← Chapters

အားလုံး အဆင့်တက်ခြင်း

Vol. 47 Ch. 653

အားလုံး အဆင့်တက်ခြင်း

Vol. 47 Ch. 653

လောထျန်း ခေတ္တမျှ စဥ်းစားပြီးမှ ပြန်ပြောလိုက်သည်။

" သတ်တော့မသတ်နဲ့ပေါ့... ပြီးတော့ ဒုက္ခိတဖြစ်သွားအောင်လဲ မလုပ်နဲ့ "

မိုယွိက အပြုံးဖြင့် ပြန်ပြောသည်။

" အဲ့ဒါကိုတော့ စိတ်မပူပါနဲ့ "

လောထျန်းမှာ သူမ၏ မျက်နှာထားကိုကြည့်ရင်း ကျောချမ်းသွားသလိုပါပင်...

ပျောင်ပိုင်မြို့သားများကိုလည်း သူ စိတ်ပူမိသွား၏။

သို့သော်... သူတို့ ထျန်းမင်ကမ္ဘာနှင့် မကြာမီ ရင်ဆိုင်ရမည်ဖြစ်ရာ... အခြား ရွေးချယ်စရာလည်း ရှိမနေပါ ။

ထို့နောက်တွင်မူ လောထျန်း တည်နေရာရွှေ့ပြောင်းပြီး နောက်တစ်နေရာသို့ ရောက်သွားသည်။

သူ... ဝိဥာဥ်ကိုးသွယ် နတ်ဆိုးမီးတောက် ၊ ရှောက်ကျို့အား ထုတ်လိုက်၏။

" အတိုချုံ့ပြီး ပြောရရင်တော့ ထိပ်တန်းအဆင့် စိတ်ဝိဥာဥ်သခင်ကြီးတွေ ဖြစ်လာအောင် မင်းအနေနဲ့ ကူပြီး လေ့ကျင့်ပေးစေချင်တယ် "

လောထျန်းက တန်းပြောလိုက်သည်။

" ဟုတ်ကဲ့ပါ သခင်လေး ။ ကျွန်မ စိတ်ဝိဥာဥ်နတ်ဆိုးမီးတောက်တွေ ထုတ်ပေးပါ့မယ် "

ရှောက်ကျို့ ပြန်ပြော၏။

လောထျန်း ခေါင်းယမ်းလိုက်သည်။

" အဲ့လောက်နဲ့ မလုံလောက်ဘူး ။ မင်းကို သူတို့ အဲ့မီးတောက်တွေ သန့်စင်တဲ့နေရာမှာပါ ကူညီစေချင်တာ "

စိတ်ဝိဥာဥ်နတ်ဆိုးမီးတောက်သည် သူ့လူများ၏ စိတ်ဝိဥာဥ်အစွမ်းကို တိုးတက်အောင် အမှန်တကယ် ကူညီနိုင်သည်မှန်း သူ သိပါ၏။

သို့သော်.. ၎င်းကို သန့်စင်ရသည်မှာ ထင်သလောက်

မရိုးရှင်းလှပါချေ။

အဆင့်မြင့် စိတ်ဝိဥာဥ်နတ်ဆိုးမီးတောက်များကို ဆိုလျှင် အချိန်အတန်ကြာ ယူ၍ပင် သန့်စင်ရပါသည်။

တဖက်မှ ရှောက်ကျို့က ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြန်ပြော၏။.

" တခြားသူတွေကို စိတ်ဝိဥာဥ်နတ်ဆိုးမီးတောက် သန့်စင်တာပါ ကူညီပေးရမှာလား.. ။ အဲ့ဒါ အချိန်အရမ်းကုန်ပြီး အစွမ်းလဲ အများကြီးသုံးရတဲ့အလုပ် သခင်လေးရဲ့ ။ ကျွန်မက ဓားသိုင်းကိုလဲ လေ့ကျင့်ရဦးမှာ... "

ထိုစကားကို ကြားသောအခါ လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကောင်းပါပြီ ၊ ကျုပ် နားလည်ပါတယ် " .

