← Chapters

အန္တရာယ်များလှသော ကြယ်စင်သန့်စင်ကမ္ဘာ

Vol. 47 Ch. 656

အန္တရာယ်များလှသော ကြယ်စင်သန့်စင်ကမ္ဘာ

Vol. 47 Ch. 656

" ဒီအကွက်က.. ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်ကိုတောင် စက္ကန့်ပိုင်းလေးအတွင်း သတ်ပစ်နိုင်တယ် ။ မူလမသေမျိုးလက်နက်ရဲ့ အစွမ်းဆိုတာ.. ဒါလား.. ။ ကြောက်စရာကောင်းလိုက်တာ "

ပန်းလင် စိတ်ထဲ တွေးမိလိုက်သည်။

" ဒါပေမယ့်.. အဲ့ထက် ပိုကြောက်စရာကောင်းတာ လောထျန်းပဲ... "

သူမ တစ်ဆက်တည်း လောထျန်းကိုကြည့်ရင်း ကျောချမ်းသွား၏။

ထိုလူမှာ ကျင့်ကြံခြင်းတွင်သာ ပါရမီထူးရုံမက..

လက်နက်သန့်စင်ခြင်းတွင်လည်း ကြောက်စရာကောင်းလှပါတကား..

ထိုလက်နက်၏ ရုပ်ဆိုးခြင်းလေး တစ်ခုတည်းသာ ပြောစရာရှိပါသည် ။

မဟုတ်သေးပါ.... ထိုလက်နက်၏ ရုပ်သွင်ကလည်း ကြောက်စရာပါပင်..

၎င်းက အခြားလက်နက်များ အားလုံးထက် ရုပ်ဆိုးလွန်းလှသည် မဟုတ်ပါလား..

တဖက်မှ လောထျန်းမှာမူ သူမ တွေးနေသည်ကို အလျဥ်းမသိဘဲ လက်နက်များကို ဆက်သန့်စင်နေ၏။

အတွေ့အကြုံလည်း အတန်အသင့် ရှိသွားပြီဖြစ်သဖြင့် သူ လက်နက်သန့်စင်သည့် နှုန်းမှာလည်း ပိုမြန်လာသည်။

သို့သော်.. လောထျန်း တစ်ခု သတိမထားမိသည်မှာ သူ လက်နက်တစ်ခုကို သန့်စင်ပြီးသွားတိုင်း ကံကောင်းမှု အမျှင်တန်းတစ်ခုက သူ့ဟင်းလင်းပြင်လက်စွပ်ထဲ ဝင်သွားပြီး မြေပုံတစ်ခုဆီသို့ ပျံသန်းသွားခြင်းပင်...

ဤသို့ဖြင့် နာရီအနည်းငယ် ကြာပြီးနောက်တွင်ကား.. လောထျန်းရှေ့မှ လက်နက်အကျိုးအပဲ့များ

ကုန်သွားပြီး...

ရုပ်ဆိုးလှသည့် မူလမသေမျိုးလက်နက် ဆယ့်ရှစ်ခုက နေရာယူထားတော့၏။

၎င်းကို ဘေးမှကြည့်နေသည့် ပန်းလင်မှာ မူးနောက်နောက်ပင် ဖြစ်သွားရသည်။

" တကယ်ကြီး အောင်မြင်သွားခဲ့တာလား ။ ပြီးတော့.. အားလုံးကလဲ မူလမသေမျိုးလက်နက်တွေချည်းပဲ.. "

သူမ တအံ့တသြ ရေရွတ်လိုက်သည် ။

လောထျန်းကမူ ရှေ့မှ လက်နက်များကိုကြည့်ကာ ခေါင်းယမ်းရင်း သက်ပြင်းချ၏။

" ကျုပ်တို့ဆီမှာ လိုအပ်တဲ့ပစ္စည်းတွေ လုံလောက်အောင် မရှိတာ စိတ်မကောင်းစရာပဲ "

သို့သော်.. သူ သက်ပြင်းချလိုက်စဥ်မှာပင်..

ဝီ...

