← Chapters

မဟာအလင်းတန်းဂိုဏ်း ပျောက်ကွယ်ခြင်း

Vol. 47 Ch. 650

မဟာအလင်းတန်းဂိုဏ်း ပျောက်ကွယ်ခြင်း

Vol. 47 Ch. 650

" ခဏနေပါဦးဗျာ.. ကျုပ်တို့ ဝူလျန်နန်းတော်ကလဲ လုပ်နိုင်တာ လုပ်ပါ့မယ် "

ချင်းဝူချုံ ပြောလိုက်သည်။

ထိုစဉ်တွင် သူ့မျက်လုံးများလည်း အရောင်လက်နေကြ၏။

ပြီးခဲ့သည့် တလောတွင် သူ ဝူလျန်နန်းတော်၌ ဖျက်ဆီးရေးအဖွဲ့တစ်ခု ဖွဲ့ပြီး များစွာ လေ့ကျင့်ထားခဲ့ပါသည်။

ယနေ့တွင်ကား ထိုအဖွဲ့ကို အသုံးချ၍ ရပေတော့မည် ။

သူ့စိတ်ထဲတွင်လည်း ပျောင်ပိုင်မြို့နှင့် ယှဉ်ပြိုင်ရန် တွေးလိုက်ပါ၏။

တစ်နာရီ ကြာသွားပြီးနောက်... တောင်ပိုင်းဒေသ ၊ ထျန်းကူဟုန် မိသားစု၌...

မဟုတ်သေးပါ... ထျန်းကူဟုန်မိသားစု အပျက်အစီးများကြား၌ ဟု ပြောရပါမည် ။

" ဂိုဏ်းချုပ်ကြီး ၊ ကျုပ်တို့ ဘာမှ မရလိုက်ဘူးဗျ "

ဝူလျန်နန်းတော် ဂိုဏ်းသားတစ်ယောက်က မျက်နှာငယ်လေးဖြင့် ပြောလာသည်။

" ဟင်... ခုနက ဘာမှ မယူလိုက်နိုင်ဘူးလား ။ မင်းတို့တွေ လေ့ကျင့်ထားတယ် မဟုတ်ဘူးလား "

ချင်းဝူချုံ ဒေါသတကြီး ပြောလိုက်သည်။

တဖက်မှ ဂိုဏ်းသားက မျက်နှာငယ်လေးဖြင့် ပြန်ပြော၏။

" ဂိုဏ်းချုပ်ကြီး ၊ ဟိုလူတွေက တကယ့်ကို ကျွမ်းကျင်ပညာရှင်တွေဗျ ။ သူတို့ ဖျက်ဆီးသွားတဲ့နှုန်းက ကြောက်စရာတောင် ကောင်းတယ် ။ သူတို့ ဒီတိုင်း လျှောက်သွားလိုက်တာနဲ့ကို ဘယမှ မကျန်တော့တာ ။ ပြီးတော့ ကျုပ်တို့ဂိုဏ်းက ညီအကိုတချို့ဆိုရင်.. အိမ်သာဘေးက ဖြတ်သွားတဲ့အချိန်မှာ သူတို့တွေ အိမ်သာကျင်းကို မွှေနေတာနဲ့ သွားတိုးပြီးတော့ ချီးတွေနဲ့တောင် အပက်ခံလိုက်ရသေး

တယ် ... "

ချင်းဝူချုံ : " ........... "

သူ့ တပည့် ဂိုဏ်းသားများက ပျောင်ပိုင်မြို့မှ လူများနှင့် လုံးဝ မယှဉ်နိုင်သည်ကို မည်သို့ လက်ခံရပါမည်နည်း...

ဘာမှလေးတောင် မရခဲ့ဘူးတဲ့..

