← Chapters

ခေါင်းမာသည့်တံငါသည်

Vol. 4 Ch. 62

ခေါင်းမာသည့်တံငါသည်

Vol. 4 Ch. 62

" ခေါင်းဆောင် အထဲမှာလူမရှိဘူးလားမသိဘူး...."

ထိပ်တန်းအဆင့်သိုင်းသမားက နောက်သို့ပြန်ကြည့်ကာပြောလိုက်သည်။

ထိုအခါ ချောင်ဖေးဟုန်လည်း လွယ်လွယ်နှင့်လက်မလျော့လိုသေး၍ ခြံဝန်းထဲသို့အကဲခပ်ကာ ကျယ်လောင်သည့်အသံဖြင့်ပြောလိုက်သည်။

" ကျုပ်တို့ အထဲဝင်လာပြီ....."

သူ၏စကားအဆုံးသက်သွားပြီးတစ်စုံတစ်ရာတုန့်ပြန်မှုမရှိရာ ချောင်ဖေးဟုန်တို့လူစုလည်း အသာစေ့ထားသည့်ခြံဝန်းတံခါးကိုတွန်းဖွင့်ကာဝင်ရောက်သွားကြသည်။

ရွာထဲရှိလူများ၏ပြောစကားအရဆိုပါက ယနေ့က ဦးလေးတုဆိုသူ ဥမင်တစ်ရာအတွင်းငါးဖမ်းဝင်ရောက်မည့်နေ့ဖြစ်နိုင်သည်ဟုဆိုကြသည့်အပြင် သူ၏အိမ်တွင်သာရှိနေမည်ဟုသိရသည်။

သို့သော် ခြံဝန်းတစ်ခုလုံးက ပကတိတိတ်ဆိတ်နေပြီး ခြံဝန်းအလယ်ရှိအိမ်ငယ်လေးသည်လည်း တံခါးပိတ်ထားသည်ကိုတွေ့လိုက်ကြရသည်။

" ဗျို့ အိမ်ရှင်တို့..."

နောက်ထပ်တစ်ကြိမ်ကျယ်လောင်စွာအော်ခေါ်လိုက်သော်လည်း လူသူတစ်စုံတစ်ယောက်ထွက် ပေါ်လာခြင်းမရှိပေ။

" သူထွက်သွားပြီလားမသိဘူးခေါင်းဆောင်... "

အဆင့်လွန်ထိပ်သီးက လူသူကင်းမဲ့နေသည့်ခြံဝန်းလေးကိုလှည့်ပတ်ကြည့်ရှုကာ ချောင်ဖေးဟုန်ကိုပြောလိုက်သည်။

ထိုအချိန်မှာပင် ခြံဝန်း၏နောက်ဘက်မှစကားသံတစ်ခုထွက်ပေါ်လာသည်။

" ခဏခဏ အော်မနေနဲ့ ဒီကိုလာခဲ့...."

သူတို့လက်လျော့ကာပြန်ထွက်သွားမည်ပြင်မှ ထွက်ပေါ်လာသည့်အသံကြောင့် ချောင်ဖေးဟုန်တို့လည်း အံ့အားသင့်သွားကြပြီး အိမ်၏ဘေးမှကွေ့ပတ်ကာ ခြံဝန်းနောက်ဘက်ကိုလျှောက်လာကြသည်။

ခြံနောက်ဘက်တွင်မလွယ်ပေါက်လေးတစ်ခုရှိနေပြီး ထိုအပေါက်နှင့်ခပ်လှမ်းလှမ်းတွင် ရွာကိုကွေ့ပတ်စီးဆင်နေသည့်ချောင်းငယ်လေးရှိသည်။

အစောပိုင်းက စကားသံ၏ပိုင်ရှင်က ချောင်းစပ်ရှိလှေငယ်လေး၏အနီးတွင်ရှိနေသည့်လူဖြစ်ကာ ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားသည့် ခမောက်ကြီးတစ်လုံးကိုလည်းဆောင်ထားသေးသည်။

