← Chapters

တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာ

Vol. 47 Ch. 658

တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာ

Vol. 47 Ch. 658

ယွိဝမ်ချန်း၏ စကားဆုံးသည်နှင့် ဘေးလူများထံမှ တအံ့တသြ ရေရွတ်သံများ ထွက်လာကြသည်။

" ဘယ်လို... တကယ်ကြီး အဲ့လိုဖြစ်သွားခဲ့တာလား "

" ဒါ... ကြယ်စင်သန့်စင်ကမ္ဘာ မြေပုံက ကံကောင်းခြင်းတွေကို စုပ်ယူနိုင်တယ် ဆိုတာတော့မှန်တယ်။ ဒါပေမယ့်... မှော်လက်နက် တစ်ခုတည်းက ကြယ်စင်သန့်စင်ကမ္ဘာကို ပွင့်အောင် လုပ်နိုင်ခဲ့တာဆိုတော့.. အဲ့ မသေမျိုးလက်နက်က ဘယ်လောက်အစွမ်းထက်တာလဲ "

" အပေါ်ကမ္ဘာက လက်နက်သန့်စင်သူ ပါရမီရှင်တစ်ယောက်ရဲ့ အစွမ်းက ဒါမျိုးလား.. "

အနီးနားတဝိုက်မှ လက်နက်သန့်စင်သူများအားလုံး ယွိဝမ်ချန်းအား တအံ့တသြ လှည့်ကြည့်လိုက်ကြသည်။

ပုံမှန်ဆိုလျှင် လက်နက်သန့်စင်သူများမှာ အလွန်မောက်မာပြီး မာနကြီးတတ်ကြပါသည်။

သာမာန်အစွမ်းထက်ရုံမျှဖြင့် သူတို့၏ လေးစားမှုကို မရနိုင်ပါချေ ။

လက်နက်သန့်စင်ခြင်း ပညာဖြင့် အားလုံးကို အံ့အားသင့်အောင် လုပ်နိုင်လျှင်မူ.. ပြောင်းလဲသွားလေပြီ ။

တဖက်မှ လင်းရွှမ်ယီ၏ အေးစက်စက် မျက်နှာထားပင် အနည်းငယ် ပြောင်းသွားတော့၏။ သူမ ယွိဝမ်ချန်းကိုကြည့်ကာ ပြောလာသည်။

" ကြည့်ရတာ အကိုကြီး ယွိဝမ်က ဒီတလောမှာ အများကြီးတွေ ရခဲ့တယ်နဲ့တူတယ် "

ယွိဝမ်ချန်းက အသံကျယ်ဖြင့် ရယ်ရင်း ပြန်ပြောသည်။

" ဘာမှတော့ အထွေထူး မဟုတ်ပါဘူးကွာ ။ ကျုပ်ဆရာက ပြီးခဲ့တဲ့ ရက်ပိုင်းလေးကမှ 'လက်နက်သန့်စင်ခြင်း အနုပညာကျမ်း ' ရဲ့ စာမျက်နှာတစ်ရွက်

ကို ရခဲ့တော့ ကျုပ်လဲ နည်းနည်းလေး လေ့လာဖို့ အခွင့်ရေးရသွားတာပါ "

" လက်နက်သန့်စင်ခြင်း အနုပညာကျမ်း... ဟုတ်လား... ၊ တကယ်ကြီးလား.. ။ အဲ့သိုင်းကျမ်းက ပျောက်နေတာ ကြာလှပြီ မဟုတ်ဘူးလား "

ဘေးမှ နားထောင်နေသော လက်နက်သန့်စင်သူ အဘိုးကြီးတစ်ယောက်က မနေနိုင်ဘဲ အံ့သြတကြီး ဝင်ပြော၏။

" အဲ့ဒါ ဘာကြီးလဲ.. ကျုပ် တစ်ခါမှ မကြားဖူးဘူး "

သက်လတ်ပိုင်းအရွယ် လက်နက်သန့်စင်သူ လူကြီးတစ်ယောက်က စိတ်ဝင်တစား မေးလိုက်သည်။

ဘေးမှ လူများအားလုံးလည်း စိတ်ဝင်တစား ဖြစ်ကုန်ကြပါ၏။

လက်နက်သန့်စင်သူ အဘိုးအိုက နှာခေါင်းရှုံ့၍ ပြန်ပြောသည်။

" မင်းက လက်နက်သန့်စင်သူတစ်ယောက် လုပ်နေပြီးတော့ ဒါလေးတောင် မကြားဖူးဘူးလားကွ ။ အဲ့သိုင်းကျမ်းက လက်နက်သန့်စင်နည်းတွေထဲမှာ အဆင့်

