← Chapters

အဖိုးအို

Vol. 4 Ch. 69

အဖိုးအို

Vol. 4 Ch. 69

လူငယ်၏စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်ကအံ့အားသင့်သွားဟန်တူပြီးတစ်ယောက်ကပြောလိုက်သည်။

" ဟုတ်ပါ့မလားသခင်လေး ချောင်ရှန်းရှန်းက ဘယ် ယောင်္ကျားလေးနဲ့မှရင်းရင်းနှီးနှီးမရှိတာကိုသူ့နားကိုကပ်တဲ့လူတွေကိုလညိး အမျိုးမျိုးပညာပြလွှတ်သေးတာ...."

နတ်သမီးလေးယောက်အနက် ဓားနတ်သမီးဆိုသည့်ချောင်ရှန်းရှန်းက အဆိပ်အပြင်းဆုံးဖြစ်ပြီး သူမ၏လက်ချက်ကြောင့် ထိခိုက်ခဲ့ရသည့်လူငယ်မည်မျှရှိသည်မသိပေ။

ထို့ကြောင့် သိုင်းလောထဲမှလူငယ်အများစုက သူ့ကိုချစ်လည်းချစ် လန့်လည်းလန့်ကြသည်။

လူငယ်က သူ၏ဦးခေါငိးကိုခါယမ်းကာ‌ အေးစက်စွာပြောလိုက်ပြန်သည်။

" မဟုတ်ဘူး အဲဒီကောင်က ချောင်ရှန်းရှန်းကိုသဘောကျပြီးအတင်းလိုက်ကပ်နေတာတဲ့။

ပြီးတော့ ချောင်ရှန်းရှန်းရဲ့အဖေနဲ့လည်းရင်းနှီးပြီး သူတို့က ချောင်မျိုးနွယ်ကိုတောင်အတူတူသွားခဲ့သေးတာ။

ဘယ်လိုပဲဖြစ်ဖြစ် ငါ့မိန်းကလေးနားကိုကပ်ရဲတာ ဒီကောင့်ကိုအလွတ်မပေးနိုင်ဘူး...."

လူငယ်၏မျက်ဝန်းထဲတွင်သတ်ဖြတ်လိုသည့်အရိပ်အယောင်တစ်ခုဖြစ်ပေါ်လာပြီးအချိန်တိုအတွင်းပြန်၍ပျောက်ကွယ်သွားသည်။

သို့သော် လူငယ်၏ယခုပုံစံက ဟောင်ရန်ဆိုသည့်လူငယ်ကိုအလွတ်ပေးမည်မဟုတ်ကြောင်း အဖြူရောင်ဝတ်စုံဝတ်သိုင်းသမားနှစမယောင်လုံး အသေအချာသိနေသည်။

" သခင်လေး.. သိုင်းလောကထဲကိုဆင်းလို့မရသေးဘူး ..."

တည်ငြိမ်သည့်စကားသံနှင့်အတူသူတို့အနီးသို့ရိပ်ခနဲရောက်ရှိလာသူကအဖြူရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူကြီးတစ်ယောက်ဖြစ်သည်။

" အစ်ကိုကြီး...."

လူငယ်၏နောက်မှ သိုင်းသမားနှစ်ယောက်က ထိုလူကြီးကိုဆီးကြိုနှုတ်ဆက်လိုက်ကြသလို လူငယ်ကလည်းမျက်မှောင်ကြုတ်၍မေးလိုက်သည်။

" ဘာလို့လဲ ဦးလေးရှောက်...."

သူ၏ကိုယ်ရံတော်လေးယောက်ထဲတွင်သိုင်းပညာအမြင့်မားဆူံးဖြစ်ပြီး ဂိုဏ်းထဲတွင်ပင် ဒုတိယနေရာရှိသည့်ထိုလူကြီးကို လူငယ်ပင်လေးလေးစားစားဆက်ဆံရသည်။

သို့သော် ယခု သူ၏ကိစ္စကိုထိုလူကြီးကဝင်ရောက်တားဆီးလေရာ လူငယ်က မကျေမနပ်ဖြစ်ဟန်ဖြင့်မေးလိုက်သည်။

လူငယ်၏စိတ်ကိုအကဲခပ်မိသော်လည်း သက်လက်ပိုင်းလူကြီးကအမူအယာပြောင်းလဲခြင်းမရှိဘဲပြောလိုက်သည်။

" ဂိုဏ်းချုပ်ကအရေးကြီးတဲ့ပုဂ္ဂိုလ်တွေရောက်နေလို့ သခင်လေးကိုအခေါ်ခိုင်းလိုက်လို့ပါ....."

