မသေမျိုး ဗောဓိပင်
Vol. 47 Ch. 651
ပျောင်ပိုင်မြို့၌....
ဝီ...
တည်နေရာရွှေ့ပြောင်း အစီအမံ အရောင်လက်လာကာ လောထျန်းတို့လူစု ပြန်ရောက်လာသည်။
လောထျန်းမှာ ရက်ပေါင်းများစွာကြာ ခရီးသွားခဲ့ပြီး ပြန်ရောက်ရောက်ချင်းတွင် အနားယူရန် မတွေးဘဲ လျို့ဝှက်ဒေသထဲသို့သာ တန်းသွားလိုက်၏။
လျှို့ဝှက်ဒေသထဲ ခြေချလိုက်သည်နှင့်.. ထိုနေရာရှိ စိတ်စွမ်းအင်များက မသေမျိုးစွမ်းအင်များနှင့် ရောယှက်ပြီး အလွန်သိပ်သည်းနေသည်ကို လောထျန်း ခံစားလိုက်ရသည်။
" ဟင်... "
ထိုစဥ်တွင် လောထျန်း ရုတ်တရက် တစ်ခုကို အာရုံခံမိသွားဟန်တူကာ တစ်နေရာသို့ လှမ်းကြည့်
လိုက်၏။
ထို့နောက်တွင် သူ မူလအရှုပ်အထွေးမြေ တောင်ကုန်းလေးဘေးသို့ ရောက်သွားသည်။
အစွမ်းထက်ပြီး သူနှင့်မစိမ်းသော အရောင်အဝါတစ်ခုကို သူ ခပ်ဝေးဝေးမှပင် အာရုံခံ၍ ရနေပါ၏။
လောထျန်း စိတ်လှုပ်ရှားသွားကာ နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားပြီးနောက်...
ဗောဓိပင် ရှိသည့်နေရာ၌ ပြန်ပေါ်လာသည်။
ဗောဓိပင်အား မော့ကြည့်လိုက်သော လောထျန်း၏ မျက်လုံးများက အရောင်လက်နေ၏။
ထိုစဥ်တွင် ဗောဓိပင်မှာ ယခင်လို အသွင်မျိုး မဟုတ်တော့ပါချေ ။
ပင်စည်များက ယခင်ထက်များစွာ ပိုတုတ်နေသလို... တစ်ပင်လုံးလည်း မသေမျိုးအလင်းတန်းများ တလက်လက်တောက်နေပါသည်။
ဘေးပတ်လည် တဝိုက်တွင်လည်း အသွင်ယူခါနီး စိတ်ဝိဥာဥ်များ၏ အရိပ်အမြွက်များ မြင်နေရကာ... မြင်ကွင်းတစ်ခုလုံးက မသေမျိုးကမ္ဘာတစ်ခုလိုပါပင်..
" ကြိုဆိုပါတယ် သခင်လေးလောထျန်း "
ထိုစဥ် အသံတစ်သံ ထွက်လာ၏။
လောထျန်း အသံလာရာသို့ လှည့်ကြည့်လိုက်ရာ အစိမ်းရောင် ဗောဓိစိတ်ဝိဥာဥ်က သူ့ရှေ့တွင် ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။
သူ့ကိုကြည့်ရင်း လောထျန်း တအံ့တသြ မေးလိုက်၏။
" ခင်ဗျား.. အောင်မြင်သွားပြီလား "
ဗောဓိစိတ်ဝိဥာဥ်၏ စိတ်စွမ်းအင်များ နေရာတွင် မသေမျိုးစွမ်းအင်များ အစားထိုးနေရာယူနေသည်ကို သူ မြင်နေရရာ..
