← Chapters

ဖက်ဒရယ်ဥပဒေ

Vol. 11 Ch. 153

ဖက်ဒရယ်ဥပဒေ

Vol. 11 Ch. 153

“ဘယ်လို”

“အားလုံးတက်သွားနိုင်မယ်ပေါ့ ဘာကိုဆိုလိုတာလဲ တန်းစီစောင့်စရာမလိုဘူးလား”

“နှစ်နာရီအတွင်းလား မင်းတကယ်ပြောနေတာလား”

လင်းရှန်၏စကားများသည် လူအုပ်ထဲတွင် ဗုံးတစ်လုံးပေါက်ကွဲသလို ဖြစ်သွားသည်။ သူပြောလိုက်သည့်အခိုက်တွင် ပရမ်းပတာဖြစ်လာပြီး အကြည့်များအားလုံးသည် အံ့အားသင့်ကာ သူ့ဆီသို့ ရောက်လာသည်။ ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့၏ပင်ပန်းနွမ်းနယ်နေသော မျက်နှာများတွင် မျှော်လင့်ချက်တစ်ခုဖြင့် လင်းလက်လာသည်။

ကျန်းတင်းကျုံးသည် အနည်းငယ် မျက်ခုံးတွန့်ကာ လင်းရှန်ကို ကြည့်လိုက်သည်။

“မင်းရဲ့အစီအစဉ်က ဘယ်လိုဆိုတာ သေချာပြောစမ်းပါ”

“ခေါင်းဆောင်လင်း၊ နှစ်နာရီဆိုတာ... စနစ်ကို ပြန်ရေးစရာမလိုဘူးလို့ ဆိုလိုတာလား”

ဝေ့ကီရှုက စိုးရိမ်မှုနှင့် မျှော်လင့်ချက်ရောပြွမ်းနေသော အသံဖြင့် မေးလိုက်သည်။ ၎င်း၏နှလုံးသည် တဒိန်းဒိန်းခုန်နေပြီး—သူ၏မသိစိတ်က လင်းရှန်တွင် အမှန်တကယ် ထွက်ပေါက်တစ်ခု ရှိနိုင်သည်ဟု ပြောနေသည်။

လင်းရှန်သည် တွန့်ဆုတ်မနေခဲ့ပေ။

“စနစ်ကို ပြန်ရေးရင်တောင် ဓာတ်အားထောက်ပံ့မှုက လေကြောင်းကာကွယ်ရေးနဲ့ လျှပ်စစ်သံလိုက်အရှိန်မြှင့်စနစ်တွေကြောင့် အကန့်သတ်ရှိတယ်၊၊ တက်လှမ်းဓာတ်လှေကားဆီကို စွမ်းအင်လွှဲပြောင်းလို့ လည်ပတ်နိုင်ရင်တောင် လူအလုံအလောက် မတင်ပို့နိုင်ဘူး။ အရင်ကထက်တောင် ပိုနှေးနိုင်တယ်။ ဒါဆိုရင် ငါးနာရီထက် အများကြီးပိုကြာလိမ့်မယ်၊ ပြီးတော့ ငါတို့ရဲ့ကာကွယ်ရေးက အားနည်းသွားမယ်။ မွန်းစတားတွေက အချိန်တိုင်း တိုးလာနေတယ်။ ဒီအလျင်နှုန်းနဲ့ဆိုရင် အားလုံးကို အချိန်မီထွက်ပြေးလို့ မရနိုင်ဘူး”

“ဒါဟုတ်တယ်”

ဝေ့ကီရှုက ခေါင်းညိတ်လိုက်သည်။

“တက်လှမ်းဓာတ်လှေကားက ဓာတ်အားအများဆုံးသုံးတယ်။ ဘာကြောင့်ဆိုရင်—"

လင်းရှန်က ၎င်းကို ဖြတ်ပြောလိုက်သည်။ “နောက်ထပ်ပြဿနာတစ်ခုရှိသေးတယ်။ လူတွေကို ထွက်ပြေးခိုင်းရင်၊ နယ်စည်းမျဉ်းကို ကာကွယ်ဖို့ ကျန်ရစ်သူတွေ နည်းသွားမယ်၊၊ လေဆိပ်ကာကွယ်ရေးပြိုလဲသွားရင် ဘယ်သူမှ ထွက်ပြေးလို့မရတော့ဘူး။ အကောင်းဆုံးအဖြေက ငါတို့အားလုံး တစ်ပြိုင်နက်ထွက်သွားဖို့ပဲ”

