← Chapters

သစ္စာလက်သီး

Vol. 4 Ch. 66

သစ္စာလက်သီး

Vol. 4 Ch. 66

" ဘာပဲဖြစ်ဖြစ် သူ့ကိုဒီတိုင်းလွှတ်ထားလိူ့မဖြစ်နိုင်ဘူး ။ သူ့လက်ထဲမှာသေဆုံးရတဲ့အသက်တွေအတော်များနေပြီး...."

စန်းဟုန်းလျန်က တည်ကြည်သည့်အမူအယာဖြင့်ဝင်ပြောလိုက်သည်။

သူ၏စကားကြောင့် လေဘုရင်က အသာပြုံးလိုက်ပြီး စန်းဟုန်းလျန်ကိုစနောက်လိုက်သည်။

" ဓားကျိုးဘုရင် မင်းကဘာလို့ဝမ်ယန်နဲ့တစ်လေသံထဲထွက်နေရတာလဲ....။။

သူ့အကြောင်းကိုအခုမှသတိရတယ် မကောင်းမှုကိုပြင်းပြင်းထန်ထန်နှိမ်နင်းလေ့ရှိတယ်ဆိုတဲ့ ဝမ်ယန်ဆိုတဲ့ကောင်ရော ။

မိစ္ဆာဓားသမားကိုကြောက်လို့များဒီကိုရောက်မလာတာလား ..."

နဂါးဖြူဓားဘုရင်နှင့်လေဘုရင်တို့မှာ တစ်ယောက်နှင့်တစ်ယောက်မျက်နှာကြောမတည့်သည်ကို သူတို့ကောင်းစွာသိကြပြီးဖြစ်၍ လေဘုရင်၏စကားကို ထူးထူးထွေထွေအံ့သြမနေပေ။

" နဂါးဖြူဓားဘုရင်က လုပ်စရာကိစ္စရှိလို့နေမှာပေါ့ ။ နှမြောစရာပဲ ငါ့ရဲ့ညီလေးသာဒီမှာရှိရင် သူမိစ္ဆာဓားသမားကိုလိုက်ရှာရင်ရှာနိုင်တယ်။

ဘယ်သူသိမလဲ ဒီကောင်က စပ်စပ်စုစုရှိတာဆိုတော့ ဒီကိုရောကိရင် ရောက်လာမှာ...."

သူတို့၏စကားဝိုင်းထဲဝင်‌ရောက်လာသည့် လက်ကိုးချောင်းရသေ့၏စကားကြောင့် စီးတုမင်က တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့်မျက်နှာဝင်းလက်သွားသည်။

" ဟုတ်သားပဲ....တိမ်နဂါးယွင်ဖေးက ကျုပ်တို့ကိုကူညီရင် ကူညီပေးနိုင်မှာ သူဘယ်မှာလဲဆိုတာ ခင်ဗျားမသိဘူးလား...."

စီးတုမင်၏စကားကိုခေါင်းယမ်းပြရင်း လက်ကိုးချောင်းရသေ့က ပေါ့ပေါ့ပါးပါးလေသံဖြင့်ပြောလိုက်သည်။

" ဒီကောင်က သူ့ဆောင်ပုဒ်အတိုင်းပဲ လေလိုလွင့်ချင်ရာလွင့်နေတတ်တာ။ သိုင်းပြိုင်ပွဲကိုသူလာမယ်ထင်တာတာင် ရောက်မလာဘူး ။ အခုလည်းဘယ်ကိုရောက်နေတဲ့မသိဘူး...."

လက်ကိုးချောင်းရသေ့၏စကားကြောသ့် စီးတုမင်လည်းအနည်းငယ်စိတ်ပျက်သွားဟန်တူသည် ။

မိစ္ဆာဓားသမားကိုသူတစ်ကြိမ်မှမတွေ့ရသေးသော်လည်း ကျန်လူများ၏စကားအရ ထိုလူငယ်၏ကိုယ်ဖော့ပညာကလည်း သူ၏သိုင်းပညာနည်းတူကြောက်မက်ဖွယ်ကောင်းလှသည်ဟုသိရသည်။

နဂါးခုနစ်ကောင်အနက်ကိုယ်ဖော့ပညာအကောင်းဆုံးဖြစ်သည့် လေဘုရင်ပင် မိစ္ဆာဓားသမားကိုမီအောင်မလိုက်နိုင်ခဲ့ပေ။