သူ့ဟင်းလင်းပြင်လက်စွပ်က ရုတ်တရက် အရောင်လက်လာသည်။

" ဟင်... "

လောထျန်း အံ့အားသင့်သွားပြီး လက်စွပ်အား ငုံ့ကြည့်လိုက်၏။

ထိုစဥ်မှာပင် လက်စွပ်ထဲမှ အလင်းတန်းတစ်ခု ထွက်လာကာ လောထျန်းအား လွှမ်းခြုံလာသည်။

" ဒါက... "

လောထျန်း ခဏတာမျှ မှင်သက်နေပြီးနောက် သူ့ဘေးရှိ လေထုက ရုတ်တရက်ပြောင်းလဲလာသည်ကို ခံစားလိုက်ရသည်။

ထို့နောက်တွင်... သူ ပြောင်ရှင်းနေသော နေရာတစ်ခုဆီ ရောက်သွား၏။

" ဒါ.. ဘယ်နေရာ... "

လောထျန်းမှာ ဘေးဘီသို့ လှည့်ကြည့်ရင်း နားမ

လည်နိုင် ဖြစ်သွားသည်။

ထိုစဥ်မှာပင်..

ဝီ.... ဝီ... ဝီ...

သူ့ဘေး၌ အလင်းတန်းများ ရုတ်တရက် လက်လာကြပြီး...

မရေမတွက်နိုင်သော လူများစွာပင် သူ့နည်းတူ တည်နေရာရွှေ့ပြောင်း ရောက်လာကြသည်။

" ဟင်.. ဒါ ဘယ်နေရာလဲ ။ ငါ ဘာလို့ ဒီကိုရောက်နေတာလဲ "

သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ဘေးဘီသို့ လှည့်ကြည့်ရင်း အလန့်တကြား ပြောလိုက်သည်။

" ဒါ.... ကြယ်စင်သန့်စင်ကမ္ဘာလား ... ။ ဟား ဟား.. တကယ်ကြီးကို ကြယ်စင်သန့်စင်ကမ္ဘာပဲကွ ... "

ဆံပင်ဖြူနှင့် အဘိုးအိုတစ်ယောက်က ရုတ်တရက်

ဝမ်းသာအားရ အော်ပြော၏။

" ကြယ်စင်သန့်စင်ကမ္ဘာ.... "

ထိုအမည်ကို ကြားဖူးနေသကဲ့သို့ လောထျန်း ခံစားလိုက်ရသည်။

ထို့နောက်တွင်.. သူ ရုတ်တရက် သတိရသွားကာ လက်ယမ်း၍ ဟင်းလင်းပြင်လက်စွပ်ထဲမှ မြေပုံတစ်ခုကို ဆွဲထုတ်လိုက်သည်။

၎င်းမှာ သူ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ ရခဲ့သည့် ကြယ်စင်သန့်စင်ကမ္ဘာ မြေပုံပင်..

သူ ထိုမြေပုံကို ရခဲ့စဥ်က ၎င်းမှာ ကြယ်စင်သန့်စင်ကမ္ဘာသို့ ဝင်နိုင်သည့် သော့ဟု တဖက်လူ ပြောခဲ့ပါ၏။

ကြယ်စင်သန့်စင်ကမ္ဘာဆိုသည်မှာ လက်နက်ပြုလုပ်သည့် ပစ္စည်းများ ပေါကြွယ်ဝလှသော ကမ္ဘာငယ်တစ်ခုဟုလည်း ပြောခဲ့သေးသည်။

လောထျန်း ချက်ချင်း ဝမ်းသာသွားရ၏။

သူ လက်နက်သန့်စင်ရန်အတွက် ပစ္စည်းများ မရှိတော့၍ စိုးရိမ်နေချိန်၌.. ကြယ်စင်သန့်စင်ကမ္ဘာက အမှန်တကယ် ပွင့်သွားခဲ့လေပြီ ။

" ဟင်... ကြယ်စင်သန့်စင်ကမ္ဘာ... အဲ့ဒါဘာလဲ "

သက်လတ်ပိုင်းအရွယ် လူကြီးက နားမလည်ဟန်ဖြင့် မေးလာသည်။

အားလုံးက သူ့အား လှည့်ကြည့်လိုက်ကြ၏။

အဘိုးအိုတစ်ယောက်က မျက်မှောင်ကြုံ့၍ ပြန်ပြောသည်။

" ကောင်လေး ၊ မင်းက ကြယ်စင်သန့်စင်ကမ္ဘာဆိုတာ ဘာမှန်းတောင် မသိဘူးလား ။ ဒါဆို ဒီကို သေချင်လို့ လာခဲ့တာလား "