လင်းရှန်က အသံထွက်မပြောခဲ့သည့်အရာတစ်ခုရှိသည်—စည်းကမ်းနှင့် ထိန်းချုပ်မှု။ အကယ်၍ ရှေ့တန်းပြိုလဲသွားပါက တန်းစီစောင့်နေသူများသည် ပထမဆုံး အသတ်ခံရမည်ဖြစ်သည်။ ပရမ်းပတာဖြစ်မှုသည် တောမီးသဖွယ် ပျံ့နှံ့သွားမည်ဖြစ်ပြီး အခြေအနေသည် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလိမ့်မည်။

“နေဦး...ဒီမှာ ယာဉ်ဒါဇင်ပေါင်းများစွာရှိတယ်—လူတစ်သောင်းကျော်နဲ့၊ဓာတ်အားပြတ်လပ်မှုနဲ့ ဘယ်လိုလုပ်ပြီး အားလုံးထွက်သွားနိုင်မှာလဲ”

ရှီတိယွမ်က ရှုပ်ထွေးစွာ မေးလိုက်သည်။

“နည်းလမ်းက ရိုးရှင်းပါတယ်”

လင်းရှန်သည် ၎င်း၏လက်ကို မြှောက်လိုက်ရာ—အလင်းတစ်ဖျပ်ဖျပ်လက်သွားပြီး တက်လှေကားရထား၏ သတ္တုပုံစံသေးသေးလေးတစ်ခု သူ၏လက်ဖဝါးထဲတွင် ပေါ်ထွက်လာသည်။

၎င်းပေါ်တွင်၊ အာကာသဆိပ်ကမ်းတွင် ရပ်နားထားသော ရထားလေးစီးကို ကိုယ်စားပြုသည့် သတ္တုရထားပုံစံလေးခုပါရှိသည်။

သူသည် ကျန်းရှု့ဝေနှင့် ရှီတိယွမ်ဆီသို့ ကြည့်ပြီး လျင်မြန်စွာ ပြောလိုက်သည်။

“လုံရှန်း-၁ နဲ့ သံချပ်ကာတပ်ရင်းရဲ့ ရထားနှစ်ခုလုံးက တိုက်ကြီးဖြတ်အဆင့်ရထားတွေပဲ။ သူတို့ရဲ့အင်ဂျင်တွေက တစ်ခုချင်းစီမှာ ၁၅၀,၀၀၀ ကီလိုဝပ်ထက် ပိုတယ်။ ငွေကြယ်က ထာဝရအဆင့်ရထားအနေနဲ့ အနည်းဆုံး ၂၀၀,၀၀၀ ကီလိုဝပ်ရှိတယ်၊ ဟုတ်တယ်မလား”

“၂၂၀,၀၀၀ ကီလိုဝပ်ပါ” ကျန်းရှု့ဝေက ဂုဏ်ယူမှုနှင့် ရောပြွမ်းနေသော အသံဖြင့် ပြန်ဖြေသည်။

လင်းရှန်က ခေါင်းညိတ်လိုက်သည်။

“ငါ့ရဲ့ အနန္တရထားက ၁၀၀,၀၀၀ ကီလိုဝပ်၊၊ ဒါဆိုရင် ရထားလေးစီးပေါင်းလိုက်ရင် ၆၀၀,၀၀၀ ကီလိုဝပ်ထက် ပိုရှိတယ်လို့ ဆိုလိုတယ်”

“ငါတို့အားလုံး ဂြိုဟ်ပတ်ရထားလမ်းဆီ ဦးတည်နေတာမို့၊ ဒီရထားတွေမှာ အလျားလိုက်စနစ်တွေ ပါရှိတယ်လို့ ယူဆတယ်—ဒါက တက်လှေကားလမ်းကြောင်း ဒါမှမဟုတ် သမုဒ္ဒရာရထားလမ်းထဲ ဝင်ရောက်တဲ့အခါ ပြင်ပဆွဲငင်အားမရှိတဲ့ အခြေအနေတွေအတွက် ဒီဇိုင်းထုတ်ထားတာ။ ယာဉ်အားလုံးကို ဆွဲငင်ကိရိယာတွေပေါ် တင်ပြီး ယန္တရားချိတ်တွဲတွေကို သုံးမယ်ဆိုရင်၊ ရထားလေးစီးကို သံမဏိကြိုးတွေနဲ့ ချိတ်ဆက်လို့ရတယ်—"

