← Chapters

အခန်း (၉၃)

Vol. 8 Ch. 93

အခန်း (၉၃)

Vol. 8 Ch. 93

ကျောက်ရှင်းက ရုတ်တရက် ခေါင်းမော့လိုက်သည်။ အမျိုးသားနှစ်ဦးသည် စာကြည့်ခန်းထဲသို့ တိတ်တဆိတ် ရောက်လာခဲ့ပြီး သူမက တံခါးကို ပိတ်ထားခဲ့သည်မှာ ထင်ရှားသည်။ သူမ ဘာသံမှ မကြားရဘဲ ဘယ်လိုများ ရောက်လာခဲ့တာလဲ။

ကျန့်ခိုင်ပင်းနဲ့ ရှန့်ကျီမင်… သူတို့ ဖေး မိသားစုအိမ်မှာ ဘာလုပ်နေကြတာလဲ။

ကျောက်ရှင်း၏ လက်ကို ဆုပ်ကိုင်ထားသူမှာ ကျန့်ခိုင်ပင်း ဖြစ်သည်။ သူမသည် သူ့လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားသော်လည်း မလွတ်မြောက်နိုင်သည်ကို တွေ့လိုက်ရသည်။ သူမက တိုးတိုးလေး ဒေါသတကြီး အော်လိုက်သည်။

“ငါ့ကိုလွှတ်!”

ကျန့်ခိုင်ပင်းက လှောင်ပြောင်လိုက်သည်။“မြေခွေးအမြီး နောက်ဆုံးတော့ ပေါ်လာပြီထင်တယ်”

ကျောက်ရှင်းက ပြန်ပြောလိုက်သည်။ “နင် ဘာတွေ ပြောနေမှန်း ငါနားမလည်ဘူး။ စာကြည့်ခန်းတံခါးက ဖွင့်ထားလို့ စပ်စုချင်စိတ်နဲ့ ဝင်ကြည့်တာပါ။ ဒါပေမယ့် နင်တို့ နှစ်ယောက်က ငါ့ကို မြေခွေးအမြီးပေါ်တယ်လို့ စွပ်စွဲနေတာ။ နင်တို့ ဒီမှာ ဘာလုပ်နေကြတာလဲ”

ရှန့်ကျီမင်က လက်ပိုက်ကာ တံခါးကို မှီရင်း ကျောက်ရှင်း၏ စကားများကြောင့် ခပ်ဖွဖွရယ်လိုက်သည်။ “အဒေါ်ကျောက် ကျွန်တော်တို့က ခင်ဗျား မရောက်ခင်တည်းက ဖေးမိသားစုအိမ်မှာ ရောက်နေတာ။ ခင်ဗျား မသိခဲ့တာပဲ ရှိတာ။ စာကြည့်ခန်းတံခါး ဖွင့်ထားလို့ စူးစမ်းချင်စိတ်နဲ့ ဝင်လာတယ်လို့ ပြောပေမယ့် အန်တီဝူကို ခင်ဗျား သတိမေ့အောင် လုပ်ပြီး စာကြည့်ခန်းထဲ ခိုးဝင်ပြီး ပစ္စည်းတစ်ခုခု ရှာနေတာကို ကျွန်တော်တို့ တွေ့ခဲ့တယ်”

“ငြင်းဖို့ မလိုပါဘူး။ ခင်ဗျားရဲ့ ‘စပ်စုချင်စိတ်နဲ့ ဝင်လာတယ်’ ဆိုတဲ့ စကားနဲ့ ရေတောင်ခံလို့ မရဘူး။ (အပေါက်များလွန်း) ဒါက စစ်တပ်ဝန်းထဲမှာ၊ ခေါင်းဆောင်တွေရဲ့ စာကြည့်ခန်းက ခင်ဗျား ကြိုက်တဲ့အချိန် ဝင်လို့ရတဲ့ နေရာ မဟုတ်ဘူး။ ခင်ဗျား ဦးလေးစုန့်နဲ့ လက်ထပ်တာ နှစ်တွေ အကြာကြီး ရှိနေပြီဆိုတော့ ဒီအခြေခံမူကို နားလည်သင့်တယ်။ ပြီးတော့ ခင်ဗျား ဝင်ပြီး ပစ္စည်းတွေ မွှေနှောက်တာကို ကျွန်တော်တို့ တွေ့ခဲ့တယ်၊ ဒါကြောင့် ခင်ဗျားကို သံသယရှိတာ သဘာဝပဲ”

