← Chapters

သူတို့အားလုံးကို သတ်

Vol. 194 Ch. 2909

သူတို့အားလုံးကို သတ်

Vol. 194 Ch. 2909

ထိုစဉ်မှာပင် ဘေးပတ်ဝန်းကျင်လေဟာနယ်မှာ အက်ကွဲကြောင်းနှစ်ခု ပေါ်ထွက်လာပြီး ထိုင်းမှိုင်းနေသော အော်ရာများနှင့်အတူ ပုံရိပ်ခုနှစ်ခုက လျှောက်လှမ်းထွက်လာ၏။ သူတို့၏ ခေါင်းဆောင်သည် ဘုရင်အန်ရှစ်နှင့် အခြားသူများ ယခုတင် ဆွေးနွေးပြောဆိုနေသည့် မိစ္ဆာဘုရင်ချုံး ဖြစ်လေသည်။

ဤတစ်ခေါက် ဘုရင်အန်ရှစ် စည်းရုံးထားသည့် ဘုရင် ၃၃ ဦးကြားမှာ အများစုသည် နှစ်ပေါင်းများစွာ ကျော်ကြားလာခဲ့သူများ ဖြစ်ကြလေသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အထူးတလည် မိတ်ဆက်နေစရာ သိပ်မလိုပေ။

“အားလုံးပဲ ဒီကိုရောက်လာပြီဆိုတော့ အချိန်ဆွဲမနေတော့ဘူး”

ဘုရင် ၃၃ ပါးကြားမှာ အထွတ်အထိပ် ဘုရင်သုံးပါး ပါရှိလေသည်။ ဘုရင်အန်ရှစ်သည် ထျန်ဟွမ်ဂိုဏ်းကို ချေမှုန်းဖျက်ဆီးနိုင်မည်ဟု ယုံကြည်မှုရှိနေသည်။

“ကြယ်တာရာ အပြင်ဘက်ကနေ ဆင်းသက်ပြီး ကွေ့ပတ်သွားတာက ပိုပြီးစိတ်ချရလိမ့်မယ်”

မိစ္ဆာဘုရင်ချုံးက ရုတ်တရက် လေးနက်သောအသံဖြင့် ပြောလိုက်၏။

ဘုရင်အန်ရှစ်က စဉ်းစားတွေးတောရင်း မိစ္ဆာဘုရင်ချုံး၏ စိုးရိမ်ပူပန်မှုကို နားလည်သဘောပေါက်သွားသည်။

သူတို့သည် လေဟာနယ်ကို ဆုတ်ဖြဲပြီး ထျန်ဟွမ်ဂိုဏ်း၏ အနီးနားသို့ ဆင်းသက်နိုင်သော်လည်း အာကာသဥမင်သည် မိစ္ဆာမဟာနယ်မြေကို ဖြတ်ကျော်သွားမည်ဆိုလျှင် အဲဒါက အခြားသော အပြောင်းအလဲများကို ဖြစ်ပေါ်လာစေနိုင်သည်။

ထျန်ဟွမ်ဂိုဏ်းကတော့ ၎င်းသည် မိစ္ဆာမဟာနယ်မြေ၏ အစွန်အဖျားမှာ တည်ရှိလေသည်။ သူတို့က ကြယ်တာရာကောင်းကင်၏ အပြင်ဘက်မှာ ကွေ့ပတ်သွားလာမည်ဆိုလျှင်တောင် ယူရမည့်အချိန်က သိပ်ကွာလိမ့်မည် မဟုတ်ပေ။

“အစ်ကိုချုံး… ခင်ဗျားက အမြော်အမြင်ရှိပါပေတယ်”

ဘုရင်အန်ရှစ်က ချီးကျူးပြောဆိုပြီးနောက် အခြားသောဘုရင်များနှင့်အတူ လေဟာနယ်ကို ဆုတ်ဖြဲကာ အင်မော်တယ်မိစ္ဆာချောက်နက်အနီးနားကနေ ပျောက်ကွယ်သွားကြလေသည်။

သိပ်မကြာခင် ဘုရင် ၃၃ ဦးက အာကာသဥမင်တစ်ခုတည်းကနေ လျှောက်လှမ်းထွက်လာပြီး ထျန်ဟွမ်ဂိုဏ်း၏ အပြင်ဘက် ကြယ်တာရာကောင်းကင်ထက်သို့ ရောက်ရှိလာသည်။

