မဟာအလင်းတန်းဂိုဏ်း ပျောက်ကွယ်ခြင်း
Vol. 47 Ch. 650
" ခဏနေပါဦးဗျာ.. ကျုပ်တို့ ဝူလျန်နန်းတော်ကလဲ လုပ်နိုင်တာ လုပ်ပါ့မယ် "
ချင်းဝူချုံ ပြောလိုက်သည်။
ထိုစဉ်တွင် သူ့မျက်လုံးများလည်း အရောင်လက်နေကြ၏။
ပြီးခဲ့သည့် တလောတွင် သူ ဝူလျန်နန်းတော်၌ ဖျက်ဆီးရေးအဖွဲ့တစ်ခု ဖွဲ့ပြီး များစွာ လေ့ကျင့်ထားခဲ့ပါသည်။
ယနေ့တွင်ကား ထိုအဖွဲ့ကို အသုံးချ၍ ရပေတော့မည် ။
သူ့စိတ်ထဲတွင်လည်း ပျောင်ပိုင်မြို့နှင့် ယှဉ်ပြိုင်ရန် တွေးလိုက်ပါ၏။
တစ်နာရီ ကြာသွားပြီးနောက်... တောင်ပိုင်းဒေသ ၊ ထျန်းကူဟုန် မိသားစု၌...
မဟုတ်သေးပါ... ထျန်းကူဟုန်မိသားစု အပျက်အစီးများကြား၌ ဟု ပြောရပါမည် ။
" ဂိုဏ်းချုပ်ကြီး ၊ ကျုပ်တို့ ဘာမှ မရလိုက်ဘူးဗျ "
ဝူလျန်နန်းတော် ဂိုဏ်းသားတစ်ယောက်က မျက်နှာငယ်လေးဖြင့် ပြောလာသည်။
" ဟင်... ခုနက ဘာမှ မယူလိုက်နိုင်ဘူးလား ။ မင်းတို့တွေ လေ့ကျင့်ထားတယ် မဟုတ်ဘူးလား "
ချင်းဝူချုံ ဒေါသတကြီး ပြောလိုက်သည်။
တဖက်မှ ဂိုဏ်းသားက မျက်နှာငယ်လေးဖြင့် ပြန်ပြော၏။
" ဂိုဏ်းချုပ်ကြီး ၊ ဟိုလူတွေက တကယ့်ကို ကျွမ်းကျင်ပညာရှင်တွေဗျ ။ သူတို့ ဖျက်ဆီးသွားတဲ့နှုန်းက ကြောက်စရာတောင် ကောင်းတယ် ။ သူတို့ ဒီတိုင်း လျှောက်သွားလိုက်တာနဲ့ကို ဘယမှ မကျန်တော့တာ ။ ပြီးတော့ ကျုပ်တို့ဂိုဏ်းက ညီအကိုတချို့ဆိုရင်.. အိမ်သာဘေးက ဖြတ်သွားတဲ့အချိန်မှာ သူတို့တွေ အိမ်သာကျင်းကို မွှေနေတာနဲ့ သွားတိုးပြီးတော့ ချီးတွေနဲ့တောင် အပက်ခံလိုက်ရသေး
တယ် ... "
ချင်းဝူချုံ : " ........... "
သူ့ တပည့် ဂိုဏ်းသားများက ပျောင်ပိုင်မြို့မှ လူများနှင့် လုံးဝ မယှဉ်နိုင်သည်ကို မည်သို့ လက်ခံရပါမည်နည်း...
ဘာမှလေးတောင် မရခဲ့ဘူးတဲ့..
" အဲ့ဒါကို ထားလိုက်တော့ကွာ ။ အခု ယွမ်လင်နတ်ဆိုးသခင်ကြီးရဲ့ ပိုင်နက်ဆီ သွားကြမယ် "
ချင်းဝူချုံ ပြောလိုက်သည်။
သူ အခြားဘာများ တတ်နိုင်ပါဦးမည်နည်း ။
ထိုစဉ်မှာပင်
" ဂိုဏ်းချုပ်ကြီး.... "
ဝူလျန်နန်းတော် ဂိုဏ်းသားတစ်ယောက်က ဒယိမ်းဒယိုင် ပြန်ရောက်လာ၏။
" ဘာဖြစ်လို့လဲ "
သူ့ကို မြင်သောအခါ ချင်းဝူချုံ မျက်မှောင်ကြုံ့သွားပြီး မေးလိုက်သည်။
" ကျုပ်တို့ ယွမ်လင်နတ်ဆိုးသခင်ကြီးရဲ့ ပိုင်နက်ကနေ ပြန်ရောက်လာခဲ့တာပါ ။ အဲ့မှာ.... "
" အဲ့မှာ ဘာဖြစ်ခဲ့တာလဲ "
ချင်းဝူချုံ မေးလိုက်၏။
" တစ်နေရာလုံး ပြောင်နေပြီဗျ "
ဂိုဏ်းသားက ကူကယ်ရာမဲ့ မျက်နှာဖြင့် ပြောရှာသည်။
" ဘယ်လို... "
ချင်းဝူချုံ တုန်လှုပ်သွားရပြန်ပါ၏။
ယွမ်လင်နတ်ဆိုးသခင်ကြီးရဲ့ ပိုင်နက်ကလည်း ပြောင်နေပြီတဲ့လား...