တံခါးအပြင်ဘက်ရှိ ကျန်းယွီက အန်တီဝူကို မြေပြင်မှ ထူလိုက်ပြီး သူမ၏ သွေးခုန်နှုန်းနေရာကို ဖိလိုက်သည်။ ခဏအကြာတွင် အန်တီဝူ နိုးလာပြီး သူမ၏ ခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။

“ဘာဖြစ်သွားတာလဲ။ ငါ အိပ်ပျော်သွားတာလား”

“အဘွားဝူ၊ အဘွား မေ့လဲသွားတာပါ”

ကျန်းယွီက သူမကို မထူလိုက်သည်။ “မေ့လဲသွားတာလား။ အိုး…”

အန်တီဝူက သူမ၏ လည်ပင်းကို ပွတ်သပ်ရင်း တီးတိုးပြောလိုက်သည်။

“ငါ့လည်ပင်း ဘာလို့ ဒီလောက် နာနေလဲလို့။ ဘယ်သူ ငါ့ကို မေ့လဲအောင် လုပ်သွားတာလဲ”

ထိုအခိုက်အတန့်တွင် စာကြည့်ခန်းတံခါး ပွင့်သွားပြီး ရှန့်ကျီမင်၊ ကျန့်ခိုင်ပင်းနှင့် ကျောက်ရှင်းတို့ ထွက်လာကြသည်။

အန်တီဝူ အံ့သြသွားပြီး လှေကားဆီသို့ လျင်မြန်စွာ ပြေးသွားကာ အောက်သို့ ခေါ်လိုက်သည်။ “နန်နန်၊ မြန်မြန်လာ။ ကိစ္စအကြီးကြီး ဖြစ်နေပြီ”

အသံက အောက်ထပ်သို့ ရောက်သွားပြီး လုနန် အပါအဝင် အခြားသူများက အန်တီဝူ၏ ခေါ်သံကို ကြားလျှင် အပေါ်ထပ်သို့ အလျင်အမြန် တက်လာကြသည်။

လုနန်က ဘာဖြစ်နေမှန်း လုံးဝမသိခဲ့ပေ။ သူမသည် ကျောက်ရှင်း တစ်ခုခုလုပ်မည်ဟု သံသယရှိခဲ့သော်လည်း အမျိုးသားသုံးဦးက သူမကို အိမ်တွင် လျှို့ဝှက် ကာကွယ်ပေးနေသည်ကို သိထားသဖြင့် သိပ်စိတ်မပူခဲ့ပေ။

မမျှော်လင့်ဘဲ တစ်ခုခု ဖြစ်သွားခဲ့သည်။

အခြားသူများက အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လုနန် နောက်မှ လှေကားပေါ်သို့ လိုက်ခဲ့ကြသည်။ သူတို့ အံ့သြစွာဖြင့် အန်တီဝူနှင့် ကျောက်ရှင်းတို့သာမက ကျန့်ခိုင်ပင်း၊ ကျန်းယွီနှင့် ရှန့်ကျီမင်တို့ကိုပါ တွေ့လိုက်ရသည်။

ကျန်းယွီက အန်တီဝူကို ကူညီဖေးမနေပြီး ကျန့်ခိုင်ပင်း၊ ရှန့်ကျီမင်နှင့် ကျောက်ရှင်းတို့က စာကြည့်ခန်းထဲတွင် ရပ်နေကြသည်။ ကျန့်ခိုင်ပင်းက ကျောက်ရှင်း၏ လက်ကောက်ဝတ်ကို တစ်ဖက်က ဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်က ဖိုင်တစ်ဖိုင်ကို ကိုင်ထားသည်။

လုနန်က အန်တီဝူ ဘေးသို့ အလျင်အမြန်သွားပြီး သူမ အခြေအနေကို သေချာ စစ်ဆေးသည်။ သူမ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“မွေးစားအမေ၊ အဆင်ပြေလား”

“နန်နန်၊ ငါ အဆင်ပြေပါတယ်။ မေ့လဲသွားရုံပဲ ရှိသေးတာ၊ ငါ့ခေါင်းက နည်းနည်း မူးနေတုန်းပဲ”

အန်တီဝူက ခေါင်းကို ကိုင်ထားရင်း အားနည်းစွာ ပြန်ဖြေလိုက်သည်။

အစ်မကျန့်က မျက်မှောင်ကြုတ်ကာ ကျန့်ခိုင်ပင်းနှင့် အခြားသူများကို မေးလိုက်သည်။

“ဘာဖြစ်နေတာလဲ။ မင်းတို့သုံးယောက် ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။ အန်တီဝူကို ဘယ်သူက မေ့လဲအောင် လုပ်လိုက်တာလဲ”

