← Chapters

ပျောက်ဆုံးနေသောချောင်ရှန်းရှန်း

Vol. 4 Ch. 67

ပျောက်ဆုံးနေသောချောင်ရှန်းရှန်း

Vol. 4 Ch. 67

" ဟုတ်တယ်ဦးလေးချောင် ကျုပ်ရဲ့အစ်ကိုကြီးလေ....ဒီက စီးတုယွမ်ချင်းနဲ့လည်းရင်းနှီးတဲ့ အစ်ကိုရှောင်ယောင်ကိုမေးတာ...."

လူငယ်များ၏မျှော်လင့်တကြီးပုံစံများကြောင့် ‌ချောင်ဖေးဟုန်က ခေါင်းကုတ်၍ပြန်ပြောလိုပ်သည်။

" နေစမ်းပါဦး...သူကဒီကိုရောက်လာလို့လား...."

ချောင်ဖေးဟုန်၏ဇဝေဇဝါဖြစ်သည့်ပုံစံကြောင့် ရှောင်ယောင့်ကိုမတွေ့ခဲ့ရဟုသိလိုက်ပြီး ဟောင်ရန်တို့လည်းအနည်းငယ်စိတ်ပျက်သွားကြသည်။

" ဟုတ်တယ် အစ်ကိုရှောင်ယောင်က ဒီဒေသကိုရောက်နေတယ်ကြားလို့ ကျုပ်တို့လိုက်လာခဲ့တာပဲ ...."

ဟောင်ရန်က ရှောင်ယောင်၏သတင်းကိုအဆက်ပြက်သွား၍စိတ်ပျက်သွားသော်လည်း ကောင်းစွာပြန်ဖြေလိုက်သည်။

" ဒါနဲ့ ဆရာကြီးချောင် ခင်ဗျားတို့ သွေးအေးသခင်မကိုလိုက်လံသတ်ဖြတ်နေကြတာဆို ....."

ကြွယ်ယန်က အနီးအနားရှိသိုင်းသမားများကိုအကဲခပ်ရင်းစပ်စုလိုပ်သည်။

သူ၏မေးခွန်းကြောင့် ချောင်ဖေးဟုန်၏မျက်နှာအနည်းငယ်ပြောင်းလဲသွားသော်လည်းခေါင်းညိမ့်

ကာပြန်ဖြေလိုက်သည်။

" ဟုတ်တယ် ညက သူ့ကိုသတ်ဖြတ်နိုင်ခါနီးမှာပဲ ကူညီမယ့်လူရောက်လာလို့လွတ်မြောက်သွားတယ်...."

ထိုအခါမှ ချောင်ဖေးဟုန်လည်း ညက သူတို့တွေ့ခဲ့သည့်ကျောင်းတော်သားဝတ်စုံဝတ်လူငယ်က ဟောင်ရန်တို့လိုက်ရှာနေသည့်လူငယ်နှင့်အနည်းငယ်ဆင်တူသည်ကိုပြန်သတိရလိုက်သည် ။

သို့သော် ရွှေဓားသခင်၏စံအိမ်တွင် ရှောင်ယောင်၏သိုင်းပညာကိုတွေ့ခဲ့ပြီးဖြစ်၍ ညက ထူးခြားလှသည့်ပုလွေသံပိုင်ရှင်လူငယ်နှင့်မတူညီဟုတွေးလိုက်မိကာ ထိုအတွေးကိုပြန်၍ပယ်ဖျက်လိုက်သည်။

‌ကြွယ်ယန်တို့လူစုကား ချောင်ဖေးဟုန်၏အဖြေကြောင့် လွန်စွာအံ့အားသင့်သွားကြပြီး သိုင်းဝိဇ္ဇာအဆင့်ရှိသည့်ချန်ချင်းဂိုဏ်းချုပ်အပါအဝင် အစွမ်းထက်သိုင်းသမားများစွာ၏လိုက်လံသတ်ဖြတ်မှုအောင်မှလွတ်မြောက်သွားသည့် သွေးအေးသခင်မကို အထင်ကြီးသွားကြသည် ။

သူတို့၏အမူအယာကိုရိပ်စားမိ၍ ချောင်ဖေးဟုန်က ရှင်းပြလိုက်သည်။

" ညက သူတို့နှစ်ယောက် သစ်သီးဝါရေတံခွန်ထဲကိုခုန်ချလို့လွတ်မြောက်သွားတာပဲ။

ပြီးတော့ ရေစီးနဲ့မျောပါပြီး ဥမင်တစ်ရာထဲဝင်‌ရောက်ပျောက်ကွယ်သွားတာ ...."