သက်လတ်ပိုင်းအရွယ် လူကြီးမှာ ခဏတာမျှ မှင်သက်နေပြီးမှ ဦးညွှတ်အရိုအသေပေး၍ ဆို၏။

" ကျေးဇူးပြုပြီး ကျုပ်ကို ပြောပြပေးပါ သခင်ကြီးရယ် ။ ကျုပ် တကယ်ကို မသိလို့ပါ "

တဖက်အဘိုးအိုက မုတ်ဆိတ်မွေးကို ကိုင်ရင်း တည်

တည်ငြိမ်ငြိမ် ပြန်ပြောသည်။

" ထားပါလေ... ငါ ဒီနေ့ စိတ်ကောင်းဝင်နေတာဆိုတော့ မင်းကို နည်းနည်းပါးပါး ပြောပြလိုက်မယ် "

သူ မျက်နှာထားတင်းတင်းဖြင့် ဆက်ပြော၏။

" ကြယ်စင်သန့်စင်ကမ္ဘာဆိုတာ လက်နက်သန့်စင်သူတွေအတွက် တန်ဖိုးအထားရဆုံး နေရာ ၇ ခုထဲက တစ်ခုပဲကွ ။ ဒီကြယ်စင်သန့်စင်ကမ္ဘာက အဲ့ထဲမှာ နောက်ဆုံးအဆင့် ၇ ပဲ ရှိတာဆိုပေမယ့်.. ဒီမှာ မျိုးစုံတဲ့ မသေမျိုးပစ္စည်းတွေနဲ့ သဘာဝ မသေမျိုးလက်နက်တွေ ရှိတယ်ကွ "

" သဘာဝ... သဘာဝ မသေမျိုးလက်နက်တွေ .. ဟုတ်လား.. "

သက်လတ်ပိုင်းအရွယ် လူကြီး၏ မျက်လုံးများ အရောင်လက်သွားကြသည်။

အဘိုးအိုက ခေါင်းညိတ်၍ ပြန်ပြော၏။

" ကောင်လေး ၊ ငါသာ မင်းနေရာမှာ ဆိုရင်တော့... မသေမျိုးလက်နက် လုပ်ဖို့ကို စိတ်မကူးပဲ ဘယ်လိုအသက်ရှင်အောင် နေရမလဲဆိုတာကိုပဲ စိတ်ပူမိမှာ ။ ဒါနဲ့ .. မင်းက ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာ

လဲ "

" ဒါ... "

သက်လတ်ပိုင်းအရွယ်လူကြီး၏ မျက်နှာ ချက်ချင်း ဖြူရော်သွားတော့သည်။ ထို့နောက် သူ့အကျ်ီလက်ထဲမှ ကြယ်စင်သန့်စင်ကမ္ဘာ မြေပုံကို ဂရုတစိုက်ထုတ်၍ ပြောရှာ၏။

" ကျုပ် ဒီမြေပုံကို မတော်တဆ ရခဲ့တာ ။ ပြီးလဲပြီးရော ဘာတွေဖြစ်နေမှန်း မသိပဲ ရုတ်တရက်ကြီး တည်နေရာရွှေ့ပြောင်းသွားတာပဲ "

တဖက်မှ အဘိုးအို ခေါင်းယမ်းလိုက်သည်။

" မင်း တော်တော်ကံဆိုးပါလားကွာ ။ မင်း သိထားရမှာတစ်ခုက. .အဆင့် ၇ လက်နက်သန့်စင်သူ အဆင့်ကို ရောက်မထားရင်.. ဒီမှာ သေရမှာ သေချာသလောက်နီးပါးပဲ "

" အဆင့် ၇ လက်နက်သန့်စင်သူ အဆင့် ...အဲ့ဒါ ဘာလဲဗျ "

သက်လတ်ပိုင်းအရွယ် လူကြီး မှင်သက်သွားရပြန်သည်။

ခပ်လှမ်းလှမ်းမှ လောထျန်း၏ မျက်နှာတွင်လည်း စိုးရိမ်ဟန် ပေါ်လာ၏။

အဘိုးအိုက ထိုသူ၏ စကားကြောင့် လန့်သွားဟန်တူကာ ပြန်ပြောသည်။

" မင်းက အပေါ်ကမ္ဘာက မဟုတ်ဘူးလား "

သက်လတ်ပိုင်းအရွယ် လူကြီးက ခေါင်းယမ်းပြ၏။

" မဟုတ်ဘူးဗျ ၊ ကျုပ်က လေပြင်းငါးသွယ် ကမ္ဘာက.. "

