← Chapters

အားလုံးပြီးဆုံးသွားခြင်း

Vol. 194 Ch. 2904

အားလုံးပြီးဆုံးသွားခြင်း

Vol. 194 Ch. 2904

ဟာ…

ဘေးပတ်ဝန်းကျင်မှာရှိသော ဘုရင်များက တုန်လှုပ်သွားပြီး ပင့်သက်ကို ရှိုက်လိုက်ကြ၏။

ဘုရင်ရှစ်ရှောသည် အထွတ်အထိပ်ဘုရင်တစ်ပါးဖြစ်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက လက်ရှိလူတိုင်းကြားမှာ ထိပ်တန်းအဆင့်တွင်ရှိလေသည်။ သို့သော် ယခု သူသည် ခရမ်းရောင်ဝတ်အမျိုးသားထံမှ လှုပ်ရှားကွက်တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ပေ။

ကျောက်တုံးမျိုးနွယ်မှ အထွတ်အထိပ်ဘုရင်တစ်ပါးအနေဖြင့် ဘုရင်ရှစ်ရှော၏ အသန်မာဆုံးအချိုးအစားက သူ၏ ကိုယ်ကာယဖြစ်သည်။ သူသည် ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဉ်ရတနာများကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်လေသည်။

သို့သော်ယခု ဘုရင်ရှစ်ရှော၏ ဦးခေါင်းသည် ခရမ်းရောင်ဝတ်အမျိုသား၏ သာမန်ကာလျှံကာ ခြေမွှခြင်းခံလိုက်ရ၏။

အဲဒါက မည်ကဲ့သို့သော စွမ်းအားမျိုးလဲ။

ဘုရင်များစွာသည် အားနည်းသော အော်ရာတစ်ခုနှင့်အတူ ဆိုးဆိုးဝါးဝါးအခြေအနေမှာရှိနေသော သိုင်းတာအိုပင်မခန္ဓာကိုကြည့်ပြီး သူ့ကို လုံးဝအလေးအနက်မထားခဲ့ကြပေ။

ယခု သိုင်းတာအိုပင်မခန္ဓာသည် သူတိုက်ခိုက်သည့်အခါ ဤမျှအထိ ကြောက်စရာကောင်းနေသည်ဆိုတော့။

သိုင်းတာအိုပင်မခန္ဓာအနေဖြင့် သူ၏ ဝှက်ဖဲများအားလုံးနှင့်ပင် တက္ကသိုလ်ဂိုဏ်းချုပ်ကို အနိုင်ရဖို့ အင်မတန်ခဲယဉ်းလေသည်။

သို့သော်လည်း သူ၏ အားနည်းသော အခြေအနေမှာပင် သိုင်းတာအိုပင်မခန္ဓာသည် ဤဘုရင်တစ်အုပ်စုကို လုံးဝအလေးအနက်မထားပေ။

“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”

“သတ်”

ဘုရင်အေးစက်မျက်လုံး၊ နတ်ဘုရားဘုရင်ရီယောင်နှင့် အခြားသူများက ဒေါသချောင်းချောင်းထွက်သွားပြီး တစ်ယောက်ပြီးတစ်ယောက်အော်ဟစ်ကာ သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ထုတ်ဖော်လိုက်ကြ၏။

ဝုန်း… ဝုန်း…

ချက်ချင်းပင် ဧရာမကောင်းကင်လိုဏ်ဂူများစွာက ပေါ်ထွက်လာပြီး ခံ့ညားထည်ဝါ၍ မတူကွဲပြားသော ကောင်းကင်လိုဏ်ဂူစွမ်းအားများကို ထုတ်ဖော်ကာ သိုင်းတာအိုပင်မခန္ဓာကို လွှမ်းခြုံလာစေ၏။

ဘုရင်ရှစ်ရှောက အရမ်းကိုလွယ်ကူစွာ သေဆုံးသွားခဲ့သည်။ ဤမြင်ကွင်းသည် လက်ရှိလူတိုင်းအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုဖြစ်ပြီး မည်သူကမှ ထိန်ချန်မထားရဲပေ။ သူတို့သည် သူတို့၏ ကောင်းကင်လိုဏ်ဂူများကို မြှောက်တင်ပြီး သူတို့၏ ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဉ်ရတနာများကို တစ်ခါတည်း ဆင့်ခေါ်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် မည်သည့်စကားမှမဆိုဘဲ ဘုရင်အေးစက်မျက်လုံး၊ နတ်ဘုရားဘုရင်ရီယောင်နှင့် အခြားသူများ၏ ပကတိကောင်းကင်လိုဏ်ဂူများကို လျစ်လျူရှုကာ ရှေ့သို့ပစ်ထိုးလိုက်၏။

