အခန်း (၈၅)
Vol. 8 Ch. 85
လုနန်၏အသံသည် တိမ်ဝင်သွားခဲ့ပြီး သူမသည် ဖေးကျီအန်းအား သူ၏ထိုသို့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် သူမ အမှန်တကယ်ထိုက်တန်ရဲ့လားဟု မေးလိုစိတ်ဖြစ်မိသည်။
“ကျွန်မ…”
ဖေးကျီအန်းသည် သူမက မြို့တော်ရှိ သိမ်မွေ့သောဘဝကို စွန့်လွှတ်ရန် မလိုလားဟု ထင်မိသည်။ နောက်ဆုံးတွင် သူမ၏ဘဝသည် အရသာရှိသော အစားအစာများဖြင့် ပြည့်နှက်နေပြီး သူက သူမအား ထိုသို့သောအရာများ ရှာဖွေရန်မဖြစ်နိုင်သော နေရာသို့ ပြောင်းရွှေ့ရန် တောင်းဆိုနေခြင်းဖြစ်သည်။ ဤအတွေးနှင့်ပတ်သက်၍ သူမ ရုန်းကန်နေရသည်မှာ သဘာဝကျသည်။
ထို့ကြောင့် ဖေးကျီအန်းသည် အလေးအနက်ထား ရှင်းပြလိုက်သည်။ “မင်းက အရမ်းဉာဏ်ကောင်းတယ်ဆိုတာ ကိုယ်သိတယ်။ ဒီပတ်ဝန်းကျင်ရဲ့ အပြောင်းအလဲတွေကို မင်းလည်း ခံစားမိမှာပဲ။ မဟုတ်ရင် မင်းက မင်းရဲ့ပညာရေးကို ပြီးဆုံးအောင် ဒီလောက်ကြိုးစား၊ သင့်တော်တဲ့အလုပ်တစ်ခုရှာပြီး အတွင်းလူချင်း ပဋိပက္ခတွေကို ရှောင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ မြို့တော်က ဝဲဂယက်တစ်ခုလိုပဲ၊ မင်းဒီမှာဆက်နေရင် တစ်နေ့နေ့မှာ မင်းကို စုပ်ယူသွားလိမ့်မယ်…”
“ကောင်းပြီ၊ ကျွန်မ သဘောတူတယ်။”
ဖေးကျီအန်းသည် စကားတစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။ သူသည် ပထမအကြိမ်ကြိုးစားမှုမှာပင် လုနန်ကို စည်းရုံးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် သူမ၏ ကိုယ်ဝန်ကြောင့် အလွန်စိတ်လှုပ်ရှားနေသောကြောင့် ယနေ့တွင် ဤအကြောင်းကို ထုတ်ပြောခဲ့ခြင်းဖြစ်သော်လည်း သူမက သဘောတူခဲ့သည်။
သူတို့သည် တိတ်ဆိတ်စွာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ဦးက အောက်သို့ငုံ့ကြည့်ကာ အခြားတစ်ဦးက မော့ကြည့်နေသည်။
လုနန်သည် ဖေးကျီအန်း၏ မျက်လုံးများကို စိုက်ကြည့်နေသည်။ သူ့အကြည့်သည် ထူထဲသောမြူခိုးများကဲ့သို့ဖြစ်ပြီး ခံစားချက်များကို အမြဲတမ်းစိတ်အတွင်း၌ ဖုံးကွယ်ထားတတ်သည်။ ထိုအခိုက်တွင် မြူခိုးများသည် စတင်ပြယ်လွင့်သွားပြီး ဝှက်ထားသော စိတ်ရင်းအချို့ကို ထုတ်ဖော်ပြသနေသည်။
ထိုစဉ် အန်တီဝူသည် လှေကားမှ အလျင်အမြန်ဆင်းလာပြီး လုနန်ကို ပတ်ပေးရန် လေးလံသော ဂွမ်းကုတ်အင်္ကျီတစ်ထည်ကို သယ်လာသည်။
“အမလေး ငါ့ဘိုးဘေးလေးရယ်၊ ဒီဂွမ်းကုတ်အင်္ကျီအသစ်ကို မြန်မြန်ဝတ်လိုက်။ အအေးပတ်သွားရင် ဘယ်လိုလုပ်မလဲ။”
