← Chapters

လျှို့ဝှက်ပညာ

Vol. 4 Ch. 86

လျှို့ဝှက်ပညာ

Vol. 4 Ch. 86

" ဝှမ်း...."

" ထန်း....ထန်း...."

" ဝုန်း...."

လေခွင်းသံများ၊ သံချင်းထိခတ်သံများနှင့် အတွင်းအားပေါက်ကွဲသံများကဆူညံနေသည် ။

လူငယ်နှင့်အဖိုးအိုတို့၏လှုပိရှားမှုများက သာမန်မျက်စိဖြင့်မမြင်နိုင်သည်အထိမြန်ဆန်လှကာ အဆင့်လွန်ထိပ်သီးများပင်မည်သို့ဖြစ်ပျက်နေသည်ကို ဝေဝေဝါးဝါးသာတွေ့နိုင်သည်။

သံမဏိလက်သီးဟုသိုင်းလောကသားများခေါ်ဆိုကြသည့်အဖိုးအို၏လက်သီးနှစ်ဖက်က သံတုံးသံခဲများကိုပင်ထိုးနှက်နိူင်ပြီး သံမဏိအလားမာကျောသည့်လက်များဖြစ်သည်။

ထို့ကြောင့် လူငယ်၏အားကောင်းသည့်ဓားကွက်များကိုလက်ဗလာဖြင့်ကောင်းစွာရင်ဆိုင်နိုင်ပြီး တိုက်ကွက်ချင်းထိတ်တိုက်ဆုံတွေ့ချိန်တိုင်း သံချင်းထိခတ်သံလိုထွက်ပေါ်နေခြင်းဖြစ်၏ ။

တစ်ဖက်တွင် နောက်ဆုတ်ထွက်ခွာရန်စိတ်ကူးကိုပယ်ဖျက်ပြီးနောက် လူငယ်၏တိုက်ကွက်များကကြောက်ခမန်းလိလိပြင်းထန်လာပြီးအချို့တိုက်ကွက်များတွင် ခုခံကာကွယ်ခြင်းပင်မပြုတော့ဘဲတိုက်စစ်သီးသန့်တိုက်ခိုက်လာသည်။

ဤသည်က သူသေကိုယ်သေတိုက်ကွက်မျိုးဖြစ်ပြီး သူကိုယ်တိုင်လည်းသေလုနီးပါးဖြစ်သွားနိုင်၍အဖိုးအိုမှာ ထိုဟာကွက်များကိုတိုက်ခိုက်ဝံ့ခြင်းမရှိပေ။

သုံးရာခန့်ရှိမည့်လူများ၏အလယ်၌ စိတ်လွတ်ကိုယ်လွတ်တိုက်ခိုက်နေသည့်လူနှစ်ယောက်ကြောင့် ဖုန်မှုန့်များ၊ ဓားလှိုင်းများနှင့် အတွင်းအားလှိုင်းများက ပျံ့လွင့်နေသည်။

မူလက ခြေလှမ်းနှစ်ဆယ်အကွာမှဝန်းရံထားကြသည့်သိုင်းသမားများပင် တိုက်ပွဲ၏အရှိန်ကြောင့် နောက်ထပ်ခြေဆယ်လှမ်းနီးပါးထပ်ဆုတ်ပေးလိုက်ကြရသည်။

ထိုအခိုက် တောအုပ်၏နေရာအနှံ့မှလူရိပ်များစွာပြေးလွှားနေပြီး တိုက်ပွဲအနီးသို့လည်း နောက်ထပ်လူအတော်များများရောက်ရှိလာကြသည်။

သိုင်းမဟာမိတ်မှသိုင်းသမားများ၊ မိစ္ဆာနှိမ်နင်းရေးအဖွဲ့ဝင်များနှင့်တေလေဂိုဏ်းသားများစသည့် နောက်ထပ်ရောက်ရှိလာသူတိုင်း လွန်စွာကြောက်စရာကောင်းလှသည့်တိုက်ပွဲကြီးကို တအံ့တဩငေးမောနေကြမိ၏။