“အန်တီဝူကို မေ့လဲအောင် လုပ်တဲ့သူက သူပါ” ကျန့်ခိုင်ပင်းက ကျောက်ရှင်း၏ လက်ကောက်ဝတ်ကို မြှောက်ပြလိုက်သည်။

“သူက ဦးလေးဖေးရဲ့ စာကြည့်ခန်းထဲ ပြေးဝင်ပြီးတော့ တစ်ခုခု ခိုးဖို့ ကြိုးစားခဲ့သေးတယ်၊ အဲ့မှာ ကျွန်တော်တို့ သူ့ကို ဖမ်းမိလိုက်တာ”

လုနန်က ကျန့်ခိုင်ပင်းနှင့် အခြားသူများအတွက် သင့်လျော်စွာ ထောက်ခံပေးလိုက်သည်။

“အစ်မ၊ သူတို့ ရောက်နေတာ ကြာပြီ၊ ကျွန်မရဲ့ ဟွိုက်ဟွိုက်လေးနဲ့ အပေါ်ထပ်မှာ ဆော့နေတာ”

“ဒါ မမှန်ဘူး” ကျောက်ရှင်းက မျက်ရည်များ ဝဲတက်လာပြီး ခေါင်းခါလိုက်သည်။ သူမက အပြစ်ကင်းဟန်ဆောင်ရင်း ပြောလိုက်သည်။ “ကျွန်မ ကျန့်ခိုင်ပင်း နဲ့ တခြားသူတွေ ရုတ်တရက် ပေါ်လာပြီး အန်တီဝူကို နောက်ကနေ သတိမေ့အောင် လုပ်တာပဲ မြင်လိုက်တာ။ ကျွန်မ ဘာမှ မတုံ့ပြန်နိုင်ခင် သူတို့က ကျွန်မပါးစပ်ကို ပိတ်ပြီး စာကြည့်တိုက်ထဲ ဆွဲခေါ်သွားတယ်…”

“ဘုရားရေ” ဟော်ရှောင်းလင်က မျက်လုံးပြူး မျက်ဆံပြူးဖြင့် အံ့သြစွာ ပြောလိုက်သည်။ “သူတို့ နင့်ကို မတော်တလျော် လုပ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ပြောနေတာလား၊ ရှောင်ကျောက်?”

ဟော်ရှောင်းလင်၏ စကားကို ကြားသောအခါ ကျောက်ရှင်းက ရှုံ့မဲ့သွားပြီး သူမ၏ မျက်ရည်များ ပို၍ သဲသဲမဲမဲ ကျဆင်းလာသည်။

“ခင်ဗျား! ခင်ဗျား လျှောက်ပြောနေတာ။ အဘွားဝူကို မေ့လဲအောင် လုပ်တာ ခင်ဗျားပဲ၊ ပြီးတော့ စာကြည့်တိုက်ထဲ ခိုးဝင်ပြီး ပစ္စည်းတွေ မွှေနှောက်တာလည်း ခင်ဗျားပဲ။ ခင်ဗျားကို လက်ပူးလက်ကျပ် ဖမ်းမိတာ” ကျန့်ခိုင်ပင်းက ကျောက်ရှင်း၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး သူမက သူတို့ကို ဒီလို ရက်စက်တဲ့နည်းနဲ့ အပြစ်ပုံချလိုက်သဖြင့် အံ့သြသွားသည်။

“ပါးစပ်ပိတ်ထား။ နင့်ကို ငါ ဆွဲဖြဲပစ်လိုက်မယ်၊ ပါးစပ်ယုတ်နဲ့ စုန်းမရဲ့”

အစ်မချင်က သူမသားကို တစ်ယောက်ယောက်က အသရေဖျက်သည်ကို မခံနိုင်တော့ပေ။ သူမသည် ကျောက်ရှင်းနှင့် ဟော်ရှောင်းလင်ဆီသို့ ခုန်အုပ်ပြီး သူတို့နှင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သူမသည် သူမသားကို ကောင်းစွာသိပြီး ကျောက်ရှင်း စွပ်စွဲထားသည့် အောက်တန်းကျသော လုပ်ရပ်များကို သူ ဘယ်တော့မှ လုပ်မည်မဟုတ်ကြောင်း သေချာသည်။