ထိုသို့အံ့မခန်းကိုယ်ဖော့ပညာရှိ၍လည်း သူတို့ကို သားရဲတစ်ရာတောအုပ်ထဲသို့မကြောက်မရွံ့မျှားခေါ်လာကာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ခြုံခိုတိုက်ခိုက်နေခြင်းဖြစ်သည်။

စီးတုမင်၏အမူအယာကြောင့် လက်ကိုးချောင်းရသေ့က ပြုံးလိုက်မိသည်။

ဤရက်များအတွက် မိစ္ဆာဓားသမား၏ကိစ္စကြောင်းသိုင်းလောကတစ်ခုလုံးတုန်လှုပ်ချောက်ခြားနေကြသော်လည်းသူတို့ကားအေးဆေးစွာရှိနေသည်။

အမြစ်ပြတ်သုတ်သင်ခံရသည့်အင်အားစုနှစ်ခုက သူတို့နှင့်လုံးဝသက်ဆိုင်ခြင်းမရှိသလို တောအုပ်ထဲတွင် သိုင်းမဟာမိတ်နှင့်မိစ္ဆာနှိမ်နင်းရေးအဖွဲ့မှလူများစွာကျဆုံးခြင်းက သူတို့ကိုမည်သို့မှမထိခိုက်စေခဲ့ပေ။

စင်စစ် လက်ကိုးချောင်းရသေ့ရော လေဘုရင်ရောက ဤတောအုပ်ထဲတွင်စိတ်ဝင်စားစရာကောင်းသည့်မိစ္ဆာဓားသမားကိုလာရောက်စူးစမ်းခြင်းသက်သက်သာဖြစ်သည်။

***အချို့လူများက ကိုယ့်ကိုလာမထိခိုက်လျှင် မိုးပြိုနေသည်ကိုပင် ဘေးမှရပ်ကြည့်နေမည်သာဖြစ်သည် ။ ဖြောင့်မက်သည့်စိတ်ဓာတ်ဖြင့် အများအကျိုးကိုသယ်ပိုးလိုသည့်စိတ်ရှိသူက လွန်စွာရှားပါးလွန်းလှ၏ **

" သိပ်လည်း စိတ်ပူမနေပါနဲ့ ဟိုလူတွေကြည့်ပြီးစီစဉ်ပါလိမ့်မယ် ...."

လေဘုရင်က ဂိုဏ်းကြီးငါးဂိုဏ်းမှသိုင်းဝိဇ္ဇာများကို မေးငေါ့ပြ၍ပြောလိုက်ရာ စီးတုမင်လည်းစိတ်ပျက်လက်ပျက်ဖြင့်ခေါင်းယမ်းပြလိုက်သည် ။

" သူတို့လည်းအကြံကုန်နေလောက်ပြီ ။ အခုတောင် နောက်ထပ်အဖွဲ့ငယ်တွေခွဲလို့မရလို့ အားလုံးကိုစုထားရတာ ။

ပြီးတော့ ကျန်တဲ့အဖွဲ့ဝင်တွေကလည်း တုန်လှုပ်နေကြပြီ ..."

မိစ္ဆာဓားသမားကို သိုင်းမဟာမိတ်၏ခေါင်းဆောင်များပင်ကြောက်လန့်နေကြသည်ဖြစ်ရာ သူတိူ့ထက်သိုင်းပညာနိမ့်ကျသည့်ကျန်သိုင်းသမားများဆိုလျှင့် ဆိုဖွယ်မရှိပေ။

သူတို့ခေါင်းဆောင်များ၏အမိန့်ကြောင့်လိုက်ပါလာရသော်လည်းသိုင်းမဟာမိတ်မှလက်ရွေးစင်များက အစောပိုင်းကပင်စိတ်မပါလက်မပါဖြစ်နေကြပြီး သူတို့၏လူတစ်ဝက်နီးပါးသတ်ဖြတ်ခံပြီးရချိန်တွင် တုန်လှုပ်ကြောက်လန့်နေကြပြီဖြစ်သည်။