မည်သို့ ဖြစ်နိုင်ပါမည်နည်း..
" ဟုတ်တယ်ဗျ ။ ပျောင်ပိုင်မြို့က လူတွေက အဖွဲ့နှစ်ဖွဲ့ခွဲပြီး နှစ်နေရာလုံးကို ဖျက်ဆီးပစ်ခဲ့ကြတာ ။ အခုဆို ယွမ်လင်နတ်ဆိုးသခင်ကြီးရဲ့ ပိုင်နက်က ပြောင်လိုက်တာမှ .. ဆံပင်လေးတစ်ပင်တောင် ကျန်မယ်မထင်ဘူး "
တဖက်ဂိုဏ်းသားက ဆက်ပြောသည်။
ချင်းဝူချုံ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လောထျန်းဘက် လှည့်ကြည့်လိုက်၏။ သူ့စိတ်ထဲတွင်လည်း လောထျန်းကို ပိုအထင်ကြီးသွားရပါသည်။
" ကောင်းလိုက်တဲ့ အကွက်ကွာ... "
" ဂိုဏ်းချုပ်ကြီး ၊ ကျုပ်တို့.. အခု ဘာလုပ်ကြမလဲဟင် "
ဂိုဏ်းသားတစ်ယောက်က မေးလာ၏။
ချင်းဝူချုံက သူ့အား လှည့်ကြည့်ကာ ပြောလိုက်သည်။
" ဘာလုပ်ရမှာလဲကွ.. မဟာအလင်းတန်းဂိုဏ်းကို သွားရမှာပေါ့ ။ ဒီတစ်ခါတော့ တည်နေရာရွှေ့ပြောင်း အစီအမံကို မသုံးတော့ဘူး ။ လေထုကိုပဲ
ဟပြီးတော့ လေထုလမ်းကြောင်းတစ်ခု လုပ်လိုက်မယ် "
ချင်းဝူချုံက ပြောပြီးသည်နှင့် ချက်ချင်းလှုပ်ရှားပြီး လေထုကို ဟလိုက်၏။
ဤတစ်ကြိမ်တွင်ကား.. သူ တစ်ခုခု ရမှ ဖြစ်ပေမည်။
ဝုန်း..
ထို့နောက်တွင်မူ လေထု တုန်ခါသွားကာ ချင်းဝူချုံ ဦးဆောင်သော အဖွဲ့က လေထုလမ်းကြောင်းထဲ ဝင်သွားလိုက်ကြသည်။
သို့သော်.. မဟာအလင်းတန်းဂိုဏ်းသို့ ရောက်ချိန်မှာပင်.. ချင်းဝူချုံ မှင်သက်သွားရတော့သည်။
" ဒါ.. မဖြစ်နိုင်တာ... ။ ပျောင်ပိုင်မြို့က လူတွေက အဖွဲ့သုံးဖွဲ့ ခွဲထားခဲ့တာလား "
သူ ရှေ့မှ မြင်ကွင်းအား မယုံနိုင်စွာကြည့်ရင်း ရေရွတ်လိုက်၏။
သူ့ရှေ့တွင်ကား.. မဟာအလင်းတန်းဂိုဏ်း၏ ဂိတ်တံခါးကြီး မရှိတော့သလို..
တောင်များသည်ပင် မရှိတော့ပါချေ။
" ပျောင်ပိုင်မြို့က လူတွေက အဲ့လောက်ရက်စက်ပြီး တောင်ကိုပါ ရွှေ့သွားကြတာလား.. "
ချင်းဝူချုံ နည်းတူပင် ဝူလျန်နန်းတော်မှ အကြီးအကဲများလည်း အံ့သြမှင်သက်နေကြတော့၏။
ဝီ...