အမြင့်ဆုံးတွေထဲက တစ်ခုပဲ ။ ကြားဖူးတာတော့ အဲ့ပညာရပ်ကို ကျွမ်းကျင်သွားတာနဲ့ မူလမသေမျိုးလက်နက်ကို သန့်စင်နိုင်ပြီတဲ့ "

" မူလမသေမျိုးလက်နက်ကို... တကယ်ကြီးလား.. ။ မူလမသေမျိုးလက်နက်တွေက အရင်တည်းက ရှိပြီးသားတွေ မဟုတ်ဘူးလား "

အောက်ကမ္ဘာမှ လက်နက်သန့်စင်သူ တစ်ယောက်က တအံ့တသြ ဝင်မေး၏။

တဖက်မှ အဘိုးအိုက နှုတ်ခမ်းမဲ့၍ ပြန်ပြောသည်။

" အောက်ကမ္ဘာတွေက လက်နက်သန့်စင်သူတွေက တကယ်လဲ တုံးကြတာပဲ ။ မူလမသေမျိုးလက်နက်ကို သန့်စင်လို့ မရပဲ ဘယ်နေပါ့မလဲကွ ။ ကမ္ဘာပေါ်မှာ သဘာဝ မူလမသေမျိုးလက်နက်က နည်းနည်းလေးပဲ ရှိတာ ။ အဲ့တော့ မူလမသေမျိုးလက်နက်ကိုသာ သန့်စင်လို့မရရင် ကမ္ဘာတွေက အစောင့်အကြပ် မသေမျိုးလက်နက်တွေ ရှိမှာတောင်မဟုတ်ဘူး "

" ဒါ.. .. "

အောက်ကမ္ဘာမှ လက်နက်သန့်စင်သူမှာ တုန်လှုပ်ဖွယ် သတင်းကြီးတစ်ခုကို ကြားလိုက်ရပုံဖြင့်

အူကြောင်ကြောင် ရပ်နေမိတော့၏။

အဘိုးအိုက စကားဆက်သည်။

" ငါတို့ အပေါ်ကမ္ဘာမှာ လက်ရှိ မူလမသေမျိုးလက်နက် သန့်စင်သူ လေးယောက်ရှိတယ် ။ သူတို့အားလုံးက မူလမသေမျိုးလက်နက်တွေကို ဖန်တီး သန့်စင်ထားကြတဲ့သူတွေပဲ ။ သူတို့က လက်နက်သန့်စင်သူတွေထဲမှာတော့ အများက လေးစားကြရတဲ့ ထိပ်တန်းသခင်ကြီးတွေပဲကွ "

" လေးယောက်တောင်... အပေါ်ကမ္ဘာမှာ မူလမသေမျိုးလက်နက်ကို သန့်စင်နိုင်တဲ့သူက တကယ်ကြီး လေးယောက်တောင် ရှိတာလား "

အောက်ကမ္ဘာမှ အခြား လက်နက်သန့်စင်သူ တစ်ယောက်ကလည်း ပါးစပ်အဟောင်းသားဖြင့် မေးလာသည်။

ထိုစဥ်တွင် တဖက်မှ လင်းရွှမ်ယီ၏ မျက်နှာထား ထပ်ပြောင်းသွားပြန်၏။

သူမ အသက်ပြင်းပြင်းရှိုက်၍ ဆိုသည်။

" အကိုကြီး ၊ အဲ့ လက်နက်သန့်စင်ခြင်း အနုပညာ

ကျမ်းကို ဘယ်ကနေရခဲ့လဲ သိချင်လိုက်တာ ။ ဖြစ်နိုင်ရင်... ကျွန်မကို ခဏလေး ပေးကြည့်လို့ရမလား ။ ဒါပေမယ့်.. ဒီတိုင်း အလကားကြီးတော့ မကြည့်ပါဘူးရှင် ။ အဖိုးအခအနေနဲ့ ရှားပါးလက်နက်ပစ္စည်းတွေကို ပေးပါ့မယ် "