လုနန်သည် သူမ၏ သိုးမွေးကုတ်အင်္ကျီကို ချွတ်ကာ အန်တီဝူ၏ လက်ဖြစ်ကုတ်အင်္ကျီကို ကူကယ်ရာမဲ့စွာ လဲလှယ်ဝတ်ဆင်လိုက်ရသည်။ ကံကောင်းထောက်မစွာ ဂွမ်းကုတ်အင်္ကျီသည် ရိုးရိုးအထည်ဖြင့်ပြုလုပ်ထားသဖြင့် ထူထဲသော်လည်း ကြည့်ရဆိုးခြင်းမရှိပေ။
မကြာမီတွင် ဖေးကျန့်သည် ငှားရမ်းလာသောကားဖြင့် ပြန်ရောက်လာသည်။ အန်တီဝူသည် ရှောင်ဟွိုက်ကို စောင့်ရှောက်ရန် နောက်တွင်နေခဲ့ပြီး ဖေးကျီအန်းနှင့် ဖေးကျန့်တို့သည် လုနန်နှင့်အတူ ဆေးရုံသို့ လိုက်သွားကြသည်။
လမ်းတွင် ဖေးကျီအန်းသည် ကားမောင်းနေစဉ် ယခုအခါ နေကောင်းသွားပြီဖြစ်သော လုနန်သည် မူးဝေခြင်း သို့မဟုတ် နာကျင်ခြင်းမရှိတော့ပေ။
သူမသည် သူမဗိုက်ပေါ်သို့ လက်ကို ညင်သာစွာတင်ကာ အတွေးနက်နေခဲ့သည်။
ဖေးကျန့်သည် ခရီးသည်ထိုင်ခုံတွင်ထိုင်နေပြီး လုနန်၏ ဗိုက်ကို မကြာခဏလှည့်ကြည့်ကာ သူ့မျက်နှာအမူအရာမှာ ရှုပ်ထွေးနေသည်။ သူသည် လုနန်ကို မိထွေး သို့မဟုတ် အကြီးအကဲတစ်ဦးအဖြစ် မည်သည့်အခါမျှ မမြင်ခဲ့ဖူးပေ။ သူသည် သူမအား ကစားဖော်နှင့် သူငယ်ချင်းအဖြစ် အမြဲမှတ်ယူခဲ့ပြီး သူမကို စွမ်းဆောင်ရည်ရှိသော အစ်မတစ်ဦးအဖြစ် တွေးတောခဲ့သည်။
ယခုအခါ သူ့အစ်မသည် သူ့ဖခင်၏ ကလေးကို လွယ်ထားရပြီ ဖြစ်သောအခါ သူသည် သူမသည် မိခင်တစ်ဦး၊ သူ့ဖခင်နှင့်အတူ တစ်သက်လုံးနေထိုင်မည့် အမျိုးသမီးတစ်ဦး ဖြစ်လာတော့မည်ကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။
ဖေးကျန့်သည် လုနန်ကို နောက်ထပ်အနိုင်မကျင့်နိုင်တော့ဟု တိတ်ဆိတ်စွာတွေးလိုက်သည်။ သူမ ကိုယ်ဝန်ရှိနေပြီ မဟုတ်ပါလား။
(လုနန် - ?? နင် နည်းနည်း ယုံကြည်မှုလွန်ကဲနေပြီမဟုတ်လား။)
အကယ်၍ လုနန်သည် ရှောင်ဟွိုက်ကဲ့သို့ ချစ်စရာကောင်းသော ညီလေးတစ်ဦးကို ထပ်မွေးဖွားပေးနိုင်ပါက သူသည်လည်း ထိုအချက်ကိုလည်း ကန့်ကွက်မည်မဟုတ်ပေ။
ဖေးကျန့်သည် ဆယ်မိနစ်အတွင်း မိသားစုဝင်အသစ်နှင့်ပတ်သက်၍ မလိုခြင်းမှ မျှော်လင့်ခြင်းသို့ သူ၏စိတ်ပိုင်းဆိုင်ရာ ညှိနှိုင်းမှုကို ပြီးမြောက်သွားခဲ့ပြီး ကလေးသည် ညီလေးတစ်ဦးဖြစ်မည်ဟု ခိုင်မာစွာယုံကြည်နေသည်။
ဖေးကျန့်သည် လုနန်၏ မည်သည့်အကွေးအကောက်မှ မမြင်ရသော ဗိုက်ကိုစိုက်ကြည့်ကာ မေးလိုက်သည်။ “ကျွန်တော့်ညီလေး ထွက်လာဖို့ ဘယ်လောက်ကြာဦးမှာလဲ။”