လှေပေါ်ရှိပိုက်ကွန်များ၊ ပုံးများနှင့် ရိက္ခာခြောက်များကိုကြည့်၍ ထိုလူက ဤခြံဝန်း၏ပိုင်ရှင် ဦးလေးတုဆိုသူဖြစ်နိုင်ပြီးငါးဖမ်းထွက်ရန်ပြင်ဆင်နေဟန်တူသည်။

သူ၏ပုံစံက တံငါသည်ကြီးတစ်ယောက်၏သွင်ပြင်ရှိကာ နေလောင်ထားသည့်အသားအရေက ကြေးနီရောက်ပေါက်နေသော်လည်း ကြံ့ခိုင်သန့်မာသည့်ခန္တာကိုယ်ရှိသည်ကိုတွေ့ရပေသည်။

" ခင်ဗျားက ဦးလေးတုဆိုတာလား....."

ချောင်ဖေးဟုန်နှင့်သူ၏လူများကဖျင်ကြမ်းဝတ်စုံဝတ်လူ၏အနီးသို့အလျှင်အမြန်လျှောက်သွားလိုက်ကြပြီး ချောင်ဖေးဟုန်ကမေးလိုက်ခြင်းဖြစ်သည်။

ထိုလူ၏အနီးသို့ရောက်မှ သူ၏အသက်က များစွာကြီးရင့်ခြင်းမရှိသေးသည်ကိုတွေ့ရပေသည် ။

အသက်ငါးဆယ်ဝန်းကျင်ရှိမည့် ထိုလူ၏ရုပ်သွင်က တည်ကြည်ခန့်ညားပြီး ရွာထဲရှိတံငါသည်များနှင့်ဆန့်ကျင်ဘက်ပုံစံဖြစ်သည် ။

ထူထဲသည့်မျက်ခုံးများနှင့်စူးရှတောက်ပသည့်မျက်လုံးများက သူ၏သွင်ပြင်ကိုပို၍ထူးခြားစေပြီးတစ်ချက်ကြည့်ရုံနှင့်သာမန်မဟုတ်သည်ကိုအကဲခပ်နိုင်သည် ။

သို့သော် ထိုလူ၏ပုံစံက သိုင်းပညာလုံးဝတတ်မြောက်ဟန်မတူသည့်အပြင် သူတိူ့လူစုကိုလည်းများစွာဂရုစိုက်ဟန်မတူပေ။

" ဟုတ်တယ် ဦးလေးတုဆိုတာ ကျုပ်ပဲ ....."

ဖျင်ကြမ်းဝတ်စုံဝတ်လူက ချောင်ဖေးဟုန်တို့ကိုမော့မကြည့်ဘဲ လုပ်လက်စအလုပ်များကိုဆက်လုပ်နေရင်းမှပြန်ဖြေလိုက်သည် ။

ရွာသုံးရွာရှိလူများမှာ ချောင်ဖေးဟုန်တို့မည်သူမည်ဝါဖြစ်သည်ကိုမသိကြသော်လည်း သိုင်းသမားများဖြစ်ကြောင်းတွေ့မြင်သည့်အတွက် အထင်ကြီးလေးစားခြင်း ၊ ကြောက်ရွံ့ခြင်းစသည့်အကြည့်များဖြင့်ကြည့်ရှုကြသည်ကိုတွေ့မြင်ကြပြီဖြစ်သည် ။

သိုင်း‌လောကနှင့်အလှမ်းဝေးကွာသည့်ယခုလိုနေရာမျိုးတွင် သိုင်းသမားများကိုတွေ့မြင်နိုင်ရန်က အခွင့်အရေးနည်းပါးသည့်အတွက်လည်း သူတို့ကိုအထူးအဆန်းလို ဝိုင်းဝန်းကြည့်ရှုကြခြင်းဖြစ်၏။