ယွိဝမ်ချန်းက အပြုံးဖြင့် ပြန်ပြော၏။

" ညီမလေး လင်း ၊ ဘာတွေ ပြောနေတာလဲကွ ။ ဒီတိုင်း စာရွက်တစ်ရွက်တည်းကိုကွာ... ကျုပ် ဖတ်လို့ပြီးသွားရင် ခဏငှားပေးမှာပေါ့ ။ ဒါပေမယ့်.. ဒီ လက်နက်သန့်စင်ခြင်း အနုပညာကျမ်းက အဓိပ္ပါယ်ဖော်ဖို့တော့ အင်မတန်ခက်တယ်နော် ။ ကျုပ်တောင် တစ်နှစ်လုံးမှ ထွင်းစာလေးသုံးလုံးလောက်ပဲ ဖတ်နိုင်မှာ ။ ကျုပ် အားလုံးဖတ်လို့ ပြီးသွားရင်တော့ သခင်ကြီးကို ပြောပြီး မင်းကြည့်ဖို့အတွက် စီစဥ်ပေးပါ့မယ် "

ထိုစကားကို ကြားသောအခါ လင်းရွှမ်ယီ မျက်မှောင်အနည်းငယ်ကြုံ့သွားသည်။

သူမသည် အတွေ့အကြုံ ဗဟုသုတ ရှိထားသူတစ်ယောက်ဖြစ်ရာ.. တဖက်လူက သူမအား ငြင်းနေခြင်းဖြစ်ကြောင်း မသိဘဲ မနေပါချေ ။

သို့သော်.. တဖက်လူက သူမအား ငှားပေးလိုစိတ် မရှိပါဘဲ ငှားပေးမည်ဟု စကားအလှသုံး၍ ပြောနေခြင်းမှာ.. သူမ၏ စိတ်ကို တမင်အနှောင့်ယှက် ပေးနေခြင်းပါပင် ။

မည်သို့ပင်ဆိုစေ လင်းရွှမ်ယီမှာလည်း ဉာဏ်နီဉာဏ်နက်များသူ တစ်ယောက်ဖြစ်သဖြင့် တခဏအကြာမှာပင် ပုံမှန်မျက်နှာထား ပြန်ဖြစ်သွားကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အကိုကြီး "

ထိုစဥ် သူတို့၏ ပြောစကားများကို ဘေးမှ နားထောင်နေသည့် လောထျန်းတစ်ယောက်မှာ မျက်မှောင်အနည်းငယ် ကြုံ့သွားပါ၏။

" အပေါ်ကမ္ဘာမှာ မူလမသေမျိုးလက်နက် သန့်စင်တဲ့သူ လေးယောက်ပဲ ရှိတာတဲ့လား ။ မူလမသေမျိုးလက်နက်ကို သန့်စင်ဖို့က အဲ့လောက်ခက်လို့လား ။ ပြီးတော့ ငါတောင် အဲ့ဒီ လက်နက်သန့်စင်ခြင်း အနုပညာကျမ်းကို အကုန်ဖတ်ပြီးထားတာကို... သူတို့က ဘာဖြစ်လို့ စာရွက်လေးတစ်ရွက်ကို အဲ့

လောက်အဖိုးတန်တဲ့ပုံ လုပ်နေကြတာလဲ ။ ကြည့်ရတာ အပေါ်ကမ္ဘာက ထင်ထားသလောက်လဲ မကောင်းတဲ့ပုံပဲ... "

ထိုသို့တွေးကာ သူ ခေါင်းအသာယမ်းလိုက်သည်။

ထိုစဥ်မှာပင်..

ဝုန်း...

အသံကျယ် တစ်သံနှင့်အတူ နေရာတစ်ခုလုံး တုန်ခါလာ၏။

" ဟင်.. ကြည့်ရတာ ကြယ်စင်သန့်စင်ကမ္ဘာ မြေပုံတွေအားလုံး ပြန်ရောက်လာပြီနဲ့တူတယ် "

" တစ်နည်း ပြောရရင်တော့ ကြယ်စင်သန့်စင်ကမ္ဘာ ဖွင့်တော့မှာ "

" ဒီတစ်ခေါက် ကြယ်စင်သန့်စင်ကမ္ဘာထဲမှာ ဘာတွေဖြစ်မလဲ မသိဘူးနော် "

လူတစ်စု စိတ်လှုပ်ရှားစွာ ဆိုလိုက်ကြသည်။

ထိုစဥ်တွင်...