အစ်မကျန့်က အစ်မချင်ကို တားလိုက်သည်။ “ရပ်လိုက်။ ဘာပဲဖြစ်ဖြစ် ငါတို့ အကြမ်းဖက်တာမျိုးတော့ မလုပ်သင့်ဘူး”

“ဒါဆို ငါ့သားကို အသရေဖျက်တာကို လွှတ်ပေးထားရမှာလား” အစ်မချင်က ပြန်ပြောလိုက်သည်။

ကျန်းယွီ၏မိခင် လီလင့်ယီက ကျောက်ရှင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူမ၏ ရင်ဘတ်က ဒေါသဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူမသည် သူမသား ကျန်းယွီဘက်သို့ လှည့်ကြည့်လိုက်ရာ သူက ခေါင်းခါပြလိုက်သည်။ ဒါက လီလင့်ယီကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။

“ဒါ အသရေဖျက်တာ ဟုတ်လား မဟုတ်ဘူးလားဆိုတာ မသေချာသေးပါဘူး”

တြိဂံမျက်လုံးရှိသော အမျိုးသမီးက လှောင်ပြောင်သလို ပြောလိုက်သည်။

လုနန်၏ နှလုံးသားထဲသို့ အေးစက်သော ခံစားမှုတစ်ခု ဖြတ်သန်းသွားသည်။ ကျောက်ရှင်းသည် အလွန်ရက်စက်ပြီး ရဲရဲတင်းတင်း လုပ်ရဲသူပင်။

သူမ၏ အစီအစဉ်သည် ရန်သူကို ထိခိုက်စေသလို သူမဘက်မှလူများကိုလည်း ထိခိုက်စေသည်။ ကျန့်ခိုင်ပင်း နှင့် အခြားနှစ်ဦးကို အသရေဖျက်ခြင်းသည် ကျန့်၊ ကျန်းနှင့် ရှန့်မိသားစုများကို ဒေါသထွက်စေမည်ဖြစ်ပြီး နောင်တွင် သူမကို အသေအလဲ တိုက်ခိုက်လာကြနိုင်သည်။

သို့သော် ယနေ့ ကိစ္စကို ရှင်းရှင်းလင်းလင်း စုံစမ်းစစ်ဆေးခြင်း မပြုလုပ်နိုင်ပါက အနည်းငယ် မရေမရာ ဖြစ်တာလေးရှိလျှင်တောင် ကျောက်ရှင်း၏ လူများ ရှိနေပြီး သူတို့ အပြင်ထွက်ကာ အခြားသူများကို စကားအနည်းငယ် ယိုဖိတ်သွားပါက သက်သေအထောက်အထား မရှိသော်လည်း ကျန့်ခိုင်ပင်းနှင့် အခြားသူများသည် မုဒိမ်းသမားများအဖြစ် တံဆိပ်ကပ်ခံရပြီး သူတို့၏ အနာဂတ် အလားအလာများ ပျက်စီးသွားလိမ့်မည်။

လုနန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ “သူတို့က ရှင့်ကို ထိခိုက်အောင် ရည်ရွယ်ခဲ့တယ်လို့ ရှင်ပြောပေမယ့် ဘာလို့ ရှင့်ဆံပင်တွေ မရှုပ်မပွနဲ့၊ အဝတ်အစားတွေ ဖရိုဖရဲ မဖြစ်နေတာလဲ”

ကျောက်ရှင်း၏ မသန့်ရှင်းသော လှည့်ကွက်သည် အစ်မကျန့်၏ မေးခွန်းကို အလျင်စလို တုံ့ပြန်ခြင်းဖြစ်ပုံရပြီး သူမ၏ ဆံပင်နှင့် အဝတ်အစားများအကြောင်း အသေးစိတ်ကို မစဉ်းစားမိခဲ့ပေ။

လူတိုင်းက ကျောက်ရှင်းကို လှည့်ကြည့်လိုက်ကြသည်။ သူမ တိုက်ခိုက်ခံရပါက ဘာကြောင့် ဤမျှ သန့်ရှင်းပြီး တည်ငြိမ်နေရသနည်း။ သူမ ရုန်းကန်ခဲ့သည်ဟု ညွှန်ပြဖို့ရာ သူမ အဝတ်အစားတွင် အတွန့်အကြေလေး တစ်နေရာပင် မရှိခဲ့ပေ။