ထိုစကားကြောင့် လူငယ်၏မကျေနပ်မှုများပျောက်ကွယ်သွားပြီးလေးနက်သည့်ပုံစံကအစားထိုးဝင်ရောက်လာသည်။

" သူတို့က ဘယ်သူတွေမလို့လဲ...."

သူ၏ဖခင်မနက်ထဲကအလုပ်ရှုပ်နေခြင်းဖြစ်ပြီး ဧည့်ခံပွဲတစ်ခုခုကို သူကိုယ်တိုင် ပြင်ဆင်နေဟန်တူသည် ။

မည်သည့်ကိစ္စရှိ၍ယခုလိုဂရုစိုက်လုပ်ဆောင်နေရဟနည်းဟုမေးမြန်းသော်လည်းအဖြေမရဘဲ ယခု ဂိုဏ်းသို့ရောက်ရှိနေသည့်လူများနှင့်ပတ်သတ်နေကြောင်းတန်း၍ရိပ်စားမိလိုက်သည် ။

သို့‌သော် အနက်ရောင်ဂိုဏ်းကြီးများမှခေါင်းဆောင်များလာရောက်လျှင်ပင် သူ၏ဖခင်က ယခုလိုတလေးတစားဆက်ဆံမည်မဟုတ်ပေ။

လူငယ်မေးခွန်းကို‌ခေါင်းယမ်းပြလိုက်သော်လည်း သက်လက်ပိုင်းလူကတည်ကြည်သည့်အမူအယာဖြင့်ပြန်ဖြေလိုက်သည်။

" ကျုပ်မသိဘူး...ဒါပေမယ့် ဂိုဏ်းချုပ်ကတောင် သူတို့ရှေ့မှာ အမှားတစ်ခုခုလုပ်မိမှာကြောက်နေသလိုပဲ...သခင်လေးလည်း အခုချက်ခြင်းသွားတာကောင်းမယ်...."

သက်လက်ပိုင်းလူကြီး၏လေးနက်သည့်အမူအယာကြောင့်လူငယ်ကမျက်မှောင်ကြုတ်လိုက်သော်လည်းအနည်းငယ်စဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။

" ကောင်းပြီ ကျုပ်သွားမယ်...."

" ဝတ်စုံပြာဓားသမား ဟောင်ရန် မင်းခဏစောင့်နေဦး...."

လူငယ်၏စိတ်ထဲတွင်ကြိတ်၍ကြုံးဝါးလိုက်ပြီးနောက် ဂိုဏ်း၏ပင်မအဆောက်အဦးဆီသို့လျှင်မြန်စွာထွက်ခွာသွားလိုက်သည်။

&&&

သစ်သီးဝါရေတံခွန်အနီးရှိ ‌ဟောင်ရန်တို့လူစုကား ရှောင်ယောင်၏သတင်းကိုမရခဲ့ဘဲ ချောင်ဖေးဟုန်တို့ဆီမှ ထွက်ခွာလာကြတော့၏။

" ဟောင်ရန် ဘယ်လိုလုပ်ကြမလဲ။ ငါတို့လမ်းစပျောက်ပြီ...."