" လေပြင်းငါးသွယ် ကမ္ဘာ... ကမ္ဘာငယ်တစ်ခုလား.. ငါ တစ်ခါမှလဲ မကြားဖူးဘူး "

အဘိုးအို ခေါင်းကုတ်လိုက်ပြီးနောက် သူ့ရင်ဘတ်ပေါ်ရှိ အမှတ်သားတစ်ခုကို ညွှန်ပြကာ ဆက်ပြောသည်။

" ဒါ အပေါ်ကမ္ဘာက လက်နက်သန့်စင်သူ တစ်ယောက်ရဲ့ အမှတ်သားပဲကွ ။ ငါက အဆင့်ရှစ် လက်နက်သန့်စင်သူ ။ အဆင့်ရှစ် လက်နက်ကို သန့်စင်နိုင်ရင် အဆင့်ရှစ် လက်နက်သန့်စင်သူအဖြစ်ဘသတ်မှတ်ခံရတယ် ။ ဒါပေမယ့် အဲ့လို သန့်စင်တဲ့

အခါ အောင်မြင်တဲ့နှုန်းက 30% ထက်တော့ လျော့လို့မရဘူး "

ထိုစကားကို ဘေးမှ နားထောင်နေသော လောထျန်းတစ်ယောက် အံ့အားသင့်သွားရှာသည်။

" အပေါ်ကမ္ဘာက လက်နက်သန့်စင်သူတွေရဲ့ အဆင့်က အဲ့လောက်ပဲလား .... "

သူ တွေးလိုက်၏။

ထိုစဥ်တွင် ဗလတောင့်တောင့် လူထွားကြီးတစ်ယောက်က တုန်လှုပ်သွားဟန်ဖြင့် ပြောလာသည်။

" ဘယ်လို... 30% တောင်... မမြင့်လွန်းဘူးလားဗျာ "

လောထျန်း ဆွံ့အသွားရပြန်၏။

ဒါကိုပင် မြင့်လွန်းသတဲ့လား...

တဖက်မှ အဘိုးအိုက ဂုဏ်မောက်သည့်အပြုံးဖြင့် ပြန်ပြောသည်။

" ဒါတောင် အနည်းဆုံး ရှိရမယ့် လိုအပ်ချက်ပဲ ။ ငါ စမ်းသပ်ခဲ့တုန်းကဆို အောင်မြင်တဲ့နှုန်း 40%

တောင် ရခဲ့တာ "

" ဒါ... "

လူထွားကြီး အံ့အားသင့်သွားပြန်သည်။

တခဏကြာပြီးနောက်.. သူ ဦးညွှတ်အရိုအသေပေး၍ ဆို၏။

" သခင်ကြီးရဲ့ လက်နက်သန့်စင်တဲ့ အစွမ်းကတော့ တကယ်ကို ကြောက်စရာပဲဗျာ ။ ဒီ ကြယ်စင်သန့်စင်ကမ္ဘာမှာ ဘယ်လို အန္တရာယ်တွေ ရှိလဲဆိုတာရော ပြောပြပေးလို့ ရမလား သခင်ကြီး ။ ကျုပ် ဒီမှာ မသေချင်ဘူးဗျ "

အဘိုးအိုက နှုတ်ခမ်းမွေးကို ကိုင်ရင်း ပြန်ပြောသည်။

" အင်း... မင်းဘက်က စိတ်ရင်းနဲ့ ပြောလာတဲ့ပုံ ဆိုတော့.. မင်းအတွက် ငါနည်းနည်း လမ်းညွှန်ပေးလိုက်ပါမယ် "

" ဒီ ကြယ်စင်သန့်စင်ကမ္ဘာမှာ အန္တရာယ်တွေက ထောင့်ပေါင်းစုံကနေ လာတယ်ကွ ။ ပထမတစ်ခုကတော့ ဘိုးဘေးတွေ ချန်ခဲ့ကြတဲ့ စမ်းသပ်ပွဲပေါင်းစုံပဲ ။ အဲ့

စမ်းသပ်ပွဲတွေက အသွားနှစ်ဖက်ရှိတဲ့ ဓားနဲ့ တူတယ် ။ စမ်းသပ်ပွဲကို အောင်ရင် ၊ အခွင့်ကောင်းတွေရမယ် ။ မအောင်လို့ကတော့ အသက်အန္တရာယ်နဲ့ ကြုံရမယ် "