အစ်မချင်က ကျောက်ရှင်းကို ခက်ထန်စွာ မေးလိုက်သည်။ “ဟုတ်တယ်! ပြောပါဦး၊ နင့်ရဲ့ မျက်ရည်တွေ အလွန်အကျွံ ကျတာအပြင်၊ နင် ဘယ်နားက အဓမ္မပြုကျင့်ခံရတဲ့သူနဲ့ တူနေလို့လဲ”

ကျောက်ရှင်းက သူမ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

“ကျွန်မ… သူတို့ အဲ့အထိ မရောက်သေးဘူး။ အန်တီဝူ နိုးလာတာနဲ့ ကျန့်ခိုင်ပင်းက ခေါင်းဆောင် ဖေးရဲ့ အံဆွဲထဲက စာရွက်စာတမ်းတစ်ခုကို အမြန ထုတ်ယူပြီး ကျွန်မလက်ထဲ ထိုးထည့်လိုက်တယ်၊ ပြီးတော့ ကျွန်မကို ခိုးတယ်လို့ စွပ်စွဲတယ်… ပြီးတော့ ရှင်တို့ ရောက်လာတာ”

ထိုသို့ပြောရင်း ကျောက်ရှင်းက ခေါင်းငုံ့ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

ဟော်ရှောင်းလင်သည် မခံမရပ်နိုင်တော့ဘဲ ကျောက်ရှင်းကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး ကျန့်ခိုင်ပင်းကို တင်းမာစွာ စိုက်ကြည့်လိုက်သည်။ သူမသည် ကျောက်ရှင်း၏ ကျောကို ညင်သာစွာ ပုတ်ကာ ပြောလိုက်သည်။

“မငိုပါနဲ့။ အစ်မကျန့်က နင့်ကို တရားမျှတမှု ပေးလိမ့်မယ်။ ဒီရွံစရာကောင်းတဲ့ တိရစ္ဆာန်တွေထဲက တစ်ကောင်မှ လွတ်မှာမဟုတ်ဘူး”

အစ်မချင်၏ ဒေါသတကြီး အကြည့်က ဟော်ရှောင်းလင်ဘက်သို့ ရွေ့သွားပြီး လီလင့်ယီက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ဟော်ရှောင်းလင်သည် အခြေအနေကို အမှန်ပင် မသိချေ။

လုနန်သည် ကျောက်ရှင်း၏ စကားများကို ဖြည်းဖြည်းချင်း နားလည်သွားပြီး ရုတ်တရက် အရေးကြီးသော အမှားတစ်ခုကို တွေ့လိုက်သည်။ သူမက ဖြည်းဖြည်းချင်း စကားစလိုက်သည်။

“ရှင် ပြောတာ ကျွန်မရဲ့ မွေးစားအမေက ကိုယ့်ဘာသာ နိုးလာတယ်၊ ဒါပေမယ့် အဲ့ဒါ မမှန်ဘူး”

လုနန်က လမ်းဖယ်ပေးလိုက်ရာ အန်တီဝူကို လူတိုင်း မြင်နိုင်စေရန် ပြလိုက်သည်။ လူတိုင်းက အန်တီဝူ၏ နှာခေါင်းအောက်နှုတ်ခမ်းနေရာရှိ နှာသီးဖျားတွင် ထင်ရှားသည့် ဆိတ်ထားသော အမှတ်အသားကို တွေ့လိုက်ရသည်။ ဒါသည် အန်တီဝူကို တစ်စုံတစ်ယောက်က ညှစ်၍ နိုးနိုးကြားကြား ဖြစ်စေခဲ့ကြောင်း ဆိုလိုသည်။

“ဟုတ်တယ်၊ ရှောင်ကျန်းက ငါ့ကို နှိုးလိုက်တာ။ သူပြောတာ ငါ မေ့အောင် အရိုက်ခံလိုက်ရတယ်တဲ့”

အန်တီဝူက ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။

လူအုပ်က သံသယဝင်နေကြပုံပေါ်သည်။ အန်တီဝူကို ကျန်းယွီက နိုးခဲ့သည်ဆိုပါက ကျောက်ရှင်း၏ ပြောဆိုချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ယုတ္တိရှိရှိ စဉ်းစားလျှင် ကျန့်ခိုင်ပင်းနှင့် အခြားသူများက ကျောက်ရှင်း ကို အန္တရာယ်ပြုရန် အန်တီဝူကို သတိမေ့အောင် လုပ်ခဲ့ပါက ကျန်းယွီက သူမကို ဘာကြောင့် နိုးရမည်နည်း။