ဝုန်း...

ခပ်လှမ်းလှမ်း၌ ကျောက်တုံးတစ်ခါးတစ်ချပ် တဖြည်းဖြည်း ပေါ်လာ၏။

ဝီ....

တံခါးပေါက်၏ တဖက်ခြမ်းမှလည်း စိတ်စွမ်းအင် အလင်းတန်းတစ်ခု တိုးထွက်လာသည်။

ထို စိတ်စွမ်းအင်အလင်းတန်းက လေထဲ၌ပင် စုစည်းသွားပြီးနောက်... စာတန်းတစ်ခု ပေါ်လာ၏။

" တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာ "

" ဟင်... တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာတဲ့... ၊ ဒီတစ်ခေါက်တော့ အားလုံး ကံကောင်းပြီနဲ့တူတယ် "

ထိုစာတန်းကို မြင်သည်နှင့် တစ်ယောက်က ထရယ်လိုက်သည်။

ကျန်လူများလည်း မျက်နှာထားကိုယ်စီ ပြောင်းသွားကြ၏။

အချို့သူများဆိုလျှင် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းများ ချလိုက်ကြသလို.. အချို့မှာကား စိတ်ပျက်သွားသည့် မျက်နှာများ ဖြစ်သွားသည်။

လောထျန်းမှာမူ ၎င်းကိုကြည့်ကာ နားမလည်နိုင် ဖြစ်နေသဖြင့် ဘေးမှ အဘိုးအိုအား မေးလိုက်သည်။

" တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာ ဆိုတာ ဘာလဲဗျ "

အဘိုးအိုက မျက်မှောင်ကြုံ့၍ ပြန်ပြော၏။

" ကောင်လေး ၊ မင်းက ငါ့ကို ဘာပိုက်ဆံမှ မပေးခဲ့ဘူးလေ။ ငါက ဘာလို့ ပြောပြရမှာလဲ "

လောထျန်း မျက်ခုံးပင့်သွားရသည်။

ထိုအဘိုးအိုမှာ လက်တွေ့ဆန်လွန်းလှပေသည်။

သို့သော် ... ထိုအချိန်တွင် လင်းရွှမ်ယီဘေးမှ အစိမ်းရောင်ဝတ် မိန်းမပျိုက လောထျန်းဆီသို့ ရုတ်တရက်

လျှောက်လာကာ ပြော၏။

" ဟေ့.. ရှင်က ဒီ ကြယ်စင်သန့်စင်ကမ္ဘာကို မလာခင် ဘာမှကြိုပြီး မလေ့လာခဲ့ဘူးလား "

လောထျန်း ခေါင်းယမ်းပြလိုက်သည်။

" ကျုပ်က ဒီ ကြယ်စင်သန့်စင်ကမ္ဘာ မြေပုံကို မတော်တဆ ရခဲ့တာ "

မိန်းမပျိုက ချက်ချင်း သဘောပေါက်သွားဟန်ဖြင့် ပြန်ပြော၏။

" အဲ့လိုကိုး... "

ထို့နောက် သူမ အပြုံးဖြင့် စကားဆက်သည်။

" ဟိုကပ်စေးနှဲအဘိုးကြီးက မပြောဘူးဆိုတော့.. ရှင့်ကို ကျွန်မပဲ ရှင်းပြပေးမယ် "

" မင်း... "

တဖက်မှ အဘိုးအိုမှာ ကပ်စေးနှဲအဘိုးကြီးဟု အခေါ်ခံလိုက်ရသဖြင့် ဒေါသထွက်သွားပုံ ပေါ်၏။

သို့သော်.. ထိုစဥ်တွင် လင်းရွှမ်ယီက သူတို့ရှိရာသို့ ဖြည်းညင်းစွာ လျှောက်လာသဖြင့်... အဘိုးအို လန့်

ပြီး ချက်ချင်း ပါးစိတ်ပိတ်သွားသည်။

သူ အစိမ်းရောင်ဝတ် မိန်းမပျိုအား ဂရုမစိုက်လှသော်လည်း လင်းရွှမ်ယီကိုမူ မစော်ကားဝံ့ပါချေ ။

