← Chapters

လွတ်မြောက်ခြင်း

Vol. 22 Ch. 302

လွတ်မြောက်ခြင်း

Vol. 22 Ch. 302

သတ္တုတွင်းဂိုဒေါင်ဝင်ပေါက်…

သတ္တုတွင်းလုပ်သားအများအပြားမှာ သေနတ်များနှင့်အတူ ခံတပ်နောက်တွင်ရပ်ကာ ရန်သူ၏ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေကြ၏။

သဘာဝကျကျပင် ရဲထျန်းမင်သည်လည်း သူတို့ထဲတွင် ပါဝင်သည်။

သူတို့တိုက်ခိုက်ရန်ရွေးချယ်ရခြင်း၏အဓိကအကြောင်းမှာ ထွက်ခွာသွားသောသူများအား အသက်ရှင်ရန်အခွင့်အရေးပေးရန်ဖြစ်သည်။

သေနတ်များနှင့် ကျည်ဆန်များမှာ များများစားစားမရှိသောကြောင့် ကျန်ရှိနေသောလူများမှာ အလွန်နည်းပါးသည်။

သို့သော် ရဲထျန်းမင်သည် အခွင့်သာသောမြေပြင်အနေအထား၏အထောက်အပံ့ဖြင့် သူတို့သည် ခဏတာမျှ ခုခံနိုင်မည်ဟု ယုံကြည်၏။

ရဲထျန်းမင်က system panel ကို ဖွင့်လိုက်သော်လည်း system မှာ ရပ်တန့်နေဆဲဖြစ်သည်။

‘ငါဘာလို့ဒီလောက်ကံဆိုးရတာလဲ။ ငါရခဲ့တဲ့ system က တကယ်တော့ အသုံးမကျတဲ့ system တစ်ခုပဲ…’

ရဲထျန်းမင် သူ၏ system ကို ညည်းညူနေစဉ်မှာပင် လျင်မြန်သောပုံရိပ်အချို့မှာ အရေးယူပြီးဖြစ်သည်။

လှုပ်ရှားနေသူများမှာ တောက်ပသောအနက်ရောင်အမွေးများရှိသော ကျီးကန်းနှစ်ကောင်ဖြစ်သည်။

အမှန်တကယ်ပင် သူတို့မှာ ရဲရှင်းဟွေ့၏ကျီးကန်းများဖြစ်သည်။

ရှုန်ယို့နှင့် ရှုန်ကျော့။

သူတို့ကို သေဆုံးမှုများမဖြစ်ပွားစေရန် ရှောင်ရှားရန် အရေးယူခိုင်းခဲ့သည်။

ဤပြဇာတ်၏ဇာတ်လိုက်များမှာ ရဲရှင်းဟွေ့နှင့် ရဲထျန်းမင်ဖြစ်နေဆဲဖြစ်သည်။

အကယ်၍ ဤအပိုဇာတ်ကောင်များ အသက်ရှင်နိုင်မည်ဆိုလျှင် သူတို့ကို သတ်ဖြတ်ခြင်းမခံရစေရန် တားမြစ်ရပေမည်။

ရှုန်ယို့နှင့် ရှုန်ကျော့နှစ်ဦးစလုံးမှာ သူတို့၏မေ့ဆေးခြေသည်းလက်နက်များကို သွေးနေကြ၏။ သူတို့၏ခြေသည်းများက လူတစ်ယောက်၏အရေပြားကို ခြစ်မိသရွေ့ သူတို့သည် အရွယ်ရောက်ပြီးသူတစ်ဦးကို ချက်ချင်းလဲကျသွားစေနိုင်သည်။

ထို့အပြင် သူတို့သည် ချီစွမ်းအင်လမ်းဘုံ၏အထွတ်အထိပ်သို့ ရောက်ရှိနေသောကြောင့် သူတို့သည် အလွန်လျင်မြန်ကြသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့သည် ရဲထျန်းမင်မှလွဲ၍ လူတစ်ဒါဇင်ခန့်ကို ချထားပြီးဖြစ်သည်။

ရဲထျန်းမင်မှာ သူ၏လက်ထဲမှ AK ကို ကစားနေ၏။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ သူပထမဆုံးအကြိမ်အသုံးပြုခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့အား ဂိုဒေါင်ထဲတွင် ၎င်းကိုမည်သို့အသုံးပြုရမည်ကို သင်ကြားပေးပြီးဖြစ်သည်။

