← Chapters

အခန်း (၉၄)

Vol. 8 Ch. 94

အခန်း (၉၄)

Vol. 8 Ch. 94

ဟော်ရှောင်းလင်က ကျောက်ရှင်း၏ လက်ကို တဖြည်းဖြည်း လွှတ်ပေးလိုက်ပြီး သူမ၏ မျက်နှာတွင် မယုံကြည်နိုင်ဟန်ဖြင့် ပြည့်နှက်နေသည်။

“နင် ဘာလို့ လိမ်တာလဲ”

ယခင်က ကျောက်ရှင်းကို ထောက်ခံခဲ့သူများက သူမနှင့် ဝေးဝေးနေကြပြီး သူမကို လုံးဝ ရှောင်ရှားနေကြသည်။

ဟွိုက်ဟွိုက် ပေါ်လာသည့်အချိန်မှစ၍ ကျောက်ရှင်းသည် ခေါင်းငုံ့ထားခဲ့သည်။ ယခုမူ သူမ၏ နှုတ်ခမ်းများ တုန်ရီနေပြီး သူမ၏ လက်သည်းပတ်လည်ရှိ အရေပြားများကို ဆုတ်ဖြဲနေကာ ဟော်ရှောင်းလင်၏ မေးခွန်းကို မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။

ကျောက်ရှင်းက စိတ်မငြိမ်မသက်ဖြစ်နေသည်။ လုနန် က ဖြည်းဖြည်းချင်း မတ်မတ်ရပ်လိုက်ပြီး ဟွိုက်ဟွိုက်ကို သူမ၏ နောက်တွင် ကာကွယ်ပေးထားလိုက်သည်။ သူမ၏ လှုပ်ရှားမှုကို သတိပြုမိသော ရှန့်ကျီမင်က ရှေ့သို့ တိုးလာပြီး လုနန်နှင့် ဟွိုက်ဟွိုက်ရှေ့တွင် ကာကွယ်ပေးထားလိုက်သည်။

အစ်မကျန့်၏ မျက်နှာထားက တည်ကြည်နေပြီး အရေးအကြီးဆုံး မေးခွန်းကို မေးလိုက်သည်။

“ဖေးကျီအန်းရဲ့ စာကြည့်ခန်းထဲက တစ်ခုခုကို ခိုးဖို့ အန်တီဝူကို သတိမေ့အောင် လုပ်ခဲ့တာ။ နင် တကယ် ခိုးချင်ခဲ့တာ ဘာလဲ?”

ကျောက်ရှင်းက ခေါင်းမော့လိုက်သည်။ သူမသည် အားနည်းဟန် သို့မဟုတ် နစ်နာဟန် မရှိတော့ပေ။ အဲဒီအစား သူမ ရယ်မောလိုက်သည်။ “ကျွန်မ ဘာများ ခိုးနိုင်မှာလဲ”

ဒါက ကျောက်ရှင်း အတွက် ဂန္ထဝင်မြောက်တဲ့ လှောင်ပြောင်မှုတစ်ခုပင်။ သူမက ကျန့်ခိုင်ပင်းနှင့် တခြားသူတွေ အပေါ်ထပ်အခန်းထဲမှာ ပုန်းနေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။ အန်တီဝူကို သတိမေ့အောင် လုပ်ပြီး စာကြည့်ခန်းထဲ ခိုးဝင်သည့် သူမ လုပ်ရပ်တွေ ပေါ်သွားလိမ့်မယ်လို့လည်း မထင်ထားခဲ့ချေ။

အကယ်၍ ထိုသုံးဦး ယနေ့ မပေါ်လာခဲ့ပါက၊ အောက်ထပ်တွင် တစ်စုံတစ်ယောက်က လုနန်ကို အလုပ်များနေအောင် ထားနိုင်ခဲ့ပါက ကျောက်ရှင်းသည် စာရွက်စာတမ်းတစ်ခုကို အလွယ်တကူ ရှာတွေ့ပြီး နောက်မှ အန်တီဝူကို နိုးနိုင်ခဲ့မည်ဖြစ်သည်။ အန်တီဝူက နောက်ပိုင်းတွင် သူမကို သံသယရှိခဲ့လျှင်ပင် သက်သေမရှိသဖြင့် သူမ ကျောက်ရှင်းကို ဘာမှ မလုပ်နိုင်လောက်ချေ။