“တက်လှေကားရထားကို လုံးဝမလိုအပ်ဘူး။ ငါတို့ကိုယ်တိုင် ယာဉ် ၂,၀၀၀ ကျော်ကို တတ်လှမ်းလမ်းကြောင်းဆီ ဆွဲတင်လို့ရတယ်”

အာကာသဆိပ်ကမ်းတစ်ခုလုံးတွင် အံ့အားသင့်စွာ တိတ်ဆိတ်မှုတစ်ခု ပျံ့နှံ့သွားသည်။

လူတိုင်း၏အမူအရာများသည် ရှုပ်ထွေးမှုမှ လုံးဝထိတ်လန့်မှုသို့ ပြောင်းလဲသွားသည်။

ရထားများကို သုံးပြီး ကားထောင်ပေါင်းများစွာကို ၄,၈၀၀ မီတာမြင့်သော ဝေဟင်လမ်းကြောင်းဆီသို့ ဆွဲတင်မည်လား၊၊

ဒါက ရူးသွပ်မှုနှင့်တူသည်။

ဖေးရွှမ်သည် လင်းရှန်ကို စိုက်ကြည့်ပြီး ဝေ့ကီရှုဆီသို့ လှည့်ကြည့်လိုက်သည်၊ သူမ၏မျက်နှာမှာလည်း အံ့အားသင့်နေသည်။

“အင်ဂျင်နီယာဝေ့... ဒါက ဖြစ်နိုင်ရဲ့လား”

ဝေ့ကီရှု၏ပါးစပ်သည် အကြိမ်ပေါင်းများစွာ ပွင့်လိုက်ပိတ်လိုက်ဖြစ်နေလေသည်၊၊ ၎င်း၏မျက်လုံးများသည် တွက်ချက်မှုများဖြင့် ပြည့်နေပြီး တဖိတ်ဖိတ်လက်နေသည်။

“ဒါ... ဒါက...”

သူသည် ချက်ချင်း ၎င်း၏ကွန်ပျူတာကို ဆွဲဖွင့်ပြီး လျင်မြန်စွာ တွက်ချက်မှုများကို လုပ်ဆောင်လိုက်သည်။

“တက်လှေကားလမ်းကြောင်းက ၇,၂၅၀ မီတာရှည်တယ်၊ ဆင်ခြေလျှောက ၉၀%—ဒေါင်လိုက်တက်လှေကားက ၄,၈၀၆ မီတာရှိတယ်။ လက်ရှိတန်းစီထားတဲ့ ယာဉ်အရေအတွက်က ၂,၆၉၆ စီး၊ ထရပ်ကားတွေအပါအဝင် စုစုပေါင်းအလေးချိန် ၁၀,၀၀၀ တန်လို့ ယူဆတယ်။ ရထားတွေက တစ်နာရီလျှင် ၁၀၀ ကီလိုမီတာအရှိန်နဲ့ ဆွဲတင်မယ်ဆိုရင်၊ အလျားလိုက်စနစ်နဲ့ ယန္တရားဆွဲငင်အားကို သုံးပြီး၊ အဆင့်သုံးဆင့်အရှိန်မြှင့်လမ်းကြောင်းနဲ့—"

“အမြင့်ဆုံးဆွဲငင်အား ၄၀၈,၀၀၀ ကီလိုဝပ်လိုအပ်မယ်။ သီအိုရီအရ... ဒါက အလုပ်ဖြစ်နိုင်တယ်။ ပိုမြန်နိုင်တယ်တောင်။ ဒါပေမယ့် သံမဏိကြိုးတွေ...”

