တိုက်ပွဲအခြေအနေ
Vol. 4 Ch. 90
အစွမ်းထက်သိုင်းပညာရှင်နှစ်ယောက်၏ ကြောက်စရာကောင်းသည့တိုက်ကွက်များကိုရင်ဆိုင်နေရသည့်တိုင် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကား သူ၏ပင်ကိုပုံစံအတိုင်းပျင်းရိပျင်းတွဲနှင့်အလေးအနက်မထားသည့်ဟန်ရှိနေဆဲဖြစ်သည်။။
ထို့နောက် ကျန်လူများ၏ရှေ့တွင်ရပ်ကာ သူ၏လက်နှစ်ဖက်ကိုဖြေးညင်းစွာဆန့်ထုတ်၍ ပြင်းထန်လှသည့်တိုက်ကွက်နှစ်ခုကို ထိတ်တိုက်ရင်ဆိုင်လိုက်သည်။
" အုန်း...."
ကျယ်လှလောင်သည့်မည်ဟည်းသံကြီးနှင့်အတူ အနီးတွင်ရှိနေသည့် လူများမှာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။
ထိတ်တိုက်တွေ့ဆုံမှုက ပြင်းထန်လွန်းလှပြီး ထွက်ပေါ်လာသည့်အတွင်းအားလှိုင်းများကပင် အဆင့်လွန်ထိပ်သီးတစ်ဦးကိုသတ်ဖြတ်နိုင်ရန်လုံလောက်ပေသည်။
နောက်ဆက်တွဲဖြစ်ရပ်သည်လည်းအံ့ဩဖွယ်ရာပင်။
သူတို့၏အစွမ်းအထက်ဆုံးတိုက်ခိုက်မှုများကိုထုတ်သုံးထားသည့်တိုင်ဆရာတော်ခုံးယင်တို့နှစ်ယောက်မှာ အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကို နောက်သို့ဆုတ်စေရန်ပင်မစွမ်းနိုင်ခဲ့ပေ။
အဖိုးအို၏ခြေထောက်အောက်မှမြေသားက နှစ်လက်မကျော်နစ်ဝင်သွားသော်လည်း အဖိုးအို၏ခန္တာကိုယ်က မယိုင်မလဲသည့်တောင်တန်းကြီးတစ်ခုလိုတည်ငြိမ်စွာရှိနေဆဲပင်။
ထိုအစား လက်ဦးမှုရယူကာတိုက်ခိုက်လိုက်သညိ့နှစ်ယောက်က တန်ပြန်အားကြောင့်ရင်ဘက်ထဲတွင်အောင့်တက်သွားကြကာ ခြေလှမ်းအနည်းငယ်စီဆုတ်ပေးလိုက်ကြရသည်။
" တိုက်ကြ...."
ဆရာတော်ခုံးယင်တို့လည်း အခြေအနေမဟန်သည်ကိုရိပ်စားမိသည်နှင့်ချက်ခြင်းအော်ဟစ်လိုက်ကြသည်။
သူတို့၏စကားကြောင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများနှင့်စန်းဟုန်းလျန်တို့ကတစ်ပြိုင်နက်လှုပ်ရှားလိုက်ကြသလို ကျန်ရှိနေသည့်အဖိုးအိုသုံးယောက်နှင့်အရိုးဖြးဂိုဏ်းချုပ်လီဟူရှိုးတို့ကလည်း ရှေ့သို့ပြေးတက်သွားကြသည် ။
" ဝုန်း...ဝုန်း...."
" အုန်း..."