သူသည် ခွန်အားတိုးဆေးထိုးသွင်းခံထားရသောကြောင့် ရဲထျန်းမင်၏လက်များမှာ အလွန်တည်ငြိမ်သည်။ သူသည် သေနတ်အသုံးပြုပုံကိုကျွမ်းကျင်ပြီး အနည်းငယ်တိကျမှုရရှိရန် အချက်အနည်းငယ်ပစ်ခတ်ရန်သာ လိုအပ်ခဲ့သည်။

AK နှင့်ကစားနေသော ရဲထျန်းမင်မှာ အနည်းငယ်ရှုပ်ထွေးနေ၏။ စောစောက သူသည် သူ့ပတ်လည်တွင် လူများတီးတိုးပြောဆိုနေသည်ကို ကြားနိုင်သော်လည်း ယခုမူ မည်သူမျှစကားမပြောတော့ပေ။

အနည်းငယ်ရှုပ်ထွေးနေသော ရဲထျန်းမင်က ပတ်လည်ကိုကြည့်လိုက်ရာ သတ္တုတွင်းလုပ်သားအားလုံးမှာ မြေပြင်ပေါ်တွင် မလှုပ်မယှက်လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။

"ဘာဖြစ်နေတာလဲ။"

ရဲထျန်းမင် သူ၏သံသယများကို ထုတ်ဖော်ပြောဆိုသည်နှင့် သေနတ်သံများနှင့် ထူထဲသောခြေသံများမှာ မလှမ်းမကမ်းမှ ကြားလိုက်ရသည်။

"ဟေး။ မင်းတို့ဘာဖြစ်နေကြတာလဲ"

ရဲထျန်းမင်က မြေပြင်ပေါ်တွင်လဲလျောင်းနေသော သတ္တုတွင်းလုပ်သားများအား အော်ဟစ်လိုက်သည်။

သို့သော် သတ္တုတွင်းလုပ်သားများထံမှ လှုပ်ရှားမှုမရှိသေးပေ။

"သေစမ်း…။"

ရဲထျန်းမင်က ကျိန်ဆဲလိုက်ပြီးနောက် AK ကိုကောက်ယူကာ ဂိုဒေါင်၏နောက်ဘက်သို့ ပြေးသွားသည်။

သူတစ်ဦးတည်းသာ ကျန်တော့၏။ သူသည် ဤနေရာကို တစ်ယောက်တည်း သေချာပေါက်မထိန်းထားနိုင်သောကြောင့် သူသည် မဟာဗျူဟာမြောက်ဆုတ်ခွာရန်သာ ရွေးချယ်နိုင်သည်။

ကြွားဝါလိုသောမည်သူမဆိုမှာ ကြွားဝါရန်အစွမ်းရှိမရှိကိုလည်း စစ်ဆေးသင့်သည်။

ရဲထျန်းမင်သည် ထွက်ခွာရန်ဆုံးဖြတ်လိုက်ပြီး နေရာတိုင်းတွင် ရှောင်စစ်ကို ရှာဖွေစပြုလိုက်၏။

သို့သော် သူမည်မျှပင်ကြိုးစားရှာဖွေစေကာမူ သူသည် ရှောင်စစ်ကို မတွေ့နိုင်ခဲ့ပေ။

"ဘာတုန်းဟ။ ဒီခွေးက တကယ်ပဲခွေးပဲ။ သူက အရင်ဆုံးထွက်ပြေးသွားတာပဲ။"

သဘာဝကျကျပင် ရှောင်စစ်မှာ သူ၏ကိုယ်ပိုင်အစီအစဉ်ဖြင့် ထွက်ပြေးသွားခြင်းမဟုတ်ပေ။ သူသည် အမှန်တကယ်တွင် ကူညီရန် စိတ်အားထက်သန်သော်လည်း ရဲရှင်းဟွေ့က သူ့ကိုခေါ်ဆောင်သွားခဲ့သည်။

ရှောင်စစ်ရှိနေပါက အန္တရာယ်အသိမှာ သေချာပေါက် အားကောင်းမည်မဟုတ်ပေ။

ရှောင်စစ်အား သရုပ်ဆောင်ရာတွင်ကူညီရန် တောင်းဆိုခြင်းအတွက်မူ ဟားဟား… ၎င်း၏ဉာဏ်ရည်ဖြင့် ၎င်းမှာ အံ့ဩဖွယ်ကောင်းအောင် သရုပ်ဆောင်နိုင်သည်မှာ သေချာသော်လည်း ရဲရှင်းဟွေ့လိုအပ်သည့်နည်းလမ်းဖြင့်တော့ မဟုတ်ပေ။