သူ ပြောပြီး နောက်လှည့်ထွက်ရန် ပြင်လိုက်၏။

သို့သော် ... ထိုစဥ် သူ့လက်ထဲ၌ ဓားတစ်လက် ပေါ်လာပါသည်။

၎င်းမှာ ဝိဥာဥ်ကိုးသွယ် နတ်ဆိုးဓားပင်..

ထိုဓား ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ထွက်လာကာ ပတ်ဝန်းကျင်လေထုလည်း မငြိမ်မသက် ဖြစ်လာ၏။

ရှောက်ကျို့မှာလည်း ဓားကို မြင်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

သူမ လက်ဆန့်ထုတ်၍ လောထျန်းအား တားရန် ပြင်လိုက်သော်လည်း... စကားစရန် အလွန်ရှက်နေပါ၏။

သို့သော်.. ထိုစဥ်တွင် လောထျန်းက သူမဘက်လှည့်ကာ မထူးခြားဟန်ဖြင့် ပြောလာသည်။

" ဒါဆို... စိတ်ဝိဥာဥ်နတ်ဆိုးမီးတောက်ကို သန့်စင်တဲ့နေရာမှာ ကူညီပေးနိုင်မယ့် တခြားတစ်ယောက်ကို ရှာရတော့မှာပေါ့ ။ အဲ့လိုလုပ်ပေးတဲ့ အဖိုးအခအနေနဲ့ ဒီဓားကို ဘယ်သူ လက်ခံချင်မလဲ မသိဘူး "

လောထျန်း ထိုသို့ပြောကာ နောက်ပြန်လှည့်ပြီး ထွက်သွားလိုက်သည်။

ရှောက်ကျို့မှာ ဆက်ပြီး ရှက်မနေနိုင်တော့ပါချေ..

" ခဏနေပါဦး ... ကျွန်မ... ကျွန်မ လုပ်ပေးပါ့မယ် "

သူမ အော်ပြောလိုက်၏။

" အင် .. "

လောထျန်းက သူမဘက် ပြန်လှည့်လာပြီး တအံ့တသြဟန်ဖြင့် မေးလိုက်သည်။

" မင်းက ဓားသိုင်း လေ့ကျင့်ရဦးမှာဆို... "

ရှောက်ကျို့ အသက်ပြင်းပြင်း ရှိုက်လိုက်ရသည်။

" ဓားသိုင်းက နောက်မှ အေးဆေးလေ့ကျင့်လို့ရတယ်လေ ။ အခု သခင်လေးလောထျန်းကို တာဝန်ထမ်းဆောင်ဖို့က အရေးကြီးဆုံးအရာပဲ ။ ဘာမှ စိတ်မပူနဲ့ သခင်လေး.. ကျွန်မဆီမှာ စိတ်ဝိဥာဥ်နတ်ဆိုးမီးတောက်ကို သန့်စင်နိုင်တဲ့ ထူးခြားတဲ့နည်းတွေရှိတယ် "

ထိုသို့ ပြောပြီးသည်နှင့် သူမ၏ မျက်လုံးအကြည့်က လောထျန်းလက်ထဲမှ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးဓား ဆီ ရောက်သွား၏။

" အင်.. အဲ့လိုဆို မင်းအတွက် မတရားရာ ကျသွားမလား "

လောထျန်း ထပ်မေးလာသည်။

" လုံးဝ မဖြစ်ဘူး.. "

ရှောက်ကျို့က လောထျန်းလက်ထဲရှိ ဓားဆီမှ အကြည့်မခွာဘဲ ပြန်ပြော၏။

" ကောင်းပြီလေ ၊ ဒါဆိုလဲ အဲ့ကိစ္စကို မင်းကိုပဲ တာဝန်ပေးထားလိုက်မယ် "

လောထျန်း အပြုံးဖြင့်ပြောကာ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးဓားအား သူမထံ ပစ်ပေးလိုက်သည်။

ချွှင်...

နတ်ဆိုးဓားက ရှောက်ကျို့ရှေ့ရှိ မြေပြင်တွင် စိုက်ကျသွား၏။

" အဲ့ဒါ မင်းအတွက် ဆု "

လောထျန်း ပြောသည်။

" ကျေးဇူးတင်ပါတယ် သခင်လေး "

ရှောက်ကျို့မှာကား စိတ်လှုပ်ရှားလွန်း၍ အသက်ရှူပင် မမှန်တော့ပါ ။

ထိုစဥ်တွင် တဖက်မှ လောထျန်းမှာ သူမရှေ့မှ ပျောက်ကွယ်သွား၏။

တခဏအကြာ... ဆုမီတောင်၌....