သူမ အဆင့်တက်သွားပြီဆိုသည့် အဓိပ္ပါယ်ပါပင် ။
ဗောဓိစိတ်ဝိဥာဥ်က စိတ်လှုပ်ရှားစွာ ပြန်ပြောသည်။
" ဟုတ်ပါတယ် ။ သခင်လေးရဲ့ ကျေးဇူးနဲ့ ကျွန်မ လွန်ခဲ့တဲ့ ရက်ပိုင်းလေးကပဲ အဆင့်တက်သွားခဲ့တာပါ ။ မူလအရှုပ်အထွေးမြေ နဲ့ ရွှယ်ဟွမ်အစွမ်း ရဲ့ ကောင်းကျိုးတွေက ကျွန်မ ထင်ထားတာထက် ပိုအစွမ်းထက်တယ် သခင်လေးရဲ့ ။ ဒါ့ကြောင့်မို့လဲ ကျွန်မ ခန့်မှန်းထားတဲ့အချိန်ထက် ပိုစောပြီး အဆင့်တက်သွားခဲ့တာ "
" ပြီးတော့... ဒါ ကျွန်မလုပ်နိုင်တဲ့ အကန့်အသတ်ပမာဏ မဟုတ်သေးဘူးလို့လဲ ခံစားရတယ် ။ အချိန်သာ ပေးမယ်ဆို ကျွန်မ ဒီ့ထက်ပို အစွမ်းထက်လာမှာ အသေချာပဲ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" အဲ့လိုဆို ကောင်းတာပေါ့ဗျာ ။ ဒါနဲ့.. ခင်ဗျားဆီမှာ ဗောဓိသီးရော ရှိပြီလား "
မသေမျိုး ဗောဓိသီးသည်.. တာအိုအစွမ်းများ အပြည့်ပါသည့်အတွက် ကောင်းကင်ဘုံအဆင့် ၉ ထိပ်ဆုံး
သို့ ရောက်နေသော အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို ကမ္ဘာပေါ်မှမသေမျိုးအဆင့်သို့ အဆင့်တက်သွားအောင် လုပ်ပေးနိုင်ပါ၏။
၎င်းမှာ ရတနာတစ်ပါးပင်..
ဗောဓိစိတ်ဝိဥာဥ်က ခေါင်းညိတ်ပြရှာသည်။
" ရှိတာပေါ့ရှင် "
ထို့နောက် သူမ လက်ယမ်းလိုက်ရာ လောထျန်းရှေ့တွင် ဗောဓိသီးများ အပုံလိုက် ပေါ်လာ၏။
" ဒါ ပထမဆုံးအကြိမ်သီးတဲ့.. အသီးပေါင်းတစ်ရာပဲ သခင်လေး ။ နောက်တစ်ကြိမ်ကတော့ အနည်းဆုံး သုံးလလောက်နေမှ သီးမှာ "
ဗောဓိစိတ်ဝိဥာဥ်က ဆိုသည်။
" သုံးလတောင်လား "
လောထျန်း မျက်မှောင်အနည်းငယ်ကြုံ့သွား၏။
သုံးလဆိုသော အချိန်မှာ ကြာလွန်းသည်ဟု သူ ခံစားလိုက်ရသည်။
ရုတ်တရက် သူ တစ်ခုကို တွေးမိကာ ပြောလိုက်၏။
" တကယ်လို့ ကျုပ်က ခင်ဗျားကို အချိန်နဲ့နေရာဗိမာန်ထဲ ဝင်ခိုင်းပြီး အချိန်ကို မြန်မြန်ရွေ့ခိုင်းလိုက်ရင်ရော "
လောထျန်းမှာ ထိုသို့ပြောနေစဥ်တွင်လည်း စိတ်ထဲမှ ဖြစ်နိုင်ချေများကို မြင်ယောင်မိသွားသည်။
အကယ်၍ ဗောဓိပင်သာ အချိန်နဲ့နေရာဗိမာန်ထဲ ဝင်လိုက်ပါက တစ်နေ့လည်တည်းဖြင့် ဗောဓိသီးများ ထောင်ချီ၍ ရလာနိုင်သည် မဟုတ်ပါလား..