သူစကားမဆုံးခင်မှာပင် လင်းရှန်၏လက်ထဲတွင် အလင်းတစ်ဖျပ်ဖျပ်လက်လာသည်။

၁၀ စင်တီမီတာအထူရှိသော ကာဗွန်မြင့်သံမဏိကြိုးတစ်ခုသည် ပေါ်ထွက်လာပြီး မြေပြင်ပေါ်သို့ လေးလံသော သတ္တုအသံဖြင့် ပြုတ်ကျလာသည်၊၊

လင်းရှန်သည် နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်သည်။ “ရထားတွေက ဆွဲငင်စနစ်နဲ့ ချိတ်ဆက်ဖို့ပဲ လိုတယ်။ မြင့်မားတဲ့လမ်းကြောင်းကို ရောက်တဲ့အခါ ယာဉ်တွေကို လျှပ်စစ်သံလိုက်အရှိန်မြှင့်လမ်းကြောင်းဆီ လွှဲပြောင်းလို့ရတယ်၊ ရထားတွေကတော့ ရထားလမ်းအရှိန်မြှင့်စနစ်ကို သုံးမယ်—လမ်းကြောင်းထဲမှာ ပိတ်ဆို့မှုကို ရှောင်လွှဲလို့ရတယ်”

“သောက်ကျိုးနဲ....မင်းတကယ်ပဲ ဒါကိုလုပ်ဖို့ စဉ်းစားထားတာလား”

ရှီတိယွမ်၏မျက်လုံးများ ပြူးကျယ်သွားသည်။

ငွေကြယ်မှ အင်ဂျင်နီယာများသည် ပြင်းထန်သော တွက်ချက်မှုများကို လုပ်ဆောင်နေပြီဖြစ်ပြီး ရလဒ်များသည် ဝေ့ကီရှု၏ ကောက်ချက်နှင့် ကိုက်ညီနေသည်။

ကျန်းတင်းကျုံးသည် တီးတိုးပြောနေသော လူအုပ်ကို လှမ်းကြည့်ပြီး လင်းရှန်ကို စိုက်ကြည့်လိုက်သည်၊ ၎င်း၏အမူအရာမှာ မှန်းမရပေ၊၊

“ဒါက အန္တရာယ်များတယ်။ သီအိုရီအဆင့်မှာပဲ ရှိသေးတယ်”

ကျန်းရှု့ဝေ၏အသံသည် အေးစက်ပြီး ဆင်ခြင်တုံတရားဖြင့် ပြည့်နှက်နေသည်။

“ပထမဆုံး၊ ယာဉ်အလေးချိန်တွေက ခန့်မှန်းချက်ပဲ။ ထရပ်ကားလေးတွေနဲ့ ပြုပြင်ပြောင်းလဲထားတဲ့ ယာဉ်တွေ အများကြီးရှိတယ်။ ဒုတိယအနေနဲ့၊ မင်းက ခဏတာဓာတ်အားလိုအပ်ချက်ကိုပဲ တွက်ချက်ထားတယ်၊ ဒါပေမယ့် အလျားလိုက်စနစ်နဲ့ ယန္တရားဆွဲငင်အားကို ဒီလို အလွန်အမင်း ဝန်ထုပ်ဝန်ပိုးအောက်မှာ ဘယ်တုန်းကမှ စမ်းသပ်မထားဘူး။ အလျားလိုက်စနစ်တွေ ချို့ယွင်းသွားရင်၊ ကားတွေကိုပဲ ဆုံးရှုံးမှာမဟုတ်ဘူး—ငါတို့ရဲ့ရထားတွေပါ ဆုံးရှုံးရလိမ့်မယ်”

“အမှန်ပဲ”

ကျန်းဇီယန်က ချက်ချင်း ကန့်ကွက်လိုက်သည်။

“ဒီအစီအစဉ်တစ်ခုလုံးက အသက်ရှင်ကျန်ရစ်သူတွေကိုပဲ အကျိုးပြုတယ်—ငါတို့က ကြီးမားတဲ့အန္တရာယ်ထဲမှာပဲ၊၊ ငွေရောင်ကြယ်မှာ လူ ၃,၂၁၉ ယောက်ရှိတယ်။ ဘာလို့ သူတို့ရဲ့အသက်တွေကို လောင်းကစားလုပ်ရမှာလဲ”

၎င်း၏အသံသည် မာလာသည်။

“ရိုးရိုးသားသားပြောရရင်၊ တခြားလမ်းကြောင်းတွေ ဖွင့်ထားရင် ငါတို့ ထွက်သွားနှင့်ပြီ။ ငါတို့လူတွေ လုံလောက်အောင် ဆုံးရှုံးထားပြီ။ အဆိုးဆုံးကိစ္စက—"