ထိုစဥ်မှာပင် သူတို့နောက်ရှိ လေထုလမ်းကြောင်းထဲမှ လောထျန်းနှင့် သူ့လူများ လမ်းေလျှာက်ထွက်လာကြသည်။
ချင်းဝူချုံမှာလည်း အသံကြားကြားချင်း လှည့်ကြည့်လိုက်ရာ.. လောထျန်းကို တွေ့သွားပြီး မနေနိုင်ဘဲ ပြောလိုက်၏။
" သခင်လေး လောထျန်း ၊ ဒါကရော သခင်လေးတို့ ပျောင်ပိုင်မြို့ရဲ့ လက်ချက်ပဲလားဗျ "
လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောလာသည်။
" မဟုတ်ဘူးဗျ ၊ ကျုပ်တို့ ဘာမှကို မလုပ်ရသေးတာ.. "
ချင်းဝူချုံ မျက်မှောင်ကြုံ့သွားသည်။
" ဒါဆို.. မဟာအလင်းတန်းဂိုဏ်းက ဘယ်ရောက်သွားတာလဲ "
ထိုစဥ်မှာပင် သွမ့်ချန်ချိုးနှင့် အခြားသူများလည်း လေထုလမ်းကြောင်းထဲမှ ထွက်လာကြ၏။
သူတို့မှာလည်း ရှေ့မှ မြင်ကွင်းကြောင့် အံ့သြမှင်သက်ကုန်ကြသည်။
ခဏတာမျှ တိတ်နေကြပြီးမှ သွမ့်ချန်ချိုးက စကားစလာ၏။
" သူတို့တွေက ဖျက်ဆီးခံလိုက်ရတာ မဟုတ်ဘူး... တစ်ဂိုဏ်းလုံး ကျင့်ကြံနေကြတာနဲ့ တူတယ် "
" တစ်ဂိုဏ်းလုံး ကျင့်ကြံကြတယ်... ဘယ်ကို သွားကြတာလဲ "
လောထျန်း ပြန်မေးလိုက်သည်။
သွမ့်ချန်ချိုးက ခေါင်းယမ်း၍ ပြော၏။
" အဲ့ဒါတော့ ကျုပ်လဲ မသိဘူးဗျ ။ ထျန်းယွမ်ကမ္ဘာထဲက တစ်နေရာမှာ ဖြစ်နိုင်သလို.. ဟင်းလင်းပြင်ထဲကို ထွက်ပြေးသွားတာလဲ ဖြစ်နိုင်တာပဲ "
ချင်းဝူချုံမှာလည်း ထိုစကားကို ကြားပြီးနောက် ဒေါသထွက်သွားဟန်တူကာ မေးလာသည်။
" ဒီ မဟာအလင်းတန်းဂိုဏ်းက မျိုးမစစ်ကောင်တွေက အဲ့လိုကြီး ပြေးသွားကြတာပေါ့ ။ ဒီကောင်တွေက သခင်လေးလောထျန်းရဲ့ အစွမ်းကို သတိထားမိပြီးတော့ ကြိုပြေးသွားကြတာနဲ့ တူတယ် "
ထိုစဥ် အချိန်အတန်ငယ်ကြာ တိတ်နေခဲ့သည့် သခင်ကြီးထျန်းလုံ ပြော၏။
" မဟုတ်လောက်ဘူး ၊ သူတို့တွေက သခင်လေးလောထျန်းဆီကနေ ပုန်းနေတာ မဖြစ်လောက်ဘူး.. "
" ဟင်.. ဒါဆို ဘယ်သူ့ကိုကြောက်ပြီး ပုန်းနေကြတာလဲ "
ချင်းဝူချုံတစ်ယောက် နားမလည်နိုင် ဖြစ်သွား
သည်။
သို့သော် သခင်ကြီးထျန်းလုံ ပြန်မဖြေခင်မှာပင် သွမ့်ချန်ချိုးက အသိဝင်လာဟန်ဖြင့် ပြော၏။
" သူတို့တွေက ရှေးဟောင်းနတ်ဆိုးကမ္ဘာကို ကြောက်ကြလို့နဲ့ တူတယ် "
သခင်ကြီးထျန်းလုံ ခေါင်းညိတ်ပြသည်။
" အမှန်ပဲ ။ ထျန်းယွမ်ကမ္ဘာရဲ့ ကမ္ဘာပတ်လမ်းက လမ်းကြောင်းနည်းနည်းပြောင်းသွားတော့ ထျန်းမင်ကမ္ဘာ ရောက်လာမယ့်ရက်က နောက်ကျသွားတယ်လေ ။ အဲ့ဒါကြောင့်မို့ မဟာအလင်းတန်းဂိုဏ်းက သူတွေက ရှေးဟောင်းနတ်ဆိုးကမ္ဘာ ရောက်လာရင် သူတို့ကို တိုက်ခိုက်မှာ ကြောက်ပြီးတော့.. အဲ့ဒါကိုရှောင်ဖို့ ဂိုဏ်းတစ်ခုလုံးကို ယာယီ နေရာရွှေ့ထားတာပဲ "
ဘုန်း...