လုနန်သည် သူမ၏ ရာသီစက်ဝန်းအရ နှစ်လခန့်ဟု ခန့်မှန်းခဲ့သော်လည်း သူမ မသေချာခဲ့ပေ။ သူမ ပြန်ဖြေလိုက်သည်။
“ဆေးရုံစစ်ဆေးချက်အဖြေတွေထွက်မှပဲ သေချာမှာပေါ့၊ ဒါပေမဲ့… ညီမလေးဆိုရင်ရော။ နင် ညီမလေးတွေကို မကြိုက်ဘူးလား။”
“နောက်မနေနဲ့။ ရှောင်ဟွိုက်နဲ့ ကျွန်တော်က ယောက်ျားကြီးတွေလေ။ ကောင်မလေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ဂရုစိုက်နိုင်မှာလဲ။” ဖေးကျန့် မျက်ဖြူလှန်ပြလိုက်သည်။
သူ့ရည်ရွယ်ချက်မှာ ယောက်ျားလေးများသည် မိန်းကလေးများနှင့် မကစားနိုင်ဟုဆိုလိုခြင်းဖြစ်သော်လည်း လုနန်သည် “ကောင်မလေး” ဟူသောစကားလုံးကို အာရုံစိုက်မိသွားသည်။
“ဟေ့၊ ငါလည်း ကောင်မလေးပဲ။ ကောင်မလေးတစ်ယောက်ကို စိတ်ဆိုးအောင်လုပ်ရင် ဘာဖြစ်တတ်လဲ သိချင်လား။”
ဖေးကျန့် - “...” ရိုးရိုးသားသားပြောရရင်တော့ ကျွန်တော်မသိချင်ဘူး။
ဖေးကျီအန်းသည် ဖေးကျန့်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူသည် ချက်ချင်းဒူးထောက်တောင်းပန်လိုက်သည်။
“ကျွန်တော်မှားသွားပါတယ်။ သူမက ကောင်မလေးတင်မဟုတ်ဘူး၊ သူက မိန်းမပျိုလေး၊ မင်းသမီးလေးတစ်ပါးပါ၊ ဟုတ်ပြီလား။”
လုနန် လေပူ မှုတ်ထုတ်လိုက်သည်။ သူမသည် သူတို့၏ လူ့အဖွဲ့အစည်းတွင် မိန်းကလေးများအပေါ် လေးစားမှုလျော့နည်းနေဆဲဖြစ်သည်ကို မကျေမနပ်ဖြစ်နေသည်။ ဇာတ်လိုက်ဖြစ်သူ ဖေးကျန့်ပင်လျှင် ထိုခေတ်နောက်ကျသောစိတ်၏ အရိပ်အယောင်များ ပြသနေသည်။ သူမသည် အခြားသူများထံမှ ဘာကိုမျှော်လင့်နိုင်မည်နည်း။
အကယ်၍ သူမဗိုက်ထဲမှ ကလေးသည် မိန်းကလေးဖြစ်ပါက လုနန်သည် သူမအတွက် တစ်သက်လုံး စိုးရိမ်ပူပန်နေရဖွယ်ရှိသည်။ သူမသည် ငယ်စဉ်ကတည်းက လူစိမ်းများကို မယုံကြည်ရန်၊ ဖခင်နှင့် အစ်ကိုမှလွဲ၍ သူတို့သည် အသိအကျွမ်းများဖြစ်နေလျှင်ပင် မည်သည့်ယောက်ျားကိုမျှ မယုံကြည်ရန် သင်ကြားပေးရမည်။
သူမကိုယ်သူမ ကာကွယ်နိုင်ရန် ကိုယ်ခံပညာသင်ပေးခြင်းသည် အကောင်းဆုံးဖြစ်လိမ့်မည်။
ထိုသို့တွေးနေစဉ် လုနန် သက်ပြင်းချလိုက်မိသည်။ ယခုသည် ၁၉၆၅ ခုနှစ်ဖြစ်ပြီး နှစ်နှစ်ဆယ်အတွင်း ၁၉၈၅ ခုနှစ်ဖြစ်လာမည်။ လူမှုပတ်ဝန်းကျင်သည် ပိတ်ပင်တားဆီးပြီး ရှေးရိုးစွဲဖြစ်နေသဖြင့် သူမ၏ သမီးသည် ခေတ်သစ်ကမ္ဘာ၏ လက်ခံမှုကို လွဲချော်သွားမည်ဖြစ်သည်။ သူမသည် နွေရာသီတွင် လက်မောင်းနှင့် ခြေထောက်များကို ဖော်ပြသော လှပသောဝတ်စုံများကို ဝတ်ဆင်နိုင်မည် မဟုတ်ပေ။ တကယ်ကို နှမြောစရာပဲ!