အပြန်လမ်းတွင် ကြွယ်ယန်က အလုပ်ရှုပ်နေကြသည့် ချန်ချင်းဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူများကိုငေးကြည့်ရင်းမေးလိုက်သည်။

သူ၏မေးခွန်းကြောင့် ဟောင်ရန်လည်းလေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး စီးတုယွမ်ချင်းနှင့်ကြွယ်စင်းတို့ကိုအကြံတောင်းသလိုကြည့်လိုက်သည်။

သူတို့နှငိ့သိကျွမ်းသော်လည်း များစွာရင်းနှီးမှုမရှိသည့်စီးတုယွမ်ချင်းက တိတ်ဆိတ်နေရာ ကြွယ်စင်းကဝင်ရောက်ပြောဆိုလိုက်ရသည်။

" ကျုပ်တို့ ဒီအတိုင်းဆက်ရှာရင်လည်း အစ်ကိုကြီးကိုတွေ့ချင်မှတွေ့မှာ ။ ပြီးတော့ သူထွက်သွားတာက ကိစ္စတစ်ခုခုရှိလို့ဆိုတော့ ပြီးရင်သူပြန်ရောက်လာမှာပါ ။

ဒီတော့ ကျုပ်ရဲ့သဘောအရပြောရရင် သားရဲတစ်ရာတောအုပ်ထဲကိုသွားပြီး ကျုပ်တို့ရဲ့မူလအစီအစဉ်အတိုင်း မိစ္ဆာနှိမ်နင်းရေးမဟာမိတ်ကိုသွားပေါင်းတာကောင်းမယ် ။

ဟိုမှာ ဦးလေးစန်းနဲ့ ဆရာကြီးစီးတုတို့လည်းရှိနေတယ်...."

ကြွယ်စင်းလိုစကားများစွာပြောလေ့မရှိသူကယခုလိုရှည်လျားစွာပြောဆိုလာ၍ ကျန်လူများလည်း ထိုအကြံကိုစဉ်းစားလိုက်ကြသည်။

မူလကပင် မိစ္ဆာနှိမ်နငိးရေးအဖွဲ့သို့ဝင်ရောက်ရန် ဖင်တကြွကြွဖြစ်နေသည့်ကြွယ်ယန်က ချက်ခြင်းပင်တိုက်တွန်းပြောဆိုလိုက်သည် ။

" ဟုတ်တယ် ဟိုကိုသွားရအောင် ...သုံးလေးရက်ကြာပြီးတာတောင် ဘာသတင်းမှမကြားရသေးပုံ‌ထောက်ရင် မိစ္ဆာဓားသမားကို အနိုင်မယူနိုင်သေးဘူးထင်တယ်။

ဘယ်‌လောက်တောင်ညံ့လိုက်တဲ့ကောင်တွေလဲ ။ ဒါမျိုးက ငါပိုင်ဖုန်းယန်ဝင်ပါမှဖြစ်တော့မယ်..."

ကြွယ်ယန်က သူ၏အင်္ကျီလက်စနှစ်ဖက်ကိုပင့်တင်ရင်းကိုယ်ရည်သွေးလိုက်ပြီး ဟောင်ရန်နှင့် စီးတုယွမ်ချင်းတို့ကိုလည်းအဖော်ညှိလိုက်သည်။

" လာပါကွ သွားရအောင် အစ်ကိုကြီးက အချိန်တန်ရင်သူ့ဘာသာပြန်ရောက်လာလိမ့်မယ် ။သူက ငါတို့ထက်တောင်ပိုပြီးအစွမ်းထက်သေးတယ်။

ပြီးတော့ ဘာမှမသိတဲ့ကလေးတစ်ယောက်မှမဟုတ်တာ စိုးရိမ်စရာမလိုပါဘူး ဟုတ်တယ်မလားမရီး..."

ကြွယ်ယန်၏စကား‌‌မဆုံးမီ စီးတုယွမ်ချင်း၏အေးစက်သည့်အကြည့်က ဒိုင်းခနဲရောက်ရှိလာ၍ ကြွယ်ယန်လည်း ပါးစပ်ပိတ်သွားတော့သည်။

ထို့နောက် စီးတုယွမ်ချင်းကသူတို့၏အကြံကိုသဘောတူသည့်ပုံစံဖြင့်ခေါင်းညိမ့်ပြလိုက်သော်လည်း ဟောင်ရန်ကအနည်းငယ်တွေးတောပြီး သက်ပြင်းတစ်ချက်ချကာပြောလိုက်သည်။

" ကျုပ်တော့ ခင်ဗျားတို့နဲ့လမ်းခွဲတော့မယ်။ ကျုပ်ဆရာသိုင်းလောကထဲရောက်နေတယ်တဲ့ ။ ဒါကြောင့်ကျုပ်သူ့ကိုလိုက်ရှာချင်သေးတယ် ။ အစ်ကိုရှောင်ယောင်ပြန်ရောက်လာရင်တော့ ကျုပ်ကိုအကြောင်းကြားပေးပါ ...."