ယခု သူတို့ကိုဖုတ်လေသည့်ငပိရှိသည်ဟုပင်ထင်မှတ်မထားသည့်တံငါသည်တစ်ဦးကိုတွေ့မြင်ရသည်က ပထမဆုံးအကြိမ်ဖြစ်သည်။

သို့သော်ချောင်ဖေးဟုန်က ဦးလေးတု၏အပြုအမူကိုစိတ်ထဲမထားဘဲ တည်ငြိမ်သည့်လေသံဖြင့်မေးလိုက်သည်။

" ကျုပ်တို့ရွာထဲကသိလာရတာက ဒီရွာသုံးရွာမှာ ဥမင်တစ်ရာထဲကိုဝင်နိုင်တာ ခင်ဗျားတစ်ယောက်ပဲရှိတာဆို ....ဒါကြောင့် ကျုပ်တို့က...."

ချောင်ဖေးဟုန်၏စကားမဆုံးမီ ဦးလေးတုက ဖြတ်ပြောလိုက်သည် ။

" ကျုပ်စိတ်မဝင်စားဘူး တခြားတစ်ယောက်ကိုရှာပါ...."

ဦးလေးတု၏လေသံက မောက်မာခြင်းနှိမ့်ချခြင်းမရှိသော်လည်းသူတို့ကိုလုံးဝဂရုမစိုက်သည်ကိုထင်ရှားစွာတွေ့မြင်နိုင်သည်။

ရွာငယ်လေးမှတံငါသည်တစ်ယောက်က သိုင်းလောကထဲတွင်ကျော်ကြားလှသည့်လျှပ်တပြတ်ဓားသခင်ကို ယခုလိုပုံစံမျိုးပြောဝံ့သည်ကို သိုင်းမဟာမိတ်မှလူများက လွန်စွာအံ့အားသင့်နေမိကြသည်။

ထို့နောက်မှ ချောင်ဖေးဟုန်၏လူများမှာ သတိဝင်လာကြပြီး တစ်ယောက်က အေးစက်စက်လေသံဖြင့်မေးလိုက်သည်။

" ခင်ဗျားနဲ့ပြောနေတာ ဘယ်သူလဲဆိုတာသိရဲ့လား...."

သိုင်းမဟာမိတ်မှထိပ်တန်းအဆင့်သိုင်းသမား၏လေသံထဲတွင်ချိန်းခြောက်မှုတစ်ချို့ပါဝင်နေရာ ချောင်ဖေးဟုန်လည်း မျက်မှောင်ကြုတ်၍ချောင်းတစ်ချက်ဟန့်လိုက်သည်။

သူတို့က ဤနေရာသို့အကူအညီလိုအပ်၍ရောက်ရှိလာခြင်းဖြစ်ရာ တစ်ဖက်လူကိုချိန်းခြောက်သည့်အပြုအမူကမသင့်လျော်ပေ။

အံ့ဩဖွယ်ကောင်းစွာဖြင့် ဦးလေးတုဆိူသည့်တံငါသည်ကြီးက သိုင်းမဟာမိတ်မှလူ၏ချိန်းခြောက်မှုကိုမျက်နှာတစ်ချက်မပျက်ဘဲ လှေပေါ်မှပစ္စည်းများကို နေရာချလိုက်ပြီးနောက် စိတ်ကျေနပ်ဟန်ဖြင့်ခေါင်းတစ်ချက်ကြည့်လိုက်သည် ။

ထို့နောက် ချောင်ဖေးဟုန်တို့သုံးယောက်ကိုစေ့စေ့ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည် ။

" မင်းတို့ဘယ်သူလဲဆိုတာစိတ်မဝင်စားသလို မင်းတို့ဘာခိုင်းမယ်ဆိုတာလည်းမလုပ်ပေးနိုင်ဘူး ။