စကားဆုံးအောင် နားထောင်ပြီးသောအခါ ဒေါသထွက်နေသော ချင်းဝူချုံက တောင်တစ်လုံးကို လက်သီးဖြင့်ထိုးခွဲလိုက်၏။
" ချီးကွာ.. ဒီကောင်တွေက တကယ်ကြီး ထွက်ပြေးသွားကြတာပေါ့ ။ ဘာလို့ ပြေးရတာလဲ "
သွမ့်ချန်ချိုးက ဝင်ပြောသည်။
" ထွက်ပြေးသွားတာတော့ မဟုတ်ဘူးကွ "
" ဟင်.. အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
ချင်းဝူချုံ နားမလည်နိုင် ဖြစ်သွားကာ ပြန်မေးလိုက်၏။
သခင်ကြီးထျန်းလုံက ခေါင်းညိတ်၍ ပြောသည်။
" သူ ပြောတာ မှန်တယ် ။ မဟာအလင်းတန်းဂိုဏ်း၊ ဂိုဏ်းချုပ်ကြီးရဲ့ အကျင့်စရိုက်အတိုင်းဆိုရင်.. ထျန်းမင်ကမ္ဘာ ရောက်လာတာနဲ့ သေချာပေါက် ထွက်လာပြီး ထျန်းမင်ကမ္ဘာ အလိုကျ လုပ်ပေးမှာ ။ အဲ့ကျရင် သူ့ကိုသတ်ဖို့ အခွင့်ရေး ရမှာပါ "
ချင်းဝူချုံက ထိုစကားကို ကြားမှသာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
အခြားသူများမှာမူ... ထျန်းမင်ကမ္ဘာ ဆိုသည့် စကားလုံးကို ကြားသည်နှင့် တိတ်ဆိတ်သွားကြတော့၏။
အချိန်အတန်ကြာသွားပြီးမှ သွမ့်ချန်ချိုးက မေးလာသည်။
" ထျန်းမင်ကမ္ဘာက ဘယ်တော့လောက် ရောက်လာမှာလဲ "
သခင်ကြီးထျန်းလုံ သက်ပြင်းချလိုက်၏။
" နောက်ထပ် ရက်နည်းနည်းလောက်နေရင်ကို ရောက်လာနိုင်တယ်ကွ "
နောက်ထပ် ရက်နည်းနည်းနေရင်တဲ့လား..
လောထျန်းရင်ထဲ စိုးရိမ်စိတ် ကြီးသွားရပြန်တော့သည်။
ရက်အနည်းငယ်လေးနှင့် ကြိုတင်ပြင်ဆင်ရန် မလုံလောက်ပါချေ...
" သခင်ကြီးတို့.. ကျုပ် ထျန်းမင်ကမ္ဘာပတ်လမ်းကို ပိတ်ပြီးတော့ သူတို့ ရောက်လာမှာကို တားလိုက်ရင် ကောင်းမလား "
လောထျန်း ပြောလိုက်၏။
သခင်ကြီးထျန်းလုံက အောင့်သက်သက်အပြုံးဖြင့် ပြန်ပြောရှာသည်။
" အဲ့လိုက အလုပ်မဖြစ်လောက်ဘူး သခင်လေး "
" ဘာဖြစ်လို့လဲ "
လောထျန်း နားမလည်နိုင်စွာ မေးလိုက်၏။
သခင်ကြီးထျန်းလုံ သက်ပြင်းချသည်။
" ကမ္ဘာတွေအားလုံးက ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေအရ လည်ပတ်နေတာဗျ ။ ကမ္ဘာနှစ်ခု ဆုံတာကို တားလို့မရဘူး ။ ထျန်းမင်ကမ္ဘာကို ခုတစ်ကြိမ် ခနရပ်အောင် လုပ်ထားနိုင်ရင်တောင် မကြာခင် ထပ်ရောက်လာဦးမှာပဲ ။ အဲ့တော့ သူတို့ရဲ့ ကမ္ဘာပတ်လမ်းကို အမြဲတမ်းကြီး ရပ်နေအောင် မလုပ်နိုင်သရွေ့တော့ အဲ့နည်းက အသုံးမဝင်နိုင်ဘူးဗျာ "
လောထျန်း မျက်မှောင်ကြုံ့သွား၏။
သို့သော်.. ထိုစဥ်တွင် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြောလာသည်။