ဝုန်း..

အစွမ်းထက် အရောင်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ဆုမီတောင်ပေါ်တွင် ရှိနေသော သားရဲကြီးများအားလုံးလည်း ၎င်းကို အာရုံခံမိသွားကာ တောင်ထိပ်သို့ ချက်ချင်း ရောက်လာကြ၏။

" တွေ့ရတာ ဝမ်းသာပါတယ် သခင်လေးလောထျန်း "

နတ်ဆိုးသားရဲ တစ်စုက လောထျန်းရှေ့ ဒူးထောက်လိုက်ကြသည်။

လောထျန်းက အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီး ခေါင်းအသာညိတ်လိုက်၏။

သူ့ရှေ့မှ သားရဲများအားလုံးမှာ ယခင်ထက် ကျင့်ကြံခြင်းအဆင့် များစွာ တိုးတက်နေကြလေပြီ ။

သူတို့အားလုံး ကြားထဲတွင် ကြိုးကြိုးစားစား ကျင့်ကြံထားကြသည်မှာ အသိသာပါပင် ။

" သိပ်ကောင်းတယ် ။ မင်းတို့အားလုံး ကြိုးစားကျင့်ကြံထားတဲ့အတွက်.. ဒီတစ်ခေါက် အားလုံးကို ဆုချမယ် "

လောထျန်း ပြောကာ အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်ကို ထုတ်၍ ခွက်အပြည့် လောင်းထည့်လိုက်သည်။

" ကျင်းဖန် .. မင်းနဲ့ပဲ စလိုက်ကြတာပေါ့ "

လောထျန်းပြောကာ သူ့ စီးတော်ယာဥ် ၊ ဘုရင်ကြီး ကျင်းဖန်အား ကြည့်လိုက်သည်။

" ဟုတ်ကဲ့ပါ သခင်လေး "

တဖက်မှ ဘုရင်ကျင်းဖန်မှာ လောထျန်းဆိုလိုသည့်

အဓိပ္ပါယ်ကို နားမလည်သည့်တိုင် ရှေ့တိုးလိုက်၏။

" ဒါကို သောက်လိုက် "

လောထျန်း ပြောလိုက်သည်။

ဘုရင်ကျင်းဖန်က တွန့်ဆုတ်နေခြင်း အလျဥ်းမရှိဘဲ ခွက်ကို ချက်ချင်းယူ၍ မော့သောက်လိုက်၏။

ကျန်သားရဲကြီးများ အားလုံးလည်း သူ့အား လှည့်ကြည့်လိုက်ကြသည်။

ထိုစဥ်မှာပင်..

ဝုန်း...

ဘုရင်ကျင်းဖန်၏ ကိုယ်ထဲမှ သွေးများ ရုတ်ချည်း ဆူပွက်လာကြ၏။

သူ့ခန္ဓာကိုယ်လည်း စတင်ပြောင်းလဲလာသည်။

" ဘာတွေဖြစ်.... "

ဘုရင်ကျင်းဖန်က သူ့ကိုယ်သူ ငုံ့ကြည့်လိုက်ပြီး

နောက်.. သူ့ အသွင်အမှန်သို့ ပြောင်းလိုက်၏။

ဝုန်း..

ပေတစ်ရာခန့် အရွယ်အစားရှိသော ရွှေရောင်ငှက်ကြီးတစ်ကောင် လေထဲ ပျံဝဲသွားသည်။

ထိုငှက်ကြီးဆီမှ ကြောက်မက်ဖွယ် အရောင်အဝါလည်း ထုတ်လွှတ်နေ၏။

သူ့အသွင်မှာ ရှေးခေတ်မှ ထူးဆန်းသော သားရဲကြီးတစ်ကောင်လိုပါပင်

" ဒါ... "

၎င်းကိုကြည့်နေသော နျိုဝူဖုန်း၏ မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ အပြည့် ...

