စည်းရုံးသိမ်းသွင်းခြင်း
Vol. 4 Ch. 85
အဖိုးအို၏လက်သီးကပြင်းထန်စွာတိုးဝင်လာသော်လည်း လူငယ်က မျက်တောင်တစ်ချက်မခတ်ဘဲ ဘေးသို့ရိပ်ခနဲရွေ့လျားလိုက်သည်။
သူ၏လှုပ်ရှားမှူက လွန်စွာမြန်ဆန်ပြီးကိုယ်ဖော့ပညာက ကောင်းမွန်လှရာ ကိုယ်တစ်ချက်လှုပ်သည်နှင့် အဖိုးအိူ၏တိုက်ကွက်ကိုရှောင်တိမ်းပြီးဖြစ်သည် ။
ပုံမှန်ဆိုလျှင်ထိုသို့ရှောင်တိမ်းပြီးနောက် သူ၏တိုက်ကွက်လည်းပျက်စီးသွားမည်ဖြစ်သော်ငြား လူငယ်၏ဓားကအနည်းငယ်သာလမ်း ကြောင်းပြောင်းသွားကာ ရပ်တန့်ခြင်းမရှိဘဲ အဖိုးအိုဆီသို့တိုးဝင်သွားဆဲဖြစ်၏။
" ရွှပ်...."
" ဗြိ...."
ဓားချက်ထိရန်လက်မတင်ကလေးအလိုတွင်ရှောင်တိမ်းလိုက်နိုင်၍ ဒဏ်ရာမရလိုက်သော်လည်းအဖိုးအို၏အင်္ကျီထက်တွင် ရှည်လျားသည့်စုတ်ပြဲရာကြီးထွက်ပေါ်လာသည်။
ထိုအဖြစ်ကြောင့်အဖိုးအို၏မျက်ခုံးများစုကြုံ့သွားပြီး ခပ်တိုးတိုးရေရွတ်လိုက်မိသည်။
" သိုင်းကွက်အသေအရှင်သဘောတရား....သူကသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ပဲ .....မဟုတ်ဘူး အခုဆို အစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောက်နဲ့တောင်တူညီနေသေးတယ်..."
အဖိုးအိုက အံ့ဩစွာဖြင့်ရေရွတ်လိုက်ခြင်းဖြစ်ကာ သူ၏စကားသံထဲတွင်တုန်လှုပ်မှုတို့ပါဝင်လျက်ရှိသည်။
အသက်သုံးဆယ်ပင််မပြည့်သည့်လူငယ်တစ်ယောက်က သိုင်းကွက်အသေအရှင်သဘောတရားကိုနားလည်ကာ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရောက်နေမည်ဟုထင်မထားပေ။
သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ကနှစ်မျိုးနှစ်စားရှိကာ ပထမတစ်မျိုးက အတွင်းအားလိုအပ်ချက်ပြည့်မှသော်လည်းနားလည်သဘောပေါက်မှုနိမ့်ကျသူများနှင့် ဒုတိယတစ်မျိုးကနားလည်သဘောပေါက်မှုအားကောင်းပြီးအတွင်းအားလိုအပ်နေသူတို့ဖြစ်သည်။
သိုင်းလောက၏ခေတ်အဆက်ဆက်တွင်မြောက်များလှစွာသောသိုင်းသမားများက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တွင်တစ်နေကာ သိုင်းဝိဇ္ဇာအဆင့်သို့မရောက်ကြခြင်းက သူတို့၏နားလည်သဘောပေါက်မှုနိမ့်ကျ၍ဖြစ်၏။
လူငယ့်လိုဒုတိယအမျိုးအစားကားလွန်စွာရှားပါးပြီး ထိုသို့သောလူများသည်လည်း တစ်ခေတ်တစ်ယောက်ဆိုသလိုထူးချွန်သူများဖြစ်ကြသည် ။
အစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောက်ဟုသက်မှတ်နိုင်ရန် လက္ခဏာသုံးရပ်လိုအပ်ပေသည်။