ဖေးကျီအန်းသည် ကားမောင်းနေစဉ် လုနန်ကို နှစ်သိမ့်လိုက်သည်။
“သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် နှစ်ယောက်လုံး ကောင်းပါတယ်။ မိန်းကလေးဆိုရင် ပိုတောင်ကောင်းသေးတယ်။”
ဖေးကျီအန်းသည် စိတ်ရင်းအတိုင်းပြောခြင်းဖြစ်သည်။ သူသည် သားထက် သမီးကို ပိုလိုချင်သည်။ လုနန်နှင့်တူသော သမီးလေးတစ်ဦးရှိမည်ဟူသော အတွေးဖြင့်ပင် သူ့စိတါထဲ ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားသည်။ သူသည် သူမ၏ မွေးဖွားချိန်တွင် ရှိနေခြင်း၊ သူမကြီးပြင်းလာသည်ကို ကြည့်ရှုခြင်းတို့ကို စိတ်ကူးယဉ်ကြည့်ရာ သူသည် လုနန်၏ ကြီးပြင်းမှုခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်နေသကဲ့သို့ ခံစားရသည်။ သူ့နှလုံးသားသည် နူးညံ့သွားပြီး ယခင်က စိုးရိမ်ပူပန်မှုများအားလုံး ပျောက်ကွယ်သွားခဲ့သည်။
သူတို့ ဆေးရုံသို့ရောက်သောအခါ ဖေးကျန့်သည် ငွေပေးချေရန်သွားပြီး ဖေးကျီအန်းသည် လုနန်နှင့်အတူ သွေးစစ်ရန် လိုက်သွားခဲ့သည်။ အဖြေများသည် နောက်တစ်နေ့မှ ရရှိမည်ဖြစ်သောကြောင့် သူတို့သည် တရုတ်တိုင်းရင်းဆေးဆရာတစ်ဦးဆီ သွားပြသခဲ့ကြသည်။ သူမ၏ ဆရာဋန်သည် သွေးခုန်နှုန်းကိုစမ်းသပ်ပြီးနောက် စိုးရိမ်ပူပန်နေသော ဇနီးမောင်နှံကို ပြောလိုက်သည်။
“ပန်းကန်ပြားပေါ်မှာ ပုတီးစေ့တွေ လှိမ့်နေသလိုပဲ၊ ရှေ့နောက်စီးဆင်းနေတယ်၊ ဒါက ပျော်ရွှင်ဖွယ် သွေးခုန်နှုန်းပဲ နေတာပဲ။”
ထို့နောက် သူသည် လုနန်အား မကြာသေးမီက ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် ပျို့အန်ခြင်းများ ခံစားခဲ့ရသလားဟု မေးမြန်းခဲ့သည်။ သူမ၏ အတည်ပြုချက်ရရှိပြီးနောက် ဆရာဝန်သည် နောက်ဆုံးတွင် အတည်ပြုလိုက်သည်။
“ဂုဏ်ယူပါတယ်။ ခင်ဗျား ကိုယ်ဝန်ရှိနေနိုင်ပါတယ်။”
“ကျေးဇူးတင်ပါတယ်။”
ဖေးကျီအန်းသည် လုနန်ကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ကာ တိုးတိုးလေးပြောလိုက်သည်။
လုနန်သည် သူမဗိုက်ကို ညင်သာစွာထိတွေ့လိုက်ရာ ဆရာဝန်၏ အတည်ပြုချက်ရပြီးနောက် အထဲရှိ သက်ရှိ အသစ်လေးနှင့် ဆက်သွယ်မှုကို ခံစားရသည်မှာ မယုံနိုင်စရာဖြစ်ခဲ့သည်။
ဆေးရုံတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော ဆရာဝန်သည် ထိုသို့ဆွဲဆောင်မှုရှိသော စုံတွဲကို မည်သည့်အခါကမှ မမြင်ဖူးခဲ့ပေ။ သူတို့သည် အလွန်ချစ်ခင်ကြပုံရပြီး သူသည် သူတို့ကိုကြည့်ကာ မပြုံးဘဲမနေနိုင်ခဲ့ပေ။ ထို့နောက် သူသည် လုနန်အား သူမ၏ နောက်ဆုံးရာသီလာခဲ့သည့်အကြောင်း မေးခွန်းအချို့မေးမြန်းခဲ့သည်။