ထိုထိုးချက်နှင့်အတူ ဘုရင်အေးစက်မျက်လုံးနှင့် နတ်ဘုရားဘုရင်ရီယောင်သည် မွန်းကျပ်ဖွယ်ရာကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်မှာ လောကက လဲပြိုကျသွားသည့်အလားပင်။

ထိုလက်သီးသည် အရာရာတိုင်းကို ဖျက်ဆီးပစ်လိုသည့် မိုးကောင်းကင်၏ အဆုံးမှ နတ်ဘုရားတစ်ပါး၏ အပြစ်ဒဏ်ကဲ့သို့ လူတိုင်း၏ မျက်စိရှေ့မှာ အဆက်မပြတ်ပြန့်ကားလာခဲ့သည်။

ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဉ်ရတနာများ၊ လျှို့ဝှက်အတတ်များနှင့် အဆောင်အစီအရင်များအားလုံးက ခြွင်းချက်မရှိဘဲ ထိုလက်သီးဖြင့် ဖျက်ဆီးခြင်းခံလိုက်ရသည်။

ထိုထိုးချက်အောက်မှာ သူ့ရှေ့ရှိကောင်းကင်လိုဏ်ဂူများစွာက လဲပြိုကျသွား၏။

သူတို့၏ ခန္ဓာကိုယ်များက ထိုထိုးချက်ဖြင့် ကြေမွသွားပြီး ကြယ်တာရာကောင်းကင်က သွေးဖြင့်နီစွေးသွားလေသည်။

ဘုရင်များ၏ အမြုတေစိတ်ဝိညာဉ်များက ထွက်ပြေးစရာနေရာမရှိဘဲ သိုင်းတာပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ထွက်ပေါ်လာသော စွမ်းအားကြောင့် ချက်ချင်းပင် သတ်ဖြတ်ခံလိုက်ရသည်။

ကွာဟချက်က အရမ်းကိုကြီးမားနေသည်။

အဲဒါကို ရပ်တန့်တားဆီး၍ မရနိုင်ပေ။

ကျန်ရှိနေသော ဘုရင်များက ထိုသည်ကိုတွေ့မြင်သောအခါ သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားကြသည်။

ထိုးချက်တစ်ချက်က ဘုရင်ဆယ်ဦးကျောက်ကို သတ်ဖြတ်ပစ်လိုက်သည်။

သူတို့က မည်ကဲ့သို့သော တည်ရှိမှုမျိုးကို ရန်စမိခဲ့တာလဲ။

ဓားကမ္ဘာမှ ဆူကျူး၏ ဘေးမှာ ဤကဲ့သို့သော လူတစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေနိုင်တာလဲ။

ထွက်ပြေးရမယ်။

လူတိုင်းနီးပါးထံမှာ ထိုအတွေးသာရှိတော့လေသည်။

ဓားကမ္ဘာမှ ဆူကျူးကို သတ်ဖြတ်မည့်အကြောင်း မည်သူကမှ စိတ်မဝင်စားတော့ပေ။

လူတိုင်းသည် ဤနေရာကနေ အသက်ရှင်လျက် ထွက်ခွာချင်ရုံသာရှိတော့သည်။

ဘုရင်လုဝူက အရင်ဆုံးတုံ့ပြန်လိုက်၏။

သူ၏ ပုံရိပ်က ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ထွက်ပြေးလွတ်မြောက်ချင်လေသည်။

သိုင်းတာအိုပင်မခန္ဓာက ဘေးဘက်သို့ ခြေလှမ်းဝက်လှုပ်ရှားလိုက်၏။

ထိုခြေလှမ်းဝက်နှင့်အတူ သူက လေဟာနယ်ကို ဖြတ်ကျော်ပြီး ဘုရင်လုဝူနောက်သို့ ရောက်ရှိလာခဲ့သည်။ သူက ထိုးချက်တစ်ချက်နှင့်အတူ ထိုသူ၏ ကောင်းကင်လိုဏ်ဂူနှင့် ခန္ဓာကိုယ်ကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်၏။

ဘုရင်လုဝူကို သတ်ဖြတ်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာက လုံးဝရပ်တန့်မသွားပေ။ သူက အကြည့်က ဘုရင်စုန်းသွေးထံသို့ ရွေ့လျားရောက်ရှိသွား၏။ ဘုရင်စုန်းသွေးက ရင်တထိတ်ထိတ်ဖြစ်သွားပြီး သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားလေသည်။