သိုင်းကွက်အသေအရှင်သဘောတရားဟုခေါ်သည့်အားအရှိန်ထိမ်းချုပ်မှု မည်သည့်သိုင်းပညာကိုမဆို ရာနှုန်းပြည့်အသုံးပြုင်စွမ်းနှင့် အနှစ်ခြောက်ဆယ်စာအတွင်းအားတို့ဖြစ်စည်။
ယခုလူငယ်က သိုင်းကွက်အသေအရှင်သဘောတရားကိုနားလည်ရုံသာမက သူ၏ကြောက်စရာကောင်းလှသည့်ဓားသိုင်းကိုအကဲခပ်ခြင်းဖြင့် ထိုသိုင်းပညာကိုရာနှုန်းပြည့်အသုံးပြုနိုင်စွမ်းရှိကြောင်းသိနိုင်သည်။
လူငယ့်ထံတွင်လိုအပ်နေသည်က အတွင်းအားပမာဏတစ်ခုသာဖြစ်၏။
လက်ရှိလူငယ်၏အတွင်းအားက လျှို့ဝှက်ပညာရပ်ကြောင့် အတွင်းအားများစွာတိုးပွားကာ သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိနေခြင်းပင်ဖြစ်သည် ။
မည်သို့ပင်ဖြစ်စေ နားလည်သဘောပေါက်မှုအားကောင်းသလို လျှို့ဝှက်ပညာကြောင့်သိုင်းဝိဇ္ဇာအတွင်းအားရရှိထားသည့်လူငယ်က ကြောက်စရာကောင်းလှသည့်သိုင်းကိုတတ်မြောက်ထားသလို သူ၏ကိုယ်ဖော့ပညာကလည်းအံ့မခန်းကောင်းမွန်လှသေးသည်။
ထို့ကြောင့် သည့်မတိုင်မီက အစစ်အမှန်သိုင်းဝိဇ္ဇာများကိုသတ်ဖြတ်နိုင်ခဲ့သည်မှာ များစွာထူးဆန်းခြင်းမရှိတော့ပေ။
သို့သော် အဖိုးအို၏စိတ်ထဲတွင် ကြောက်လန့်စိတ်စိုးစဉ်မှရှိမနေပေ။
တိုက်ကွက်တစ်ခုထဲဖြင့် ဒဏ်ရာရတော့မည်ကဲ့သို့ဖြစ်သွားခြင်းက လူငယ်၏သိုင်းပညာကိုထိုမျှထင်မှတ်မထား၍အနည်းငယ်ပေါ့ဆခဲ့ခြင်းကြောင့်သာဖြစ်သည်။
သူသာအစွမ်းကုန်တိုက်ခိုက်ပါက အကူအညီများရောက်မလာမီတွင်ပင်လူငယ့်ကိုအနိုင်ယူနိုင်မည်ဟုယုံကြည်ချက်ရှိပေသည်။
တခဏအတွင်းအဖိုးအို၏စိတ်ထဲတွင်အတွေးများစွာဖြတ်ပြေးသွားသလို လူငယ်ကလည်း သူ၏တိုက်ကွက်လွဲချော်သွားသည့်တိုင် အနည်းငယ်မှတုံ့ဆိုင်းမနေဘဲ ထပ်၍တိုက်ခိုက်လိုက်သည်။
အဖိုးအိုကိုကူညီရန်အခြားသိုင်းဝိဇ္ဇာများက အချိန်တိုအတွင်းရောက်ရှိလာနိုင်ရာ ထိုမတိုင်ခင် သူနှင့်တိုက်ခိုက်နေသည့်အဖိုးအိုကိုသတ်ဖြတ်နိုင်ရန်လိုအပ်ပေသည်။
ထို့ကြောင့် လူငယ်၏လက်က အဆက်မပြက်ရွေ့လျားသွားသလို သူ၏လက်ထဲရှိဓားကလည်း အဆိပ်ပြင်းသည့်မြွေတစ်ကောင်လိုအဖိုးအိုဆီသို့ဝင်ရောက်သွားသည်။
ထိုဓားကအရိပ်ပင်မမြင်ရအောင်လျှင်မြန်လှသည့်အရှိန်ဖြင့်ပျောက်ကွယ်သွားပြီး သူ၏ဦးတည်ရာက အဖိုးအို၏လည်ပင်းဆီသို့ပင်ဖြစ်၏။
" နတ်ဆိုးကိုယ်ပျောက်ဓားကွက်...."