“အချက်အလက်တွေအရ ခင်ဗျားက ကိုယ်ဝန်ရှစ်ပတ်ကျော်နေလောက်ပြီ”
လုနန်က မေးလိုက်သည်။ “ဆရာ၊ ကျွန်မ ဒီကိုမလာခင် ဗိုက်အရမ်းနာခဲ့တယ်။ တစ်ခုခုမှားနေလို့လား။”
ဆရာဝန်က ပြန်ဖြေလိုက်သည်။ “ဒီနေ့ ပြင်းထန်တဲ့လှုပ်ရှားမှုတစ်ခုခု လုပ်ခဲ့သေးလား။”
လုနန် ခေါင်းခါတော့မည်အပြုတွင် လုဝမ်ချန်းက သူမကို တိုက်မိလုနီးပါးဖြစ်ခဲ့စဉ်က သူမရှောင်တိမ်းခဲ့သည်ကို သတိရသွားသည်။ သူမသည် ထိုအချိန်က ဗိုက်ထဲတွင် အနည်းငယ် မအီမသာဖြစ်သည်ကို အမှန်တကယ်ခံစားခဲ့ရသော်လည်း ထိုအကြောင်းကို များများစားစားမတွေးခဲ့မိပေ။
ပြန်တွေးကြည့်သောအခါ လုဝမ်ချန်း သူမနှင့် တိုက်မိလုနီးပါးဖြစ်ခဲ့သည်ကို သိရှိရသောအခါ သူမ ကြောက်ရွံ့မှုလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ အကယ်၍ သူမသည် အချိန်မီမရှောင်တိမ်းခဲ့ပါက အကျိုးဆက်များသည် ဆိုးရွားနိုင်သည်။
သူမသည် လုဝမ်ချန်းနှင့် စုန့်တာ့လန်တို့ကြားမှ ထိပ်တိုက်ရင်ဆိုင်မှုကို တွေးမိလိုက်ပြီး သူမက ကိုယ်ဝန်ရှိပြီး တိုက်မိခံရပါက သူတို့ကို ကလဲ့စားချေမည်ဟု ပြောခဲ့သည်။ ဒါသည် အမှန်တကယ်ဖြစ်လာခဲ့ပြီး သူမသည် အမှန်တကယ်ကိုယ်ဝန်ရှိနေခဲ့သည်။
လုနန် သတိထားကာ မေးလိုက်သည်။ “တစ်ယောက်ယောက်က ကျွန်မကို တိုက်မိမလိုဖြစ်သွားလို့ ကျွန်မ ရုတ်တရက်ကြီး လှုပ်ရှားလိုက်ရတယ်။ အဲ့ဒါ အရေးကြီးလား။”
သူမသည် ထိုအကြောင်းကို ပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း ဖေးကျီအန်းသည် သူမစကားကိုကြားသောအခါ ချွေးစေးများပြန်သွားခဲ့သည်။
သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ဘာဖြစ်ခဲ့တာလဲ။”
လုနန်သည် ဖေးကျီအန်း၏ လက်ကိုညှစ်ကာ သူ့ကိုနှစ်သိမ့်ပြီး ဆရာဝန်ကို ကြည့်လိုက်သည်။
ဆရာဝန်က ခေါင်းညိတ်လိုက်သည်။ “အဲ့ဒါ ဖြစ်နိုင်ခြေရှိတယ်။ ဒီတစ်ခါတော့ ခင်ဗျား ဘာမှမဖြစ်ပေမယ့် ကိုယ်ဝန်ဆောင် ကာလတစ်လျှောက် သတိထားပါ။”
ထို့နောက် သူက အကြံပေးလိုက်သည်။ “ကိုယ်ဝန်ဆောင်ကာလအစောပိုင်းမှာ မိခင်တွေက ပင်ပန်းနွမ်းနယ်တာ၊ အစာစားချင်စိတ်မရှိတာ၊ ချမ်းတုန်တာနဲ့ မူးဝေတာတွေ ခံစားရနိုင်တယ်။ မိသားစုဝင်တွေက မိခင်ကို အာဟာရရှိတဲ့အစားအစာတွေစားဖို့၊ နွေးနွေးထွေးထွေးနေဖို့၊ ရေအေးရှောင်ဖို့နဲ့ သွေးလှည့်ပတ်မှုကောင်းစေတဲ့ အစားအစာတွေကို ရှောင်ရှားဖို့ သေချာဂရုစိုက်ပေးရမယ်။ သဖန်းသီးလိုမျိုး အအေးစာတွေ စားသုံးမှုကို ကန့်သတ်ပါ။”