" အော် ..ဒီလိုကိုး...."

ကြွယ်ယန်က နားလည်သဘောပေါက်ဟန်ဖြင့်ခေါင်းညိမ့်လိုက်သည်။

သူတို့လည်း ဥမင်တစ်ရာ၏သတင်းကိုကောင်းစွာကြားခဲ့ပြီးဖြစ်၍ သွေးအေးသခင်မနှင့်သူမကိုကူညီသူတို့အသက်ရှင်နိုင်မည်ဟုမထင်မိပေ။

ဟောင်ရန်တို့ကား ရှောင်ယောင်သတင်းကိုမရခဲ့၍ဤနေရာတွင်ဆက်နေလိုခြင်းမရှိတော့ဘဲ ချောင်ဖေးဟုန်ကိုနှုတ်ဆက်ကာ ထွက်ခွာရန်ပြင်ဆင်လိုက်ကြသညိ။

ထိုစဉ် စီးတုယွမ်ချင်းက ချောင်‌ဖေးဟုန်ကို အမှတ်အထင်မေးလိုက်သည် ။

" ဦးလေးချောင် ရှန်းရှန်းတစ်ယောက်ရော ဘယ်ရောက်နေလဲ....."

သူမ၏မေးခွန်းက ဟောင်ရန်၏မျက်နှာကိုအနည်းငယ်ပြောင်းလဲသွားစေသလို ချောင်ဖေးဟုန်၏ပုံစံကလည်းအံ့အားသင့်သွားဟန်တူသည်။

" ရှန်းရှန်းဘယ်မှာရှိတယ်‌ဆိုတာ မင်းသိတယ်ထင်နေတာ သူ့တို့မတွေ့ရတာ နည်းနည်းကြာပြီ...."

ထို့နောက် ချောင်ဖေးဟုန်ကတစ်စုံတစ်ခုကိုသတိရဟန်ဖြင့် ဟောင်ရန့်ကိုကြည့်ကာမေးလိုက်သည်။

" ဟောင်ရန် မင်းချောင်မျိုးနွယ်ကထွက်လာတော့ ရှန်းရှန်းက ဟိုမှာကျန်ခဲ့တာလား...."'

သူ၏မေးခွန်းကြောင့် ဟောင်ရန်၏အမူအယာကအနည်းငယ်ပျက်ယွင်းသွားသော်လည်း သက်ပြင်းတစ်ချက်ချ၍ ချောင်မျိုးနွယ်မှအတူထွက်လာပြီး‌နောက် သူ့ကိုတစ်ဦးထဲချန်ခဲ့ကာ ထိုမိန်းကလေးထွက်သွားခြင်းကို အမှန်အတိုင်းရှင်းပြလိုက်သည်။

အဆိုးထဲမှအကောင်းဟုဆိုကမည့် သူ့ကိုဒုက္ခပေးကာထွက်သွားသည့် ချောင်ရှန်းရှန်းကြောင့် ‌ငွေအိတ်ခါးပိုက်နှိုက်ခံရကာ ယွင်ဖေးနှင့်ရင်းနှီးခဲ့ရခြင်းဖြစ်ပေသည်။

ဟောင်ရန်၏ရှင်းပြမှုကိုကြားမှ ချောင်ဖေးဟုန်က ဒေါသထွက်သွားပြီး သူ၏သမီးဖြစ်သူကိုမကျေမနပ်ပုံစံဖြင့်ပြောလိုက်သည်။

" ဒီကောင်မလေးကတော့ အကျင့်ဆိုးတွေမပျောက်ဘူး ..."

