိကပ္ပသမဂ္ဂယင်ယန်ထွက်ပြေးခြင်းကို ထုတ်ဖော်ခဲ့ပြီဖြစ်ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့်အဝေးကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ပြောရမည်ဆိုလျှင် ဤလူအုပ်စုသည် သူ့ကို ရှာမတွေ့သင့်ပေ။

သို့သော်လည်း သူတို့က ဤနေရာကို ရောက်ရှိလာသည်ဆိုလျှင်လည်း ကိစ္စမရှိပေ။

သိုင်းတာအိုပင်မခန္ဓာက သူတို့ကို သတ်ဖြတ်လိုက်ရုံသာဖြစ်သည်။

“မင်းတို့တွေငါ့ကို ဘယ်လိုရှာတွေ့သွားတာလဲ”

ဆူဇီမိုက မေးလိုက်သည်။

“ဟဲဟဲ”

ထိုစကားကိုကြားသောအခါ ဘုရင်စန်းမူက ရယ်မောလိုက်၏။

“မင်းရဲ့ ထွက်ပြေးခြင်းနည်းစနစ်နဲ့ ငါ့ရဲ့ ဒွိသူငယ်အိမ်ရဲ့ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်နိုင်မယ်ထင်လို့လား”

“ဒွိသူငယ်အိမ်လား”

ဆူဇီမိုက ညင်သာစွာ တီးတိုးရေရွတ်ပြီး ခေါင်းညိတ်လိုက်၏။ သူက ဘုရင်စန်းမူကို ကြည့်ပြီးညင်သာစွာသက်ပြင်ချလိုက်၏။

“ဒါဆို သူတို့ကို ဒုက္ခတောထဲ ခေါ်လာခဲ့တာက မင်းပေါ့”

ဘုရင်စန်းမူက အနည်းငယ်မှင်တက်သွားပြီး ဆူဇီမို၏ စကားအဓိပ္ပါယ်ကို နားမလည်နိုင်ပေ။

သူက ဘယ်သူတွေကို ဒုက္ခတောထဲ ခေါ်လာခဲ့တာလဲ”

ဆူဇီမိုက သူ့ရှေ့မှာရှိသော ဘုရင်များစွာကို ကြည့်ပြီးပြောလိုက်၏။

“ဒါက မင်းတို့ရဲ့ ကံကြမ္မာပဲဖြစ်လိမ့်မယ်”

နတ်ဘုရားဘုရင်ရီယောင်က မျက်မှောင်ကြုတ်လိုက်သည်။

ထိုစကားကို စောစောကတင် သူပြောဆိုခဲ့လေသည်။

နတ်ဘုရားရီယောင်က ဆူဇီမိုကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီးပြောလိုက်၏။

“မင်းက ငါ့လေသံကို တုပြီး ငါ့ကို ရန်စနေတာလား”

ရုတ်တရက်ဘုရင်ရှစ်ရှောက အေးစက်စွာပြောလိုက်သည်။

“သူနဲ့ အချိန်ဖြုန်းမနေကြနဲ့ သူ့ကိုအရင်ဆုံးသတ်ဖြတ်လိုက်ရအောင်… လုယွင်နဲ့ တခြားသူတွေက နောက်ကနေလိုက်လာလောက်ပြီ… ငါတို့တွေ မလိုအပ်တဲ့ပြဿနာကို ရှောင်လွှဲရအောင်”

“ကောင်းပြီလေ”

ဆူဇီမိုက ညင်သာစွာလက်ခုပ်တီးပြီး ပြုံးပြလိုက်၏။

“ဟုတ်တာပေါ့ မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်လွှဲရအောင်.. အရင်ဆုံး သူတို့ကိုသတ်လိုက်ရအောင်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက်လှုပ်ရှားလိုက်သည်။

စောစောက သူသည် ဆူဇီမို၏ နောက်မှာရှိနေဆဲဖြစ်သည်။ သူလှုပ်ရှားလိုက်သည့်ခဏမှာပင် သူက ဘုရင်ရှစ်ရှော၏ ရှေ့သို ချက်ချင်းပင်ရောက်ရှိလာခဲ့သည်။

အဲဒါက အရမ်းကိုမြန်ဆန်လွန်းသည်။

လက်ရှိသိုင်းတာအိုပင်မခန္ဓာသည် သူ၏ ကိုယ်ကာယသက်သက်နှင့်ပင် ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်များကို ဖိနှိမ်နိုင်လေသည်။

ထိုစွမ်းအားနှင့် အလျင်အဟုန်က ဤဘုရင်အုပ်စုထက် များစွာကျော်လွန်နေသည်။

“မင်း..”

ဘုရင်ရှစ်ရှောက ခုခံနိုင်မှုမရှိသလောက်နီးပါးပင်။

ဖိုသီဖတ်သီနှင့် အားနည်းသည့်ပုံပေါ်နေသော ခရမ်းရောင်ဝတ်အမျိုးသားက ရုတ်တရက်ရှေ့သို့ ပစ်ဝင်လာခဲ့သည်ဆိုတော့…။

သိပ်သည်းပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုက ဆင်းသက်ရောက်ရှိလာသည်။ ဘုရင်ရှစ်ရှော၏ အကြည့်က ပြူးကျယ်သွားပြီး ခေါင်းနားပန်းကြီးလာခဲ့သည်။ သူ၏ သူငယ်နှစ်ဖက်က တင်းကျပ်လာပြီး သူက သူ၏ ပကတိကောင်းကင်လိုဏ်ဂူကို အလိုလိုထုတ်ဖော်ချင်၏။

သိုင်းတာအိုပင်မခန္ဓာက သူ့ကို အခွင့်အရေးတစ်ခု လုံးဝမပေးပေ။ သူက သူ၏ လက်ကို ဆန့်ထုတ်ပြီး ဘုရင်ရှစ်ရှော၏ ဦးခေါင်းပေါ်တင်ကာ အတင်းဆွဲလှည့်လိုက်၏။

ဖျောက်….

ဘုရင်ရှစ်ရှော၏ ဦးခေါင်းက သိုင်းတာအိုပင်မခန္ဓာ၏ လက်ချက်ဖြင့် ဇတ်ကနေ ချက်ချင်းကျိုးကျသွား၏။

ရှီး….

ထို့နောက် လူတိုင်းသည် ချောက်ချားစရာကောင်းသောအသံတစ်သံကို ကြားလိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာသည် ဘုရင်ရှစ်ရှော၏ ဦးခေါင်းကို ဆွဲယူပြီး အဲဒါကို သာမန်ကာလျှံကာ မယူကာ သူ၏ လည်ပင်းကနေ ပြတ်ထွက်သွားစေလေသည်။

လတ်ဆတ်သောသွေးများက သူ၏ လည်ပင်းကနေ ပန်းထွက်လာပြီး သူ၏ ဆုတ်ဖြဲခံလိုက်ရသော အသားနှင့်အရိုးတို့က ချောက်ချားစရာကောင်းနေသည်။

ဟာ…

လူတိုင်းမတုံ့ပြန်နိုင်ခင်မှာပင် ဘုရင်ရှစ်ရှော၏ ဦးခေါင်းက ဖရဲသီးတစ်လုံးကဲ့သို့ လက်ဖြင့်ခြေမွှခံရပြီး ဖြူဖြူနှင့်နီနီအရည်များက အပြင်ဘက်သို့ ဖိတ်စင်ပြန့်ကျဲလာ၏။

All Chapters