သို့ဆိုလျှင် ပျောင်ပိုင်မြို့မှ လူများအားလုံး ကမ္ဘာပေါ်မှမသေမျိုးများ ဖြစ်ကုန်ကာ.. ထျန်းမင်ကမ္ဘာနှင့် ရင်ဆိုင်ရန်အတွက် ယုံကြည်ချက် ရှိသွားပေလိမ့်မည်။
သို့သော်... မသေမျိုးဗောဓိပင်က ခေါင်းယမ်း၍ ပြန်ပြောလာ၏။
" မရဘူး သခင်လေးရဲ့... "
" ဘာဖြစ်လို့လဲ "
လောထျန်း အံ့သြသွားပါသည်။
ဗောဓိစိတ်ဝိဥာဥ်က ရှင်းပြရှာ၏။
" သခင်လေး ၊ ကျွန်မရဲ့ ဗောဓိသီးတွေက ကောင်းကင်နှင့်မြေကြီးရဲ့ အားတွေကို စုစည်းပြီးမှ ရလာတဲ့ရလဒ်ပဲ ။ မူလအရှုပ်အထွေးမြေလို ရတနာတွေက ဒီဖြစ်စဥ်ကို မြန်အောင်လုပ်ပေးနိုင်တယ် ဆိုပေမယ့်.. အကန့်အသတ်တော့ ရှိတယ် "
" ဒီတော့... စကြဝဠာကြီးရဲ့ အချိန်ကို မြန်အောင် မလုပ်နိုင်သရွေ့... ကျွန်မ အချိန်နဲ့နေရာဗိမာန်ထဲ ဝင်ရင်တောင် ဗောဓိသီးတွေ ကြီးလာဖို့ လိုတဲ့ကြာချိန်က အပြင်ကမ္ဘာနဲ့ အတူတူလောက်ပဲ ဖြစ်မှာ ။ မဟုတ်သေးဘူး.. ကျွန်မအတွက်ဆို ပိုတောင် ကြာသွားနိုင်တယ် "
ထိုစကားကို ကြားသောအခါ လောထျန်း မျက်နှာလေးငယ်သွားသည်။
" အဲ့လိုလား.. ကျုပ်က ရိုးရိုးလေး တွေးလိုက်မိတာပဲ "
ခဏမျှ ရပ်နေပြီးနောက်မှ သူ ဆက်ပြော၏။
" ခုလို ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ ။ ပြီးတော့.. ကျုပ် ခင်ဗျားကို တစ်ခုလုပ်စေချင်တာ ရှိသေးတယ် "
" ပြောပါ သခင်လေး "
ဗောဓိပင်က လောထျန်းအား တလေးတစား ပြောလိုက်သည်။
လောထျန်း ခေါင်းညိတ်လိုက်ပြီး သူ့အတွင်းကမ္ဘာငယ်ကို ဖွင့်၍ အထဲမှ မသေမျိုးဆေးပင်များ၊ စိတ်စွမ်းအင်ဆေးပင်များနှင့် ဆေးရည်များအားလုံးကို ထုတ်လိုက်၏။
" ဟင်.. ဒါက... "
ဗောဓိပင်မှာ ၎င်းကိုကြည့်ပြီး မှင်သက်သွားတော့သည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် အားလုံးမှာ ရှားပါးဆေးပင်များ ဖြစ်ကြောင်း သူမ အတပ်ပြောနိုင်ပါ၏။
ဆေးပင်အချို့ဆိုလျှင် ဗောဓိပင်လောက်နီးနီးပင်
အဖိုးတန်ပါသေးသည်။
လောထျန်းက ထိုဆေးပင်များကို ဘယ်က ရှာတွေ့ခဲ့ပါသနည်း ။
တဖက်မှ ဆေးပင်များမှာလည်း အပြင်ရောက်ရောက်ချင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
" ဟင်.. ဘာတွေ ဖြစ်နေတာလဲ ၊ ဒါ ဘယ်နေရာလဲ "
" ဒီကောင်က ငါတို့ကို သတ်တော့မှာလား "
" မဖြစ်ဘူး.. ငါ အစားမခံချင်ဘူးနော် "