“ဇီယန်”

ကျန်းရှု့ဝေက သူ့ကို ဟန့်လိုက်သည်။

လေးလံသော တိတ်ဆိတ်မှုတစ်ခု ကျရောက်လာသည်။

ကျန်းတင်းကျုံးသည် ဖေးရွှမ်ဆီသို့ လှည့်လိုက်သည်။ “ဗိုလ်ချုပ်ဖေး၊ မင်းရဲ့အထင်ကရော”

ဖေးရွှမ်သည် တွန့်ဆုတ်နေပြီး သူမ၏အမူအရာမှာ ရှုပ်ထွေးနေသည်။

“အန္တရာယ်ရှိတယ်... ဒါပေမယ့် ဒီအစီအစဉ်က အောင်မြင်ဖို့ အခွင့်အလမ်းအများဆုံးပဲ”

“ငါတို့ သဘောမတူဘူး။ ဒီအစီအစဉ်က ငါတို့အတွက် အန္တရာယ်ပိုများစေတယ်”

ကျန်းဇီယန်က ကန့်ကွက်လိုက်သည်။

“ဒါက နှစ်နာရီပဲ အချိန်ယူရင်တောင်၊ အားလုံးက ယာဉ်တွေတင်မယ်ဆိုရင်၊ ကာကွယ်ရေးကို ဘယ်သူက ထိန်းထားမှာလဲ၊ ဆိပ်ကမ်းပြိုလဲသွားရင်၊ ဒီအစီအစဉ်က ငါတို့အားလုံးကို သတ်ပစ်လိမ့်မယ်။ ငွေကြယ်က အသက်ရှင်ကျန်ရစ်သူ ရာဂဏန်းလောက်ကိုပဲ တင်ပြီး ထွက်သွားသင့်တယ်။ ဒါက ငါတို့အတွက် ပိုလုံခြုံတယ်”

သူ၏ဆင်ခြင်တုံတရားသည် မမှားပေ—လူ ၃,၀၀၀ ကျော်နှင့်အတူ၊ တစ်ယောက်တည်း ထွက်ပြေးခြင်းသည် ၎င်းတို့၏လုံခြုံရေးကို အာမခံပေးလိမ့်မည်။

ဘွန်းးးး

ကောင်းကင်တွင် မိုးခြိမ်းသံတစ်ခုနှင့်ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

လူအားလုံး မော့ကြည့်လိုက်ကြသည်။

ဖက်ဒရယ်၏ ကြီးမားသော ဝေဟင်ပို့ဆောင်ရေးသင်္ဘောသည် ယခုလေးတင် ပျံတက်သွားပြီး—ကောင်းကင်တွင် ပေါက်ကွဲပျက်စီးသွားသည်။ ကြီးမားသော မီးလုံးတစ်ခုသည် ကောင်းကင်ကို လွှမ်းမိုးလိုက်ပြီး လေယာဉ်ငယ်များသည် သစ်ရွက်များကဲ့သို့ ကျဆင်းလာသည်၊၊

“လျှပ်စစ်သံလိုက်အမြောက်က ဘာကို ပစ်နေတာလဲ”

“အပေါ်မှာ တစ်ခုခုရှိတယ်”

မိုးကြိုးတစ်ချက်က မုန်တိုင်းတိမ်တိုက်များကို ခဏတာ လင်းထိန်စေသည်—

တိုက်တန်းနစ်ကဲ့သို့ ကြီးမားသော အရိပ်တစ်ခုကို ပေါ်လာသည်၊၊

ကျောက်ဆောင်ပုံသဏ္ဌာန်တစ်ခုသည် သူတို့အထက်တွင် ထင်ရှားစွာ ပေါ်ထွက်လာပြီး တောင်တစ်လုံးသဖွယ် မြင့်တက်လာသည်—

မိုးပျံသတ္တဝါကြီး။

လူတိုင်း၏ မျက်နှာများ ဖြူဖျော့သွားသည်။

“သေစမ်းဟေ့... အဲဒါက ဟိုမွန်းစတားကြီးပဲ”

“ဒါက ငါတို့အပေါ်မှာ ရှိနေတာ”