ဟောင်ရန်က သူတိူ့နှင့်မတူညီသည့်ဆုံးဖြတ်ချက်ကိုချလိုက်သော်လည်း ကျန်လူများက ခေါင်းညိမ့်လိုက်ကြသည် ။

**အဆုံး၌ မည်သူမှအမြဲထာဝရအတူမရှိနိုင်ဘဲ အချိန်တန်လျှင် ကိုယ်နှင့်သက်ဆိုင်သည့်လမ်းကိုယ်စီ လျှောက်လှမ်းရမည်မဟုတ်ပါလား.....**

&&&

တဖြောင်းဖြောင်းခွာသံပေး၍အပြင်းစိုင်းနှင်လာသည့်မြင်းခြောက်စီးက ခြောက်သွေ့သည့်လမ်းမပေါ်တွင် တရိပ်ရိပ်ပြေးလွှားလျက်ရှိသည် ။

မြင်းစီးသူများက သိုင်းလောကသားများ၏သွင်ပြင်ရှိပြီး ရှေ့ဆုံးမှဦးဆောင်လာသူကအနက်ရောင်သိုင်းဝတ်စုံဝတ် အသက်ငါးဆယ်အရွယ်လူတစ်ယောက်ဖြစ်သည်။

သို့သော် ကျစ်လျစ်တောင့်တင်းသည့်သူ၏ခန္တာကိုယ်က လူငယ်များနှင့်ပင်နှိုင်းယှဥ်နိုင်ကာ အေးစက်ပြီးတဖျက်ဖျက်တောက်ပနေသည့်သူ၏မျက်ဝန်းများက အတွင်းအားနက်ရှိုင်းသူတစ်ဦးဖြစ်ကြောင်းသိနိုင်ကာ

နောက်ကျောတွင်လည်း ဓားတစ်လက်ကိုသိုင်းလွယ်ထားသည့်လူကြီး၏ပုံစံက ထက်ရှသည့်ဓားတစ်လက်လိုအန္တရာယ်များသည့်အရှိန်အဝါများထွက်ပေါ်နေသည်။

နောက်ဘက်ရှိမြင်းငါးစီးက အသက်ချင်းမတိမ်းမယိမ်းရှိသည့် လူငယ်လူရွယ်များဖြစ်ကြပြီး တူညီသည့်အနက်ရောင်ဝတ်စုံကိုပင်ဝတ်ဆင်ထားကြကာသူတို့၏နောက်ကျောများထက်တွင်လည်း ဓားကိုယ်စီသိုင်းလွယ်ထားသေးသည်။

မြင်းစီးသမားအုပ်စုက ထူးခြားပြီးအစွမ်းထက်ဟန်တူကာ လမ်းမှဖြတ်သွားဖြတ်လာအချို့ပင်သူတို့ကို တအံ့တဩငေးမောရလေသည်။

မြင်းစီးသမားများကားမည်သူ့ကိုမှဂရုမစိုက်ဘဲရှိနေကြပြီး လူရွယ်များ၏ပုံစံကလည်း အေးစက်စက်မျက်နှာများဖြင့်ဖြစ်ကြသည်။

ရှေ့နားတွင် ရွာငယ်တစ်ခုကိုမြင်လိုက်ရသည့်အခါ ရှေ့ဆုံးမှမြင်းစီးသမားလူကြီးကသူ၏မြင်းကိုအရှိန်လျော့လိုက်သည်။

ထိုအခါ နောက်ဘက်မှလူရွယ်များလည်း အလားတူအရှိန်လျော့လိုက်ကြပြီး တစ်ယောက်ကမေးလိုက်သည်။

" ခေါင်းဆောင် ဘာများဖြစ်လို့လဲ.."