ကြယ်တာရာကောင်းကင်ထက်မှာ မတ်တတ်ရပ်ရင်း သူတို့သည် မိစ္ဆာမဟာနယ်မြေ၏ အစွန်အဖျားမှာ ထျန်ဟွမ်ဂိုဏ်း ထိန်းချုပ်ထားသည့် ပိုင်နက်နယ်မြေ ကုန်းမြေတိုက်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်လေသည်။

“အားလုံးပဲ… ကျုပ်က ထျန်ဟွမ်ဂိုဏ်းက ဘယ်ရတနာကိုမှ ယူမှာမဟုတ်ဘူး… ကျုပ်က ဖုန့်စန်းထျန်ရဲ့ ခေါင်းကိုပဲ လိုချင်တယ်”

ဘုရင်အန်ရှစ်က ဘေးပတ်လည်သို့ သူ၏ လက်နှစ်ဖက်ကို ယှက်ပြပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဒီတစ်ခေါက် ခင်ဗျားတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်… ခင်ဗျားတို့ နောက်ပိုင်း တောင်းဆိုစရာရှိရင် ကျုပ်ဆီကို သတင်းစကား တိုက်ရိုက်ပေးပို့လို့ရတယ်”

“စီနီယာအစ်ကိုအန်… ဘာမှစိုးရိမ်မနေနဲ့”

“အင်မော်တယ်ဘုရင် ကောင်းကင်ဘုံအမျက်ဒေါသက ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ်မှာပဲ ရှိတယ်”

“ဘာမှကြောက်နေစရာမရှိဘူး”

“ကျုပ်တို့က ထျန်ဟွမ်ဂိုဏ်းကို ချေမှုန်းဖျက်ဆီးပြီး သူတို့အားလုံးကို သတ်ပစ်လိုက်ရုံပဲ”

ဘုရင်များက ထျန်ဟွမ်ဂိုဏ်းကို အဝေးကနေ လက်ညှိုးထိုးပြီး မြင့်မားသော စိတ်ဝိဉာဉ်ဖြင့် ပျံသန်းလိုက်ကြ၏။

အစက ကျင့်ကြံနေသော ဖုန့်စန်းထျန်သည် ဆင်းသက်လာတော့မည့် ကပ်ဘေးတစ်ခုကို အာရုံခံမိသွားသည့်အလား သူက ရင်တစ်ထိတ်ထိတ်ဖြစ်လာခဲ့လေသည်။

ဤသည်က သူ၏ ဆဋ္ဌမမြောက်အာရုံဖြစ်သည်။

သူ၏ ကျင့်ကြံမှုနယ်ပယ်အရ ဤကဲ့သို့သော ခံစားချက်တစ်ခုက အကြောင်းရင်းမရှိဘဲ သေချာပေါက် ပေါ်ထွက်လာမည် မဟုတ်ပေ။

ဖုန့်စန်းထျန်က မတ်တတ်ထရပ်ပြီး သူ၏ လိုဏ်ဂူခန်းဝါတံခါးကို တွန်းဖွင့်ရင်း ပို၍ပင် မအီမသာခံစားလာရသည်။

“ဟမ်…”

ထိုစဉ်မှာပင် သူက ရင်တစ်ချက်ထိတ်သွားပြီး အပေါ်ကို မော့ကြည့်လိုက်၏။

အဝေး ကြယ်တာရာကောင်းကင်ထက်မှာ ကြောက်စရာကောင်းသော အော်ရာများနှင့် ပုံရိပ် ၃၃ ခုက ထျန်ဟွမ်ဂိုဏ်းရှိရာဘက်သို့ ပျံသန်းလာနေ၏။ တစ်ခဏချင်းမှာပင် သူတို့က ထျန်ဟွမ်ဂိုဏ်း အထက်သို့ ရောက်ရှိလာခဲ့သည်။

ဘုရင် ၃၃ ပါး...