ဘန်း ဘန်း

လျှပ်စစ်သံလိုက်ရထားအမြောက်လေးလက်သည် အပေါ်သို့လှည့်သွားပြီး—ကောင်းကင်ထဲသို့ တိုက်ရိုက်ပစ်လိုက်သည်။

ဖေးရွှမ်၏ မျက်နှာမှာ ဖြူဖျော့သွားသည်။

“ အဲဒီအရာကို အဝေးကို မပို့နိုင်ရင် လမ်းကြောင်းတစ်ခုလုံးကို ဝါးမျိုပစ်လိမ့်မယ်”

ကျန်းတင်းကျုံး၏ အကြည့်များသည် စူးရှသွားသည်၊၊ သူသည် ကျန်းရှု့ဝေနှင့် ကျန်းဇီယန်ဆီသို့ လှည့်ကြည့်လိုက်သည်။

“ငါတို့ လင်းရှန်ရဲ့အစီအစဉ်နဲ့ ဆက်သွားမယ်”

“ဒါပေမယ့်—”

ကျန်းဇီယန်၏ မျက်နှာမှာ တင်းမာလာသည်၊၊

“မာရှောင်ထန်း”

ကျန်းတင်းကျုံး၏အသံသည် ခိုင်မာပြတ်သားစွာ ထွက်ပေါ်လာသည်။

“ကျနော်ရှိပါတယ်”

သံချပ်ကာတပ်ရင်း ဒုဗိုလိမှူး မာရှောင်ထန်းသည် ချက်ချင်း ရှေ့သို့ထွက်လာသည်။

“တပ်ရင်း ၁နဲ့ ၂ က—A ဇုန်ကို ထိန်းထားပါ”

“တပ်ရင်း၄နဲ့ ၆က၊ သံချပ်ကာခြေလျင်တပ်နှင့်အတူ—B ဇုန်ကို အားဖြည့်ပါ”

“တပ်ရင်း ၇ တင့်ကားတပ်ဖွဲ့က—C ဇုန်ကို ကာကွယ်”

“တပ်ရင်း ၅နဲ့ ၉က —D ဇုန်မှာ ထောက်ပံ့ပို့ဆောင်ရေးကို ကူညီပါ”

“တပ်ရင်း ၈နဲ့ ထောက်လှမ်းရေးတပ်ဖွဲ့—E ဇုန်မှာ ငါနဲ့အတူ နေပါ”

“ဝေဟင်တပ်ဖွဲ့အားလုံး—ကောင်းကင်ထဲတက်ပြီး အဲဒီအရာကို အာကာသဆိပ်ကမ်းရှေ့ဘက်ဆီ မျှားခေါ်သွားကြ၊၊ တက်လှမ်းဓာတ်လှေကားနဲ့ ကောင်းကင်လမ်းကြောင်းကို ကာကွယ်ပါ”

“Yes,Sir”

မာရှောင်ထန်းက ချက်ချင်း တုံ့ပြန်လိုက်သည်။

တပ်ရင်းတစ်ခုလုံး လှုပ်ရှားသွားသည်�၊၊ စစ်သားများသည် ၎င်းတို့၏ အသင့်အနေအထားသို့ အလျင်အမြန်ဝင်ရောက်ကာ စစ်ဖိနပ်များမှ လေးလံသောအသံများသည် အာကာသဆိပ်ကမ်းတစ်ခုလုံးတွင် ပဲ့တင်ထွက်ပေါ်လာသည်။ လေထုသည် မွန်းကျပ်လာသော်လည်း ပြတ်သားမှုရှိသည်—ဤသည်မှာ ၎င်းတို့၏နောက်ဆုံးရပ်တည်မှုဖြစ်သည်။

ကျန်းတင်းကျုံးသည် စုဝေးနေသော တပ်ဖွဲ့များကို တစ်ချက်ကြည့်ပြီး အခြားတပ်မှူးများနှင့် အကြည့်ချင်းဆုံလိုက်သည်။

“သံချပ်ကာတပ်ရင်းက နှစ်နာရီအတွင်း နယ်စည်းမျဉ်းကို ထိန်းထားမယ်။ တခြားဘယ်သူ့က ကန့်ကွက်စရာရှိသေးလဲ”

တိတ်ဆိတ်မှု…။

ကျန်းဇီယန်၏ မျက်နှာမှာ မှောင်မိုက်လာပြီး လက်သီးဆုပ်ထားလိုက်သည်။ သူ့တွင် ပြောစရာစကားမရှိတော့ပေ။