ဒါသည် လုနန်၏ ပထမဆုံးကိုယ်ဝန်ဖြစ်သောကြောင့် သူမသည် ဆရာဝန်အား မေးခွန်းများစွာမေးမြန်းခဲ့ပြီး ဖေးကျီအန်းသည် တိတ်တဆိတ်မှတ်စုများယူကာ ရံဖန်ရံခါတွင် သူ့ကိုယ်ပိုင်မေးခွန်းအချို့ကို မေးမြန်းခဲ့သည်။
ခေတ်ကာလအရ ဆေးရုံသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သူတို့၏ မိသားစုများကို ကောင်းစွာစားသောက်ရန်သာ အဓိကအကြံပေးခဲ့သည်။ အရင်းအမြစ်နည်းပါးမှုကြောင့် အိမ်တွင်ဘာမှမရှိဟုပြောခြင်းက အထောက်အကူမဖြစ်ပေ။
သို့သော်လည်း ဤတစ်ကြိမ်တွင် ဆရာဝန်သည် အကြံဉာဏ်များစွာ ပေးခဲ့သည်။ ကိုယ်ဝန်စစ်ဆေးရန် ဆေးရုံသို့လာရောက်သော မိသားစုများသည် များသောအားဖြင့် အနည်းငယ် တတ်နိုင်ကြသည်။ ထို့အပြင် စုံတွဲသည် အမှန်တကယ်ချစ်ခင်ကြပုံရပြီး ဖေးကျီအန်း သည် သူ့ဇနီး၏ကျန်းမာရေးကို ရှင်းလင်းစွာဦးစားပေးသောကြောင့် ဆရာဝန်သည် ပုံမှန်ထက် အနည်းငယ်ပို၍ စကားပြောဖြစ်ခဲ့သည်။
သူတို့ ဆေးခန်းမှထွက်လာသောအခါ ခုံတန်းရှည်ပေါ်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ဖေးကျန့်သည် လုနန်နှင့် သူ့ဖခင်ဆီသို့ အပြေးအလွှားရောက်လာပြီး မေးလိုက်သည်။
“ဒါဆို ညီလေး ဒါမှမဟုတ် ညီမလေး တကယ်မွေးလာတော့မှာလား။”
လုနန်သည် သူမပျော်ရွှင်မှုကို မျှဝေရင်း ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ ဖေးကျန့်သည် ချက်ချင်း အလွန်အမင်း သတိထားတတ်သူဖြစ်လာပြီး လုနန်ကို ကြွေထည်ကဲ့သို့ သဘောထားကာ ပိုနူးညံ့သောအသံဖြင့် စကားပြောဆိုလာသည်။
သူတို့အိမ်ပြန်ရောက်သောအခါ အန်တီဝူနှင့် ရှောင်ဟွိုက်တို့က သူတို့ကို ကြိုဆိုကြသည်။
“ဘယ်လိုနေလဲ။”
“စစ်ဆေးချက်အဖြေက မနက်ဖြန်မှရမှာ၊ ဒါပေမဲ့ သမီးတို့ တိုင်းရင်းဆေးဆရာနဲ့တွေ့ခဲ့တယ်၊ သူက သမီး ကိုယ်ဝန်ရှိနေတယ်လို့ပြောတယ်။”
လုနန်က ရှင်းပြလိုက်သည်။
အန်တီဝူသည် အလွန်ဝမ်းမြောက်သွားပြီး “ဝေါမိတောဖော” ဟု အကြိမ်ပေါင်းများစွာ ရေရွတ်လိုက်သည်။
ထိုစဉ် ရှောင်ဟွိုက်သည် လုနန်ဆီသို့ ပြေးလာပြီး သူမကို သူ့အားချီရန်တောင်းဆိုလိုက်သည်။ အန်တီဝူသည် ကြားဝင်ပြောလိုက်သည်။
“အခုတော့ မဖြစ်သေးဘူး။ မင်းမေမေက ကလေးလေးလွယ်ထားရတယ်။ အဘွားက မင်းကိုချီပေးမယ်လေ၊ ဟုတ်ပြီလား။”