" အဲ့ဒါကို ထားလိုက်တော့ကွာ ။ အခု ယွမ်လင်နတ်ဆိုးသခင်ကြီးရဲ့ ပိုင်နက်ဆီ သွားကြမယ် "

ချင်းဝူချုံ ပြောလိုက်သည်။

သူ အခြားဘာများ တတ်နိုင်ပါဦးမည်နည်း ။

ထိုစဉ်မှာပင်

" ဂိုဏ်းချုပ်ကြီး.... "

ဝူလျန်နန်းတော် ဂိုဏ်းသားတစ်ယောက်က ဒယိမ်းဒယိုင် ပြန်ရောက်လာ၏။

" ဘာဖြစ်လို့လဲ "

သူ့ကို မြင်သောအခါ ချင်းဝူချုံ မျက်မှောင်ကြုံ့သွားပြီး မေးလိုက်သည်။

" ကျုပ်တို့ ယွမ်လင်နတ်ဆိုးသခင်ကြီးရဲ့ ပိုင်နက်ကနေ ပြန်ရောက်လာခဲ့တာပါ ။ အဲ့မှာ.... "

" အဲ့မှာ ဘာဖြစ်ခဲ့တာလဲ "

ချင်းဝူချုံ မေးလိုက်၏။

" တစ်နေရာလုံး ပြောင်နေပြီဗျ "

ဂိုဏ်းသားက ကူကယ်ရာမဲ့ မျက်နှာဖြင့် ပြောရှာသည်။

" ဘယ်လို... "

ချင်းဝူချုံ တုန်လှုပ်သွားရပြန်ပါ၏။

ယွမ်လင်နတ်ဆိုးသခင်ကြီးရဲ့ ပိုင်နက်ကလည်း ပြောင်နေပြီတဲ့လား...

မည်သို့ ဖြစ်နိုင်ပါမည်နည်း..

" ဟုတ်တယ်ဗျ ။ ပျောင်ပိုင်မြို့က လူတွေက အဖွဲ့နှစ်ဖွဲ့ခွဲပြီး နှစ်နေရာလုံးကို ဖျက်ဆီးပစ်ခဲ့ကြတာ ။ အခုဆို ယွမ်လင်နတ်ဆိုးသခင်ကြီးရဲ့ ပိုင်နက်က ပြောင်လိုက်တာမှ .. ဆံပင်လေးတစ်ပင်တောင် ကျန်မယ်မထင်ဘူး "

တဖက်ဂိုဏ်းသားက ဆက်ပြောသည်။

ချင်းဝူချုံ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လောထျန်းဘက် လှည့်ကြည့်လိုက်၏။ သူ့စိတ်ထဲတွင်လည်း လောထျန်းကို ပိုအထင်ကြီးသွားရပါသည်။

" ကောင်းလိုက်တဲ့ အကွက်ကွာ... "

" ဂိုဏ်းချုပ်ကြီး ၊ ကျုပ်တို့.. အခု ဘာလုပ်ကြမလဲဟင် "

ဂိုဏ်းသားတစ်ယောက်က မေးလာ၏။

ချင်းဝူချုံက သူ့အား လှည့်ကြည့်ကာ ပြောလိုက်သည်။

" ဘာလုပ်ရမှာလဲကွ.. မဟာအလင်းတန်းဂိုဏ်းကို သွားရမှာပေါ့ ။ ဒီတစ်ခါတော့ တည်နေရာရွှေ့ပြောင်း အစီအမံကို မသုံးတော့ဘူး ။ လေထုကိုပဲ

ဟပြီးတော့ လေထုလမ်းကြောင်းတစ်ခု လုပ်လိုက်မယ် "

ချင်းဝူချုံက ပြောပြီးသည်နှင့် ချက်ချင်းလှုပ်ရှားပြီး လေထုကို ဟလိုက်၏။

ဤတစ်ကြိမ်တွင်ကား.. သူ တစ်ခုခု ရမှ ဖြစ်ပေမည်။

ဝုန်း..