အတွင်းအားပေါက်ကွဲသံများ ၊ တိုက်ကွက်ချင်းထိတ်တိုက်တွေ့ရာမှထွက်ပေါ်လာသည့်အသံများကဆူညံသွားပြီး သိုင်းဝိဇ္ဇာဆယ့်နှစ်ယောက်မှာ လူချင်းရှုပ်ထွေးသွားကြသည်။
အရေအတွက်တွင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများကသာလွန်သော်လည်း အမှောင်ကျေးရွာမှအဖိုးအိုများ၏သိုင်းပညာကကြောက်စရာကောင်းလှသည်။
ဆရာတော်ခုံးယင်တို့နှင့်တိုက်နေသည့် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကိုထည့်မတွက်လျှင်ပင် ကျန်အဖိုးအိုသုံးယောက်ထဲမှနှစ်ယောက်က သိုင်းဝိဇ္ဇာအလယ်အဆင့်များဖြစ်ကြသည်။
ထို့ကြောင့် သူတို့နှစ်ယောက်ကိုတားဆီးရန်ကအတော်လေးခက်ခဲလှပြီး အဖိုးအိုတစ်ယောက်ကို သိုင်းဝိဇ္ဇာသုံးယောက်စီပေါင်းကာတိုက်ခိုက်နေရသည်။
ဆရာတော်ခုံးယင်နှင့်အဖိုးအိုယန်ချန်းနင်မှလွဲ၍ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများက အစောပိုင်းသိုင်းဝိဇ္ဇာအဆင့်သာရှိသေးခြင်းကလည်း သူတို့အတွက်အားနည်းချက်တစ်ခုဖြစ်ပေသည်။
အရိုးဖြူဂိုဏ်းချုပ်လီဟူရှိုးကို ခုံတုံဂိုဏ်းချုပ်စီးတုမင်ကတိုက်ခိုက်နေပြီး မုတ်ဆိတ်ဖြူကြီးနှင့်အဖိုးအိုကို လက်ကိုးချောင်းဘုရင်ကရင်ဆိုင်လျက်ရှိသည်။
သိုင်းဝိဇ္ဇာများ၏တိုက်ပွဲက သာမန်သိုင်းသမားတို့၏တိုက်ပွဲထက်အဆပေါင်းများစွာပြင်းထန်သည့်အတွက် ထိုနေရာတစ်ခုလုံးက တခဏအတွင်း ရှင်းလင်းသွားတော့သည်။
ဓားရိပ်များ ၊ အတွင်းအားလှိုင်းများကနေရာအနှံ့လွင့်ပျံ့နေပြီး လူကြီးတစ်ဖတ်ခန့်ရှိမည့်သစ်ပင်ကြီးများပင်အစိတ်စိတ်အမွာမွာဖြစ်သွားရသည်။
ထိုတိုက်ပွဲတစ်ခုလုံးကပြင်းထန်သည်ဆိုသောအဆင့်ထက်ပင်ကျော်လွန်နေကာ တောအုပ်တစ်ခုလုံးမွမွကြေမတတ်ဖြစ်၏။
တိုက်ပွဲကိုလက်ရှောင်နေသည့်လေဘုရင်က လွတ်ရာသို့ဆုတ်ကာ တဖျက်ဖျက်တောက်ပနေသည့်မျက်ဝန်းများဖြင့် စောင့်ကြည့်လျက်ရှိသည်။
ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများက အရေအတွက်တွင်နှစ်ဆအထိရှိသော်လည်း အမှောင်ကျေးရွာမှအဖိုးအိုများကိုအသာစီးမယူနိုင်ပါချေ။
စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်ထားသော်လည်းခန့်ညားသည့်အဖိုးအိုက လက်သီးနှစ်လုံးကိုအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကာသူ၏တိုက်ခိုက်မှုများက သံမဏိလက်သီးဟုအမည်ရသည့်ယန်ချန်းနင်ထက် မနိမ့်ကျပေ။
ခွန်လွန်ဂိုဏ်းချုပ်မာရှောင်ကျင်း၊ အော့မေ့ဂိုဏ်းမှအကြီးအကဲလီနှင့် ကျောက်စိမ်းတုတ်အဖိုးအိုကျန်းတို့ကိုတစ်ကိုယ်တည်းရင်ဆိုင်နေခြင်းဖြစ်သည့်တိုင်အဖိုးအိုက အပေါ်စီးသို့ရောက်ရှိနေသည်။
သူ၏သိုင်းအဆင့်ကပို၍မြင့်မားသော်လည်း ယခုတိုက်ပွဲတွင် အသာစီးယူနိုင်ခြင်းမှာ လျှင်မြန်ပြင်းထန်လှသည့်လက်သီးသိုင်းကြောင့်ပင်ဖြစ်၏။
တစ်ဖက်တွင် ကလိန်ကကျစ်ပုံစံရှိသည့်အဖိုးအိုကလည်း တိုက်ခိုက်ရာတွင်လွန်စွာအစွမ်းထက်လှသည်။
လက်ဝါးတိုက်ကွက်အမျိုးမျိုးကိုပြောင်းလဲအသုံးချနေသည့်အဖိုးအို၏တိုက်ကွက်များက တစ်ခါတစ်ရံ ဘေးမှကြည့်နေသူပင်ရှင်းရှင်းလင်းလင်းမတွေ့ရသည်အထိ ရှုပ်ထွေးလျှင်မြန်လှဘည်။
ထောင်နှင့်ချီသည့်လက်ဝါးရိပ်များက အဆက်မပြက်ထွက်ပေါ်နေပြီး သူနှင့်တိုက်ခိုက်နေသူများကဝူတန်းဂိုဏ်းမှအကြီးအကဲချန်းရှောက် ၊ စန်းဟုန်းလျန်နှင့် ဝါဆန်းဂိုဏ်းမှအကြီးအကဲတို့ကိုတစ်ဖက်သက်ဖိနှိပ်ထားနိုင်သည်။
ထိုပုဂ္ဂိုလ်သုံးယောက်လုံးက လက်ရှိသိုင်းလောက၏ထိပ်ဆုံးစာရင်းဝင်ဓားသမားများဖြစ်ကြသော်လည်း ကလိန်ကကျစ်အဖိုးအိုကိုမယှဉ်နိုင်ဘဲ ခုခံကာကွယ်သည့်ဘက်မှရောက်ရှိနေသည်။
အဖိုးအိုလေးယောက်ထဲတွင် သိုင်းအဆင့်အနိမ့်ဆုံးဖြစ်သည့်မုတ်ဆိတ်ရှည်နှင့်အဖိုးအိုသည်ပင် နဂါးခုနစ်ကောင်မှအစွမ်းအထက်ဆုံးဖြစ်သည့် လက်ကိုးချောင်းဘုရင်ကိုလက်ရည်တူတိုက်ခိုက်နေသည်။
သည့်မတိုင်မီကပင် ခွန်လွန်၏ရှေးဟောင်းသိုင်းပညာတစ်ရပ်ဖြစ်သည့် ရသေ့လက်ဝါးနှင့်နာမည်ကျော်ခဲ့သည့် လက်ကိုးချောင်းရသေ့က ထူးခြားဆန်းကြယ်လှသည့် ဝိညာဉ်နုတ်လက်ဝါးသိုင်းကိုတတ်မြောက်ပြီးနောက်တွင်ပို၍ပင်ကြောက်စရာကောင်းလာသေးသည်။
ကျုံဟွာတောင်တိုက်ပွဲတွင် ခရမ်းရောင်သွေးလဂိုဏ်းမှသိုင်းသမားများစွာကိုသုတ်သင်နိုင်ခဲ့သလို နဂါးခုနစ်ကောင်ဟုခေါ်ကြသည့် ဒုတိယမျိုးဆက်သိုင်းဝိဇ္ဇာများထဲတွင်နံပါတ်တစ်ဖြစ်သည့်လက်ကိုးချောင်းရသေ့၏သိုင်းပညာကိုခန့်မှန်းကြည့်နိုင်သည် ။