ထို့ကြောင့်ပင် ရဲရှင်းဟွေ့သည် နောက်ဆုံးတွင် ရှောင်စစ်ကို ခေါ်ဆောင်သွားရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သူ့အားလှည့်ပတ်သွားလာရန် ကူညီပေးမည့်ရှောင်စစ်မရှိဘဲ ရဲထျန်းမင်တွင် သူ၏ကိုယ်ပိုင်ခြေထောက်ဖြင့် လျှောက်သွားရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

ဤနေရာမှလှုပ်ရှားမှုနှင့်ပတ်သက်၍ ရဲရှင်းဟွေ့၏ကိုယ်ပွားနှင့် ရှီထိုက်လုံနှစ်ဦးစလုံး ကြည့်ရှုနေကြသည်။

"သူဌေး၊ ကျွန်တော်အခုသူ့ကိုဖမ်းဆီးဖို့ လူတွေလွှတ်လိုက်မယ်။"

ရှီထိုက်လုံက သူ၏ဘေးမှရဲရှင်းဟွေ့၏ကိုယ်ပွားအား ရိုသေစွာပြောလိုက်သည်။

"အင်း။ သွားလိုက်။"

ရဲရှင်းဟွေ့၏ကိုယ်ပွား၏အဖြေကိုကြားပြီးနောက် ရှီထိုက်လုံက ကိုယ်ရံတော်ခေါင်းဆောင်အား လူတစ်စုကိုဦးဆောင်၍ ရဲထျန်းမင်ကို လိုက်လံဖမ်းဆီးရန် တောင်းဆိုခဲ့သည်။

ရဲထျန်းမင်၏ဘေးကင်းလုံခြုံရေးပြဿနာနှင့်ပတ်သက်၍ ရဲရှင်းဟွေ့၏ကိုယ်ပွားမှာ ဂရုမစိုက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ပင်မကိုယ်ထည်မှာ ဂိုဒေါင်၏နောက်တွင် မလှမ်းမကမ်းတွင် ရှိနေသောကြောင့်ဖြစ်သည်။

တစ်ဖက်တွင်…

ရဲထျန်းမင်သည် ခြေလှမ်းအနည်းငယ်ပြေးပြီးနောက် ကျည်ဆန်တစ်တောင့်ဖြင့် ခြေသလုံးကိုထိမှန်သွား၏။

သူသည် နာကျင်မှုဖြင့်ဟိန်းဟောက်လိုက်ပြီးနောက် သူ၏ရင်ခွင်ထဲမှဂျင်ဆင်း၏တစ်ဆယ်ပုံတစ်ပုံကိုထုတ်ယူကာ တစ်ကိုက်ကိုက်လိုက်သည်။

"ဟူး… ငါအသက်ရှင်နိုင်မလား၊ မရှင်နိုင်မလားဆိုတာ ဒါ့အပေါ်မှာပဲမူတည်တယ်။"

ဂျင်ဆင်း သူ၏ပါးစပ်ထဲသို့ဝင်သည်နှင့် နွေးထွေးသောစီးကြောင်းတစ်ခုသည် သူ၏တစ်ကိုယ်လုံးကို ချက်ချင်းစီးဆင်းသွားပြီး သူ၏ခြေထောက်ပေါ်မှဒဏ်ရာမှသွေးထွက်ခြင်းမှာ အသက်ရှူအနည်းငယ်အတွင်းမှာပင် ရပ်တန့်သွားသည်။

၎င်းမှာ အလွန်နာကျင်နေဆဲဖြစ်သော်လည်း သွေးထွက်ခြင်းရပ်တန့်သွားသရွေ့ ရဲထျန်းမင်သည် သူ၏လက်ရှိကိုယ်ခန္ဓာဖြင့် ဆက်လက်ပြေးလွှားနိုင်သည်။

မလှမ်းမကမ်းမှလိုက်လံနေသောလူများမှာလည်း ဤအခြင်းအရာကိုမြင်သော် အလွန်အံ့ဩသွားကြ၏။

သူတို့သည် ခြေသလုံးတွင်ကျည်ဆန်တစ်တောင့်ရှိသောလူတစ်ယောက် ဤမျှလျင်မြန်စွာပြေးလွှားနိုင်သည်ကို အံ့ဩနေကြသည်။

မှန်ပြောင်းဖြင့်ကြည့်ရှုနေသော ရှီထိုက်လုံ ဤမြင်ကွင်းကိုမြင်သောအခါ သူသည် ရဲရှင်းဟွေ့၏ကိုယ်ပွားပြောခဲ့သော "မေကျဲ့ကျင့်စဉ်" ၏စစ်မှန်မှုကို ချက်ချင်းယုံကြည်သွား၏။