ဘုရင်ကျင်းဖန်၏ သွေးအစွမ်းက များစွာ အစွမ်းတိုးသွားသည်ကို သူ ခံစားနေရသည် မဟုတ်ပါလား..

ယခင်ကဆိုလျှင် ဘုရင်ကျင်းဖန်၏ ကိုယ်ထဲ၌ နတ်ဘုရားသွေး အနည်းငယ်လေးမျှသာ ရှိပါသည်။

ထို့နောက်တွင် လောထျန်းပေးသော ကောင်းကင်ဘုံနဂါးသွေး၏ ကျေးဇူးဖြင့် အဆင့်တက်လာသည့်တိုင်.. အလွန်ဆုံးမှ နတ်ဘုရားသားရဲအဆင့်သာ ရှိခဲ့ပါ၏။

ယခုတွင်ကား... ဘုရင်ကျင်းဖန်ဆီမှ ထွက်နေသည့် ဖိအားမှာ ထိပ်တန်းအဆင့် နတ်ဘုရားသားရဲထက်ပင် သာနေလေပြီ ။

" ကျေးဇူးတင်ပါတယ် သခင်လေး.. "

ဘုရင်ကျင်းဖန်မှာလည်း ထိုအပြောင်းအလဲများကို သတိထားမိကာ စိတ်လှုပ်ရှားစွာ အော်ပြောလာသည်။

တဖက်မှ နျိုဝူဖုန်းက အားကျသည့် မျက်လုံးများဖြင့် မေးလာ၏။

" သခင်လေး ၊ အဲ့ဒါ ဘာဆေးရည်လဲဗျ.. "

လောထျန်းက မည်သို့မှ ရှင်းပြမနေဘဲ သူ့အတွက် ဆေးရည်တစ်ခွက် လောင်းထည့်ပေးလိုက်သည်။

" သောက်လိုက် "

လောထျန်း ပြော၏။

အမှန်တွင်မူ.. လောထျန်း မပြောရသေးခင် ကတည်းကပင် နျိုဝူဖုန်းမှာ ဆေးရည်အား သောက်ချင်လှပြီဖြစ်သည်။

သူ ချက်ချင်းပင် ခွက်ကိုယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။

ဝုန်း..

ထို့နောက်.. သူ့ အသွင်အမှန် ပေါ်လာသည်။

သူကမူ နျိုထျဲ့ချူလို မဟုတ်ဘဲ.. နွားခေါင်းနှင့် ဆယ်ပေကျော်မြင့်သော ဧရာမလူကြီးတစ်ယောက် ဖြစ်သွားပါ၏။

သူ့တစ်ကိုယ်လုံးတွင်လည်း ကိုးရောင်ခြယ် မသေမျိုးအလင်းတန်းများ လင်းလက်နေကာ အားပြင်းလှသော အစွမ်းတစ်ခု ထုတ်လွှတ်နေသေးသည်။

" မင်းက မသေမျိုးအဆင့်ကို မရောက်ခင်မှာတောင်

မသေမျိုးအစွမ်းတွေနဲ့ လွှမ်းခြုံခံနေရပြီပဲ ၊ ကောင်းတယ်ကွာ "

လောထျန်း ခေါင်းအသာညိတ်လိုက်၏။

ထိုစဥ် တဖက်မှ ကျန်သားရဲများမှာလည်း လောထျန်းအား စိတ်အားထက်သန်စွာ ကြည့်လာကြသည်။

" လာ.. နောက်တစ်ယောက် "

လောထျန်းက အပြုံးဖြင့် ဆို၏။

အမြီးခြောက်ချောင်း မြေခွေး ရှေ့ထွက်လာကာ ဆေးရည်အား တစ်ကျိုက်တည်း သောက်လိုက်ပြန်သည်။

ဝုန်း..

ပြီးနောက်တွင်မူ.. လောထျန်းရှေ့၌ အမြီးကိုးချောင်း ကောင်းကင်ဘုံမြေခွေးတစ်ကောင် ပေါ်လာ၏။

" ဟား ဟား.. ကျုပ်က မြေခွေးမျိုးနွယ်စုထဲမှာ ထိပ်တန်းအဆင့်ဖြစ်တဲ့ အမြီးကိုးချောင်း

ကောင်းကင်ဘုံမြေခွေးအဆင့်ကို ရောက်သွားပြီ "

ယခင် အမြီးခြောက်ချောင်း မြေခွေး ၊ ယခု အမြီးကိုးချောင်း ကောင်းကင်ဘုံမြေခွေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထို့နောက်တွင်..