သို့သော် လက်ကိုးချောင်းရသေ့ပင် အမှောင်ကျေးရွာမှမုတ်ဆိတ်ဖြူအဖိုးကြီးကိုအသာစီးမယူနိုင်ဘဲ သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်လျက်ရှိ၏။
လူတစ်ယောက်၏စိတ်ဝိညာဉ်ကိုဖမ်းစားနိုင်စွမ်းရှိသည်ဟုနာမည်ကျော်သည့်ဝိညာဉ်နုတ်လက်ဝါးသိုင်းပင် မုတ်ဆိတ်ဖြူအဖိုးကြီး၏ခြေကန်ချက်များကြားတွင်တိမ်မြုပ်နေရသည်။
ထိုအဖိုးအိုကရှားပါးသည့်ခြေသိုင်းပညာရှင်တစ်ဦးဖြစ်ဟန်တူပြီး သူ၏ကိုယ်ဖော့ပညာက ကျန်အဖိုးအိုများထက်ပင်ပို၍အဆင့်မြင့်နေသေးသည် ။
တစ်ဖန် လက်သီးဘုရင်ဟုဘွဲ့အမည်ရထားသည့် ခုံတုံဂိုဏ်းချုပ်စီးတုမင်လည်း အရိုးဖြူဂိုဏ်းချုပ်လီဟူရှိုးကိုခက်ခက်ခဲခဲယှဉ်ပြိုင်နေရဆဲပင်။
ဖောက်ထွင်းလက်သီးစီးတုမိသားစု၏ပါရမီရှင်တစ်ဦးဖြစ်ပြီး ခုံတုံဂိုဏ်းချုပ်ဟောင်းကြီး၏ဆက်ခံသူတစ်ယောက်ဖြစ်သည့်စီးတုမင်၏သိုင်းပညာကိုသံသယဖြစ်ဖွယ်မရှိပေ ။
နဂါးခုနစ်ကောင်ထဲတွင်သူ၏အသက်ကအငယ် ဆုံးဖြစ်သော်လည်းသိုင်းပညာအရာတွင် ကျန်လူများထက်မနိမ့်ကျလှပေ။
ခုံတုံ၏နာမည်ကျော်ခုနစ်ဆင့်လက်သီးကိုပြီးပြည့်စုံသည်အထိလေ့ကျင့်ထားနိုင်သည့်သူ၏လက်သီးချက်များက တစ်ချက်ဆို ဆိုသလောက် ကြောက်မက်ဖွယ်ကောင်းလှသည်။
သိူ့သော် သိုသိုသိပ်သိပ်နေတတ်ပြီး သိုင်းပညာခန့်မှန်းမရသည့် လီဟူရှိုးက ပို၍ပင်အံ့ဩဖွယ်ကောင်းနေသေးသည်။
ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့် အမြဲလိုလိုပြုံးနေတတ်သည့်ထိုလူက တိုက်ခိုက်ရာတွင်လွန်စွာကြောက်စရာကောင်းလျက်ရှိသည် ။
အနက်ရောင်ဂိုဏ်းကြီးငါးခုထဲတွင် သက်တမ်းအရင့်ဆုံးဖြစ်သည့်အရိုးဖြူဂိုဏ်းချုပ်ဖြစ်သည့်အားလျော်စွာသူ၏တိုက်ကွက်များက ရက်စက်ကြမ်းကြုတ်လှပြီး ဖြူဖျော့သည့်လက်ချောင်းများက စီးတုမင်၏သေကွင်းသေကွက်နေရာများသို့သာဦးတည်နေသည်။
ဤသည်က အရိုးဖြူဂိုဏ်း၏နာမည်ကျော် အရိုးဖြူလက်ချောင်းသိုင်းဖြစ်ပြီး ခရမ်းရောင်သွေးလဂိုဏ်းခေတ်ကောင်းစဉ်က နှင်းငွေ့မိစ္ဆာသခင်ပင် ထိုသိုင်းပညာကိုစိတ်ဝင်စား၍ လီဟူရှိုးထံမှ ပညာရပ်ချင်းလဲလှယ်ဖူးသည်ဟုကောလဟာလများရှိထားသည်။
ခြုံ၍ဆိုရလျှင် အမှောင်ကျေးရွာမှအဖိုးအိုများကကြောက်စရာကောင်းလှသလို အရိုးဖြူဂိုဏ်းချုပ်လီဟူရှိုးကလည်းအားမနည်းဘဲ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများမှာ အောက်စည်းသို့ရောက်ရှိနေသည်။