" သူတို့ ရောက်လာတာကို တားလို့မရပေမယ့် နှေး
အောင်တော့ လုပ်လို့ရတယ် "
" နှေးအောင် လုပ်လို့ရတယ်.. ဟုတ်လား "
အားလုံးက သူ့အား လှည့်ကြည့်လိုက်ကြ၏။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းညိတ်၍ ပြောသည်။
" ငါ ကူညီပေးလို့ရတယ် ။ အနည်းဆုံးတော့ အခြေအနေကို တစ်လအထိ နောက်ဆုတ်ထားလို့ ရနိုင်တယ် "
လောထျန်း ခေါင်းညိတ်လိုက်၏။
" ကောင်းတယ်ဗျာ ။ ဒီ တစ်လအတွင်းမှာ ကျုပ် ထျန်းယွမ်ဓားကို ပြန်ပြင်ဖို့ နည်းရှာပြီးတော့ အစွမ်းပိုတိုးအောင် လုပ်ထားလိုက်မယ် "
သူ ထိုသို့ပြောကာ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ၊ နတ်ဆိုးနတ်ဘုရားကြီး၏ ဟင်းလင်းပြင်လက်စွပ်မှ ရခဲ့သော ထျန်းယွမ်ဓားအကျိုး တစ်ခုကို ထုတ်လိုက်သည်။
လောထျန်း ဖြစ်နေသည့် အမူအရာကိုကြည့်ရင်း ထျ
န်းယွမ်ကမ္ဘာသခင်ကြီး စိတ်ထဲမှ သက်ပြင်းကြိတ်ချမိသွား၏။
" လောထျန်းက အဲ့လောက်ကြီး အလေးနက် ဖြစ်နေတာဆိုတော့.. ကြည့်ရတာ.. ငါ ချုပ်နှောင်ခံထားရတဲ့ ကာလအတွင်း.. ထျန်းမင်ကမ္ဘာမှာ ကိစ္စကြီးတွေ ဖြစ်သွားခဲ့တယ်နဲ့ တူတယ် ။ အဲ့လိုမဟုတ်ရင် သူ အဲ့လောက်ကြီး စိုးရိမ်နေမှာ မဟုတ်ဘူး "
သူ တွေးလိုက်သည်။
" ကဲ.. ဒါဆို ငါ့ကို အရင်သွားခွင့်ပြုကြဦး ။ နောက်တစ်လနေရင် ပြန်တွေ့ကြတာပေါ့ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြောလိုက်ပြီးနောက်.. သူ့ စိတ်ဝိဥာဥ်အရိပ်က မှုန်ဝါးသွားကာ နေရာမှ ပျောက်ကွယ်သွားတော့သည် ။
" ကျုပ်လဲ သွားတော့မယ် ။ ထျန်းယွမ်ကျောင်းတော်ရဲ့ ဘိုးဘေးမြေကို သွားပြီး မှော်လက်နက် သွားတောင်းလိုက်ဦးမယ်ဗျာ ။ အဲ့ကျရင်တော့ ထျန်းယွမ်ကမ္ဘာအတွက် တိုက်ခိုက်ရေးအင်အား နည်းနည်းလေး ပိုတိုးအောင် လုပ်နိုင်လောက်မှာပါ "
သခင်ကြီးထျန်းလုံ ဆိုသည်။
" ကျုပ်တို့ ဝူလျန်နန်းတော်မှာတော့ လျှို့ဝှက်မသေမျိုးလက်နက်တွေ မရှိဘူးမို့... ဒီတစ်လအတွင်းမှာ မဟာအလင်းတန်းဂိုဏ်းကို အတတ်နိုင်ဆုံး ကြိုးစားပြီး ရှာလိုက်မယ် ။ တကယ်လို့ တွေ့ရင် ချက်ချင်း အကြောင်းကြားလိုက်မယ်ဗျာ "
ချင်းဝူချုံ ပြော၏။
" ကျုပ်လဲ မင်းနဲ့ လိုက်ခဲ့မယ် "
သွမ့်ချန်ချိုး ပြောလိုက်သည်။
ချင်းဝူချုံကလည်း အလွယ်တကူပင် သဘောတူ၏။
" ကောင်းပါပြီဗျာ ။ ဒါဆို.. နောက်တစ်လနေလို့ ထျန်းမင်ကမ္ဘာ ရောက်လာတဲ့အခါမှ အားလုံးနဲ့ ပြန်တွေ့ကြတာပေါ့ "
လောထျန်းက အားလုံးကို ဦးညွှတ်၍ ဆိုလိုက်သည်။