“ဝိညာဉ်ကွယ်ပျောက်ကျိန်စာ”

“သွေးယိုယွင်းပျက်စီးကျိန်စာ”

“အကုသိုလ်ကမ္မကျိန်စာ”

ကြံရာမရအခြေအနေမှာ ဘုရင်စုန်းသွေးက ကျိန်စာဆယ်ခုကျော်ကို ချက်ချင်းပင်ထုတ်ဖော်လိုက်လေသည်။ သူတို့ထဲမှ တချို့က အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားပြီး အချို့က မျိုးဆက်သွေးကို ပစ်မှတ်ထားကာ အချို့က ကိုယ်ကာယခန္ဓာကိုယ်ကို ပစ်မှတ်ထားလေသည်။

သိုင်းတာအိုပင်မခန္ဓာက ကျိန်စာများကို လျစ်လျူရှုပြီး ရှေ့သို့လျှောက်လှမ်းလာ၏။ သူက သူ၏ လက်ကိုမြှောက်ပြီး ဘုရင်စုန်းသွေးစုဖွဲ့ထားသည့် ကောင်းကင်လိုဏ်ဂူကို ပစ်ထိုးကာ သူ့ကိုနေရာမှာပင် သတ်ဖြတ်ပစ်လိုက်၏။

ကျိန်စာများကနေ ဖြာထွက်လာသည့် ညစ်ညမ်းဆိုးယုတ်သော ထူးဆန်းသည့်စွမ်းအားက သိုင်းတာအိုပင်မခန္ဓာပေါ်သို့ ဆင်းသက်လာသော်လည်း အဲဒါသည် သူ၏ ကြမ်းကြုတ်ခက်ထန်၍ ချစ်ချစ်တောက်ပူပြင်းသော သွေးချီဖြင့် ချက်ချင်းပင် ဘာမှမကျန်အောင် ပျောက်ကွယ်သွားလေသည်။

ကျန်ရှိနေသော ဘုရင်များသည် အဘက်ဘက်သို့ လှည့်ထွက်ပြေးချင်သော်လည်း သူတို့က ထွက်ပြေးလွတ်မြောက်နိုင်စရာအကြောင်းမရှိပေ။

ဝုန်း…

နောက်ထပ်ထိုးချက်တစ်ချက် ရောက်ရှိလာခဲ့သည်။

ကြယ်တာရာကောင်းကင်က နက်ရှိုင်းစွာပြိုကျသွားပြီး လေးပတ်ဝန်းကျင်လေဟာနယ်က အဆက်မပြတ်ပြိုကျသွား၏။

ထိုထိုးချက်သည် ကြယ်တာရာကောင်းကင်ထဲမှာ တွင်းနက်တစ်ခုကို ဖန်တီးနိုင်လုနီးပါးပင်။

ဘုရင်များစွာက ဝေးဝေးမပြေးနိုင်ခင် သူတို့သည် သိပ်သည်းပြင်းထန်သော စုပ်ယူအားတစ်ခုကို ခံစားလိုက်ရသည်။

သူတို့သည် သူတို့၏ ခန္ဓာကိုယ်များနှင့်အတူ သူတို့၏ ကောင်းကင်လိုဏ်ဂူများကို လုံးဝမထိန်းချုပ်နိုင်တော့ပေ။ သူတို့ကိုယ်တိုင်က သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးရှိရာသို့ ပစ်ဝင်တိုက်ချလာသည့်အလားပင်။

ဖောက်… ဖောက် ဖောက်…

ကြယ်တာရာကောင်းကင်ထဲမှာ ကောင်းကင်လိုဏ်ဂူများက တစ်ခုပြီးတစ်ခု ကြေမွသွားပြီး အလင်းတန်းများအသွင်ပြောင်းလဲကာ သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာလေသည်။

တမလွန်ကိုးဘုံအပြစ်သားကုန်းမြေမှာ သိုင်းတာအိုပင်မခန္ဓာသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဘုရင်ဆယ်ပါးကျော်ကို သတ်ဖြတ်ခဲ့ပြီး သူတို့၏ ကောင်းကင်လိုဏ်ဂူများကို များစွာသန့်စင်ခြင်းမရှိဘဲ ဝါးမျိုထားခဲ့သည်။