သူတို့က အန်တီဝူကို နှိုးလိုက်ပါက သူတို့၏ မကောင်းမှုများ ပေါ်ပေါက်သွားမည်ဖြစ်သည်။

အန်တီဝူက သူမ၏ ပေါင်ကို ရိုက်လိုက်ပြီး အော်လိုက်သည်။ “အိုး! အခုမှပဲ သတိရတော့တယ်။ သူတို့ ဘယ်သူ့ကိုမှ မထိခိုက်နိုင်ဘူး။ ငါ ကျောက်ရှင်းနဲ့ အပေါ်ထပ်ကို တက်လာတာ၊ ထောင့်ချိုးမှာ ကွေ့တာနဲ့ နောက်ကနေ ချက်ချင်း မေ့လဲအောင် ရိုက်ခံရတာ။ အခန်းတွေက အကုန် ရှေ့မှာပဲ။ ဒီမှာတော့ ယောကျ်ားသုံးယောက်အတွက် နေရာ အတော်လေး ကျဥ်းတယ်။ ငါ့ကို မေ့လဲအောင် လုပ်တဲ့သူက ကျောက်ရှင်း ဖြစ်ရမယ်”

ကျောက်ရှင်း၏ မျက်နှာအမူအရာက ခဏတာ ပျက်ယွင်းသွားသော်လည်း သူမက သူမကိုယ်သူမ အတင်းအကျပ် ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ထိန်းချုပ်လိုက်သည်။ ကျန့်ခိုင်ပင်းနှင့် ရှန့်ကျီမင်တို့ နှစ်ဦးစလုံး စာကြည့်ခန်းထဲတွင် ရှိနေခဲ့ပြီး အန်တီဝူကို ကျန်းယွီက နိုးခဲ့သည်ကို သူမ သတိမပြုမိခဲ့သည်ကို သဘောပေါက်လိုက်သည်။

သို့သော် သူမသည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး သူမ၏ ဇာတ်လမ်းကို ချက်ချင်း ပြောင်းလဲလိုက်သည်။

“ကျွန်မ စကားမှားသွားတယ်။ အန်တီဝူ ဘယ်လို နိုးလာလဲဆိုတာ ကျွန်မ မသိဘူး။ သူတို့ ကျွန်မကို စာကြည့်ခန်းထဲ ဆွဲခေါ်သွားပြီးတော့ ကျန်းယွီက တစ်ယောက်တည်း ထွက်သွားတာ၊ သူ အပြစ်ရှိတယ်လို့ ခံစားရလို့ ဖြစ်နိုင်တယ်… အဲ့ဒီအချိန်မှာ သူက အန်တီဝူကို နှိုးလိုက်တာ”

အစ်မချင်က လှောင်ပြောင်လိုက်သည်။

“နင် ကိုယ့်ဘာသာ နင် ဆန့်ကျင်ဘက် ဖြစ်နေပြီ။ ပထမတော့ သူတို့သုံးယောက်စလုံးက နင့်ကို ထိခိုက်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ပြောတယ်။ အခုတော့ နှစ်ယောက်ပဲ ကျန်တော့တယ်။ နောက်ကျရင် တစ်ယောက်ပဲလို့ ပြောတော့မှာလား”

ဟော်ရှောင်းလင်က ငိုကြွေးနေဆဲဖြစ်သော ကျောက်ရှင်းကို ကြည့်လိုက်ပြီးနောက် ဒေါသထွက်နေသော အစ်မချင်ကို ကြည့်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူမ၏ မျက်နှာတွင် သံသယများ ပေါ်လာသည်။

“တကယ်တော့ အမှန်တရားကို ရှာဖွေဖို့က လွယ်ပါတယ်။ သက်သေပြနိုင်တဲ့သူ တစ်ယောက် ရှိတာပဲ” ရှန့်ကျီမင်က ရုတ်တရက် ပြောလိုက်သည်။

အစ်မကျန့်က မေးလိုက်သည်။ “ဘယ်သူလဲ။ တခြားလူ ရှိသေးလား”

“သူ့ကို”

လူတိုင်းက ရှန့်ကျီမင် ညွှန်ပြရာဘက်သို့ လှည့်ကြည့်လိုက်သည်။ စင်္ကြန်လမ်းအဆုံးတွင် အခန်းတစ်ခုမှ ခေါင်းလေးတစ်ခု ပေါ်ထွက်လာပြီး လူအုပ်ကို မျက်လုံးပြူးပြူးဖြင့် စိုက်ကြည့်နေသည်။ သူ၏ ခြေရင်းတွင် ခွေးဖြူလေးတစ်ကောင် လဲလျောင်းနေသည်။