အကယ်၍ သူကျင့်ကြံခဲ့သောကျွမ်းကျင်မှုများသာမရှိခဲ့ပါက သူသည် ဤမျှကောင်းမွန်စွာ ပြေးလွှားနိုင်မည်မဟုတ်ပေ။

ဤသို့တွေးမိသော် ရှီထိုက်လုံသည် ရဲထျန်းမင်ကို ပို၍ပင်ဖမ်းဆီးလိုသွားသည်။

ဖြစ်နိုင်သည်မှာ သူဌေးမေ့ကျဲ့ရန် သူဤမျှကြိုးစားလုပ်ဆောင်နေသည်ကိုမြင်သည့်အခါ သူသည် ဒဏ္ဍာရီလာသိုင်းပညာနည်းစနစ်ကို သူ့အားဆုချပေလိမ့်မည်။

သူတို့၏လျှို့ဝှက်ကျွမ်းကျင်မှုဖြစ်သော မေကျဲ့ကျင့်စဉ်ကိုထားလိုက်ဦး၊ သာမန်ကျွမ်းကျင်မှုများနှင့် နည်းစနစ်များပင်လျှင် သူ့အားများစွာအကျိုးပြုနိုင်သည်။

ရဲထျန်းမင် ထွက်ပြေးနေစဉ်စားသုံးခဲ့သောအရာနှင့်ပတ်သက်၍မူ ရှီထိုက်လုံမှာ လုံးဝလျစ်လျူရှုလိုက်သည်။

ရဲထျန်းမင်ကို အမြန်ဆုံးဖမ်းဆီးနိုင်ရန်အတွက် ရှီထိုက်လုံသည် သူ၏ကိုယ်ရံတော်များအား စနိုက်ပါရိုင်ဖယ်တစ်လက်ကို တပ်ဆင်ရန် တိုက်ရိုက်တောင်းဆိုခဲ့၏

"မှတ်ထား၊ သူ့ကိုသတ်ဖို့မကြိုးစားနဲ့၊ သူ့ခြေထောက်တွေကို ထိအောင်ကြိုးစား။"

ရှီထိုက်လုံက စနိုက်ပါသမားအား ညွှန်ကြားလိုက်၏။

ကိုယ်ရံတော်က okay အမူအရာတစ်ခုပြုလုပ်ပြီး ချိန်ရွယ်စပြုလိုက်သည်။

ဒိုင်း။

ရဲထျန်းမင် အသံကြားသည်နှင့် သူ၏အခြားခြေထောက်မှာလည်း ထိမှန်သွား၏။

"သေစမ်း။"

သူအော်ဟစ်လိုက်ပြီးနောက် ကျန်ရှိသောဂျင်ဆင်းကို သူ၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။

ထို့နောက် ရဲထျန်းမင်သည် သူ၏ကိုယ်ထဲတွင် ခွန်အားပြန်လည်ရရှိခဲ့သည်။

"အိုး ဘုရားသခင်။ သူခုထိမလဲကျသေးဘူးလား"

ရှီထိုက်လုံက တီးတိုးရေရွတ်လိုက်ပြီးနောက် ဘေးမှစနိုက်ပါသမားအား အမိန့်ပေးလိုက်သည်။

"ဒီတစ်ခါ သူ့ကျောရိုးကိုချိန်။ သူ့အောက်ပိုင်းတစ်ခုလုံး အသုံးမဝင်တော့ရင် သူဆက်ပြေးနိုင်ဦးမလားဆိုတာကို ငါမယုံဘူး။"

အမိန့်ရရှိပြီးနောက် ကိုယ်ရံတော်မှာ ရဲထျန်းမင်၏ကျောရိုးကို တိုက်ရိုက်ချိန်ရွယ်လိုက်၏။

ရဲထျန်းမင်သည် နာကျင်မှုကိုသည်းခံကာ ရှေ့သို့ဆက်လက်အလျင်အမြန်သွားနေ၏။ မီတာတစ်ရာမျှ အလျင်အမြန်သွားပြီးနောက် သူသည် ကျောက်တုံးတောအုပ်တစ်ခုသို့ ရောက်ရှိသွားသည်။ နေရာတိုင်းတွင် ကျောက်တုံးများရှိပြီး လွတ်မြောက်ရန်အခွင့်အလမ်းမှာ များစွာပိုမိုကြီးမားပေလိမ့်မည်။