သာမန်ဓားကွက်များထက်ငါးဆမျှပိုမြန်သည့်အမြန်နှုန်းဖြင့်တိုးဝင်လာသည့်ဓားကွက်မျ းက အဖိုးအိုပင်မသိလိုက်မီသူ၏အသက်ကိုနုတ်ယူနိုင်စွမ်းရှိပေမည်။
လျှင်မြန်ခြင်း၊ တိကျပြက်သားခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ပေါင်းစပ်ကာဖွဲ့စည်းထားသည့်ဓားကွက်များက အမှောင်ကျေးရွာ၏အထွတ်အမြတ်ဓားသိုင်းဖြစ်သလို လူငယ်ကျွမ်းကျင်အဆင့်ထိလေ့ကျင့်ထားသည့် တစ်ခုတည်းသောဓားသိုင်းလည်းဖြစ်သည်။
လျှင်မြန်လှသည့်ဓားချက်ကြောင့် အဖိုးအို၏စိတ်ထဲတွင်ပင်အန္တရာယ်အငွေ့အသက်များကိုခံစားလိုက်မိကာ လေးနက်သည့်မျက်နှာဖြင့်နောက်သို့ချက်ခြင်းခုန်ဆုတ်လိုက်သည်။
တစ်ချိန်ထဲမှာပင် သူ၏လက်နှစ်ဖက်ကိုဇယ်ဆက်သလိုလှုပ်ရှားလိုက်ပြီး လက်သီးချက်ဆယ်ချက်ကျော်က မျက်တောင်တခတ်အတွင်းရှေ့သို့ဝင်ရောက်သွားတော့သည်။
" ထန်း....ထန်း ...."
အဆက်မပြက်ထွက်ပေါ်လာသည့်သံချင်းထိခတ်သံများက အတွင်းအားနိမ့်ပါးသူများ၏နားစည်များကို အူထိုင်းသွားနိုင်သည်။
ဘေးပတ်လည်မှရပ်ကြည့်နေကြသည့်သိုင်းသမားများမှာ အဖိုးအိုနှင့်လူငယ်တို့နှစ်ယောက်လုံး၏လှုပ်ရှားမှုများကိုသဲကွဲစွာမမြင်လိုက်ရပေ။
ထိုနှစ်ယောက်၏တိုက်ကွက်များကလျှင်မြန်ပြင်းထန်လှပြီး တစ်ဖက်လူ၏အသက်ကိုနုတ်ယူရန်ရည်ရွယ်ချက်များဖြင့်တိုက်ခိုက်ခြင်းဖြစ်၍ သူတို့အားလုံးပါးစပ်အဟောင်းသားငေးမောနေရသည်။
တိုက်ပွဲစတင်သည်က အသက်ရှူချိန်အနည်းငယ်သာကြာမြင့်သေးသော်လည်း ထိုအတောအတွင်းသိုင်းကွက်ငါးဆယ်နီးပါးယှဉ်ပြိုင်ပြီးသည်ကို သူတို့တစ်ယောက်မှမသိကြပေ။
သို့သော် လူချင်းပူးကပ်သွားပြီးနောက် အဖိုးအိုရောလူငယ်ပါမလှုပ်မယှက်ရပ်သွားကြသည်ကိုတွေ့မြင်လိုက်ရသည်။
" ခင်ဗျားက သိုင်းဝိဇ္ဇာအလယ်အဆင့်ပဲ......"
လူသေကောင်တစ်ကောင်လိုဖြူဖျော့ပြီးခံစားချက်ကင်းမဲ့သည့်လူငယ်၏နှုတ်ဖျားမှ အေးစက်စက်စကားသံအချို့ထွက်ပေါ်လာသည်။
အစောပိုင်းက သူ၏အကောင်းဆုံးဓားကွက်များဖြင်ဆက်တိုက် တိုက်ခိုက်ခဲ့သည့်တိုင် အဖိုးအိုကိုသတ်ဖြတ်ရန်မဆိုထားနှင့်ဒဏ်ရာရအောင်ပင်မစွမ်းနိုင်ခဲ့ပေ။
ထိုအခြေအနေတွင် သာမန်သိုင်းဝိဇ္ဇာတစ်ယောက်ဆိုလျှင် ဒဏ်ရာအကြီးအကျယ်ရရှိနေလောက်ပြီဖြစ်သော်လည်း အဖိုးအိုကား ဟန်မပျက်ခုခံသွားနိုင်သည်။
ထိုအချက်ကိုကြည့်၍ အဖိုးအို၏သိုင်းပညာက သူတိုက်ခိုက်ခဲ့သမျှလူများထဲတွင်အမြင့်ဆုံးဖြစ်ကြောင်းသိနိုင်သည်။
" မင်းငါ့ကိုမယှဉ်နိုင်ပါဘူး အရှုံးပေးလိုက်ကောင်လေး....."