မူလရှိနေသည့်လူသုံးရာလုံးက တေလေဂိုဏ်းသားများသာဖြစ်ပြီး မိစ္ဆာဓားသမားထွက်‌ပြေးပါက ဝင်္ကပါဆင်တိုက်ခိုက်ရန်ရည်ရွယ်ချက်ဖြင့် အခြားသိုင်းသမားများလိုဝတ်ဆင်ကာ ထောင်ချောက်ဆင်ခဲ့ခြင်းဖြစ်သည်။

ယခု သူတို့ဝင်ပါရန်ပင်မလိုအပ်ဘဲ အဖိုးအိုနှင့်ပြင်းထန်သည့်တိုက်ပွဲတစ်ခုဆင်နွဲ‌နေသည့်လူငယ့်ကိုမြင်မှ သူတို့မည်မျှကံကောင်းကြောင်းသိရှိလိုက်ကြသည်။

လူသုံးရာခန့်ပါတင်သည့်ခွေးရိုက်တုတ်ဝင်္ကပါက သာမန်သိုင်းဝိဇ္ဇာတစ်ယောက်ကိုတားဆီးနိုင်မည်ဖြစ်သော်လည်းလူငယ့်လိုကြောက်စရာကောင်းလှသူတစ်ဦးကိုသာရင်ဆိုင်ရပါက သူတို့ထဲမှအများစုပင်သေဆုံးသွားနိုင်သည် ။

လူငယ်ကားဘေးပတ်လည်တွင်ဝိုင်း‌နေသည့်ရန်သူများကိုသတိမထားမိသည့်အလားအဖိုးအိုကို သဲကြီးမဲကြီးတိုက်ခိုက်နေဆဲပင်ဖြစ်၏။

" ဆရာကြီးတို့ မိစ္ဆာဓားသမားကိုဝင်မတိုက်ကြသေးဘူးလား...."

သိုင်းမဟာမိတ်မှခေါင်းဆောင်တစ်‌ယောက်က ပြင်းထန်လှသည့်တိုက်ပွဲကိုကြည့်ရှုနေရင်း အားမလိုအားမရဖြစ်သည့်ဟန်ဖြင့်ပြောလိုက်သည် ။

ဆရာတော်ခုံးယင် ၊ ဝူတန်းဂိုဏ်းမှအကြီးအကဲချန်းရှောက်နှင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများသာမက စန်းဟုန်းလျန်တို့လေးယောက်ပင်ရောက်ရှိနေကြပြီဖြစ်သည်။

သံမဏိလက်သီးအဖိူးအိုပါပေါင်းပါက သူတို့စအရေအတွက်ကဆယ့်တစ်ယောက်အထိရှိပြီး ထိုပမာဏဖြင့်ဆိုလျှင့်လူငယ့်ကိုသတ်ဖြတ်ရန်က ငှက်ပျောသီးအခွံနွာသည်ထက်ပင်လွယ်ကူပေဦးမည်။

သို့‌သော် ရောက်ရှိနေသည့်သိုင်းဝိဇ္ဇာတိုင်းက လူငယ့်ကိုတိုက်ခိုက်ရန်ရည်ရွယ်ချက်မရှိသလို ဆရာတော်ခုံးယင်တို့လို ဖြောင့်မက်မှန်ကန်သည့်အဖြူရောင်ဘက်တော်သားများသည်လည်း လူငယ်မျိုးဆက်တစ်ယောက်ကိုဝိုင်းဝန်းတိုက်ခိုက်မည်မဟုတ်ပေ။