ရှန့်ကျီမင်က စိတ်အေးအေးထားကာ ပြောလိုက်သည်။

“အစ်မ လုနန်က ကျွန်တော်တို့ ဟွိုက်ဟွိုက်ကို ချော့ဖို့ ဒီမှာ ရှိနေတယ်လို့ ပြောပြီးသားပဲ။ သူ အခုလေးတင် ဖြစ်ပျက်သွားသမျှ အကုန်မြင်ခဲ့တာ၊ ကလေးတွေက မလိမ်ဘူး။ ဘယ်သူ တကယ် လိမ်နေလဲဆိုတာကို သူ လူတိုင်းကို ပြောပြပါစေ”

တြိဂံမျက်လုံးရှိသော အမျိုးသမီးသည် ကျောက်ရှင်း အပေါ် အနည်းငယ် သံသယဝင်နေပြီဖြစ်သည်။ သူမသည် အတင်းအဖျင်းနှင့် စကားများရာတွင် လျင်မြန်သူဖြစ်သော်လည်း စွပ်စွဲချက်များ၏ ပြင်းထန်မှု .. အဓမ္မကျင့်မှု သို့မဟုတ် ကလေးသုံးဦးကို အဓမ္မကျင့်မှုဖြင့် မှားယွင်းစွပ်စွဲခြင်းသည် သူမ လက်ခံနိုင်ဖို့ရာ ကြောက်မက်ဖွယ်ကောင်းလွန်းသည်။

တြိဂံမျက်လုံးရှိသော အမျိုးသမီးသည် သူမစိတ်ထဲ၌ ကျောက်ရှင်းက လူဆိုးတစ်ဦး ဖြစ်မည်ကို မလိုလားခဲ့ပေ။ ထို့ကြောင့် သူမက ပြောလိုက်သည်။ “ကလေးတစ်ယောက်ရဲ့ စကားကို ဘယ်လိုများ အလေးအနက်ထားနိုင်မှာလဲ။ သူ ပြောနေတာကိုတောင် သူတကယ် နားလည်နိုင်ရဲ့လား။ ပြီးတော့ သူ့ကို လိမ်ဖို့ နင်တို့ ပယောဂမရှိထားဘူးဆိုတာ ဘယ်လို အာမခံနိုင်မှာလဲ”

“အန်တီစု၊ ဟွိုက်ဟွိုက်က သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်လားဆိုတာ သူ့အပေါ်ပဲ မူတည်တယ်။ သူ တစ်ခုခု ပြောရင် အထောက်အထားအဖြစ် သုံးလို့ရတယ်”

တစ်ယောက်က ပြန်ဖြေလိုက်သည်။

“ခင်ဗျားတို့ပြောတာက မိနစ်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့က အန်တီဝူ ကို မေ့လဲအောင် လုပ်၊ ကျောက်ရှင်းကို ပြန်ပေးဆွဲ၊ အန်တီဝူကို ပြန်နိုး၊ ပြီးတော့ ဟွိုက်ဟွိုက်ကို လိမ်ဖို့ ဆွဲဆောင်ထားတာလား။ ခင်ဗျားတို့က ကျွန်တော်တို့ကို သဘာဝလွန် သတ္တဝါတွေလို့ ထင်နေတာလား”

တြိဂံမျက်လုံးရှိသော အမျိုးသမီးသည် ခဏတာ ပြောစရာ စကားမဲ့သွားခဲ့သည်။ ကျောက်ရှင်းကို နောက်ဆုံးတစ်ချက်ကြည့်ပြီးနောက် သူမ တိတ်ဆိတ်သွားသည်။

လုနန်က သူမနှုတ်ခမ်းကို စိလိုက်သည်။ မိခင်တစ်ဦးအနေဖြင့် သူမသည် သူမ၏ ကလေးကို ဒီလို ရှုပ်ထွေးမှုမျိုးတွင် ပါဝင်စေလိုခြင်းမရှိသဖြင့် ကျောက်ရှင်းကို ဝင်ခွင့်ပြုသောအခါ ကျန့်ခိုင်ပင်း သို့မဟုတ် အခြားတစ်ဦးဦးကို ဟွိုက်ဟွိုက်နှင့်အတူ နေရန် ညွှန်ကြားထားခဲ့သည်။