အဖိုးအိုက လက်နောက်ပစ်၍တည်ငြိမ်စွာပြောလိုက်သည်။
သိုင်းလောကတစ်ခုလုံးက မိစ္ဆာဓားသမားကိုကြောက်လန့်နေကြပြီး သိုင်းမဟာမိတ်မှလူများက လွန်စွာသတ်ဖြတ်လိုနေကြသည့်တိူင် အဖိုးအိုက လူငယ်၏ပါရမီကိုအတော်လေးသဘောကျနှစ်ခြိုက်ပေသည်။
ထို့ကြောင့်လူငယ်သာ သူ၏အပြစ်ကိုဝန်ခံ၍အရှုံးပေးပါက တေလေဂိုဏ်း၏အင်အားဖြင့်ကာကွယ်ပေးရန်ပင်တွေးထားမိ၏။
သို့သော် အဖိုးအို၏စကားကိုလူငယ်ကပြက်လုံးတစ်ခုကိုသဘောထားကာ သူ၏ခံစားချက်ကင်းမဲ့သည့်မျက်နှာထက်တွင် မဲ့ပြုံးတစ်ခုဖြစ်တည်လာခဲ့၏ ။
" ခင်ဗျားက ကျုပ်ကိုအရှုံးပေးခိုင်းနေတာလား အဆင့်မမှီသေးဘူး....."
လူငယ်၏ပြက်သားသည့်သဘောထားကြောင့်အဖိုးအိုလည်းသက်ပြင်းတစ်ချက်ချလိုက်မိသည်။
ထိုလူငယ်လေးကို သူမတူအောင်ထူးချွန်သည့်ပါရမီရှင်မျိူးကိုလွယ်လွယ်နှင့်စည်းရုံးရမည်ဟုလည်းသူမထင်ပေ။
သို့သော်လူငယ့်က ရှုံးနိမ့်ကြောင်းဝန်ခံလာသည်အထိ တိုက်ခိုက်ပြိးမှစည်းရုံးမည်ဟု သူ၏စိတ်ထဲတွင်တွေးလိုက်မိ၏။
အရည်အချင်းပြည့်ဝပြီးတစ်ခေတ်တစ်ယောက်ဟုဆိုနိုင်သည့်လူငယ့်လိုလူမျိုးသာ ယခုလိုမျိုးသွေးဆာရက်စက်သည့်လမ်းစဉ်သို့ဆက်လျှောက်နေပါက သိုင်းလောကအတွက် အန္တရာယ်ကြီးတစ်ခုဖြစ်လာပေမည်။
ထို့ကြောင့်အဖိုးအိုက ဆက်လက်တိုက်ခိုက်ခြင်းမရှိသေးဘဲ အနုနည်းဖြင့်စည်းရုံးနေခြင်းဖြစ်၏။
စည်းရုံးမရလျှင်လည်းများစွာကိစ္စမရှိပေ။ အကြောင်းက ယနေ့တွင်လူငယ်ကလွတ်မြောက်နိုင်မည့်လမ်းမရှိ၍ဖြစ်၏။
လူငယ်လည်းယခုအချိန်မှထွက်မသွားလျှင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများရောက်ရှိလာချိန်တွင် သူလွတ်မြောက်နိုင်မည်မဟုတ်တော့သည်ကိုကောင်းစွာရိပ်စားမိ၏။
သိူ့သော် သူ၏စိတ်ထဲတွင်သိုင်းဝိဇ္ဇာအလယ်အဆင့်တစ်ယောက်ဖြစ်သည့်ထိုအဖိုးအိုနှင့်တိုက်ခိုက်လိုစိတ်များက ထိမ်းချုပ်မရအောင်ပေါ်ထွက်နေပြီး ရေကုန်ရေခမ်းတိုက်ခိုက်ရမည့်တိုက်ပွဲတစ်ခုခုကိုသာဖြတ်ကျော်ပြီးပါက သူ၏ဓားပညာတွင်တစ်ဆို့နေသည်ကိုချိုးဖျက်နိုင်မည်ဟု ဝေဝေဝါးဝါးအာရုံခံမိနေသည်။
ထို့ကြောင့် လူငယ်လည်း အေးစက်စက်ပုံစံဖြင့်အဖိုးအိုကိုတုန့်ပြန်လိုက်သည်။
" ဒါဆိုလည်း သိုင်းဝိဇ္ဇာအလယ်အဆင့်တစ်ယောက်ကိုသတ်နိုင်မလားလို့စမ်းသပ်ကြည့်တာပေါ့....."