ထို့နောက်တွင်မူ လေထု တုန်ခါသွားကာ ချင်းဝူချုံ ဦးဆောင်သော အဖွဲ့က လေထုလမ်းကြောင်းထဲ ဝင်သွားလိုက်ကြသည်။

သို့သော်.. မဟာအလင်းတန်းဂိုဏ်းသို့ ရောက်ချိန်မှာပင်.. ချင်းဝူချုံ မှင်သက်သွားရတော့သည်။

" ဒါ.. မဖြစ်နိုင်တာ... ။ ပျောင်ပိုင်မြို့က လူတွေက အဖွဲ့သုံးဖွဲ့ ခွဲထားခဲ့တာလား "

သူ ရှေ့မှ မြင်ကွင်းအား မယုံနိုင်စွာကြည့်ရင်း ရေရွတ်လိုက်၏။

သူ့ရှေ့တွင်ကား.. မဟာအလင်းတန်းဂိုဏ်း၏ ဂိတ်တံခါးကြီး မရှိတော့သလို..

တောင်များသည်ပင် မရှိတော့ပါချေ။

" ပျောင်ပိုင်မြို့က လူတွေက အဲ့လောက်ရက်စက်ပြီး တောင်ကိုပါ ရွှေ့သွားကြတာလား.. "

ချင်းဝူချုံ နည်းတူပင် ဝူလျန်နန်းတော်မှ အကြီးအကဲများလည်း အံ့သြမှင်သက်နေကြတော့၏။

ဝီ...

ထိုစဥ်မှာပင် သူတို့နောက်ရှိ လေထုလမ်းကြောင်းထဲမှ လောထျန်းနှင့် သူ့လူများ လမ်းေလျှာက်ထွက်လာကြသည်။

ချင်းဝူချုံမှာလည်း အသံကြားကြားချင်း လှည့်ကြည့်လိုက်ရာ.. လောထျန်းကို တွေ့သွားပြီး မနေနိုင်ဘဲ ပြောလိုက်၏။

" သခင်လေး လောထျန်း ၊ ဒါကရော သခင်လေးတို့ ပျောင်ပိုင်မြို့ရဲ့ လက်ချက်ပဲလားဗျ "

လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောလာသည်။

" မဟုတ်ဘူးဗျ ၊ ကျုပ်တို့ ဘာမှကို မလုပ်ရသေးတာ.. "

ချင်းဝူချုံ မျက်မှောင်ကြုံ့သွားသည်။

" ဒါဆို.. မဟာအလင်းတန်းဂိုဏ်းက ဘယ်ရောက်သွားတာလဲ "

ထိုစဥ်မှာပင် သွမ့်ချန်ချိုးနှင့် အခြားသူများလည်း လေထုလမ်းကြောင်းထဲမှ ထွက်လာကြ၏။

သူတို့မှာလည်း ရှေ့မှ မြင်ကွင်းကြောင့် အံ့သြမှင်သက်ကုန်ကြသည်။

ခဏတာမျှ တိတ်နေကြပြီးမှ သွမ့်ချန်ချိုးက စကားစလာ၏။

" သူတို့တွေက ဖျက်ဆီးခံလိုက်ရတာ မဟုတ်ဘူး... တစ်ဂိုဏ်းလုံး ကျင့်ကြံနေကြတာနဲ့ တူတယ် "

" တစ်ဂိုဏ်းလုံး ကျင့်ကြံကြတယ်... ဘယ်ကို သွားကြတာလဲ "

လောထျန်း ပြန်မေးလိုက်သည်။

သွမ့်ချန်ချိုးက ခေါင်းယမ်း၍ ပြော၏။

" အဲ့ဒါတော့ ကျုပ်လဲ မသိဘူးဗျ ။ ထျန်းယွမ်ကမ္ဘာထဲက တစ်နေရာမှာ ဖြစ်နိုင်သလို.. ဟင်းလင်းပြင်ထဲကို ထွက်ပြေးသွားတာလဲ ဖြစ်နိုင်တာပဲ "