ဖုန့်စန်းထျန်၏ အမူအရာက သုန်မှုန်လာခဲ့သည်။

ထိုဘုရင်များ၏ တစ်စိတ်တစ်ပိုင်းက အန္တိမဘုရင်များဖြစ်ပြီး ဘုရင် ၃၃ ဦးကြားမှာ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများမှာ အထွတ်အထိပ် ဘုရင်သုံးပါးပင် ပါရှိနေသည်။

ဘုရင် ၃၃ ပါး အတူတကွ စုဝေးရောက်ရှိလာခြင်း၏ ဖိအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။ ဒါ့အပြင် သူတို့သည် သူတို့၏ ခန္ဓာကိုယ်များပေါ်မှာ အရိုးခိုက်အောင် အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ဖုံးကွယ်မထားကြပေ။

ဘုရင်အုပ်စုက ထျန်ဟွမ်ဂိုဏ်း၏ အထက်သို့ ဆင်းသက်လာပြီး ချက်ချင်းပင် အုန်းအုန်းကျက်ကျက် ဖြစ်သွားစေ၏။

ဘုရင် ၃၃ ပါး ဆင်းသက်လာသည့်ခဏမှာပင် သူတို့က မည်သည့်စကားမှမဆိုဘဲ ကောင်းကင်ထက်မှာ ဖြန့်ကြက်နေရာယူပြီး ဓမ္မပညာရပ်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ကာ လေဟာနယ်ထဲသို့ ဝင်ရောက်သွားစေ၏။

သူတို့က ဤနေရာမှာရှိသော လေဟာနယ်ကို ချက်ချင်းပင် ချိပ်ပိတ်လိုက်သည်။

မည်သူကမှ ဤနေရာသို့ ဝင်ရောက်မလာနိုင်တော့သလို အထဲမှာရှိသော မည်သူကမှလည်း အပြင်သို့ မထွက်နိုင်တော့ပေ။

ထိုသည်ကို တွေ့မြင်သောအခါ ဤဘုရင်အုပ်စုက လူတိုင်းကို သတ်ဖြတ်ရန် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဖုန့်စန်းထျန်က နားလည်သဘောပေါက်လိုက်သည်။

“အဲဒါ မင်းပဲ”

ဖုန့်စန်းထျန်က ဘုရင်များကြားထဲမှတစ်ဦးကို တွေ့မြင်သောအခါ သူ၏ မျက်လုံးကို မှေးကျဉ်းပြီး သူ၏ သတ်ဖြတ်လိုစိတ်က သိပ်သည်းစုဖွဲ့လာခဲ့သည်။

“ဘုရင်အန်ရှစ်”

သူသည် ဘုရင်ကျင်းနှင့် ဘုရင်ထန်ရှင်းတို့၏ အကွက်ချကြံစည်ခြင်း ခံခဲ့ရစဉ်က ဘုရင်အန်ရှစ်ဆိုတာ မရှိသေးပေ။ နောက်ပိုင်းမှာ သူသည် ပကတိမိုးကြိုးမြို့တော်၏ မြေအောက်မှာ နှစ်ပေါင်းသိန်းချီကြာအောင် နေ့အလင်းရောင်ကို တွေ့မြင်ရခြင်းမရှိဘဲ အကျဉ်းချခံခဲ့ရလေသည်။ ထိုသို့ဖြင့် သူက ဘုရင်အန်ရှစ်ကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။

သို့သော်လည်း သူထွက်ပြေးလွတ်မြောက်လာစဉ် ဘုရင်အန်ရှစ်သည် သူ့ကို အမဲလိုက်ရန် ပေါ်ထွက်လာခဲ့ပြီး သူက ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့လေသည်။

နောက်ပိုင်းမှာ သူ့သား ဖုန့်ယွင်ကျောက်နှင့် သူ့ချွေးမ လုရွှမ်စုတို့က ဆိုးဆိုးဝါးဝါး သတ်ဖြတ်ခံခဲ့ရသည်ကို သူသည် ပကတိအင်မော်တယ် ညသင်္ချိုင်းထံမှ ပြန်ကြားခဲ့ရလေသည်။

လက်သည်တရားခံက ဘုရင်အန်ရှစ်ဖြစ်သည်။

ထိုအခိုက်အတန့်မှာ ထျန်ဟွမ်ဂိုဏ်းမှာ ကျင့်ကြံသူများကလည်း ထိတ်လန့်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြသည်။

လေထဲမှ ပုံရိပ် ၃၃ ခုကို တွေ့မြင်သောအခါ ကျင့်ကြံသူများ၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူတို့၏ ရင်ထဲမှာ စိတ်ပျက်အားငယ်မှုက ပေါ်ထွက်လာကြသည်။

ထျန်ဟွမ်ဂိုဏ်းကို စောင့်ကြပ်ရန် ကျန်နေရစ်ဖို့ ရွေးချယ်ခဲ့သော ဘုရင်တချို့သည် အနည်းငယ် နောင်တရသလို ခံစားလာကြရသည်။