ချောင်ဖေးဟုန်ကဟောင်ရန့်ကိုအားတုံ့အားနာဖြစ်နေသော်လည်း ဟောင်ရန်ကစိတ်ဆိုးဒေါသထွက်ခြင်းမရှိပေ။

သို့သော် စီးတုယွမ်ချင်းက မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကိုတွေးနေပြီးနောက် လေးနက်သည့်အသံဖြင့်ပြောလိုက်သည်။

" တစ်ခုခုတော့မှားနေပြီထင်တယ်ဦးလေးချောင်။ ရှန်းရှန်းရဲ့စရိုက်အရဆိုရင် စွန်းအိမ်တော်သိုင်းပြိုင်ပွဲကိုလက်လွတ်ခံမှာမဟုတ်ဘူး ။

ဒါပေမယ့် သိုင်းပြိုင်ပွဲတစ်လျှောက်လုံးသူပေါ်မလာတဲ့အပြင် အခုထိသူ့သတင်းကိုတောင်မရသေးတာ သူ တစ်ခုခုဖြစ်နေတာတော့မဟုတ်လောက်ပါဘူးနော်....."

စီးတုယွမ်ချင်း၏စကားကြောင့် ချောင်ဖေးဟုန်၏မျက်နှာထက်၌စဉ်းစားတွေးတောသည့်အရိပ်အယောင်များပေါ်ထွက်လာသည်။

ထိုစဉ် သိုင်းမဟာမိတ်မှသိုင်းထိပ်သီးတစ်ယောက်က သူတို့အနီးသို့ရောက်လာပြီးချောင်ဖေးဟုန်ကိုအရိုအသေပေးကာပြောလိုက်သည်။

" ခေါင်းဆောင် ဆရာကြီးချန်က ဟိုတံငါသည်နဲ့ညှိနှိုင်းတာအဆင်မပြေဘးးလားမသိဘူး။ သူကမ်းစပ်ကိုပြန်ရောက်လာပြီး အနားကမြို့က လှေသမားတွေငှားရမ်းဖို့ခိုင်းနေတယ်....."

ထိုလူ၏စကားကိုကြားမှ ချောင်ဖေးဟုန်လည်းလက်ရှိကိစ္စများကိုပြန်သတိရသွားကာ ခေါင်းညိမ့်ပြလိုက်သည်။

ထို့နောက် စီးတုယွမ်ချင်းတို့ကိုပြန်ကြည့်ရင်းတည်ငြိမ်စွာပြောလိုက်သည်။

" ‌ရှန်းရှန်းက ဥာဏ်ကောင်းပြီး သိုင်းပညာလည်းမြင့်မားပါတယ် သူ့ကိုယ်သူကာကွယ်နိုင်မှာပါ။ အရမ်းကြီးလည်းစိုးရိမ်နေပါနဲ့....။

ဟောင်ရန် ငါဒီမှာ ကိစ္စလေးတွေရှိလို့ မင်းတို့ကိုလိုက်မပို့တော့ဘူး...."

ချောင်‌ဖေးဟုန်က စီးတုယွမ်ချင်းကိုမစိုးရိမ်စေရန်ပြောလိုက်ပြီး ဟောင်ရန်တို့ကိုလည်းတစ်ပါထဲနှုတ်ဆက်စကားဆိုလိုက်သည်။

&&&

" ခွမ်း...."