ဆေးပင် စိတ်ဝိဥာဥ်တစ်စုက တစ်ပြိုင်နက်တည်း အသည်းအသန် အော်လာကြသဖြင့် လောထျန်း အာရုံနောက်သွားရသည်။
" ပါးစပ်ပိတ်ထားကြ "
သူ လေသံမာမာဖြင့် အော်လိုက်၏။
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားသည်။
လောထျန်းက ရှေ့မှ ဆေးပင်များကို ကြည့်ရင်း အေးဆေးပြောလိုက်၏။
" အခုချိန်ကစပြီးတော့.. မင်းတို့အားလုံး သူ့အမိန့်ကို နာခံရမယ် "
သူ ပြောပြောဆိုဆိုပင် ဗောဓိစိတ်ဝိဥာဥ်အား လက်ညိုးထိုးပြလိုက်သည်။
ဆေးပင်စိတ်ဝိဥာဥ်အုပ်မှာ ဗောဓိစိတ်ဝိဥာဥ်အား လှည့်ကြည့်ပြီး မတူညီသော မျက်နှာထားကိုယ်စီ ဖြစ်သွားကြသည်။
သူတို့ထဲမှ အဖြူရောင်ဝတ်စုံနှင့် မသေမျိုးဆေးပင်လူကြီးက တအံံ့တသြ ရေရွတ်၏။
" မသေမျိုးဗောဓိပင်ပါလား... ဒါ.. ဘယ်လိုဖြစ်နိုင်မှာလဲ "
လောထျန်းက သူ့ဘက်လှည့်ကြည့်ကာ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
" ဘာဖြစ်လို့လဲ "
အဝတ်ဖြူ မသေမျိုးဆေးပင် မျက်နှာထားအနည်းငယ် ပြောင်းသွားကာ ပြောသည်။
" သခင်ကြီး မသိဘူးလား... ။ ဒဏ္ဍာရီတွေထဲမှာ ပြောထားတာတော့.. ကောင်းကင်နဲ့မြေကြီးကြားမှာ သိဒ္ဓိဝင်သစ်ပင် ၇ ပင်ရှိတယ်တဲ့ ။ အဲ့ထဲမှာ ဗောဓိပင်လဲ အပါအဝင်ပေါ့ဗျာ ။ ဒါပေမယ့် အဲ့ဗောဓိပင်က မတော်တဆ တစ်ခုကြောင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို စော်ကားမိသွားခဲ့တယ်လို့ ပြောတယ် ။ နောက်တော့.. အကျိုးဆက်အနေနဲ့ ဗောဓိပင်က ဖျက်ဆီးခံလိုက်ရရုံမကဘူး.. ဟို အစွမ်းထက်ပုဂ္ဂိုလ်ကြီးက ဗောဓိပင်ရဲ့ မျိုးဆက်ကိုပါ ဖြတ်တောက်ပစ်ခဲ့တယ်တဲ့ "
" အဲ့ချိန်ကစပြီး ကမ္ဘာပေါ်မှာ သိဒ္ဓိဗောဓိပင် ပေါ်မလာနိုင်တော့သလို.. မသေမျိုးဗောဓိပင်တွေလဲ ကျိန်စာမိထားခဲ့ကြတယ် ။ တကယ့်ကို ထူးခြားတဲ့ အခြေအနေမျိုးမှာမှ မသေမျိုးဗောဓိပင် ပေါ်လာနိုင်တာ ။ အဲ့လို ပေါ်လာပြီးရင်တောင် အကြောင်းမျိုးစုံနဲ့ သေကြရတာများတယ် "
သူ ထိုသို့ပြောပြီး ဗောဓိပင်အား မယုံနိုင်သည့်
မျက်နှာဖြင့် လှမ်းကြည့်လိုက်ပြန်သည်။
လောထျန်းမှာလည်း ထိုအကြောင်းကို ယခုမှသာ ပထမဆုံးကြားဖူးခြင်း ဖြစ်ကာ ဗောဓိပင်ဘက် လှည့်ကြည့်၍ မေးလိုက်သည်။
" ခင်ဗျားရော အဲ့အကြောင်းတွေ သိထားလား "