ချင်းဝူချုံမှာလည်း ထိုစကားကို ကြားပြီးနောက် ဒေါသထွက်သွားဟန်တူကာ မေးလာသည်။

" ဒီ မဟာအလင်းတန်းဂိုဏ်းက မျိုးမစစ်ကောင်တွေက အဲ့လိုကြီး ပြေးသွားကြတာပေါ့ ။ ဒီကောင်တွေက သခင်လေးလောထျန်းရဲ့ အစွမ်းကို သတိထားမိပြီးတော့ ကြိုပြေးသွားကြတာနဲ့ တူတယ် "

ထိုစဥ် အချိန်အတန်ငယ်ကြာ တိတ်နေခဲ့သည့် သခင်ကြီးထျန်းလုံ ပြော၏။

" မဟုတ်လောက်ဘူး ၊ သူတို့တွေက သခင်လေးလောထျန်းဆီကနေ ပုန်းနေတာ မဖြစ်လောက်ဘူး.. "

" ဟင်.. ဒါဆို ဘယ်သူ့ကိုကြောက်ပြီး ပုန်းနေကြတာလဲ "

ချင်းဝူချုံတစ်ယောက် နားမလည်နိုင် ဖြစ်သွား

သည်။

သို့သော် သခင်ကြီးထျန်းလုံ ပြန်မဖြေခင်မှာပင် သွမ့်ချန်ချိုးက အသိဝင်လာဟန်ဖြင့် ပြော၏။

" သူတို့တွေက ရှေးဟောင်းနတ်ဆိုးကမ္ဘာကို ကြောက်ကြလို့နဲ့ တူတယ် "

သခင်ကြီးထျန်းလုံ ခေါင်းညိတ်ပြသည်။

" အမှန်ပဲ ။ ထျန်းယွမ်ကမ္ဘာရဲ့ ကမ္ဘာပတ်လမ်းက လမ်းကြောင်းနည်းနည်းပြောင်းသွားတော့ ထျန်းမင်ကမ္ဘာ ရောက်လာမယ့်ရက်က နောက်ကျသွားတယ်လေ ။ အဲ့ဒါကြောင့်မို့ မဟာအလင်းတန်းဂိုဏ်းက သူတွေက ရှေးဟောင်းနတ်ဆိုးကမ္ဘာ ရောက်လာရင် သူတို့ကို တိုက်ခိုက်မှာ ကြောက်ပြီးတော့.. အဲ့ဒါကိုရှောင်ဖို့ ဂိုဏ်းတစ်ခုလုံးကို ယာယီ နေရာရွှေ့ထားတာပဲ "

ဘုန်း...

စကားဆုံးအောင် နားထောင်ပြီးသောအခါ ဒေါသထွက်နေသော ချင်းဝူချုံက တောင်တစ်လုံးကို လက်သီးဖြင့်ထိုးခွဲလိုက်၏။

" ချီးကွာ.. ဒီကောင်တွေက တကယ်ကြီး ထွက်ပြေးသွားကြတာပေါ့ ။ ဘာလို့ ပြေးရတာလဲ "

သွမ့်ချန်ချိုးက ဝင်ပြောသည်။

" ထွက်ပြေးသွားတာတော့ မဟုတ်ဘူးကွ "

" ဟင်.. အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

ချင်းဝူချုံ နားမလည်နိုင် ဖြစ်သွားကာ ပြန်မေးလိုက်၏။

သခင်ကြီးထျန်းလုံက ခေါင်းညိတ်၍ ပြောသည်။

" သူ ပြောတာ မှန်တယ် ။ မဟာအလင်းတန်းဂိုဏ်း၊ ဂိုဏ်းချုပ်ကြီးရဲ့ အကျင့်စရိုက်အတိုင်းဆိုရင်.. ထျန်းမင်ကမ္ဘာ ရောက်လာတာနဲ့ သေချာပေါက် ထွက်လာပြီး ထျန်းမင်ကမ္ဘာ အလိုကျ လုပ်ပေးမှာ ။ အဲ့ကျရင် သူ့ကိုသတ်ဖို့ အခွင့်ရေး ရမှာပါ "