မှန်ပေသည်။

ဤသည်က သူတို့၏ဘက်မှအသာစီးရနေ၍ဖြစ်ပြီး အကယ်၍ လူငယ့်ကိုသာအမှန်တကယ်အနိုင်မယူနိုင်ပါက သူတို့ဝိုင်းဝန်းတိုက်ခိုက်ခြင်းမပြုဟု မည်သူမှအာမခံပေ ။

ယခု မလှုပ်ရှားသည့်အဓိကအကြောင်းပြချက်ကရှင်းလင်းပေသည် ။

သံမဏိလက်စီးအဖိုးအိုတစ်ဦးထဲဖြင့်လူငယ့်ကိူအနိူင်ရမည်ဟုယုံကြည်ကြ၍ဖြစ်သည်။

လူငယ်၏လက်ချက်ဖြင့် ချူမိသားစုခေါင်းဆောင်နှင့်ကောင်းယွဲ့ဂိုဏ်းချုပ်တို့သေဆုံးပြီးဖြစ်သော်လည်း ထိုဂိုဏ်းချုပ်များကသာမန်သိုင်းဝိဇ္ဇာများသာဖြစ်သည်။

သိုင်းဝိဇ္ဇာအဆင့်တွင်ပင် သုံးခုခွဲထားပြီး သာမန်သိုင်းဝိဇ္ဇာနှင့် သိုင်းဝိဇ္ဇာအလယ်အဆင့်က အစွမ်းချင်းကွာခြားလှပေသည်။

ရောက်ရှိနေကြသည့်သိုင်းဝိဇ္ဇာများထဲတွင် သံမဏိလက်သီးအဖိုးအိုကိုယှဉ်နိုင်သူက ဆရာတော်ခုံးယင်တစ်ဦးသာရှိပေမည်။

" ဦးလေးဟုန်းလျန်....တိုက်ပွဲကလက်ရည်ညီနေသလိုပဲ ဘယ်သူနိုင်မယ်ထင်လဲ....":

‌ကတုံးဆံပင်ပေါက်ပုံစံဖြင့်ထိုးထိုးထောင်ထောင်ဆံပင်များရှိသည့် ဝဝဖိုင့်ဖိုင့်လူငယ်ကမေးလိုက်သည်။

ထိုလူငယ်က သားရဲတစ်ရာတောအုပ်သို့ရောက်ရှိနေပြီဖြစ်သည့်မောင်စပ်စုကြွယ်ယန်ဖြစ်ပြီး အရှေ့ပိုင်းမှနေ၍ သားရဲတစ်ရာတောအုပ်အတွင်းတိုက်ရိုက်လာခဲ့ခြင်းဖြစ်သည်။

သူနှင့်အတူ ကြွယ်စင်းလည်းရှိနေကာ အေးစက်လှပမြဲဖြစ်သည့်စီးတုယွမ်ချင်းကား သူမဖခင်ဟဘေး၌ငြိမ်သက်စွာကပ်နေသည် ။

သူတိူ့အတွက်ကံကောင်းသည်က သားရဲတစ်ရာတောအုက်ထဲသို့ရောက်ရှိပြီးမကြာမီ ယခုလိုတိုက်ပွဲကြီးကိုတွေ့မြင်ခွင့်ရခြင်းဖြစ်၏။

" မဟုတ်ဘူး တကယ်တမ်းကျရင် ဆရာကြီးယန်က ပိုပြီးသာလွန်တယ် ။ သူက ငါတို့ထက်အများကြီးအစွမ်းထက်တဲ့သိုင်းဝိဇ္ဇာအလယ်အဆင့်တစ်ယောက်ပဲ...."