ဝုန်း ...

အစိမ်းရောင် မီးတောက်များ လွှမ်းခြုံနေသော ခြသေ့်ကြီးတစ်ကောင် လောထျန်းရှေ့ ပေါ်လာပြန်၏။

" မိုးပြာမီးတောက်.. ဒါ မိုးပြာမီးတောက် ခြသေ့်ကြီးလား.. ဒါ တကယ့်ဒဏ္ဍာရီကျော် သွေးအစွမ်းပဲ.. "

" လျှို့ဝှက်ဆန်းကြယ် ရေခဲငှက်... ကျွန်မ.. လျှို့ဝှက်ဆန်းကျယ် ရေခဲငှက်အဖြစ် အဆင့်တက်သွားပြီ... "

......

လောထျန်းပေးသည့် အသွင်ပြောင်းကိုးသွယ်

နတ်ဆိုးဆေးရည်ကို သောက်ပြီးနောက် သားရဲကြီးများ အားလုံး၏ သွေးအစွမ်း များစွာပင် အဆင့်တက်ကုန်ကြတော့သည်။

လောထျန်းရှေ့ နောက်ဆုံးရောက်လာသူမှာ.. အရိုးဖြူပညာရှိပင် ။

သူ နတ်ဆိုးဆေးရည်အား သောက်လိုက်ပြီးနောက်တွင်ကား... သူ့တစ်ကိုယ်လုံး အမည်းရောင်စွမ်းအင်များဖြင့် ရုတ်ချည်းပြည့်လာ၏။

ဝုန်း..

သူ့အသွင်အမှန်သို့ ပြောင်းပြီးချိန်တွင်မူ.. ထိုလူကြီးက အရွယ်အစား များစွာကြီးလာကာ ဧရာမ အရိုးစုကြီးတစ်ခု ဖြစ်နေလေပြီ ။

" မဆိုးဘူး ၊ အားလုံး ကြည့်ကောင်းကြတယ် "

လောထျန်းက ၎င်းကိုကြည့်ကာ ခေါင်းအသာညိတ်လိုက်သည်။

" ကျေးဇူးတင်ပါတယ် သခင်လေး "

သားရဲများအားလုံး လောထျန်းရှေ့ ဒူးထောက်ကာ ဦးညွှတ်အရိုအသေ ပေးလိုက်ကြ၏။

သူတို့အားလုံးသည် နတ်ဆိုးသားရဲများ ဖြစ်သည့်အတွက်.. ကျင့်ကြံခြင်းအဆင့်တက်ရန် လွယ်သည့်တိုင် သွေးအစွမ်း တိုးတက်ရန်မှာ မလွယ်လှကြောင်း သိကြသည် မဟုတ်ပါလား..

အခွင့်ကောင်းကြီး တစ်ခု မရှိပါဘဲလျှက် သူတို့အတွက် သွေးအစွမ်း အဆင့်တက်ရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ ။

ထိုစဥ် လောထျန်းက ရုတ်တရက် ထရပ်ကာ လက်ယမ်းပြီး သားရဲ တစ်ကောင်စီ၏ ရှေ့သို့ ဗောဓိသီး တစ်လုံးစီ ပစ်ပေးလိုက်သည်။

" သိပ်မကြာခင် အချိန်နဲ့နေရာဗိမာန်ဖွင့်မှာ.. အဲ့ကျရင် အားလုံးသွားပြီး ကျင့်ကြံကြပါ။ ငါ့ဘက်က တစ်ခုတော့ တောင်းဆိုချင်တယ် ။ တကယ်လို့.. တစ်လအတွင်း ကမ္ဘာပေါ်ကမသေမျိုးအဆင့်ကို မရောက်ဘူးဆိုရင်... ငါ့ကို ထပ်လာမတွေ့နဲ့တော့ "

လောထျန်း အေးစက်စက် ပြောလိုက်၏။

All Chapters