မိစ္ဆာနှိမ်နင်းရေးမဟာမိတ်မှလူများသည်လည်းထိုနည်းတူပင်။

ဂိုဏိးကြီးခြောက်ဂိုဏ်းမှ ချီးမြှင့်မည့်ဆုလာဒ်များကြောင့်လိုက်ပါလာကြခြင်းဖြစ်ပြီး သိုင်းဝိဇ္ဇာများစွာပါ၍ မကြောက်ကြသော်လည်းအထင်နှင့်အမြက်တတ်တတ်စင်အောင်လွဲချော်ကာ သူတို့ထဲမှသုံးပုံတစ်ပုံခန့်သေဆုံးပြီးနောက်တွင် ကျနိလူများသည်လည်းမိစ္ဆာဓားသမားကိုနှိမ်နင်းရန်ဝေးစွ ဤတောအုပ်ထဲမှပင်ထွက်ပြေးလိုစိတ်များဖြစ်နေမိကြသည် ။

မိစ္ဆာဓားသမား၏သိုင်းပညာကလည်းလွန်စွာကြောက်မက်ဖွယ်ကောင်းလှပြီး သိုင်းဝိဇ္ဇာအဆင့်များမှလွဲ၍ သူ့ကိုယှဉ်နိုင်သူမရှိဘဲ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိသည့် ဟဲလောင်ချန်းပင် သိုင်းကွက်အနည်းငယ်အတွင်းသေလုမျောပါးဖြစ်ခဲ့ရ၏ ။

ထို့ကြောင့် မိစ္ဆာနှိမ်နင်းရေးမဟာမိတ်နှင်ါသိုင်းမဟာမိတ်မှအဖွဲ့ဝင်များမှာ ဆုလာဒ်များကိုပင် မမက်မောတော့ဘဲ ယခုအိပ်မက်ဆိုးကြီးမြန်မြန်ပြီးဆုံးပါ‌စေဟု ဆန္ဒရှိနေကြသည်။

သို့‌သော် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများနှင့် သိုင်းမဟာမိတ်ခေါင်း‌ဆောင်များကြားမှဆွေးနွေးပွဲကားတော်တော်နှင့်ပြီးဆုံးမညိ့ဟန်မတူပေ ။

ဤသည်က လက်ရှိသိုင်းလောက၏အခြေအနေသာဖြစ်ပြီး မာန်မာနများ ၊ ကျော်ကြားမှုများကိုအချင်းချင်းကြိတ်၍ပြိုင်ဆိုင်နေကြသလို စည်းလုံးမှုဆိုသည်က စာရွက်ပေါ်တွင်သာတွေ့တတ်သည့်အရာဖြစ်၏ ။

စီးတုမင်နှင့်စန်းဟုန်းလျန်တို့လည်း ထိုအချက်ကိုကောင်းစွာသတိထားမိ၍ ယခုလိုစိတ်ပျက်နေကြခြင်းဖြစ်သည်။

ထိုအခိုက် လေဘုရင်က ထူးဆန်းစွာပြုံး၍ပြောလိုက်သည်။

" တကယ်တော့ မိစ္ဆာဓားသမားကိုဖမ်းဆီးသတ်ဖြတ်နိုင်ဖိူ့မဝေးတော့ဘူးလို့ ကျုပ်ထင်တယ်။

ဘာကြောင့်လဲဆိုတော့ ကျုပ်ဒီကိုလာနေရင်းလမ်းမှာ ဒီကိုပဲ ဦးတည်လာနေတဲ့လူတွေကိုတွေ့ခဲ့လို့ပဲ။ အင်း အတော်များများလို့ပြောလို့ရတယ် ..."

လေဘုရင်၏ပဟေဠိဆန်သည့်စကားကြောင့် သူတို့အားလုံးစိတ်ဝင်စားသွားကြစဉ် သူတို့ရှိရာ ညောင်ပင်ကြီး၏အနီးမှအလျှိုအလျှိုထွက်ပေါ်လာကြသည့်လူရိပ်များစွာကြောင့် သိုင်းမဟာမိတ်နှင့် မိစ္ဆာနှိမ်နင်းရေးအဖွဲ့သားများမှာ အံ့သြတုန်လှုပ်သွားကြသညိ။

လူဦးရေ လေးရာကျော်ငါးရာခန့်ရှိမည့်ထိုလူများ၏အင်အားက သူတို့၏စုပေါင်းအင်အားနှင့်ပင်နှိုင်းယှဉ်နိုင်ပြီး ထိုလူများ၏သွင်ပြင်ကိုမြင်လိုက်ရချိန်တွင် အံ့ဩတုန်လှုပ်ရာမှဝမ်းမြောက်ပျော်ရွှင်သည့်ခံစားချက်သို့ကူးပြောင်းသွားကြသည်။