ယခု ဤဘုရင်အုပ်စုက သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပြီး သူက နောက်ထပ်ကောင်းကင်လိုဏ်ဂူဆယ်ချီကို ဝါးမျိုလိုက်လေသည်။

တကယ်ဆို သူတို့ထဲမှ များစွာက ပကတိကောင်းကင်လိုဏ်ဂူများဖြစ်လေသည်။

သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ကောင်းကင်လိုဏ်ဂူများနှင့် သူ့ရှေ့မှ ကောင်းကင်လိုဂူဆယ်ချီကို စုပ်ယူကာ ဝါးမျိုသန့်စင်နိုင်မည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုက ဆက်လက်၍ မြင့်တက်လာနိုင်သည်။

ကြယ်တာရာကောင်းကင်ထဲမှာ ဘုရင်များ၏ ခန္ဓာကိုယ်များက တစ်ခုပြီးတစ်ခု ကြေမွသွားပြီး သွေးများက တုန်လှုပ်စရာကောင်းသောပုံစံဖြင့် အဘက်ဘက်သို့ ဖိတ်စင်ပြန့်ကျဲသွား၏။

ဤသည်က ပကတိဖိနှိမ်ခြင်းဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲမှာ ဤဘုရင်များသည် ပုရွက်ဆိတ်များကဲ့သို့ဖြစ်သည်။

သူသည် လမ်းတစ်လျှောက်မှာ သာမန်ကာလျှံကာ ပစ်ထိုးရင်း သူတို့တစ်အုပ်စုကို သတ်ဖြတ်ပစ်လိုက်၏။

“မင်း..မင်းဘယ်သူလဲ”

ဘုရင်ရွှယ်လီက မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သိရှိလိုက်သောအခါ သူက စူးစူးဝါးဝါးအော်ဟစ်ကာ မေးလိုက်သည်။

“ငါတို့တွေအားလုံးက ထိပ်တန်းကမ္ဘာကြီးတွေကသူတွေပဲ… မင်းငါတို့ကို...”

ဖောက်..

ဘုရင်ရွှယ်လီက စကားဆုံးအောင်မပြောရသေးခင် သူ၏ ဦးခေါင်းက သိုင်းတာအိုပင်မခန္ဓာထံမှ သာမန်ကာလျှံကာရိုက်ချက်တစ်ချက်ဖြင့် ကြေမွသွားလေသည်။

“မြန်မြန်… မြန်မြန်လုပ်ကြ”

လုယွင်နှင့် အခြားသူများသည် စိုးရိမ်ကြောင့်ကြသော အမူအရာများနှင့်အတူ အင်မော်တယ်ယာဉ်ပျံကိုမောင်းနှင်ပြီး ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများချန်ရစ်ခဲ့သော ခြေရာအငွေ့အသက်များနောက်သို့ လိုက်ပါလိုက်ကြသည်။

နဂါးဘုရင်မဦးချိုမဲ့က သူမ၏ ခေါင်းကို ညင်သာစွာခါယမ်းပြီး နောက်ကနေလိုက်ပါလာ၏။

သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာအပြင်ဘက်မှာ အချိန်များစွာဖြုန်းတီးခဲ့ခြင်းမရှိသော်လည်း ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများအနေဖြင့် ပကတိစိတ်ဝိညာဉ်တစ်ဦးကို သတ်ဖြတ်ဖို့ လုံလောက်သည်ထက် ပိုလေသည်။

သူတို့က ယခုအချိန်မှာ အသည်းအသန်ပြေးသွားမည်ဆိုလျှင်တောင် နောက်ကျလွန်းသွားပေလိမ့်မည်။

တကယ်တော့ ထိုအတွေးများက သူမ၏ စိတ်ထဲမှာသာရှိပြီး သူမက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဘုရင်များစွာသည် ဓားကမ္ဘာမှ လူတိုင်းနောက်ကနေ လိုက်ပါလာပြီး ထွက်ပေါ်လာမည့် ပြပွဲနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုနေကြသည်။

“ဘုရင်အေးစက်မျက်လုံးနဲ့ တခြားသူတွေကို လိုက်မီသွားပြီးရင် နှစ်ဦးနှစ်ဖက်ကြားမှာ ကြီးမားတဲ့တိုက်ပွဲတစ်ခု ပေါ်ထွက်လာမယ်လို့ ငါထင်တယ်”