ချင်းဝူချုံက ထိုစကားကို ကြားမှသာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

အခြားသူများမှာမူ... ထျန်းမင်ကမ္ဘာ ဆိုသည့် စကားလုံးကို ကြားသည်နှင့် တိတ်ဆိတ်သွားကြတော့၏။

အချိန်အတန်ကြာသွားပြီးမှ သွမ့်ချန်ချိုးက မေးလာသည်။

" ထျန်းမင်ကမ္ဘာက ဘယ်တော့လောက် ရောက်လာမှာလဲ "

သခင်ကြီးထျန်းလုံ သက်ပြင်းချလိုက်၏။

" နောက်ထပ် ရက်နည်းနည်းလောက်နေရင်ကို ရောက်လာနိုင်တယ်ကွ "

နောက်ထပ် ရက်နည်းနည်းနေရင်တဲ့လား..

လောထျန်းရင်ထဲ စိုးရိမ်စိတ် ကြီးသွားရပြန်တော့သည်။

ရက်အနည်းငယ်လေးနှင့် ကြိုတင်ပြင်ဆင်ရန် မလုံလောက်ပါချေ...

" သခင်ကြီးတို့.. ကျုပ် ထျန်းမင်ကမ္ဘာပတ်လမ်းကို ပိတ်ပြီးတော့ သူတို့ ရောက်လာမှာကို တားလိုက်ရင် ကောင်းမလား "

လောထျန်း ပြောလိုက်၏။

သခင်ကြီးထျန်းလုံက အောင့်သက်သက်အပြုံးဖြင့် ပြန်ပြောရှာသည်။

" အဲ့လိုက အလုပ်မဖြစ်လောက်ဘူး သခင်လေး "

" ဘာဖြစ်လို့လဲ "

လောထျန်း နားမလည်နိုင်စွာ မေးလိုက်၏။

သခင်ကြီးထျန်းလုံ သက်ပြင်းချသည်။

" ကမ္ဘာတွေအားလုံးက ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေအရ လည်ပတ်နေတာဗျ ။ ကမ္ဘာနှစ်ခု ဆုံတာကို တားလို့မရဘူး ။ ထျန်းမင်ကမ္ဘာကို ခုတစ်ကြိမ် ခနရပ်အောင် လုပ်ထားနိုင်ရင်တောင် မကြာခင် ထပ်ရောက်လာဦးမှာပဲ ။ အဲ့တော့ သူတို့ရဲ့ ကမ္ဘာပတ်လမ်းကို အမြဲတမ်းကြီး ရပ်နေအောင် မလုပ်နိုင်သရွေ့တော့ အဲ့နည်းက အသုံးမဝင်နိုင်ဘူးဗျာ "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

သို့သော်.. ထိုစဥ်တွင် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြောလာသည်။

" သူတို့ ရောက်လာတာကို တားလို့မရပေမယ့် နှေး

အောင်တော့ လုပ်လို့ရတယ် "

" နှေးအောင် လုပ်လို့ရတယ်.. ဟုတ်လား "

အားလုံးက သူ့အား လှည့်ကြည့်လိုက်ကြ၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းညိတ်၍ ပြောသည်။

" ငါ ကူညီပေးလို့ရတယ် ။ အနည်းဆုံးတော့ အခြေအနေကို တစ်လအထိ နောက်ဆုတ်ထားလို့ ရနိုင်တယ် "