" ဒုတိယတစ်ခုကတော့ အင်မတန်ကြမ်းတဲ့ ပတ်ဝန်းကျင် အနေအထားပဲကွ ။ တိတိကျကျ ပြောရရင်တော့ ဒီ ကြယ်စင်သန့်စင်ကမ္ဘာက အသက်ရှင်ဖို့အတွက် သင့်လျော်တဲ့နေရာတစ်ခု မဟုတ်ဘူး ။ ဥက္ကာခဲတွေ ၊ ကြယ်ကြွေတွေ ၊ ကြောက်စရာ လေပြင်းကြီးတွေ နေရာအနှံ့နီးပါး ရှိနေတာ ။ အထူးသဖြင့် တချို့ တားမြစ်နေရာတွေမှာဆိုရင်... မသေမျိုးဘုရင်အဆင့် အစွမ်းထက် ကျင့်ကြံသူတွေတောင် အသက်မရှင်နိုင်ကြဘူး "

" အဲ့လောက်တောင်.. အန္တရာယ်များတာလား "

တဖက်လူ တုန်လှုပ်သွားရှာသည်။

အဘိုးအိုက ခေါင်းညိတ်၍ စကားဆက်၏။

" နောက် တတိယအန္တရာယ်ကတော့ မိစ္ဆာဝိဥာဥ်တွေပဲ ။ ဒီ ကြယ်စင်သန့်စင်ကမ္ဘာ ဖွင့်တဲ့အခါတိုင်းမှာ လူတွေအများကြီး သေကြရတာ အားလုံးလဲ သိကြမှာ

ပေါ့ ။ အဲ့လူတွေရဲ့ အမုန်းတွေနဲ့ ဒီနေရာရဲ့ ထူးခြားတဲ့ အရောင်အဝါ ပေါင်းစပ်လိုက်တဲ့အခါမှာ အစွမ်းထက်တဲ့ မိစ္ဆာဝိဥာဥ်တွေ အလွယ်ဖြစ်လာနိုင်တယ်ကွ "

သူ့စကားကြောင့် တဖက်လူ မျက်နှာဆိုးရွားစွာ ပျက်သွားတော့သည်။

ထိုစဥ်မှာပင် အဘိုးအိုက အလေးနက် မျက်နှာကြီးဖြင့် ဆက်ပြောလာ၏။

" ဒါပေမယ့်.. အဲ့ထဲမှာ အန္တရာယ်အများဆုံးကတော့ လေးခုမြောက်ဟာပဲ "

" ခုနကဟာတွေထက် ပိုအန္တရာယ်များတာ ရှိသေးတာလား ။ ဘာများလဲဗျာ.. "

လူထွားကြီးက အသံတုန်တုန်ဖြင့် မေးလိုက်သည်။

အဘိုးအိုက သူ့ကိုကြည့်ကာ ပြန်ပြော၏။

" အဲ့ဒါ... မူလမသေမျိုးလက်နက်ပဲ ... "

" ဟင်.... "

တဖက်လူ နားမလည်နိုင် ဖြစ်သွားဟန်ပင် ။

မူလမသေမျိုးလက်နက်က အဘယ့်ကြောင့် အန္တရာယ်များရသည်ကို သူ အမှန်တကယ် နားမလည်ပါချေ ။

အဘိုးအိုက နှုတ်ခမ်းတွန့်ရုံပြုံးပြီး စကားဆက်သည်။

" အဲ့ဒါက ရှင်းတယ်ကွ ။ သဘာဝ မူလမသေမျိုးလက်နက်တွေဟာ လူသားတွေကို အင်မတန် မုန်းတီးကြတယ် ။ အဲ့လိုလက်နက်ကို တစ်ယောက်တည်းသာ တွေ့လိုက်လို့ကတော့ အသက်ဆုံးဖို့ သေချာသလောက်နီးပါးပဲ ။ ထိပ်တန်းအဆင့် လက်နက်သန့်စင်သူတွေ အများကြီးပေါင်းပြီးတော့ သေချာတိုက်ခိုက်မှသာ ... သဘာဝ မူလမသေမျိုးလက်နက်ဘက်က နောက်ဆုတ်နိုင်ချေ ရှိတာ ။ ဒါပေမယ့်.. ကိုယ်က မသေမျိုးဘုရင်အဆင့် အစွမ်းမျိုး ရှိထားရင်တော့ အဲ့လက်နက်ကို သန့်စင်ဖို့ ကြိုးစားကြည့်လို့ရတယ် "

All Chapters