စကားဆုံးသည်နှင့် လူငယ်၏ခန္တာကိုယ်မှထွကိပေါ်နေသည့်အတွင်းအားလှိုင်းများက ပို၍အားကောင်းလာပြီး အဆုံးမရှိအောင်တိုးပွားလာသည်ဟုပင်ထင်ရသည် ။
ထိုအဖြစ်ကြောင့် အဖိုးအို၏အမူအယာပင်တည်ကြည်လေးနက်သွားပြီး ခန့်မှန်းမရသည်အထိအစွမ်းထက်လွန်းသောလျှို့ဝှက်ပညာရပ်ကိုတအံ့တဩဖြစ်နေမိသည်။
ထိုအချိန်တွင် ဘေးပတ်ဝန်းကျင်ရှိသိုငိးသမားများကား တဟုန်ထိုးတိုးပွားလာသည့်အတွင်းအားများနှင့်အတူ ပေါက်ကွဲထွက်လာသည့်သတ်ဖြတ်လိုသည့်စိတ်ဆန္ဒကြောငိ့ သူတို့၏မျက်နှာများဖြူဖျော့ကုန်ကြသည်။
အချို့စိတ်ဓာတ်ပျော့ညံ့သူများဆိုလျှင်ခြေလှမ်းအနည်းငယ်စီဆုတ်လိုက်မိကာ ထိတ်လန့်တုန်လှုပ်နေသည့်ပုံစံဖြင့်လူငယ့်ကိုကြောက်လန့်တကြားကြည့်လိုက်မိကြ၏။
လူငယ်၏အသက်အရွယ်ကငယ်ရွယ်သေးသည့်တိုင် အလောင်းပုံကြားမှတွားသွားလာသူတစ်ယောက်လို ကြောက်စရာကောင်းလှသည့်အရှိန်အဝါရှိနေပြီး သွေးဆာရက်စက်သည့်အငွေ့အသက်များက သူတို့မြင်တွေ့ဖူးသည့်လူတိုင်းထက်သာလွန်နေသည်။
စင်စစ် လူငယ် သိုင်းလောကထဲဝင်ရောက်သည်ကတစ်လပင်မပြည့်သေးသော်လည်း ထိုအတောအတွင်းအင်အားစုနှစ်ခုကိုအမြစ်ပြတ်သုတ်သက်ကာ ယခုတစ်ပတ်အတွင်းလည်း လူသုံးရာနီးပါးသတ်ဖြတ်ထားသေးသည်။
ထို့ကြောင့် လူငယ်၏လက်တွင်သေဆုံးရသူက ခြောက်ရာကျော်ပြီဖြစ်ကာ သူ၏ပင်ကိုယ်စရိုက်နှင့်ပေါင်းပါက ရက်စက်ကြမ်းကြုတ်လှပါသည်ဆိူသောအနက်ရောင်သိုင်းသမားများထက်ပင်ပို၍ကြောက်စရာကောင်းနေခြင်းဖြစ်၏။
ထိုနည်းတူ လူငယ်၏ကိုယ်မှ သွေးဆာရက်စက်လှသည့်အရှိန်အဝါများကြောင့် အဖိုးအို၏မျက်နှာပင်ကွက်ခနဲပျက်သွားပြီး လူငယ့်ကိုစည်းရုံးမည်ဆိုသောအတွေးကပါလွင့်စင်သွားတော့သည်။
ထိုအခိုက်လူငယ်၏ခန္တာကိုယ်ကရှေ့သို့ရိပ်ခနဲပြေးဝင်လာပြီး သူ၏လက်ထဲရှိဓားကပါ အဖိုးအို၏သေကွင်းသေကွက်နေရာများကိုအတိအကျဝင်ရောက်လာတော့သည်။
&&&