သို့သော်လည်း ခြေလှမ်းအမှားလေးတစ်ခုက သူမကို လဲကျစေခဲ့သည်။

သူမသည် သူမကိုယ်သူမ ကာကွယ်ရန် ကျန့်ခိုင်ပင်းကို အပြစ်ပုံချဖို့ ကြိုးစားခဲ့သော်လည်း အရေးကြီးသော အမှားတစ်ခုကို ကျူးလွန်ခဲ့သည်။ အန်တီဝူကို ကျန်းယွီ က နိုးခဲ့သည်ကို သူမ မသိရှိခဲ့သဖြင့် သူမ၏ မှားယွင်းသော တွက်ချက်မှုက သူမကို ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်စေခဲ့သည်။ လိမ်လည်လှည့်ဖြားရန် ကြိုးစားရင်း သူမသည် ကိုယ်တိုင် ဖန်တီးခဲ့သော ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့သည်။ ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ။

လုနန်က ကျောက်ရှင်း၏ စကားများကို စဉ်းစားလိုက်သည်။ ထိုစကားတို့သည် စိတ်ဝင်စားစရာကောင်းသည်။ ပထမတစ်ချက်ကြည့်လျှင် လက်နက်ချသည့်ဟန်နှင့်တူသော်လည်း ပြန်စဉ်းစားကြည့်လျှင် သူမကိုယ်သူမ လှောင်ပြောင်ခြင်းကို ဖော်ပြနေသည်။

အစ်မချင်က တင်းမာစွာ ပြောလိုက်သည်။ “နင် ဘာကို ခိုးဖို့ ရည်ရွယ်ခဲ့တာဖြစ်ဖြစ်၊ နင့်ရဲ့ လုပ်ရပ်တွေက အရမ်း သံသယဖြစ်စရာ ကောင်းတယ်။ ရှောင်ရှန့်၊ ရှောင်ကျန်း၊ သူ့ကို ထိန်းထား။ ရှောင်ကျန့်၊ အောက်ထပ်ကို ဆင်းသွားပြီး ဝင်ပေါက်က လုံခြုံရေးအစောင့်ကို ခေါ်လာ၊ ပြီးတော့ မိသားစုအားလုံးက လူတွေကို ပြန်လာဖို့ ခေါ်လိုက်။ ဒီကိစ္စက အကြီးကြီးပဲ”

“ဟုတ်ကဲ့” ကျန့်ခိုင်ပင်း အောက်ထပ်သို့ အလျင်အမြန် ဆင်းသွားပြီး အစ်မကျန့်က ဟော်ရှောင်းလင်နှင့် အခြားသူများကို သံသယဖြင့် ကြည့်လိုက်သည်။ သူမ စကားမပြောနိုင်မီ တြိဂံမျက်လုံးရှိသော အမျိုးသမီးက ကြောက်ရွံ့မှုဖြင့် မျက်နှာဖြူဖတ်ဖြူရော် ဖြစ်သွားသည်။ သူမက ငတုံးမဟုတ်ပေ။ ကျောက်ရှင်းကို စစ်ဗိုလ်ချုပ်တစ်ဦး၏ စာကြည့်ခန်းမှ ခိုးရာပါ ပစ္စည်းများဖြင့် ဖမ်းမိခြင်း၏ အဓိပ္ပာယ်ကို သူမ နားလည်သည်။ သူမ၏ စိတ်ထဲတွင် ဖြတ်ခနဲ ဝင်လာသော စကားလုံးမှာ “သူလျှို” ဖြစ်သည်။

ကျောက်ရှင်းက သူလျှိုတစ်ယောက်ဆိုရင် သူမနဲ့ ရင်းနှီးတဲ့သူတွေက ဘာဖြစ်မည်နည်း။

ထို့အပြင် သူမက ကျောက်ရှင်းကို အမြဲတမ်း ကာကွယ်ခဲ့ပြီး အပေါ်ထပ်တက်ဖို့ အခွင့်အရေးရှာပေးခဲ့သည်။ သူမ ဘာမှ မသိဘူး၊ ဘာမှ မလုပ်ခဲ့ဘူးလို့ ပြောရင် ဘယ်သူက ယုံမှာလဲ။