ကောင်းကင်ဘုံဝံပုလွေ၊ မင်းကျန်၊ ယန်ပေးချန်၊ နတ်ဆိုးမကျိ၊ ကူထုံယို၊ ချိုးစစ်လော၊ ဖုန့်ကျစ်ရီနှင့် အခြားသူများကလည်း ဖုန့်စန်းထျန်၏ နောက်သို့ ရောက်ရှိလာကြသည်။

ထျန်ဟွမ်ဂိုဏ်းသည် ဘုရင် ၃၃ ပါး၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ဆိုတာ သူတို့က သိရှိထားကြသည်။ သို့သော်လည်း သူတို့က လုံးဝကြောက်ရွံ့မနေပေ။

ဤနေရာက ထျန်ဟွမ်ဂိုဏ်းဖြစ်လေသည်။ သူတို့သည် အတူတကွ စုဝေးမိနေစဉ် သူတို့အားလုံးက မိသားစုဝင်များနှင့် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ သူတို့က သေရမည်ဆိုလျှင်တောင် အတူတကွ သေကြရပေမည်။

ကောင်းကင်ဘုံဝံပုလွေကပင် နောက်ဆုတ်ခြင်းမရှိဘဲ တီးတိုးရေရွတ်လိုက်၏။

“ဘာပဲဖြစ်ဖြစ် ငါက တစ်ခါသေခဲ့ပြီးပြီပဲ… ကိစ္စမရှိဘူးလေ… အနည်းဆုံးတော့ ငါက လွတ်လပ်တဲ့ အချိန်ကာလတစ်ခုကို ရရှိခဲ့တာပဲ”

ဖုန့်ကျစ်ရီက လေထဲမှာရှိသော ဘုရင်အန်ရှစ်ကို စိုက်ကြည့်ပြီး သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်ထား၏။ ဤလူသည် သူ၏ မိဘများကို သတ်ဖြတ်ခဲ့သောလူ ဖြစ်လေသည်။

“စစ်မာက ဘယ်မှာလဲ”

ဖုန့်စန်းထျန်က အေးစက်စွာ မေးလိုက်၏။

စစ်မာသည် ဘုရင်ကျင်း၏ မျိုးရိုးနာမည်ဖြစ်သည်။

ဘုရင်အန်ရှစ်က ညင်သာစွာ ပြုံးပြလိုက်၏။

“ဖုန့်စန်းထျန်… မင်းက ငါ့အဖေကို တွေ့ဖို့အဆင့်မမီဘူး… ငါက တမလွန်ဘုံက မင်းရဲ့ သနားစရာကောင်းတဲ့ ကလေးနဲ့ ပြန်လည်ဆုံစည်းရအောင်လို့ ငါမင်းကို ဒီတစ်ခေါက် ပို့ပေးမလို့ ရောက်လာတာပဲ… မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်”

“ဟားဟားဟား...”

ဖုန့်စန်းထျန်၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ ဝင်းလက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လျှပ်စီးလျှပ်ပန်းများဖြင့် တောက်ပလာ၏။ သူ၏ အော်ရာက အဆက်မပြတ် မြင့်တက်လာစဉ် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒီနေ့ ငါ့အသက်ကို စွန့်လွှတ်စတေးရမယ်ဆိုရင်တောင် ငါမင်းကို သတ်ရမယ်”

“သူတို့အားလုံးကို သတ်”

ဘုရင်အန်ရှစ်က ထျန်ဟွမ်ဂိုဏ်းမှ သိပ်သည်းများပြားသော ပုံရိပ်များကို ကြည့်ပြီး သာမန်ကာလျှံကာ လက်ပြလိုက်၏။ သူသည် သက်ရှိလူသားများကို မဟုတ်ဘဲ ပုရွက်ဆိတ်တစ်အုပ်စုကို နင်းချေသတ်ဖြတ်တော့မည့်အလားပင်။

တစ်ချိန်တည်းမှာပင်…

ထျန်ဟွမ်ဂိုဏ်း၏ အပြင်ဘက် ကြယ်တာရာကောင်းကင်မှာ အင်မော်တယ်ယာဉ်ပျံတစ်စင်းသည် အာကာသဥမင်ထဲကနေ မောင်းထွက်လာပြီး ၎င်းကို လျှို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခု လွှမ်းခြုံထားကာ သဲသဲကွဲကွဲ မတွေ့မြင်ရပေ။ အင်မော်တယ်ယာဉ်ပျံပေါ်မှာ တစ်မူထူးခြားစွာ မြင့်မားသော ပုံရိပ်တစ်ခုက မတ်တတ်ရပ်နေပြီး သူ့ကို အနက်ရောင်ဝတ်ရုံတစ်ထည်က ဖုံးအုပ်ထားလေသည်။ သူ၏ ဦးခေါင်းကိုပင် အနက်ရောင်ခြုံထည်ဖြင့် ဖုံးအုပ်ထားပြီး သူ၏ ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မတွေ့မြင်နိုင်ပေ။