“ငါသာ လုယွင်နဲ့ တခြားသူတွေနေရာမှာဆိုရင် ငါက ဓားကမ္ဘာကိုပြန်ပြီး ဒီကိစ္စရဲ့ အတိုင်းအရှည်ကို စဉ်းစားချင့်ချိန်မိလိမ့်မယ်… အခု ထိပ်တန်းကမ္ဘာကြီးခြောက်ခုက ပူးပေါင်းထားတယ်… ဓားကမ္ဘာဘက်က အင်အားက သိပ်မရှိဘူး… သူတို့က ဆက်ပြီးတိုက်ခိုက်ကြမယ်ဆိုရင် သူတို့က ပိုပြီးတော့ ထိခိုက်ဆုံးရှုံးရဖို့ပဲရှိလိမ့်မယ်”

“ပြောရမယ်ဆိုရင်… ဘုရင်အေးစက်မျက်လုံးနဲ့ဘုရင်ရှစ်ရှောတို့လို ကျော်ကြားတဲ့ အထွတ်အထိပ်ဘုရင်တွေက အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးကို ပူးပေါင်းသတ်ဖြတ်တယ်ဆိုတာ နဲနဲတော့ လွန်ရာကျတယ်”

“ဟမ့်”

ထိုစဉ်မှာပင် ဘုရင်တစ်ပါးက ညင်သာစွာနှာခေါင်းရှုံ့လိုက်၏။

“ငါသွေးနံကို ရနေပြီ… အဲဒါက ရှေ့တည့်တည့်မှာပဲ…. ဓားကမ္ဘာက ဆူကျူးက သေသွားလောက်ပြီ”

သိပ်မကြာခင် လူတိုင်းသည် ရှေ့တည့်တည့်ကြယ်တာရာကောင်းကင်ထဲမှာ ဧရာမရေကန်ကြီးတစ်ကန်ကဲ့သို့ ကြီးမားသည့် သွေးစွန်းကွက်ကြီးတစ်ကွက်ကို တွေ့မြင်လိုက်ရသည်။

“ဘာတွေဖြစ်သွားခဲ့တာလဲ”

ဘုရင်တစ်ပါးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“အသတ်ခံရတာက အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးပဲမလား… သူက အဲလောက်ထိ သွေးအများကြီးထွက်စရာအကြောင်းမရှိဘူး ဟုတ်တယ်မလား”

သိပ်မကြာခင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဘုရင်များက ရောက်ရှိလာပြီး အလိုလိုအရှိန်ကိုလျှော့ချကာ ရှေ့တည့်တည့်ကြယ်တာရာကောင်းကင်ထဲမှ မြင်ကွင်းကို တုန်လှုပ်နေသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

ပြတ်တောက်နေသော ခြေလက်များက ကြယ်တာရာကောင်းကင်ထဲမှာ ပြန့်ကျဲနေ၏။ သူတို့ထဲမှ ဦးခေါင်းတချို့က ပုံမပျက်ပန်းမပျက်ရှိနေပြီး သူတို့၏ မျက်လုံးများက မသေဆုံးခင် ထိတ်လန့်တကြား အမူအရာများနှင့်အတူ ပြူးကျယ်နေ၏။

ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဉ်ရတနာများစွာသည် မှေးမှိန်နေသော အပိုင်းအစပေါင်းများစွာအဖြစ် ပြောင်းလဲပြီး ဘုရင်သွေးပမာဏများစွာနှင့်အတူ ကြယ်တာရာကောင်းကင်ထဲမှာ လွင့်မျောနေ၏။

သွေးများက ပူနွေးနေဆဲဖြစ်သည်။

ပြတ်တောက်နေသော ခြေလက်များကို ဆက်စပ်ကြည့်မည်ဆိုလျှင် ထိုခန္ဓာပိုင်ရှင်ဘုရင်များကို ခပ်ရေးရေးမှတ်မိနိုင်ဆဲဖြစ်သည်။

ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှော၊ နတ်ဘုရားဘုရင်ရီယောင်၊ ဘုရင်ရွှယ်လီ၊ ဘုရင်စုန်းသွေး၊ ဘုရင်လုဝူ.....။

ထူးဆန်းသောအရာမှာ အနက်ရောင်ဆံပင်နှင့်အစိမ်းရောင်ဝတ်အမျိုးသားက ကိုယ်ကိုကိုင်းညွှတ်ပြီး ပြတ်တောက်သွားသောခြေလက်များနှင့် သွေးကွက်များကြားမှာ သိုလှောင်အိတ်များကို လိုက်လံသိမ်းဆည်းနေလေသည်။

All Chapters