ဒါပေမယ့် သူမက တကယ်ပဲ ဘာမှ မသိခဲ့ပေ။ ကျောက်ရှင်းက ဖေးကျီအန်း ဝယ်ပေးထားတဲ့ အလှကုန်ပစ္စည်းများစွာ လုနန်မှာ ရှိတယ်ဆိုတာ သိခဲ့ရသည်။ အစ်မချင် ကပွဲမှာ အကြီးအကျယ် ပြောင်းလဲသွားတာက လုနန်ရဲ့ အလှကုန်ပစ္စည်းတွေကို သုံးခဲ့လို့ပင်၊ ဒါက ကျောက်ရှင်း ကို လုနန်၏ ဘဝကို မနာလိုဖြစ်စေခဲ့သည်။ သူမ လုနန်၏ အခန်းကို ကြည့်ချင်ခဲ့သည်။ ကျောက်ရှင်း၏ သူငယ်ချင်းကောင်းတစ်ယောက်အနေနှင့် သူမက သူမကို လိုက်လျောကူညီပေးချင်တာ သဘာဝပင်။ သို့ပေမယ့် လုနန် အပေါ် မနာလိုစိတ်လည်း အနည်းငယ် ပါခဲ့သည်။

ဘယ်သူကများ ဒီလို ဖြစ်လိမ့်မယ်လို့ ထင်ထားမှာလဲ။

“နင် ငါ့ကို အသုံးချခဲ့တာပဲ!” တြိဂံမျက်လုံးရှိသော အမျိုးသမီးက သူမ ကျောက်ရှင်း၏ လှည့်ဖြားခြင်းကို ခံခဲ့ရပြီဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ သူမ အော်ဟစ်လိုက်ပြီး ကျောက်ရှင်းကို ခုန်အုပ်လိုက်သော်လည်း အစ်မချင်က သူတို့ကို ခွဲလိုက်ပြီး သူမကို မထီလေးစားဖြင့် ကြည့်လိုက်သည်။

“အခုမှသိရအောင် နင် ဘယ်ရောက်နေတာလဲ။ ငြိမ်ငြိမ်နေ။ နင်တို့အားလုံး ကိုယ့်ခင်ပွန်းတွေကို ဘယ်လို ရှင်းပြရမလဲဆိုတာ စဉ်းစားသင့်တယ်။ စုံစမ်းစစ်ဆေးမှု သေချာပေါက် လုပ်မှာ၊ နင်တို့ခင်ပွန်းတွေ ထိခိုက်မခံရဘူးလားဆိုတာက ရလဒ်အပေါ် မူတည်လိမ့်မယ်”

ဟော်ရှောင်းလင်နှင့် အခြားသူများ၏ မျက်နှာက ပျက်ယွင်းသွားပြီး တြိဂံမျက်လုံးရှိသော အမျိုးသမီးက မြေပြင်ပေါ်သို့ လဲကျသွားသည်။

လုံခြုံရေးအစောင့် ရောက်လာသောအခါ သူတို့ ကျောက်ရှင်းကို ခေါ်သွားကြသည်။ ကျောက်ရှင်းနှင့် နီးစပ်ခဲ့သော ဟော်ရှောင်းလင်နှင့် အခြားသူများကိုလည်း သီးခြားခွဲထုတ်ရန် အိမ်သို့ ပြန်ပို့ဆောင်ခဲ့ရာ အခြေအနေသည်လည်း ပြီးဆုံးသွားခဲ့သည်။

ဖေးကျီအန်းက ဖေးကျန့် အဆင်ပြေကြောင်း လုနန်ကို ဖုန်းဆက်အကြောင်းကြားလိုက်ပြီး ထိုသတင်းကြောင့် လုနန်သည်လည်း စိတ်အေးသွားခဲ့သည်။

ထိုညနေခင်းတွင် ဖေးကျန့်က ဖေးကျီအန်းနှင့်အတူ အိမ်ပြန်ရောက်လာသည်။ လုနန်က တံခါးသို့ အမြန် ပြေးသွားပြီး မေးလိုက်သည်။

“ဘယ်လိုလဲ။ အဲ့ဒီလူကို ဖမ်းမိလား။ ပြီးတော့ ကျောက်ရှင်း အဖမ်းခံရတယ်ဆိုတာ သိလား”