ထိုအဖြစ်ကြောင့် လေဘုရင်ပင်အတော်လေးအံ့အားသင့်နေဟန်တူပြီး အစွမ်းအစထက်မြက်လှသည့်သိုင်းပညာများကိုတတ်မြောက်ထားသည့်အဖိုးအိုများကိုပို၍ပင်သတိထားလာမိသည်။
ထို့နောက် လေဘုရင်လည်း တစ်စုံတစ်ခုကိုသတိရလိုက်ရာ ပတ်ဝန်းကျင်သို့ကြည့်ရှုလိုက်စဉ် ခပ်လှမ်းလှမ်းရှိသစ်ပင်ကြီးတစ်ပင်အောက်တွင်ခြေချိတ်ထိုင်နေသည့်လူငယ့်ကိုတွေ့လိုက်ရသည်။
မိစ္ဆာဓားသမားလူငယ်က လေဘုရင်နည်းတူ တိုက်ပွဲနှင့်လွတ်ရာသို့ဆုတ်နေပြီး အေးအေးလူလူ ပုံစံဖြင့် အတွင်းအားထိုင်ကျင့်နေခြင်းဖြစ်သည်။
လျှို့ဝှက်ပညာရပ်ကိုအချိန်အကန့်အသက်ထိရောက်သည်အထိသုံးခဲ့၍ တန်ပြန်ဆိုးကျိုးခံစားနေရသလို အဖိုးအိုယန်ချန်းနင်၏လက်ချက်ကြောင့်အတွင်းဒဏ်ရာများလည်းရရှိထားသည်။
ထိုဒဏ်ရာများက လူငယ်၏ခန္တာကိုယ်ထဲတွင် ကိုယ်တွင်းအင်္ဂါများစုတ်ပြဲလုမတတ်နာကျင်မှုကိုဖြစ်ပေါ်စေသော်လည်း လူသေကောင်တစ်ကောင်လိုခံစားချက်ကင်းမဲ့သည့်မျက်နှာကနည်းနည်းကလေးမှပြောင်းလဲခြင်းမရှိပေ။
အဖိုးအိုယန်ချန်းနင်နှင့်တိုက်ပွဲတွင်အရေးနိမ့်ခဲ့ရ သော်လည်းလူငယ်ကစိတ်ဓာတ်ကျဆင်းဟန်မတူပေ။
သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိသည့်လူငယ်မျိုးဆက်တစ်ဦးက သိုင်းဝိဇ္ဇာအလယ်အဆင့်မျိုးဆက်ဟောင်းသိုင်းပညာရှင်တစ်ဦးကို အချိန်အတော်ကြာလက်ရည်တူတိုက်နိုင်သည်က သူ၏အောင်မြင်မှုသာဖြစ်သည်။
ထိုစဉ်က သူ၏လုပ်ရပ်ကရူးမိုက်သည်သာတွေးထင်နိုင်သော်လည်း လူငယ့်ထံတွင်အကြောင်းပြချက်များရှိနေသည်။
အမှောင်ကျေးရွာမှအကြီးအကဲများရောက်ရှိနေသည်ကို သည့်မတိုင်မီကပင်ကြိုတင်သိရှိထားပြီး ထိုအတွက်ကြောင့်ပင် သိုင်းပညာကွာခြားလှသည့်အဖိုးအိုယန်ချန်းနင်နှင့်စိတ်လွတ်ကိုယ်လွတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်စ။
လူငယ့်အတွက် တစ်ခုတည်းသောနောင်တရစရာက ထိုတိုက်ပွဲကိုတိုက်ခိုက်ရင်း သူ၏ဓားပညာတွင်နောက်တစ်ဆင့်ချိုးဖျက်ရန်ကြိုးစားခဲ့သော်လည်းဖြစ်မလာခြင်းပင်ဖြစ်ပေသည်။
" ဓားဆန္ဒ ကိုရရှိဖို့ ဘယ်လိုမျိုးလုပ်ဆောင်သင့်သလဲ .."