စန်းဟုန်းလျန်၏အဖြေကြောင့် ကြွယ်ယန်က အနည်းငယ်စဉ်းစားရကြပ်သွားပြီး တိုက်ပွဲကိုနောက်တစ်ကြိမ်ပြန်ကြည့်လိုက်သည်။

အဖိုးအိုက သိုင်းဝိဇ္ဇာအလယ်အဆင့်တစ်ယောက်ဖြစ်ပြီး သိုင်းပညာနက်ရှိုင်းလှသည့်တိုင်လူငယ်ကလည်း သူ့ထက်ပို၍အားနည်းခြင်းမရှိပါချေ။

သိုင်းပညာနားလည်သဘောပေါက်နိုင်စွမ်းတွင် သိုင်းဝိဇ္ဇာအလယ်အဆင့်ရှိသည့်အဖိုးအိုထက်များစွာနိမ့်ကျသော်လည်း သူ၏ကြောက်မက်ဖွယ်ကောင်းလှသည့်ဓားသိုင်းနှင့် အံ့ဩစရာကောင်းသည့်လျှို့ဝှက်ပညာရပ်တို့အားကိုးဖြင့်အဖိုးအိုကိုလက်ရည်တူတိုက်ခိုက်နိူင်ပေသည်။

အထူးသဖြင့် လူငယ်၏သရဲစီးသလို ကြောက်စရာကောင်းသည့်တိုက်ကွက်များကြားတွင်အဖိုးအိုပင်သတိထားနေရပြီး နီရဲနေသည့်မျက်ဝန်းများဖြင့် စိတ်လွတ်ကိုယ်လွတ်တိုက်ခိုက်နေသည့် ထိုလူငယ်က ဒဏ်ရာရသေဆုံးမည်ကိုလည်း လုံးဝဂရုစိုက်ဟန်မတူချေ။

ထို့ကြောင့် သာမန်အားဖြင့်ကြည့်လျှင် လူငယ်ကပင်အသာစီးရနေသည်ဟုထင်ရပြီး ကြွယ်ယန်တို့သာမက ကျန်လူများပင်လူငယ်၏သိုင်းပညာကို တအံ့တသြဖြစ်နေကြခြင်းဖြစ်၏။

" အဲဒီလူငယ်က ဆရာကြီးယန်နဲ့ယှဉ်တိုက်နိုင်တယ်ဆိုတာ အတွင်းအားတိုးစေတဲ့လျှိူ့ဝှက်ပညာရပ်တစ်ခုကြောင့်ပဲ...."

စန်းဟုန်းလျန်၏စကားကြောင့် တိတ်ဆိတ်စွာရပ်နေသည့်ကြွယ်စင်းကတစ်စုံတစ်ခုကိုသတိရဟန်ဖြင့်ဝင်မေးလိုက်သည်။

" ရှောင်လင်ကျောင်းမှာ ဟိုလူတွေသုံးခဲ့တဲ့ပညာရပ်လိုမျိုးလား....."

လွန်ခဲ့သည့်ရက်အတော်ကြာက ရှောင်လင်ကျောင်းပေါက်ဝမှတိုက်ပွဲတွင် ဂိုဏ်းကြီခြောက်ဂိုဏ်းမှလူများနှင့်ထူးခြားသည့်လူတစ်စုရင်ဆိုင်ခဲ့ဖူးပြီး ထိုလူများ၏သိုင်းပညာကို ကျောင်းတော်တွင်ရှိနေသူတိုင်းအမှတ်ရနေဆဲပင်။

" သဘောတရားက အတူတူပဲ။ ဒါပေမယ့် ဒီလူငယ်သုံးနေတာအများကြီးပိုပြီးအစွမ်းထက်တယ် ။ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အစစ်အမှန်အတွင်းအားက သိုင်းဝိဇ္ဇာအဆင့်ကိုတောင်မရောက်သေးလို့ပဲ။

အခုလျှို့ဝှက်ပညာရပ်ကိုသုံးထားတဲ့အချိန်မှာ သူက ငါ့ထက်တောင်အတွင်းအားပိုကောင်းနေပြီး ဆရာကြီးယန်နဲ့တန်းတူလောက်ရှိသွားမယ် ။

သိုင်းလောကမှာ ဒီလိုမျိုးလျှို့ဝှက်ပညာရပ်တွေရှိနေတာတောင်ယုံရခက်ပဲ...."