ဖေးကျီအန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး လုနန်ကို တည်ငြိမ်အောင် ထိန်းကာ အိမ်ထဲသို့ ညင်သာစွာ ခေါ်သွားသည်။

“ဘာဖြစ်ခဲ့တာလဲ” ဖေးကျီအန်း တိတ်ဆိတ်နေသောအခါ လုနန်က ဖေးကျန့် ဘက်သို့ လှည့်လိုက်သည်။

ဖေးကျန့်က ဖေးကျီအန်းကို သတိထားစွာ ကြည့်လိုက်သည်။ သူသည် သူ့ဖခင်၏ မျက်နှာအမူအရာများကို ဖတ်တတ်လာပြီဖြစ်ပြီး သူ့ဖခင် စိတ်မကြည်ကြောင်း သိသည်။ သူက ပခုံးတွန့်ပြကာ သူ မကူညီနိုင်ကြောင်း ပြသလိုက်သည်။

လုနန်က လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ နည်းနည်း စိတ်ဆိုးသလို ခံစားရပြီး ဆိုဖာပေါ်သို့ ပုံကျသွားသည်။ “တစ်နေ့လုံး နင့်ကို စိတ်ပူနေတာကို၊ ဘယ်လောက်တောင် နှလုံးသား မရှိလိုက်လဲ”

ဖေးကျီအန်းက ကူရာမဲ့စွာ သက်ပြင်းချလိုက်သည်။ “ငြိမ်ငြိမ်လေး ထိုင်နေ၊ သိပ်စိတ်လှုပ်ရှားမနေရင် ပြောပြမယ်”

လုနန်က “အိုကေ” ဆိုသည့် အမူအရာ လုပ်ပြလိုက်ပြီး သူမ၏ လှုပ်ရှားမှုများကို ဆယ်ဆလောက် နှေးကွေးစေလိုက်သည်။ သူမသည် ဖေးကျီအန်း၏ ကျယ်ပြန့်သော ပခုံးကို မှီလိုက်ပြီး သူ့ကို ညင်သာစွာ တွန်းလိုက်ကာ မျက်တောင်ခတ်ရင်း မေးလိုက်သည်။

“အခု ပြောလို့ရပြီလား”

ဖေးကျီအန်းက မတောင့်ခံနိုင်တော့ဘဲ နောက်ဆုံးတွင် ပြောလိုက်သည်။ “သူတို့ကို ဖမ်းမိပြီ၊ ဒါပေမယ့် နှစ်ယောက်စလုံး ဘာမှ မပြောဘူး”

“ဒါပဲလား” လုနန်က ကြောင်တောင်တောင် ဖြစ်နေပြီး ဖေးကျီအန်းကို ကြည့်လိုက်ရာ သူက ပြန်ကြည့်လိုက်သည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ခဏတာ စိုက်ကြည့်နေကြသည်။

“အမယ်လေး၊ တိုတိုရှင်းရှင်းပြောတယ်ဆိုတာ ဘာကိုဆိုလိုလဲ နောက်ဆုံးတော့ နားလည်သွားပြီ”

လုနန်က သူမ၏ မျက်နှာကို ဖုံးအုပ်ရင်း အော်လိုက်သည်။

ဖေးကျန့်က ရယ်ချင်စိတ်ကို ထိန်းချုပ်ထားသော်လည်း ဖေးကျီအန်းက သူ့ကို သတိပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ လုနန်က ဖေးကျန့်ကို ဆုပ်ကိုင်ထားရာမှ လွှတ်ပေးလိုက်ပြီး စနောက်သလို ပြောလိုက်သည်။

“နင် ပြောကြည့်၊ အတိုချုံး မပြောနဲ့နော်”

ဖေးကျန့်က လည်ချောင်းရှင်းလိုက်ပြီး ထိုနေ့က ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပြန်ပြောပြလိုက်သည်။ လုနန်က စိတ်ဝင်တစား နားထောင်ခဲ့ပြီး ဖေးကျန့်၏ သတ္တိကို အထင်ကြီးသွားသည်။ ဒါက တကယ်ပဲ တစ်ချိန်က သူမရဲ့ မသိနားမလည်တဲ့ လင်ပါသားလေးလား။