ရှောင်ဟွိုက်သည် ထက်မြက်သော်လည်း အနည်းငယ်သီးသန့်ဆန်သည်။ သူသည် အန်တီဝူကို ရှောင်တိမ်းကာ ခွေးဖြူလေးကိုကောက်ယူပြီး လုနန်ကို စကားတစ်ခွန်းမျှမပြောဘဲ စိုက်ကြည့်နေသည်။ အန်တီဝူက အံ့ဩသွားသည်။
“အဆင်ပြေပါတယ် မွေးစားအမေ။ ဖက်တာလောက်က ကိစ္စကြီးမဟုတ်ပါဘူး။”
ကလေးများသည်လည်း ဝမ်းနည်းတတ်ကြသည်။ ရှောင်ဟွိုက်သည် ပို၍ခံစားလွယ်ပြီး ထက်မြက်သည်။ လုနန် သည် သူ့မိဘများက သူ့ညီလေး၊ ညီမလေးများကို ပိုချစ်သည်ဟု သူထင်မြင်စေရန် မလိုလားသောကြောင့် သူမသည် လက်နှစ်ဖက်ကို ဆန့်ကာ ပြောလိုက်သည်။
“သားလေး၊ လာ မေမေ့ကိုဖက်ပါဦး၊ ဟုတ်ပြီလား။ မေမေ ရှောင်ဟွိုက် ဖက်တာခံချင်လို့။”
ရှောင်ဟွိုက်သည် ခေါင်းစောင်းလိုက်ပြီး ရှောင်ပိုင်ကို ချထားကာ လုနန်ဆီသို့ လျှောက်သွားပြီး သူမကိုဖက်လိုက်သည်။ သူသည် သူမ၏ ပခုံးကို ကို့ယို့ကားယားလေး ပုတ်ပေးကာ သူမကို နှစ်သိမ့်ရန်ကြိုးစားနေသည်။
လုနန် သူ့ကို ချီလိုက်သည်။ “ဖက်ပေးလို့ ကျေးဇူးတင်ပါတယ် သားလေး။ မေမေ အခုတော်တော်နေလို့ကောင်းသွားပြီ။”
ဖေးကျီအန်းသည် သားအမိနှစ်ယောက်၏ ချစ်ခင်ကြင်နာသောအချိန် ပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီးနောက် ရှောင်ဟွိုက်ကို သူ၏လက်မောင်းများထဲသို့ ယူလိုက်ပြီး သူ့အခြားလက်တစ်ဖက်ဖြင့် လုနန်ခါးကို ထောက်ပံ့ပေးလိုက်သည်။
ထိုညတွင် ရှောင်ဟွိုက်သည် လုနန်နှင့် ဖေးကျီအန်း ကြားတွင် အိပ်စက်ခဲ့သည်။ ရှောင်ဟွိုက်ကို အိပ်ပျော်အောင်ချော့သိပ်ပြီးနောက် ဖေးကျီအန်းသည် လုနန်ကို သူ့ပေါင်ပေါ်သို့ ဆွဲတင်ကာ သူမဗိုက်ကို ညင်သာစွာပွတ်သပ်ပေးလိုက်သည်။ သူသည် ထိုနေ့အစောပိုင်းက မေးခဲ့သောမေးခွန်းကို တိုးတိုးလေး ပြန်မေးလိုက်သည်။
“မင်းကို ဘယ်သူက တိုက်မိမလိုဖြစ်တာလဲ။ လုမော့ရှန်းလား ဒါမှမဟုတ် မင်းရဲ့ယောင်းမလား။”
လုနန် ကူကယ်ရာမဲ့စွာသာ ပြန်ဖြေနိုင်ခဲ့သည်။ “သူတို့မဟုတ်ဘူး။ လုဝမ်ချန်းက ကျွန်မလက်ထဲက မက်ကရယ်ငါးကို လုဖို့ကြိုးစားရင်း ကျွန်မကို ဝင်တိုက်တာ။ ကျွန်မ အချိန်မီရှောင်လိုက်လို့ သူက နှင်းပုံကို ဝင်တိုက်မိသွားတယ်။”
ဖေးကျီအန်း နှာမှုတ်လိုက်သည်။ “ဒီကလေး ဘာဖြစ်နေတာလဲ။ ကိုယ့်ကလေးတောင် ထိခိုက်လုနီးပါးဖြစ်သွားတယ်။ ကလေးကို တာဝန်မခံခိုင်းနိုင်ရင် ကလေးရဲ့မိဘတွေနဲ့တော့ စာရင်းရှင်းမှဖြစ်မယ်!”