သို့သော် ရှန့်ကျီမင် ပြောတာမှန်ပြီး ဟွိုက်ဟွိုက်က အစကတည်းက အရာရာကို မြင်ခဲ့တယ်ဆိုရင်တော့ သူတစ်ဦးတည်းကပဲ အခြေအနေကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်မှာပင်။ သူမက အသက်ပြင်းပြင်း ရှူသွင်းပြီး ဟွိုက်ဟွိုက်ကို လက်ယပ်ခေါ်လိုက်သည်။

“ဟွိုက်ဟွိုက်၊ မေမေ့ဆီ လာပါဦး”

ဒီစကားကို ကြားတာနဲ့ ဟွိုက်ဟွိုက်က ခေါင်းညိတ်ပြီး လုနန်ရဲ့ ခြေထောက်ကို ပြေးဖက်လိုက်သည်။

လုနန်က ဗိုက်ကို ထိန်းရင်း ကိုယ်ကို ကိုင်းပြီး ညင်သာစွာ မေးလိုက်သည်။

“ကလေးလေး၊ သား ဒီမှာ တစ်ချိန်လုံး ရှိနေတာလား”

ဟွိုက်ဟွိုက် ခေါင်းညိတ်လိုက်သည်။

“ဒါဆို အဘွားဝူ ကို ဘယ်သူ နိုးတာလဲ” လုနန်က ဆက်ပြီး ညင်သာစွာ မေးလိုက်သည်။

ဟွိုက်ဟွိုက်က ခေါင်းမော့ကြည့်ပြီး သူ့ပတ်ဝန်းကျင်က လူကြီးတွေကို လှမ်းကြည့်လိုက်ကာ ကျန်းယွီကို တိုက်ရိုက် လက်ညှိုးထိုးပြလိုက်သည်။

“သား မှန်တယ်” အစ်မချင်က ဝမ်းသာအားရ ဂုဏ်ယူစွာဖြင့် အော်လိုက်သည်။ “ကြည့်ပါဦး၊ ဒါက တစ်ခုခုကို သက်သေမပြဘူးလား။ ငါတို့ ဟွိုက်ဟွိုက်လေး ဘာမှမသိဘူးလို့ ဘယ်သူ ပြောရဲလဲ ကြည့်ရအောင်”

အစ်မကျန့် ခေါင်းညိတ်လိုက်ပြီး လုနန်ကို ဆက်ပြောရန် အားပေးလိုက်သည်။ လုနန်က ဟွိုက်ဟွိုက်ရဲ့ ဆံပင်ကို သပ်ပေးပြီး မေးလိုက်သည်။

“ကလေးလေး၊ ဒီအဒေါ်ကို အစ်ကိုသုံးယောက်က စာကြည့်ခန်းထဲ ခေါ်သွားတာ သား မြင်လား”

ဒီတစ်ခါတော့ ဟွိုက်ဟွိုက် ခေါင်းခါလိုက်ပြီး သူ့ရဲ့ ချိုသာတဲ့ အသံလေးနဲ့ ပြောလိုက်သည်။ “အဒေါ်က ဘွားဘွားကို သတိမေ့အောင် လုပ်လိုက်တာ။ အဒေါ် စာကြည့်ခန်းထဲ ဝင်သွားတာနဲ့ အစ်ကိုတို့က ဝင်သွားတာ”

လုနန်က ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။ “သားပြောတာက အဒေါ်က စာကြည့်ခန်းထဲ အရင်ဝင်သွားတာ၊ ပြီးတော့ အဒေါ်ဝင်ပြီးမှ အစ်ကိုတို့တွေ ဝင်သွားတာလား”

ဟွိုက်ဟွိုက် ခေါင်းညိတ်လိုက်သည်။

ဟွိုက်ဟွိုက် ခေါင်းညိတ်လိုက်သည်နှင့် အစ်မချင်က သက်ပြင်းချလိုက်သည်။ “ကြည့်ပါဦး၊ ကြည့်ပါဦး၊ ကလေးတွေက မလိမ်ဘူး။ အခုတော့ အမှန်တရား ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီ။ ဒီမိန်းမက လောင်ဖေးရဲ့ စာကြည့်ခန်းထဲကို ခိုးဖို့ လာရုံတင်မကဘူး၊ အပြစ်မဲ့သူတွေကိုလည်း ချောက်ချလိုက်သေးတယ်။ သူမက အရှက်မရှိတဲ့ မြေခွေးမပဲ…”

လီလင့်ယီသည်လည်း နောက်ဆုံး၌ သူမ၏ စိုးရိမ်စိတ်များ လွင့်ပြယ်သွားခဲ့သည်။

All Chapters