တုတ်ရှည်ကိုယ်စီကိုင်ဆောင်ထားကြပြီး စုတ်စုတ်ပြတ်ပြတ်ပုံစံများဖြင့် ထိုလူများ၏သွင်ပြင်က မသားနားသည့်တိုင် သိုင်းမဟာမိတ်နှင့်မိစ္ဆာနှိမ်နင်းရေးအဖွဲ့သားများကား သူတို့ရောက်ရှိလာသည်ကို စိတ်အားတက်ကြွနေကြသည်။

ထိုလူစု၏ရှေ့ဆုံးတွင်ဦးဆောင်လာသူက အသားဖြူဖြူအရပ်ရပ်ရပ်ဖြင့်အဖိုးအိုတစ်ယောက်ဖြစ်ပြီး အဖာရာသဖွယ်ကပ်၍ချုပ်ထားသည့်အိတ်ကပ်ကိုးလုံးကို သူ၏အစိမ်းရောင်ဝတ်စုံပခုံးနားတွင်တွေ့ရပေသည်။

" ခင်ဗျားပြောတာ သူတို့လား ...."

စီးတုမင်က များပြားလှသည့်တေလေဂိုဏ်းသားများကိုကြည့်၍ အံ့အားသင့်စွာရေရွတ်လိုက်မိကြသလို ကျန်ခေါင်းဆောင်များနှင့်ဆွေးနွေးတိုင်ပင်နေသည့်အဖိုးအိုကျန်းကလည်း အစိမ်းရောင်ဝတ်စုံဝတ်အဖိုးအိုဆီသို့ အပြုံးမျက်နှာဖြင့်လျှောက်သွားလေသည်။

" ညီလေး ယန် မင်းရောက်လာပြီလား...."

အစိမ်းရောင်ဝတ်စုံဝတ်အဖိုးအိုက အဖိုးအိုကျန်း၏မေးခွန်းကိုခေါင်းညိမ့်ပြလိုက်ပြီး ကျန်သိုင်းဝိဇ္ဇာများနှင့်သိုင်းမဟာမိတ်မှခေါင်းဆောင်များကိုဝေ့ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။

" မိတ်ဆွေတို့ မိစ္ဆာဓားသမားနဲ့ပတ်သတ်ပြီး ကျုပ်တို့တေလေဂိုဏ်းက အင်တိုက်အားတိုက်ကူညီပါ့မယ် ။

ဒီနေ့ကနေစပြီး သုံးရက်အတွင်းမှာ မိစ္ဆာဓားသမားကိုဖမ်းမိစေရမယ်လို့ ကျုပ်ကတိပေးတယ်....."

အဖိုးအိုက ပုံမှန်အတိုင်းပြောလိုက်ခြင်းဖြစ်သော်လည်း ကြည်လင်ပြက်သားသည့်သူ၏စကားသံကို တစ်ထောင်နီးပါးရှိမည့်လူအားလုံးကောင်းစွာကြားလိုက်ရသည်။

သူ၏‌စကားသံက မောက်မာဝံ့ကြွားဟန်တူသော်လည်း မည်သူမှသံသယမရှိကြဘဲ တေလေဂိုဏ်းသားများက သူတို့၏တုတ်ရှည်များကိုမြောက်၍ အော်ဟစ်လိုက်ကြသလို သိုင်းမဟာမိတ်နှင့် မိစ္ဆာနှိမ်နင်းရေးအဖွဲ့ဝင်များလည်း လက်ခုပ်လက်ဝါးတီး၍အားပေးလိုက်ကြသည်။

ထိုအဖိုးအို၏လွှမ်းမိုးမှုက အဖိုးအိုကျန်းထက်ပင်သာလွန်ကာ တေလေဂိုဏ်းထဲတွင်ပင် သူ၏နာမည်ကဂိုဏ်းချုပ်ပြီးနောက် အကျော်ကြားဆုံးဖြစ်ပေသည်။

ထိုမြင်ကွင်းကို ကျန်ဂိုဏ်းကြီးငါးခုမှသိုင်းဝိဇ္ဇာများနှင့်သိုင်းမဟာမိတ်မှခေါင်းဆောင်များက တိတ်ဆိတ်စွာကြည့်ရှုနေကြပြီး လက်ကိုးချောင်းရသေ့က တီးတိုးရေရွတ်လိုက်သည်။

" အင်း.....သစ္စာလက်သီးဆိုတဲ့ သံမဏိလက်သီး ယန်ချန်းနင်တောင်ဝင်ပါတော့မှာကိုး....."