လူရွယ်၏လေသံက သက်လက်ပိုင်းလူကြီးကနုလေးစားကြောက်ရွံ့ဟန်တူပြီးကျန်လေးယောက်လည်းထိုနည်းတူပင်။

လူရွယ်များက အသက်သုံးဆယ်ဝန်းကျင်သာရှိမည်ဖြစ်သော်လည်း အဆင့်လွန်ထိပ်သီးအဆင့်ရှိကြသည်။

ထို့အပြင် သူတို့အားလုံးကအစွမ်းထက်ဓားသမားများဖြစ်ကြပြီးသာမန်သိုင်းထိပ်သီးများကိုလွယ်ကူစွာအနိုင်ယူနိုင်သူများဖြစ်ကြသာည်

ထိုအရည်အချင်းက သိုင်းလောကထဲတွင်ပင် ပါရမီရှင်များဟုသက်မှတ်နိုင်‌သော်လည်း ခေါင်းဆောင်က သူတို့၏သေခြင်းရှင်ခြင်းကို အလိုရှိသလိုအဆုံးအဖြတ်ပေးနိုင်သည့်လူတစ်ယောက်ဖြစ်၏ ။

လူရွယ်၏မေးခွန်းကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက သူတို့ငါးယောက်ကိုစူးစိုက်ကြည့်လိုက်ပြီး လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။

" ရှေ့က ရွာကိုရောက်ရင် ငါတို့ဝါဆန်းဂိုဏ်းရဲ့ပိုင်နက်ထဲကိုရောက်ပြီ ။ ဒါပြီးရင် ဂိုဏ်းကိုရောက်ဖို့နေ့တစ်ဝက်လောက်ပဲလိုတော့တယ်။

ဒါကြောင့် ငါ့ကို ဆရာလို့ပဲခေါ်တော့ ပြီးတော့ မင်းတို့ကိုကြိုတင်သင်ကြားထားတာတွေကို မမေ့စေနဲ့ ။

ဟာကွက်တစ်ခုခုပေါ်ရင် သက်ညှာမှုမရှိဘဲရှင်းပစ်ခံရမယ်ဟုတ်ပြီလား...."

လူကြီး၏စကားသံအဆုံးတွင် လူရွယ်ငါးယောက်လုံး အားကောင်းသည့်သတ်ဖြတ်လိုစိတ်ကိုအာရုံခံလိုက်မိကာ သူတို့၏ခန္တာကိုယ်များကတုန်ယင်သွားကြသည်။

သို့သော် ပြင်းထန်သည့် လေ့ကျင့်ခန်းများကိုဖြတ်ကျော်လာရပြီး လက်မရွံ့များအဖြစ်လေ့ကျင့်ခံထားရသူများပီပီ ကြောက်လန့်တုန်လှုပ်သည့်အမူအယာမပြဘဲ ပြိုင်တူပြောလိုက်ကြသည်။

" ကောင်းပါပြီ ဆရာ...."

လူရွယ်ငါးယောက်၏တုန့်ပြန်မှုကိုကြည့်၍ အနက်ရောင်ဝတ်စုံဝတ်လူကြီးက သဘောကျသွားဟန်တူပြီး ခေါင်းတစ်ချက်ညိမ့်ကာပြောလိုက်သည်။

" ကောင်းပြီ ရှေ့နားက စားသောက်ဆိုင်ကိုဝင်ပြီး သတင်းလေးဘာလေးစုံစမ်းရအောင် ။

ဖန်းလွေဆီက လက်ရှိသိုင်းလောကရဲ့သတင်းအစုံအလင်သိခဲ့တယ်ဆိုပေမယ့် ခရီးထွက်လာတဲ့နှစ်ရက်သုံးရက်မတွင်းမှာ ဘာတွေဖြစ်သွားလဲမသိဘူး ..."

အနက်ရောင်ဝတ်စုံဝတ်လူကြီးက ပြောပြောဆိုဆိုဖြင့် လမ်းမဘေးတွင်ဖွင့်လှစ်ထားသည့်စားသောက်ဆိုင်လေးရှိရာသို့ဦးတည်သွားလိုက်သည်။

&&&

All Chapters