အခု ငါအလုပ်သွားတော့မယ် ။ နောက်ထပ်ကိစ္စမရှိရင် ကျေးဇူးပြုပြီးပြန်ပါတော့.... "

ဦးလေးတု၏စကားကယဉ်ကျေးဟန်တူသော်လည်း သူတို့ကိုပွင့်လင်းစွာနှင်ထုတ်နေဖြင်းဖြစ်၏။

ထိုလူ၏ခေါင်းမာမှုကြောင့် သိူင်းမဟာမိတ်မှလူများမှာ စကားမပြောနိုင်လောက်အောင်ဖြစ်သွားကြသလို ချောင်ဖေးဟုန်၏မျက်နှာလည်းအနည်းငယ်ပျက်ယွင်းသွားသည် ။

သို့သော် ဤတာဝန်က သူယူဆောင်လာခြင်းဖြစ်၍ မျက်နှာမပျက်စေရန် ဦးလေးတုကိုလက်သီးတစ်ဖက်ဆုပ်အရိုအသေပေး၍ပြောလိုက်သည် ။

" ကျုပ်က သိုင်းမဟာမိတ်ကခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ချောင်ဖေးဟုန်ပါ ။ သူတို့က ကျုပ်ရဲ့အဖွဲ့သားတွေပါ။

မနေ့ကညက ရန်သူနှစ်ယောက်နဲ့တိုက်ခိုက်ရင်း သူတို့ကသစ်သီးဝါရေတံခွန်ထဲကိုခုန်ချပြီးတော့ ဥမင်တစ်ရာထဲကိုဝင်ရောက်သွားကြပါတယ်။

ဒါကြောင့်သူတို့အသက်ရှင်လျက်ရှိမရှိ ရှာဖွေလို့ရအောင် ကျုပ်တို့ကိုလမ်းပြပေးနိုင်မလား.....'"

ချောင်ဖေးဟုန်ကခေါင်းဆောင်တစ်ယောက်၏မာနကိုပင်ဘေးချိန်ကာ ယဉ်ကျေးစွာတောင်းဆိုလိုက်သည် ။

သူ၏စကားကြောင့် ဦးလေးတု၏မျက်ဝန်းများကအနည်းငယ်တောက်ပသွားသော်လည်း တုံ့ဆိုင်းခြင်းမရှိခေါင်းယမ်းကာပြောလိုက်သည်။

" ကျုပ်ကသာမန်တံငါသည်တစ်ယောက်ပါ သိုင်းလောကကိစ္စတွေကိုလည်း ဝင်မပါချင်ဘူး ဒါကြောင့် တခြားတစ်ယောက်ကိုရှာလိုက်ပါ။

ဒီနားရွာသုံးရွာကလူတွေကလူတွေက ဥမင်တစ်ရာထဲမဝင်ရဲပေမယ့် ဝိုးဟူက လူတွေကတော့ ငွေများများပေးရင်ခင်ဗျားတို့ကိုလိုက်ပို့ပါလိမ့်မယ် ....."

ဦးလေးတုညွှန်းဆိုအပ်သည့် ဝိုးဟူဆိုသောမြို့ကသစ်သီးဝါရေတံခွန်နှင့်လီတစ်ရာကျော်တွင်တည်ရှိသည့်မြို့ငယ်တစ်မြို့ဖြစ်သည်။

ထိုမြို့သို့သွားရောက်လျှင်သူတို့အလိုရှိသည့်လှေသမားငှားရမ်းနိုင်မည်ဟုသဘောပေါက်သည့်တိုင်အသွားအပြန်အချိန်ကြာမြင့်၍ရွာငယ်များတွင်လာရောက်ရှာဖွေခြင်းလည်းဖြစ်၏။

သို့သော် ဦးလေးတုကသူတို့ကိုနောက်ထပ်ဂရုမစိုက်တော့ဘဲ လှေပေါ်တွင်တက်ထိုင်ကာ လှော်တက်ကိုကိုင်၍ ချောင်းရေအတိုင်း စုန်ဆင်းလိုက်ပါသွားတော့သည်။

" ခင်ဗျားတို့ပြန်ရင်ခြံတံခါးပြန်စေ့ခဲ့ပါ....."