&&&

" ဟောင်ရန်လား ...."

ချောင်ဖေးဟုန်က သူ့ဆီသို့လျှောက်လာသည့်လူငယ်တစ်စုကိုကြည့်ကာ အံ့သြသည့်ပုံစံဖြင့်ပြောလိုက်သည် ။

ထို့နောက် ဟောင်ရန်ဘေးရှိစီးတုယွမ်ချင်းနှင့် ကြွယ်ယန်၊ ကြွယ်စင်းတို့ကိုကြည့်လိုက်မိပြီး သူ၏အမူအယာက ပို၍အံ့အားသင့်သွားဟန်တူသည်။

" တူမလေးယွမ်ချင်းလည်းပါတာပဲ ..ပြီးတော့ ဒီက...."

သူနှင့်ရင်းနှီးသည့်စီးတုယွမ်ချင်းကိုဟောင်ရန်နှင့်အတူတွေ့လိုက်ရသည်သာမက စွန်းအိမ်တော်သိုင်းပြိုင်ပွဲတွင်အစွမ်းပြနိုင်သည့်လူငယ်နှစ်ယောက်ကိုပါမြင်လိုက်ရ၍ ချောင်ဖေးဟုန်တစ်ယောက် ယခုလိုအံ့ဩနေခြင်းဖြစ်ပေသည်။

" တွေ့ရတာ ဝမ်းသာပါတယ် ဆရာကြီးချောင် ကျုပ်တို့ကပိုင်ဖုန်းယန်နဲ့ ရှောင်လုစင်းပါ ...."

" ဦးလေးချောင်...."

ဟောင်ရန်တို့သုံးယောက်က ချောင်ဖေးဟုန်ကိုလက်သီးတစ်ဖက်ဆုပ်အရိုအသေပေးလိုက်ကြပြီး စီးတုယွမ်ချင်းက ရောက်မဆိုက်‌ဆိုသလို သူမသိလိုသည့်အကြောင်းအရာကိုမေးလိုက်သည် ။

" ဦးလေးချောင် ရှောင်ယောင့်ကိုဒီဒေသမှာတွေ့မိသေးလား....."

သူတို့၏ရင်းနှီးမှုအရ မိတ်ဆက်စကားများစွာပြောစရာမလိုဘဲ စီးတုယွမ်ချင်းက လိုရင်းကိုတန်း

မေးလိုက်သည်။

ထိုအခါမှစီးတုယွမ်ချင်းနှင့်ချောင်ဖေးဟုန်တိူ့က ယခင်ထဲကရင်းနှီးသူများဖြစ်ကြသည်ကိုသူတို့ပြန်သတိရသွားမိကြ၏။

ချောင်ဖေးဟုန်ကား လူငယ်လေးယောက်ကိုအတူတွဲမြင်လိုက်၍ အံ့အားသင့်မိသလို စီးတုယွမ်ချင်း၏မေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားရသည် ။

" ရှောင်ယောင်ဟုတ်လား...."

ချောင်ဖေးဟုန်က အနည်းငယ်ဇဝေဇဝါဖြစ်နေပြီးနောက်မှ ရွှေဓားသခင်၏စံအိမ်တွင် သွေးနီတံခါးမှလူသတ်သမားကိုဖော်ထုတ်နိုင်သည့်လူငယ်တစ်ယောက်ကိုပြန်သတိရသွားကာ စီးတုယွမ်ချင်းကိုပြန်မေးလိုက်သည်။

" မင်းပြောတာ ဝတ်စုံဖြူကျောင်းတော်သားဆိုတဲ့လူငယ်လေးလား ..."

ချောင်ဖေးဟုန်၏စကားကိုဟောင်ရန်က ခေါင်းညိမ့်ထောက်ခံလိုက်ပြီးအလျှင်အမြန်မေးလိုက်သည်။ ။

" ဟုတ်တယ်ဦးလေးချောင် ကျုပ်ရဲ့အစ်ကိုကြီးလေ....ဒီက စီးတုယွမ်ချင်းနဲ့လည်းရင်းနှီးတဲ့ အစ်ကိုရှောင်ယောင်ကိုမေးတာ...."

&&&&

All Chapters