လောထျန်း ခေါင်းညိတ်လိုက်၏။

" ကောင်းတယ်ဗျာ ။ ဒီ တစ်လအတွင်းမှာ ကျုပ် ထျန်းယွမ်ဓားကို ပြန်ပြင်ဖို့ နည်းရှာပြီးတော့ အစွမ်းပိုတိုးအောင် လုပ်ထားလိုက်မယ် "

သူ ထိုသို့ပြောကာ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ၊ နတ်ဆိုးနတ်ဘုရားကြီး၏ ဟင်းလင်းပြင်လက်စွပ်မှ ရခဲ့သော ထျန်းယွမ်ဓားအကျိုး တစ်ခုကို ထုတ်လိုက်သည်။

လောထျန်း ဖြစ်နေသည့် အမူအရာကိုကြည့်ရင်း ထျ

န်းယွမ်ကမ္ဘာသခင်ကြီး စိတ်ထဲမှ သက်ပြင်းကြိတ်ချမိသွား၏။

" လောထျန်းက အဲ့လောက်ကြီး အလေးနက် ဖြစ်နေတာဆိုတော့.. ကြည့်ရတာ.. ငါ ချုပ်နှောင်ခံထားရတဲ့ ကာလအတွင်း.. ထျန်းမင်ကမ္ဘာမှာ ကိစ္စကြီးတွေ ဖြစ်သွားခဲ့တယ်နဲ့ တူတယ် ။ အဲ့လိုမဟုတ်ရင် သူ အဲ့လောက်ကြီး စိုးရိမ်နေမှာ မဟုတ်ဘူး "

သူ တွေးလိုက်သည်။

" ကဲ.. ဒါဆို ငါ့ကို အရင်သွားခွင့်ပြုကြဦး ။ နောက်တစ်လနေရင် ပြန်တွေ့ကြတာပေါ့ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြောလိုက်ပြီးနောက်.. သူ့ စိတ်ဝိဥာဥ်အရိပ်က မှုန်ဝါးသွားကာ နေရာမှ ပျောက်ကွယ်သွားတော့သည် ။

" ကျုပ်လဲ သွားတော့မယ် ။ ထျန်းယွမ်ကျောင်းတော်ရဲ့ ဘိုးဘေးမြေကို သွားပြီး မှော်လက်နက် သွားတောင်းလိုက်ဦးမယ်ဗျာ ။ အဲ့ကျရင်တော့ ထျန်းယွမ်ကမ္ဘာအတွက် တိုက်ခိုက်ရေးအင်အား နည်းနည်းလေး ပိုတိုးအောင် လုပ်နိုင်လောက်မှာပါ "

သခင်ကြီးထျန်းလုံ ဆိုသည်။

" ကျုပ်တို့ ဝူလျန်နန်းတော်မှာတော့ လျှို့ဝှက်မသေမျိုးလက်နက်တွေ မရှိဘူးမို့... ဒီတစ်လအတွင်းမှာ မဟာအလင်းတန်းဂိုဏ်းကို အတတ်နိုင်ဆုံး ကြိုးစားပြီး ရှာလိုက်မယ် ။ တကယ်လို့ တွေ့ရင် ချက်ချင်း အကြောင်းကြားလိုက်မယ်ဗျာ "

ချင်းဝူချုံ ပြော၏။

" ကျုပ်လဲ မင်းနဲ့ လိုက်ခဲ့မယ် "

သွမ့်ချန်ချိုး ပြောလိုက်သည်။

ချင်းဝူချုံကလည်း အလွယ်တကူပင် သဘောတူ၏။

" ကောင်းပါပြီဗျာ ။ ဒါဆို.. နောက်တစ်လနေလို့ ထျန်းမင်ကမ္ဘာ ရောက်လာတဲ့အခါမှ အားလုံးနဲ့ ပြန်တွေ့ကြတာပေါ့ "

လောထျန်းက အားလုံးကို ဦးညွှတ်၍ ဆိုလိုက်သည်။

All Chapters