အစိမ်းရောင်ဝတ် မိန်းမပျိုက အဘိုးအိုဖြစ်သွားပုံကို ကြည့်ကာ ပြုံးလိုက်ပြီးနောက် လောထျန်းအား ဆက်ရှင်းပြ၏။

" တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာ ဆိုတာ ရှေးဟောင်း ထိပ်တန်းအဆင့် လက်နက်သန့်စင်သူ တစ်ယောက်က ဒီ ကြယ်စင်သန့်စင်ကမ္ဘာထဲမှာ ချန်ထားခဲ့တဲ့ စမ်းသပ်ပွဲတစ်ခုပဲ ။ ဒီ စမ်းသပ်ပွဲက အခက်ဆုံးလဲ ဟုတ်သလို အလွယ်ဆုံးဆိုရင်လဲ ဟုတ်တယ် "

" အခက်ဆုံးနဲ့ အလွယ်ဆုံး.. ဟုတ်လား "

လောထျန်း နားမလည်နိုင် ဖြစ်သွားရသည်။

တဖက်မှ မိန်းမပျိုက အပြုံးဖြင့် ဆက်ရှင်းပြ၏။

" ကျွန်မပြောတာ ဆုံးအောင်နားထောင်ပြီးရင် ရှင် သဘောပေါက်သွားပါလိမ့်မယ် ။ ဒီ တိုင်ရွှယ် စိတ်ဝိဥာဥ်ကမ္ဘာ စမ်းသပ်ပွဲမှာ အဆင့် ၁၃ ဆင့် ခွဲထား

တယ်ရှင့် ။ တစ်ဆင့်စီရဲ့ ခက်ခဲမှုတွေလဲ မတူကြဘူး ။ ပထမအဆင့်မှာဆို လွယ်လွန်းလို့ အဆင့်တစ် စိတ်ဝိဥာဥ်အစွမ်း ရှိထားတဲ့ ဘယ်သူမဆို လွယ်လွယ်လေး ကျော်ဖြတ်နိုင်ကြတယ် "

" ဒါပေမယ့်.. အဲ့အဆင့်မှာ ရတနာတော့ မရှိဘူးပေါ့ရှင် ။ ဒုတိယအဆင့်ကို ဖြတ်ဖို့ဆိုရင်တော့ အဆင့်နှစ် စိတ်ဝိဥာဥ်အစွမ်း လိုတယ် ။ အဲ့အဆင့်မှာတော့ ရတနာတွေ ရှိပေမယ့် အဆင့်အနိမ့်ဆုံး လက်နက်ပစ္စည်းတွေပဲ.. "

" အဲ့ကနေစပြီး နောက်လာတဲ့ အဆင့်တွေမှာတော့ အန္တရာယ် ပိုပိုကြီးသွားပြီ ။ ဆုတွေလဲ ပိုပိုကောင်းတာပေါ့ရှင် ။ အဆင့် ၁၀ လောက်ကို ဖြတ်ဖို့ဆိုရင်တော့ မသေမျိုးအဆင့် စိတ်ဝိဥာဥ်အစွမ်း လိုသွားပြီ ။ အဲ့အဆင့်ကို ကျော်ဖြတ်နိုင်တဲ့ လူတိုင်းလဲ မသေမျိုးလက်နက်အဖြစ် သန့်စင်နိုင်တဲ့ ပစ္စည်းတစ်ခုကို ရကြတယ် ။ အဆင့် ၁၁ မှာတော့ မူလမသေမျိုးလက်နက် လုပ်လို့ရတဲ့ ပစ္စည်းတွေ ရမယ်ရှင့် "

လောထျန်း စိတ်လှုပ်ရှားသွားသည်။

သူသည် ဤနေရာသို့ မူလမသေမျိုးလက်နက်လုပ်စရာ ပစ္စည်း အရှာထွက်လာသည့်တိုင်.. အချိန်တိုလေးအတွင်း ရှာတွေ့နိုင်မည်ဟု ထင်မထားခဲ့ပါချေ။

" ဒါဆို.. အဆင့် ၁၂ ကရော "

လောထျန်း မေးလိုက်သည်။

စာစဉ်ပြီး၏။

All Chapters