သူက ဉာဏ်ကောင်းတယ်၊ ထက်မြက်တယ်၊ သတ္တိရှိတယ်—ဝတ္ထုထဲက ဇာတ်ဆောင်တစ်ယောက်လိုပဲ။ အိုး၊ ခဏလေး၊ သူက တကယ်ပဲ ဝတ္ထုတစ်ပုဒ်ရဲ့ ဇာတ်လိုက်ပဲ။

ဖေးကျန့်က နိဂုံးချုပ်လိုက်သည်။ “ကျုံးတာ့ရန်က ခေါင်းမာတယ်၊ သူ ကျောက်ရှင်းနဲ့ ပတ်သက်တာကို မပြောဘူး၊ မသိဘူးလို့ပဲ အတင်း ငြင်းတယ်။ ကျောက်ရှင်းကလည်း အဖေ့ရဲ့ စာကြည့်ခန်းထဲ စပ်စုချင်စိတ်နဲ့ ဝင်တာလို့ပဲ ပြောတယ်။ ဒီနှစ်ယောက်က ရှင်းရမယ့်ကိစ္စတွေ အများကြီး ရှိသေးတယ်လို့ ထင်တယ်”

“ဒါပေမယ့် အခု သူတို့ ဖမ်းမိပြီဆိုတော့ အမှန်တရား ပေါ်ဖို့က အချိန်ပဲလိုတဲ့ ကိစ္စပါ”

လုနန် သက်ပြင်းချလိုက်မိသည်။ ကျောက်ရှင်းက သူလျှိုဟုတ်မဟုတ်ကို သူမတို့ မြို့တော်ကနေ မထွက်ခွာခင် သိရှိနိုင်မလားလို့ သူမ တွေးလိုက်သည်။ လုနန်ကို ဆန့်ကျင်တဲ့ သူမရဲ့ ရည်ရွယ်ချက်တွေ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ကျောက်ရှင်းကြောင့် အခုပေါ်နေတဲ့ အန္တရာယ်ကတော့ ဖြေရှင်းပြီးသား ဖြစ်သွားလေပြီ။

မြို့တော်မှ ထွက်ခွာမည့်အကြောင်း ပြောရင်း လုနန်က ဖေးကျီအန်း ဘက်သို့ လှည့်ကာ တိုးတိုးလေး မေးလိုက်သည်။

“ကျွန်မတို့ ပြောင်းမယ်ဆိုတာ ဖေးကျန့်ကို ပြောပြီးပြီလား”

ဖေးကျီအန်း ခဏရပ်ပြီး မေးလိုက်သည်။ “မင်း မပြောရသေးဘူးလား”

“…” တကယ်လား၊ ဒါက အဖေတစ်ယောက် ပြောသင့်တာ မဟုတ်ဘူးလား။

လုနန်က တောင့်တောင့်ကြီး ခေါင်းခါလိုက်သည်။

ဖေးကျန့်က လုနန်နဲ့ သူ့အဖေ တီးတိုးပြောနေတာကို ကြည့်ရင်း တော်တော် နားမလည်နိုင် ဖြစ်သွားကာ မေးလိုက်သည်။

“လုနန်၊ ခင်ဗျားတို့ နှစ်ယောက် ဘာတွေ တီးတိုးပြောနေကြတာလဲ”

လုနန်က ဖေးကျီအန်းကို တွန်းလိုက်ရာ သူက လည်ချောင်းရှင်းလိုက်သည်။ “ငါတို့ နောက်လမှာ မိသားစုလိုက် တောင်ပိုင်းကို ပြောင်းဖို့ ဆွေးနွေးနေကြတာ”

“ဘာ?”ဖေးကျန့်က ပထမတော့ မိသားစု ခရီးထွက်တာလို့ ထင်လိုက်၏။ “တောင်ပိုင်းကို ခရီးထွက်မှာလား။ ကောင်းလိုက်တာ။ ကျွန်တော်တို့…”

သူက စကားမဆုံးခင် ရပ်လိုက်ပြီး တစ်ခုခု လွဲနေသည်ကို သဘောပေါက်သွားသည်။ သူ့အဖေက မိသားစုလိုက် တောင်ပိုင်းကို အပြီးအပိုင် ပြောင်းရွှေ့ဖို့ ပြောနေခြင်း ဖြစ်သည်။