လုနန် - “...” ကျွန်မ ကိုယ့်ပါးစပ်နဲ့ကိုယ် ကျိန်စာတိုက်မိပြန်ပြီထင်တယ်။
သူမသည် ဖေးကျီအန်းတစ်ယောက် သူမဗိုက်ထဲတွင် ကြီးထွားနေသောကလေးကို အတော်လေး သဘောကျနေသည်ကို ပြောနိုင်သည်။ ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးသော ယောက်ျားအတွက် ထူးဆန်းစွာပင် ထိုသို့ကလေးဆန်သောစကားများပင် သူ့နှုတ်မှ ထွက်ပေါ်လာခဲ့သည်။
“ဒါနဲ့၊ ကျွန်မတို့ တောင်ပိုင်းသွားရင် ဖေးကျန့်က ဘယ်လိုဖြစ်မှာလဲ။”
လုနန်သည် ဖေးကျန့်ကို မြို့တော်တွင် တစ်ယောက်တည်း ထားခဲ့ရမည်ကို အပြစ်ရှိသလိုခံစားလိုက်ရသည်။
“စိတ်မပူနဲ့။ ရှန့်ယီမင်နဲ့ ကိုယ်က မတူဘူး။ သူက သွားရမှာ။ ကိုယ်က ပြောင်းရွှေ့ဖို့ ကိုယ့်သဘောနဲ့ကိုယ် တောင်းဆိုခဲ့တာ။ လွှဲပြောင်းဖို့ ပြင်ဆင်ချိန် လအနည်းငယ်ရှိတယ်။ မင်းက သူ့အတွက် စာကျက်ဖို့အစီအစဉ်တစ်ခု ပြင်ဆင်ပေးထားတယ် မဟုတ်လား၊ ဒါဆို သူက နှစ်နှစ်အတွင်းဘွဲ့ရနိုင်မှာပါ”
“အဲ့ဒီအချိန်ကာလကို နည်းနည်းချုံ့လိုက်ကြရအောင်။”
လုနန် - “...” ဖခင်၏ အမိန့်အောက်တွင် လွင့်ပါနေသော သနားစရာ ဖေးရှောင်ကျန့်။
“…ရှင့်သားက အနားယူဖို့မလိုဘူးလို့ ထင်နေတာလား။”
ထိုစကားသည် အဓိပ္ပာယ်ရှိသည်။ ဖေးကျီအန်း ခေါင်းညိတ်လိုက်သည်။
“အဲ့ဒီလိုဆိုရင်တော့ ကိုယ်တို့ဘာမှလုပ်လို့မရဘူး။ ဖေးကျန့်က ဆယ့်ခုနစ်နှစ်ရှိပြီ။ သူ့မိဘတွေနဲ့ ခွဲပြီး ကိုယ့်ဘာသာကိုယ် ကြိုးစားရမယ့်အချိန်ရောက်ပြီ။”
ဆယ့်ခုနစ်နှစ်အရွယ်တွင် ဖေးကျီအန်းသည် သူ့အသက်အတွက် စစ်မြေပြင်တွင် တိုက်ခိုက်နေခဲ့ပြီးဖြစ်သည်။ သူနှင့်နှိုင်းယှဉ်လျှင် ဖေးကျန့်သည် အလွန်အလိုလိုက်ခံရသောဘဝဖြင့် နေထိုင်ခဲ့သည်။ ဒုက္ခအနည်းငယ်သည် သူ့ကို မထိခိုက်နိုင်ပေ။ အမှန်မှာ ဖေးကျီအန်းသည် ဖေးကျန့်ကို ကျေးလက်ဒေသသို့ နှစ်အနည်းငယ်ကြာ အလုပ်သမား ပြုပြင်ပြောင်းလဲရေးအတွက် ပို့ရန်ပင် စဉ်းစားခဲ့သည်။ သူသည် အခက်အခဲအချို့ကို ကြုံတွေ့ပြီး လူထုနှင့်ရောနှောနေထိုင်ခြင်းက သူ့သားအတွက် အနာဂတ်တွင် အကျိုးရှိမည်ဟု တွေးခဲ့သည်။
ဖေးကျီအန်း ဤအတွေးကို ထုတ်ဖော်ပြောပြသောအခါ လုနန် မှင်တက်သွားသည်။ သူမသည် ဝတ္ထုထဲတွင် ဖေးကျန့် စစ်တပ်သို့မဝင်မီ ပညာတတ်လူငယ်တစ်ဦးဖြစ်လာခဲ့ပြီး အစပိုင်းတွင် မလိုလားခဲ့သည်ကို ပြန်သတိရသွားသည်။ သူသည် အစပိုင်းတွင် အတော်လေး မလိုလားခဲ့ပေ။ သူသည် သူ့ဖခင်ရင်းက သစ္စာဖောက်ခြင်းခံခဲ့ရသည်လား။
ထိုအရာသည် အားလုံး၏ နောက်ကွယ်မှ အမှန်တရားဖြစ်ရမည်။
သူမသည် နောပ်တစ်ခေါက်ထပ်၍ ဖေးကျန့်အတွက် သနားကြင်နာစိတ်လေး ခံစားလိုက်ရပြန်သည်။