စန်းဟုန်းလျန်ကိုယ်တိုင် လေးပင်သည့်လေသံဖြင့်ရှင်းပြခဲ့၍ ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း အံ့ဩတုန်လှုပ်စွာဖြင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။

စန်းဟုန်းလျန်က ခေါင်းယမ်း၍ဆက်ပြောလိုက်သည်။

" ဒါပေမယ့် လျှို့ဝှက်ပညာရပ်တွေဘယ်လောက်အစွမ်းထက်ထက် ပြင်ပအကူအညီပဲဆိုတော့ အမြဲတမ်းတည်မြဲနေနိုင်မှာမဟုတ်ဘူး။

သူတို့ကိုအသုံးပြုရတာအချိနိအကန့်အသက်ရှိသလို သုံးပြီးရင်လည်း တန်ပြန်ဆိုးကျိုးတစ်ခုခုခံစားရနိုင်တယ် ။

အခု လျှို့ဝှက်ပညာရပ်ကိုသုံးပြီး မိစ္ဆာဓားသမားက မယုံကြည်နိုင်လောက်အောင် အစွမ်းထက်နေပေမယ့် အချိန်ရောက်လာရင် သူကျိန်းသေပေါက်ရှုံးနိမ့်ရမှာပဲ....."

စန်းဟုန်းလျန်၏စကားမဆုံးမီ အုန်းခနဲမည်သံကြနှင့်အတူ ရှုပ်ထွေးနေသည့်လူရိပ်နှစ်ခုက ကွဲကွာသွားလေသည်။

အဖိုးအို၏သပ်ရပ်သည့်အဖြူရောင်ဝတ်စုံထက်တွင် ဓားဒဏ်ရာများရှိနေပြီး များစွာနက်ရှိုင်းခြင်းမရှိသည့်တိုင် ပေါ့ဆမရသည့်အခြေအ‌နေမျိုးဖြစ်၏။

သတ်ဖြတ်ရန်တစ်ခုထဲကိုသာဦးတည်ထားပြီး ရက်စက်ကြမ်းကြုတ်သည့်ဓားကွက်များဖြင့်ဖွဲ့စည်းထားသည့်လူငယ်၏ဓားသိုင်းက အဖိုးအိုယန်ချန်းနင်လိုအတွေ့အကြုံရင့်သိုင်းဝိဇ္ဇာတစ်ယောက်ကိူပင်အံ့သြတုန်လှုပ်စေခဲ့သည်။

ထို့အပြင် အံ့မခန်းကိုယ်ဖော့ပညာနှင့် လျှို့ဝှက်ပညာရပ်ကြောင့်အဆုံးမရှိတိုးပွားနေသည့်အတွင်းအားများစုပေါင်းလိုက်လျှင် လူငယ်က အဖိုးကိုဒဏ်ရာများစွာရရှိအောင်လုပ်ဆောင်နိုင်သည်မှာ များစွာထူးဆန်းခြင်းမရှိပေ။

တစ်ဖက်တွင် အဖိုးအို၏လက်သီးသုံးချက်မနည်းထိမှန်ထားသည့်လူငယ်သည်လည်း ထိုနည်းတူဖြစ်ကာ ဖြူဖျော့နေသည့်မျက်နှာဖြင့် သွေးတစ်ပွတ်အန်ထုတ်လိုက်ရသည်။

သူရင်ဆိုင်ခဲ့ရသည်က သာမန်သိုင်းဝိဇ္ဇာတစ်ယောက်အဟုတ်ဘဲ တေလေဂိုဏ်း၏ဂိုဏ်းထိမ်းလေးယောက်ထဲမှအစွမ်းအထက်‌ဆုံးပုဂ္ဂိုလ်ဖြစ်ရာ အဖိုးအိုကိုဒဏ်ရာရအောင်လုပ်နိုင်သလို အဖိုးအိုကလည်းသူ့ကိုတန်ပြန်ထိခိုက်မှုများဖြစ်စေခဲ့သည် ။