ဗောဓိစိတ်ဝိဥာဥ်က ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြန်ပြော၏။
" ကျွန်မ ငယ်ငယ်တုန်းကတော့ အဲ့လို ကောလဟာလတွေ နည်းနည်းကြားဖူးတယ် ။ ဒါပေမယ့် အဲ့ချိန်တုန်းက ကျွန်မရဲ့ စိတ်စွမ်းအင်အသိဉာဏ် မနိုးထသေးတော့.. သေချာ မမှတ်မိဘူး "
တဖက်မှ အဝတ်ဖြူ မသေမျိုးဆေးပင်ကလည်း ခဏတာမျှ ငြိမ်နေပြီးနောက် ဝင်ပြောသည်။
" မင်း.. အဆင့်တက်ပြီး မသေမျိုးဗောဓိပင် ဖြစ်လာပြီးတဲ့နောက်မှာ ပုံမှန်မဟုတ်တဲ့အရာမျိုး သတိထားမိလား "
ဗောဓိစိတ်ဝိဥာဥ်က အချိန်အတန်ငယ်ကြာ စဥ်းစားကာ ပြန်ဖြေ၏။
" ရှိတယ်.... ကျွန်မ အဆင့်တက်သွားတဲ့နေ့က ဟင်းလင်းပြင်ထဲက တစ်ယောက်ယောက် ကျွန်မကို စောင့်ကြည့်နေသလို ခံစားလိုက်ရတယ် ။ အဲ့လူက ကျွန်မကို တိုက်ခိုက်ချင်တဲ့ပုံပဲ ။ ဒါပေမယ့် နောက်တော့ ဘာအကြောင်းကြောင့်မှန်း မသိပဲ သူ ပြန်ပျောက်သွားတယ် "
အဝတ်ဖြူမသေမျိုးဆေးပင် ခေါင်းညိတ်လိုက်သည်။
" အဲ့ဒါပဲ ... မင်းက ဘယ်သူမှန်းမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ပစ်မှတ်ထားတာကို ခံနေရပြီ ။ ဒါပေမယ့်... တဖက်က ဘာလို့ မတိုက်ခိုက်ခဲ့လဲ ဆိုတာတော့ ငါ နားမလည်ဘူး "
လောထျန်း မျက်မှောင်ကြုံ့သွား၏။
" အဲ့ဒါ ဘယ် အလေအလွင့်ကောင်လဲ။ ဒီကောင်ကများ ငါ့ပိုင်နက်ကို စောင့်ကြည့်ရဲနေတယ်ပေါ့လေ "
သူ ထိုသို့ပြောပြီး မသေမျိုးဗောဓိပင်ကို လှည့်ကြည့်လိုက်သည်။
" ခင်ဗျားက လောလောဆယ်မှာ အဆင့်တက်ဖို့ကိုပဲ အာရုံစိုက်ပါ ။ နောက်တစ်ခါ အဆင့်တက်ခါနီးကျ
ရင် ကျုပ်ဆီ သတင်းပို့လိုက်.. ကျုပ် လာခဲ့မယ် ။ ခင်ဗျားကို ဘယ်ကောင်က ဝင်ရှုပ်ရဲတာလဲဆိုတာ အဲ့ကျ ကြည့်တာပေါ့ "
" ဟုတ်ကဲ့ပါ သခင်လေး "
ဗောဓိစိတ်ဝိဥာဥ်က ဦးညွှတ်၍ ဆိုရှာသည်။
လောထျန်းသာ ဘေးတွင်ရှိပါက သူမအား မည်သူကမှ ထိခိုက်အောင် မလုပ်နိုင်သည်ကိုလည်း သူမ ယုံပါသည်။
ထိုစဥ်တွင် တဖက်မှ ဆေးပင်စိတ်ဝိဥာဥ် တစ်ယောက်က ရုတ်တရက် ဆောင့်ကြောင့်ထိုင်ချ၍ မြေလက်တစ်ဆုပ်ကို ကောက်ယူကာ ပြောလာ၏။
" ဒါက... ဘာလို့ မူလအရှုပ်အထွေးမြေနဲ့ တူနေရတာလဲ.. ။ မဟုတ်သေးဘူး... ဒါ.. မူလအရှုပ်အထွေးမြေပဲ "
" မူလအရှုပ်အထွေးမြေ.. ဟုတ်လား.. "
ဆေးပင်စိတ်ဝိဥာဥ်များအားလုံး ချက်ချင်း ဝရုံးသုန်းကား ဖြစ်ကုန်ကြ၏။