ဖေးကျန့်၏ မျက်နှာအမူအရာပျက်သွားသည်။ “ဒါဆို… ကျွန်တော်ကော”

ဖေးကျန့်က ဉာဏ်ကောင်းပြီး အဖိုးကြီးက တောင်ပိုင်းမှာ ရာထူးတက်ဖို့ ပြောင်းရွှေ့မိန့် ရထားပြီဆိုတာ သိလိုက်သည်။

“ခင်ဗျားက မိသားစုလိုက် ပြောင်းပြီး ကျွန်တော့်ကို မြို့တော်မှာ ထားခဲ့မှာလား။ ခင်ဗျားတို့ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်တာလဲ”

ဖေးကျန့်က လုနန်ကို မျှော်လင့်ချက်ရော စိတ်ပျက်အားငယ်မှုရော ရောထွေးနေတဲ့ ပုံစံနဲ့ ကြည့်လိုက်သည်။ သူ့အဖေကို တောင်းပန်တာ အလကားပဲဆိုတာ သိနေပေမယ့် လုနန်နဲ့ဆို အခွင့်အရေး အနည်းငယ်တော့ ရှိနိုင်၏။

အဖေက ရှိနေတာ လိမ်ဖို့ပင်။ ဖေးကျန့်၏ လိမ္မာပါးနပ်သော စိတ်က အလုပ်လုပ်နေပြီး ကောင်းမွန်သောအကြံတစ်ခု ရလာသည်။ သူက အဖိုးကြီးကို တစ်ယောက်တည်း တောင်ပိုင်းသို့ သွားခွင့်ပြုပြီး မိသားစုတစ်ခုလုံးက ပေ့ကျင်းမှာ အရင်နေခဲ့ကြမည်။ သူ ကျောင်းပြီးမှ သူတို့က အဖိုးကြီးရှိသည့် တောင်ပိုင်းကို သွားရောက်ပူးပေါင်းကြမည်။

သူ၏ မျက်နှာအမူအရာကို မြင်သောအခါ လုနန်က မတ်တပ်ရပ်ပြီး လေးနက်ဟန်ဆောင်ကာ ပြောလိုက်သည်။ “ကျွန်မ ပန်းချီကားကို အပြီးသတ်ဆွဲဖို့လိုတာ သတိရသွားလို့ စာကြည့်ခန်းကို သွားပြီး ပြီးအောင်ဆွဲလိုက်ဦးမယ်”

ဖေးကျန့် - “…”

ဖေးကျီအန်း - “…”

......

ဖေးကျန့် တစ်ယောက် သူ့မိသားစုသည် သူ့ကိုမြို့တော်တွင် တစ်ယောက်တည်းထားပြီး တောင်ပိုင်းသို့ ပြောင်းရွှေ့တော့မည်ကို သိလိုက်ရသည့်အချိန်မှစ၍ သူ့ဒေါသသည် တစ်နေ့တခြား ပို၍ထိန်းမနိုင်သိမ်းမရဖြစ်လာကာ သူ၏ မျက်နှာပြောင် ဆိုးသွမ်းမှုတွေကလည်း တစ်နေ့ထက်တစ်နေ့ ပို၍ဆိုးရွားလာလေသည်။

ပထမဆုံးနေ့တွင် ဖေးကျန့်သည် သကြားလုံးမစားရဟူသော စည်းကမ်းကို လျစ်လျူရှုကာ ဟွိုက်ဟွိုက်နှင့်အတူ မီးဖိုချောင်ထဲသို့ မြောက်ကြွမြောက်ကြွ ဝင်သွားပြီး အားရပါးရစားကာ နောက်ထပ်စားဖို့ အပြန်မှာ ထုပ်ပိုးယူသွားသေးသည်။

လုနန်သည် ဖေးကျန့်၏ စိတ်ထဲကမကျေနပ်ချက်များကို ပုံချနေမှန်းသိသောကြောင့် သည်းခံခွင့်လွှတ်ပေးခဲ့သည်။

ဒုတိယနေ့တွင် ဖေးကျန့်သည် လုနန်၏ကော်ဖီကို ရုတ်တရက် စိတ်ဝင်စားလာပြီး လုနန် အနှစ်သက်ဆုံးကော်ဖီခွက်တစ်စုံကို ခွဲပစ်လိုက်သည်။