ခပ်လှမ်းလှမ်းသို့ရောက်မှ အော်ဟစ်လိုက်သည့် ဦးလေးတု၏စကားသံကြောင့် ချောင်ဖေးဟုန်လည်း သက်ပြင်းမောတစ်ချက်ကိုမှုတ်ထုတ်လိုက်မိတော့သည်။

&&&

ချောင်ဖေးဟုန်ထံမှ အကြောင်းစုံသိရပြီးနောက်တွင် ချန်စန်၏အမူအယာကလည်း အနည်းငယ်တင်းမာနေပြီး အေးစက်စက်အသံဖြင့်ရေရွတ်လိုက်သည်။

" ဒီလူက မင်းတို့ကို တကယ့်ကိုဂရုမစိုက်တာပဲ.။ သူ့ကို ငွေများများပေးရင်ရော မရနိုင်ဘူးလား... "

ချန်စန်၏မေးခွန်းကိုချောင်ဖေးဟုန်ကခေါင်းယမ်းပြလိုက်ပြီးအနည်းငယ်လေးလံသည့်အသံဖြင့်ပြောလိုက်သည်။

" သူက ဆုံးဖြတ်ချက်တစ်ခုချပြီးရင် ပြန်ပြင်မယ့်ပုံမပေါ်ဘူး ။

ပြီးတော့ သူ့ရဲ့ပုံကိုကြည့်ရတာ သိုင်းပညာတတ်တဲ့ပုံစံမရှိပေမယ့် ကျုပ်တိူ့ကိုလုံးဝကြောက်ရွံ့တဲ့ပုံလည်းမရဘူး ..."

ချောင်ဖေးဟုန်၏စကားများကြောင့် ချန်စန်ပင် ဦးလေးတုဆိုသည့်တံငါသည်ကိုစိတ်ဝင်စားလာမျသည်။

ထိုစဉ် ခပ်ဝေးဝေး‌ဆီမှပျံ့လွင့်လာသည့်ကျေးလက်တေးသီချင်းသံတစ်ပုဒ်နှင့်အတူ သေးသည့်အရာဝတ္တုလေးက အဆုံးမဲ့မြစ်၏ကြမ်းတမ်းသည့်ရေစီးကြောင်းအတိုင်း တရွေ့ရွေ့မျောပါလာလေသည်။

လက်ရှိသူတို့ရောက်နေသည့်နေရာကဥမင်တစ်ရာ၏အပေါက်ဝနားတွင်ဖြစ်၍ မည်သည့်တံငါသည်မှမလာတတ်သည့်နေရာဖြစ်ကာ ရွာသုံးရွာမှာလူများပင် ရေတံခွန်အောက်ဘက်နှင့်အခြားနေရာများတွင်သာ ဝမ်းစာရှာဖွေတတ်ကြသည်။

ယခု လှေငယ်လေးတစ်စင်းက အဆူံးမဲ့မြစ်၏ရေစီးအတိုင်းလိုက်ပါလာကာ များမကြာမီ သူတို့၏မြင်ကွင်းအတွင်းဝင်ရောက်လာပေသည်။

ထိုအဖြစ်ကြောင့် မြစ်ကမ်းဘေးနှစ်ဖက်ရှိချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူများက လှေပေါ်ရှိလူကို အံ့ဩစွာကြည့်ရှုနေကြသည်။

" ခေါင်းဆောင်....ဟိုလူပဲ...."

ချောင်ဖေးဟုန်နှင့်အတူလိုက်ပါသွားခဲ့သည့်သိုင်းသမားတစ်ယောက်က အံ့အားသင့်သည့်လေသံဖြင့်အော်ဟစ်လိုက်မိ၏။

&&&

All Chapters