အစားအစာများထည့်ကာယူလာသည့်လင်ဗန်းက ကြမ်းပြင်ပေါ်သို့လွင့်စင်သွားသလို အထဲတွင်ထည့်ယူလာသည့် ထမင်းနှင့်ဟင်းများလည်း ပြန့်ကျဲကုန်ကြသည်။

ထိုအဖြစ်ကြောင့်စားသောက်ဖွယ်ရာများသယ်ဆောင်လာသည့်အစေခံမလေးက ထိတ်လန့်တုန်လှုပ်စွာဖြင့်ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။

ခမ်းနားလှပသည့်အခန်းထဲတွင် ကြီးမားသည့်ကုတင်တစ်လုံးနှင့် အိစက်ညက်သောသည့်ပိုးဖဲမွေ့ယာကြီးတစ်ခုလည်းရှိသည်။

မွေ့ယာပေါ်တွင် စိတ်ဆိုးမာန်ဆိုးဖြင့်ထိုင်နေသူက အသက်ဆယ့်ရှစ်နှစ်ခန့်သာရှိမည့်မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး သူမ၏မျက်နှာက ဒေါသကြောင့် နီမြန်းတင်းမာနေသည့်တိုင် လွန်စွာလှပလျက်ရှိနေသေးသည်။

" သွား....နင်ယူလာတဲ့ဟာတွေ အကုန်ပြန်သိမ်းသွား ငါအစာအငက်ခံပြီးသေမယ် ...."

မိန်းမလှလေးက တင်းမာသည့်အသံဖြင့် အစေခံမလေးကိုအော်ဟစ်လိုက်သည်။

သူမ၏စကားကြောင့် အစေခံမလေးက ကြောက်လန့်နေသည့်ကြားမှ ရှေ့သို့အလျှင်အမြန်တိုးလာကာ မိန်းမပျိုလေးကိုမဝံ့မရဲပုံစံဖြင့်ပြောလိုက်သည်။

" သခင်မလေး ထမင်းဟင်းတော့ ပုံမှန်လေးစားပေးပါ မဟုတ်ရင် သခင်မလေးပိုပြီးအားနည်းလာလိမ့်မယ်....."

အစေခံမလေး၏စကားကြောင့် မိန်းမလှလေး၏အမူအယာက ပို၍တင်းမာလာပြီး အားနည်းနေသည့်ကြားမှပင် ကြိူးစား၍ထရပ်လိုက်သည်။

" မစားဘူး ...နင်တို့သခင်လေးကိုပြောလိုက်....သူကျွေးတာမှန်သမျှ ငါမစားနိုင်ဘူးလို့ ....."

တလက်လက်တောက်ပနေသည့်မျက်ဝန်းများဖြင့်မိန်းမလှလေး၏ပုံစံက စိတ်ဆိုးဖြတ်ထားမှန်းသိနိုင်ပြိး ထိုအဖြစ်ကြောင့် အ‌စေခံမလေးမှာ စိတ်ဆင်းရဲသွားသည်။

ထိုစဉ် အခန်းတွင်းသို့ အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက် ဝင်‌ရောက်လာပြီး ကြမ်းပြင်တွင်ပြန့်ကျဲနေသည့်ထမင်းဟင်းများကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး ကုတင်အနီးတွင်ရပ်နေသညိ့မိန်းမလှလေးကိုပြောလိုက်သည်။

" ရှန်းရှန်း....အစားစားမှ အားရှိမှာလေ.... ဒါမှ မင်းရဲ့မျက်နှာလှလှလေးရုပ်ဆိူးမသွားမှာပေါ့...."

အဖြူရောင်ဝတ်စုံဝတ်လူငယ်က အသက်သုံးဆယ်ပင်မပြည့်သေးဘဲ ချောမောသည့်မျက်နှာရှိသည်။

မျက်နှာထက်တွင် အမြဲလိုလိုအပြုံးတစ်ခုချိတ်ဆွဲထားသည့်သူ၏ပုံစံက နွေးထွေးခင်မင်စရာကောင်းမည်ဟုထင်ရသော်လည်း ထိုလူငယ့်ကိုမြင်သည်နှင့် မိန်းမလှလေးက ရှေ့သို့ပြေးဝင်လာပြီး လူငယ့်ကိုအားကုန်ထုရိုက်လိုက်သညိ။

" လီမန်ဟိုင် ငါ့ကိုလွှတ်ပေးစမ်း... ငါ့ကိုအခုလွှတ်ပေးလို့....."