“မြေပုံအရဆို အဲဒါက ဒီနေရာပဲဖြစ်ရမယ်”

ထိုပုံရိပ်က မြေပုံတစ်ချပ်ကို ထုတ်ယူပြီး တိုက်ကြည့်နေ၏။

သူ၏ နောက်ဘက်မှာ ကြော့ရှင်းလှပသော သွင်ပြင်နှင့် ချောမောသော အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေ၏။

“ထူးဆန်းတယ်”

အမျိုးသမီးက ထျန်ဟွမ်ဂိုဏ်းရှိရာဘက်သို့ ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“ထျန်ဟွမ်ဂိုဏ်းကို ငါ ဘာလို့ မမြင်ရတာပါလိမ့်”

အနက်ရောင်ခြုံထည်နှင့် မြင့်မားသောပုံရိပ်က သူ၏ မျက်လုံးကို မှေးကျဉ်းပြီး ခဏမျှ ကြည့်ရှုပြီးနောက် ထူးဆန်းစွာ ရယ်မောလိုက်၏။

“ဟေးဟေး…ရှေ့မှာရှိတဲ့ လေဟာနယ်ကို ဘုရင်အတော်များများ ပူးပေါင်းပြီးတော့ ချိပ်ပိတ်ထားတယ်… တခြားသူတွေက စုံစမ်းထောက်လှမ်းနိုင်မှာ မဟုတ်ဘူး”

“ဒါဆို ကျွန်မတို့ ဘာလုပ်ရမလဲ”

အမျိုးသမီးက မေးလိုက်သည်။

အနက်ရောင်ဝတ်အမျိုးသားက လက်ကာပြလိုက်၏။

“ဒီအာကာသချိပ်စည်းက ငါ့အတွက်တော့ ဘာမှမဟုတ်ဘူး… ငါအထဲကိုဝင်ပြီး အရင်ဆုံး စုံစမ်းစစ်ဆေးကြည့်လိုက်မယ်… မင်းတို့ရဲ့သရုပ်သကန်တွေက ထူးခြားတယ်ဆိုတော့ ဒီနေရာမှာ အရင်စောင့်နေ”

အမျိုးသမီးက ခေါင်းညိတ်ပြလိုက်၏။

အနက်ရောင်ဝတ်အမျိုးသား၏ မြင့်မား၍ တုတ်ခိုင်သောခန္ဓာကိုယ်က ဖျတ်ခနဲဆို လေဟာနယ်ထဲသို့ တစ္ဆေသရဲတစ်ကောင်လို တိုးဝင်ပျောက်ကွယ်သွားလေသည်။

လေဟာနယ်ကို မရေမတွက်နိုင်သော ဓမ္မပညာရပ်များဖြင့် ချိပ်ပိတ်ထားလေသည်။

သို့သော်လည်း အနက်ရောင်ဝတ်အမျိုးသားသည် ချိပ်စည်းတစ်ခုချင်းစီကို အာရုံခံမိနိုင်ပုံရကာ သူတို့ကို အလွယ်တကူ ရှောင်တိမ်းပြီး ချိပ်စည်းအလွှာများကို ဖြတ်ကျော်၍ ထျန်ဟွမ်ဂိုဏ်း၏ အထက်ကောင်းကင်သို့ ဝင်ရောက်လာခဲ့သည်။

သူက လေဟာနယ်ကို ဖြတ်ကျော်လာသည့်ခဏမှာပင် သူ့ကို အလွန်တရာ စိတ်လှုပ်ရှားစေသည့် အော်ရာတစ်ခုကို အနံ့ခံမိလိုက်၏။

အဲဒါက သွေးနံ့ဖြစ်သည်။

သူကြည့်လိုက်သည့်နေရာတိုင်းမှာ သတ်ဖြတ်ခြင်းနှင့် သွေးများရှိနေ၏။

အနက်ရောင်ဝတ်အမျိုးသားသည် လန်းဆန်းတက်ကြွလာသည်ဟု ခံစားလိုက်ရလေသည်။

All Chapters