သူသူ၏အစွမ်းအားလုံးဖြင့် အပြေးအလွှားသွားရန်ပြင်ဆင်နေစဉ်မှာပင် ပတ်ဝန်းကျင်မှမြင်ကွင်းမှာ ရုတ်တရက်ဝေဝါးသွား၏။

ချက်ချင်းပင် system ၏ virtual panel မှာ သူ၏မျက်စိရှေ့တွင် ပေါ်ပေါက်လာသည်။

ဤမြင်ကွင်းကိုမြင်သော် ရဲထျန်းမင်၏ပထမဆုံးတုံ့ပြန်မှုမှာ သူ၏ system ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။

system နှင့်အတူ သူသည် လွတ်မြောက်ရန် ပိုမိုယုံကြည်မှုရှိပေလိမ့်မည်။

system ပြန်လည်ကောင်းမွန်လာသည့်အတွက် သူကျေးဇူးတင်နေစဉ်မှာပင် system panel မှ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး စကားတစ်ခွန်းမျှမပြောဘဲ ရဲထျန်းမင်၏ကိုယ်ထဲသို့ ဝင်ရောက်သွား၏။

အလင်းတန်း ရဲထျန်းမင်၏ကိုယ်ထဲသို့ဝင်ရောက်သွားသောအခါ သူ၏မျက်လုံးများမှာ ချက်ချင်းပြောင်းလဲသွားသည်။

"ဟဲဟဲ… ဟားဟားဟား…။ ဒါက လွတ်လပ်မှုပဲ။ ငါနောက်ဆုံးတော့ ကုတ်ရိုက်တာနဲ့ ရုံးခန်းထဲမှာ တစ်နေကုန်ထိုင်နေရတာကနေ အနားယူနိုင်ပြီ။"

…

လွန်ခဲ့သောနာရီအနည်းငယ်က…

အလုံးစုံမြင်နတ်ဘုရား၏ရုံးခန်းတွင်…

bug ကိုဖြေရှင်းရန် အလုပ်လုပ်နေဆဲဖြစ်သော အလုံးစုံမြင်နတ်ဘုရားသည် bug ကိုယ်တိုင်တွင် bug တစ်ခုရှိသည်ကို ရုတ်တရက်တွေ့ရှိခဲ့၏။

ဤမြင်ကွင်းကိုမြင်သော် အလုံးစုံမြင်နတ်ဘုရားသည် ချက်ချင်းအလွန်ကံကောင်းသည်ဟု ခံစားမိသည်။ bug ၏အကူအညီဖြင့် အလုံးစုံမြင်နတ်ဘုရားသည် သူ၏ကမ္ဘာကိုကျူးကျော်ခဲ့သော bug ကို ဖြေရှင်းခဲ့၏။

အင်း၊ bug ဖြေရှင်းပြီးသွားသည်ထက်စာလျှင် ၎င်းမှာ bug ကိုယ်တိုင် အေးခဲသွားခြင်းနှင့် ပိုတူသောကြောင့် အလုံးစုံမြင်နတ်ဘုရားသည် ယခုအခါ bug ၏ကုဒ်ကို ဝင်ရောက်ကြည့်ရှုနိုင်သည်။

(T/N - bug ၏ bug တွေရှုပ်နေမှန်းသိပေမဲ့ ပိုး၏ ပိုးတွေဆို ဖတ်ရမကောင်းလို့ပါ)

ယခုအခါ bug ၏နက်နက်ရှိုင်းရှိုင်းထိန်းချုပ်မှုကုဒ်ကို အစားထိုးသရွေ့ bug ကို သူ၏ကိုယ်ပိုင်အကျိုးအတွက် အသုံးပြုနိုင်သည်။

သူ၏ရှေ့မှကုဒ်တစ်တန်းကိုကြည့်ရင်း အလုံးစုံမြင်နတ်ဘုရားတွင် အလွန်ရဲတင်းသောစိတ်ကူးတစ်ခုရှိခဲ့ပြီး ၎င်းမှာ သူ၏အသိစိတ်တစ်စိတ်တစ်ပိုင်းကို ကုဒ်အဖြစ်သို့ပြောင်းလဲပြီး ဤ bug ထဲသို့ ရေးသားထည့်သွင်းရန်ဖြစ်သည်။

ဤသို့ဖြင့် သူသည် အခြားနည်းလမ်းတစ်ခုဖြင့် အပြင်ထွက်၍ ကစားနိုင်ဖွယ်ရှိသည်။

All Chapters