မိန်းမလှလေး၏မျက်နှာထက်တွင် ဒေါသနှင့်ဝမ်းနည်းမှူတို့ရှိနေပြီး လူငယ့်ကိုအစွမ်းကုန်တိုက်ခိုက်လိုက်သော်လည်း ဆေးဝါးများကြောင့် အတွင်းအားပျောက်ကွယ်နေသည့်သူမ၏တိုက်ခိုက်မှုများက လူငယ့်အတွက်ပန်းနှင့်ပေါက်သလိုပင်ခံစားနေရသည်။

" ရှန်းရှန်း မဆိုးစမ်းပါနဲ့...."

လူငယ်က မိန်းမလှလေးကိုခွန်အားသုံး၍ပွေ့ချီကာ ကုတင်ပေါ်ပစ်တင်လိုက်သည်။

သူ၏လုပ်ရပ်ကြောင့် မိန်းမလှလေးကထိတ်လန့်သွားပြီးအလျှင်အမြန်ထထိုင်လိုက်သော်လည်း လူငယ်က သူမဆီသို့လိုက်ပါလာခြင်းမရှိဘဲ ကုတင်အစပ်တွင်သာထိုင်ချလိုက်ပြီး သူမကိုနူးညံ့သည့်မျက်ဝန်းများဖြင့်ကြည့်ရှုနေသညိ။

သူ၏အကြည့်က ချစ်မြတ်နိုးမှူများပြည့်နှက်နေပြီး တစ်ချက်ကြည့်ရုံနှင့်မိန်းမလှလေးကိုလွန်စွာချင်ခင်နေကြောင်းသိနိုင်သော်လည်း မိန်းမလှလေး၏စိတ်ထဲတွက်ကား ရွံရှာစက်ဆုပ်မှုများသာပြည့်နှက်နေသညိ။

" လီမန်ဟိုင် ငါ့ကိုလွှတ်မပေးရင ငါ့ဖေဖေက နင့်ကိုသတ်လိမ့်မယ်။ ပြီးတော့ ငါတို့ချောင်မျိုးနွယ်က နင်တို့တစ်ဂိုဏ်းလုံးကိုဖျက်ဆီးပစ်မှာ....."

မိန်းမပျိုလေးကသူမ၏အကျင့်အတိုင်းအလျော့ပေးခြင်းမရှိဘဲ လူငယ့်ကိုပင်ပြန်၍ချိန်းခြောက်စကားဆိုလိုက်သေးသည်။

သို့သော် လူငယ်၏ပုံစံက တစ်စက်ကလေးမှတုန်လှုပ်ဟန်မတူဘဲ အသာ ရယ်မော၍ပြောလိုက်သည်။

" ဟားဟား..ယောက္ခထီးကြီးက ငါ့ကိုလာသတ်ရင်လည်းခံရမှာပဲ။ ဘာလို့လဲဆိုတော့ ငါကသူ့သမီးချောလေးကို အတင်းအကြပ်ခိုးယူလာတာကိုး....."

အကြောက်အလန့်မရှိသလို သူမကိုလည်းလုံးဝလွှတ်‌ပေးမည့်ဟန်မတူသည့် လူငယ်၏ပုံစံကြောင့် မိန်းမလှလေးမှာ များစွာစိတ်ဆင်းရဲသွားသည်။

ထိုစဉ် လူငယ်က မိန်းမလှလေးကို စူးစိုက်ကြည့်ရင်း လေးနက်စွာပြောလိုက်သည်။

" ရှန်းရှန်း နင်ဘာလို့ငါ့ကိုသဘောမကျတာလဲ ။ ငါ့ရဲ့ရုပ်ရည် ၊ သိုင်းပညာဘာများအားနည်းချက်ရှိလို့လဲ ။

ပြီးတော့ ငါ့ရဲ့အရိုးဖြူဂိုဏ်က နင်တို့ချောင်မျိုးနွယ်ထက်အားမနည်းပါဘူး ။ဘာကြောင့် နင်ငါ့ကိုလက်မခံနိူင်ရတာလဲ...."

&&&

All Chapters