ကျန်းရှု့ဝေသည် ပြတ်သားစွာ ရှေ့သို့ထွက်လာသည်။ “ကန့်ကွက်စရာမရှိပါဘူး။ ချက်ချင်း ပြင်ဆင်မှုတွေ စတင်မယ်”

“ကန့်ကွက်စရာမရှိဘူး”

ရှီတိယွမ်ကလည်း ပြောလိုက်သည်၊၊

မိုးပျံသတ္တဝါကြီးသည် အထက်တွင် ထင်ရှားစွာ ပေါ်ထွက်နေပြီး ၎င်း၏ ကြီးမားသော အရိပ်သည် အာကာသဆိပ်ကမ်းကို လွှမ်းမိုးထားသည်။ လေထုသည် ကြောက်ရွံ့မှုနှင့် အရေးတကြီးဖြစ်မှုဖြင့် ဖုံးလွှမ်းနေသည်၊၊ သို့သော် ကျန်းတင်းကျုံးသည် သူ၏ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသခဲ့သည်—သူတို့သည် အသက်ရှင်ကျန်ရစ်သူများအတွက် အခွင့်အလမ်းပေးရန် တိုက်ပွဲဝင်မည်ဖြစ်သည်။

“ဖေးရွှမ်”

ကျန်းတင်းကျုံးသည် အရေးပေါ်တုံ့ပြန်ရေးတပ်ဖွဲ့ခေါင်းဆောင်ဆီသို့ လှည့်လိုက်သည်။

“မင်းရဲ့ဝန်ထမ်းတွေနဲ့ ဒဏ်ရာရသူတွေကို သံချပ်ကာရဲ့ တိုက်ကြီးဖြတ်အဆင့်ရထားပေါ်သို့ ရွှေ့ပြောင်းပါ�၊ ငါတို့က နောက်ဆုံးမှာ ဆုတ်ခွာမယ်”

ဖေးရွှမ်၏ မျက်နှာမှာ ခက်ထန်လာပြီး သူမသည် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

“နားလည်ပါပြီ”

“တပ်မှူး...”

နောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

ဇန်ဝေ့သည် အာကာသဆိပ်ကမ်းလုံခြုံရေးတပ်ရင်းၗအဖွဲ့ဝင်များစွာနှင့်အတူ ရှေ့သို့ထွက်လာသည်။

“ဗိုလ်မှူးကျန်း၊ ငါတို့က မင်းနဲ့အတူ တိုက်ပွဲဝင်ချင်တယ်”

ကျန်းတင်းကျုံးသည် ၎င်းတို့ဆီသို့ အကြည့်လှည့်လိုက်သည်။ ၎င်း၏အမူအရာမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ကျေနပ်သွားသည်၊၊

“ဒါက... ပိုကောင်းတယ်”

တွန့်ဆုတ်မှုမရှိဘဲ သူသည် နယ်စည်းကာကွယ်ရေးဆီသို့ ဦးတည်သွားပြီး မာရှောင်ထန်းနှင့် ဇန်ဝေ့တို့သည် နောက်မှ အနီးကပ်လိုက်ပါသွားသည်။

တစ်စက္ကန့်အတွင်း သံချပ်ကာတပ်ရင်းနှင့် လုံခြုံရေးတပ်ရင်းတစ်ခုလုံးသည် လှုပ်ရှားလာသည်။ အာကာသဆိပ်ကမ်းသည် ခိုင်မာသော စစ်မြေပြင်အဖြစ် ပြောင်းလဲသွားပြီး စစ်သားတိုင်းသည် လာမည့်မုန်တိုင်းကို ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။

ဖေးရွှမ်သည် လင်းရှန်ဆီသို့ လှည့်ကြည့်လိုက်ပြီး ၎င်းအမူအရာမှာ တည်ကြည်လေးနက်နေသည်။ “ခေါင်းဆောင်လင်း ယာဉ်ညှိနှိုင်းမှုကို ငါကိုင်တွယ်မယ်။ ဆွဲငင်စနစ်ကတော့ မင်းရဲ့တာဝန်ပဲ”

လင်းရှန်သည် ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။ “အချိန်မဖြုန်းပဲ။ အခု လှုပ်ရှားကြစို့”

All Chapters