လူငယ်၏အေးစက်စက်မျက်ဝန်းများကတည်ငြိမ်နေပြီး အတွေးထဲတွင်နစ်မျောလျက်ရှိသည်။
သူ၏ပုံစံက မလှမ်းမကမ်းတွင်ဖြစ်ပွားနေသည့် ကမ္ဘာတုန်မတတ်တိုက်ပွားများကိုသာမက လေဘုရင်ကိုပါဂရုစိုက်ဟန်မတူပေ။
ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများသာအနိုင်ကပါက သူကျိန်းသေပေါက်သတ်ဖြတ်ခံရမည်ဖြစ်သော်လည်း အချိန်တန်လျှင် အမှောင်ကျေးရွာရွာမှအကြီးအကဲများအနိုင်ရမည်ကိုအသေအချာသိရှိနေသည့်လူငယ့်အတွက် ထိုတိုက်ပွဲများက အာရုံစိုက်စရာမဟုတ်ပေ။
ထိုအဖြစ်ကြောင့် လေဘုရင်ပင် လူငယ်၏တည်ငြိမ်မှူကိုကြိတ်၍ချီးကျူးလိုက်မိကာ တိုက်ပွဲများဆီသို့အကြည့်ပြန်ရောက်သွားသည် ။
ယခုတစ်ကြိမ်၌ သူ၏အကြည့်များက တိုက်ပွဲများအနက်အပြင်းထန်ဆုံးဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုနှင့် ဆရာတော်ခုံးယင်တို့စတိုက်ပွဲဆီသို့ရောက်ရှိသွားခြင်ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင် ထိုတိုက်ပွဲ၏ရလာဒ်ကိုအစောပိုင်းကပင် ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိသည်ဟုဆိုရမည်။
အကြောင်းကား သိုင်းဝိဇ္ဇာအလယ်အဆင့်ရှိသည့်ဆရာတော်ခုံးယင်နှင့်အဖိုးအိုယန်ချန်းနင်တို့စသိုင်းပညာက နက်ရှိုင်းလှသည့်တိုင် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကိုချိန်းခြောက်မှုပင်မပေးနိုင်၍ဖြစ်သည်။
အဖိုးအိုက ဆရာတော်ခုံးယင်တို့၏တိုက်ကွက်မျကို အေးအေးလူလူကာကွယ်နေပြီး တစ်ခါတစ်ရံမှသာပြန်လည်တိုက်ခိုက်တတ်သည်။
သို့တိုင် သူ၏တန်ပြန်တိုက်ကွက်ထွက်ပေါ်လာတိုင်း ဆရာတော်ခုံးယင်တို့နှစ်ယောက်မှာ အသက်ရှူမှားသွားကြပြီး မရှုံးနိမ့်စေရန်အသဲအသန်ကာကွယ်နေကသည်ကိုမြင်နေရသည်။
အကယ်၍အဖိုးအိုသာအစွမ်းကုန်တိုက်ခိုက်ပါက ဆရာတော်ခုံးယင်တို့နှစ်ယောက်မှာ သိုင်းကွက်သုံးကာပင်ခုခံနိုင်မည်မဟုတ်ဟု သူသံသယဖြစ်မိ၏ ။
ထို့ကြောင့် သူတို့၏တိုက်ပွဲအဖြေကရှင်းလင်းလှပြီး အဖိုးအိုမည်သည့်အချိန်တွင်အနိူင်ရမည်ကိုသာစောင့်ကြည့်ရန်လိုအပ်ပေသည် ။