လူငယ်၏အခြေအနေက အတွင်းဒဏ်ရာရရှိထားကြောင်းသိသာသည့်တိုင် သူ၏မျက်ဝန်းထဲရှိသတ်ဖြတ်လိုသည့်စိတ်ဆန္ဒက နည်းနည်းကလေးမှလျော့ပါးမသွားချေ ။

သူတို့၏တိုက်ပွဲက သိုင်းကွက်ငါးရာနီးပါးတိုက်ခိုက်ပြီးဖြစ်သည့်တိုင် စောင့်ကြည့်နေကြသည့်လူများ၏စိတ်ထဲတွင်အချိန်တိုလေးဟုသာထင်ရသည်။

" မင်းရှုံးပြီ...."

အဖိုးအိုက သွေးများစိမ့်ထွက်နေသည့်ကိုယ်ပေါ်မှဒဏ်ရာများကိုဂရုမစိုက်ဘဲလူငယ့်ကိုကြည့်ကာပြောလိုက်သည်။

သူ၏စကားကြောင့်ကြည့်ရှုနေကြသည့်လူများသာမက စန်းဟုန်းလျန်တို့လို သိုင်းဝိဇ္ဇာများပင်အနည်းငယ်အံ့အားသင့်သွားမိကြ၏။

တိုက်ပွဲကပြီးဆုံးခြင်းမရှိသေးသော်လည်းမည်သည့်အတွက်အဖိုးအိုယန်ချန်းနင်က လူငယ်ရှုံးနိမ့်ပြီဟုဆိုရသနည်း ။

သို့သော် အဖိုးအိုယန်ချန်းနင်၏စကားကြောင့် လူငယ်၏မျက်နှာထက်တွင်ရှုပ်ထွေးသည့်အမူအယာတစ်ခုထွက်ပေါ်လာပြီး သက်ပြင်းချ၍ခေါင်းညိမ့်လိုက်သည်ကိုမြင်လိုက်ရသည်။

" ဟုတ်တယ် ဒါပေမယ့် ကျုပ်ရဲ့သိုင်းပညာသာ အစစ်အမှန်သိုင်းဝိဇ္ဇာအဆင့်ကိုရောက်နေရင် ခင်ဗျားကိုလွယ်လွယ်လေးသတ်နိုင်တယ်.....":

သည့်မတိုင်မီက သူအစွမ်းကုန်ထုတ်သုံးလျှင်အဖိုးအိုကိုသတ်ဖြတ်နိုင်မည်ဟုတွေးခဲ့မိသည့်တိုင် သိုင်းဝိဇ္ဇာအလယ်အဆင့်တစ်ယောက်ကိုသူလျော့တွက်မိကြောင်းလူငယ်ကောင်းကောင်းကြီးသဘောပေါက်သွားမိ၏။

စကားဆုံးသည်နှင့်လူငယ်၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်အရှိန်အဝါက အားနည်းသွားပြီး သူ၏ပုံစံကအတော်လေးပင်ပန်းနွမ်းနယ်သွားသည့်ဟန်သို့ပြောင်းလဲသွားသည်။

ထိုအခါမှ ‌ကြည့်ရှုနေသူများလည်းမည်သည့်အတွက်အဖိုးအိုကအနိုငိရရှိပြီဟုပြောခဲ့ခြင်းကို သဘောပေါက်သွားကြသည်။

လူငယ်ကား သူ၏အစွမ်းထပ်လျှို့ဝှက်ပညာကိုဆက်လက်အသုံးမပြုနိုင်တော့ဘဲ တန်ပြန်ဆိုးကျိုးခံစားနေရ၍ဖြစ်သည်။

&&&&

All Chapters