လုနန် တစ်ယောက် ခေါင်းကိုက်လာသလို ခံစားလိုက်ရသော်လည်း သူမ၏စိတ်တို ဒေါသထွက်မှုကို ချုပ်တည်းရန်အတွက် “စိတ်အေးအေးထား" ဟု သူမကိုယ်သူမ ဆယ်ကြိမ်တိုင်တိုင် ရေရွတ်နေမိသည်။

တတိယနေ့တွင် ဖေးကျန့်သည် ဟွိုက်ဟွိုက်နှင့်အတူ လုနန်၏အိပ်ခန်းထဲသို့ ခိုးဝင်ကာ သူမ၏ မိတ်ကပ်ပစ္စည်းများကို ဖျက်ဆီးပစ်လိုက်သည်။

စတုတ္ထနေ့တွင် သူသည် ကျန့်ခိုင်ပင်း၊ ရှန့်ကျီမင်နှင့် ကျန်းယွီတို့ကို အိမ်သို့ကစားရန်ခေါ်လာခဲ့သည်။ လွန်ခဲ့သောရက်အနည်းငယ်က လုနန် မိသားစုကိုပေးခဲ့သော ခြံထဲမှာ အသားကင်ရသည့် အတွေ့အကြုံကို အတုယူကာ သူ့သူငယ်ချင်းများအား သူ့ကျွမ်းကျင်မှုများကို ပြသခဲ့သည်။

အဆိုးဘက်ကတော့ သူသည် တစ်ထိုင်တည်းနှင့် လဝက်စာအသားများကို စားသုံးခဲ့ရုံသာမက ခွက်နှစ်ခွက်နှင့် ဗန်းသုံးခုကိုပါ ခွဲပစ်ခဲ့ရာ အန်တီဝူမှာ သုံးရက်တိုင်တိုင် စိတ်ဆင်းရဲခဲ့ရသည်။

ငါးရက်မြောက်နှင့် ခြောက်ရက်မြောက်နေ့များသည်လည်း အလားတူ ပြဿနာများဖြင့် ကုန်ဆုံးသွားခဲ့သည်။

ဒီနေ့တွင် ဖေးကျန့်သည် သူ့ကံကို တစ်ကြိမ်ထက်မက စမ်းသပ်ခဲ့သည်။

လုနန်သည် သည်းမခံနိုင်တော့ဘဲ သူ့ကို နဗန်ကျင်းပစ်လိုက်သည်။

"ဟဲ့ ကောင်စုတ်လေး၊ ငါ နင့်ကို သည်းခံပေးတာ ကြာနေပြီ။ နင်လည်း ဘယ်အချိန်တော်ရမလဲ သိသင့်တာပေါ့!"

ဖေးကျန့်သည် စိတ်ထဲတွင် အပြစ်ရှိသလိုခံစားနေရသော်လည်း နှာမှုတ်ကာ ခေါင်းလွှဲလိုက်သည်။

အစပိုင်းတွင် သူသည် အမှန်တကယ်ပင် မတရားသလို ခံစားရပြီး ပြဿနာရှာခဲ့သော်လည်း သူ့အပြုအမူများ မည်မျှပင်ဆိုးရွားနေပါစေ လုနန်ရော အန်တီဝူပါ ဒေါသမထွက်ကြသည့်အပြင် အဘိုးကြီးကပင် သူ့ကိုအပြစ်မပေးတော့သည့်အခါ ဖေးကျန့်သည် စိတ်ကြီးဝင်လာတော့သည်။

သူသည် တစ်ချိန်က မလုပ်နိုင်ခဲ့သော အပြစ်ပေးခံခဲ့ရဖူးသော အရာအားလုံးကို စမ်းလုပ်ကြည့်ခဲ့ပြီး ယခုအခါတွင် သူ့ကိုမည်သူမျှ မတားဆီးတော့သည့်အပြင် အန်တီဝူကပင် သူ့ကိုအားပေးနေသည့်အခါ ထိုခံစားချက်က ဘယ်လောက်တောင် ကောင်းလိုက်လဲ။

သို့သော် အချိန်အတော်ကြာပြီးနောက် သတိပြန်ဝင်လာသော ဖေးကျန့်သည် သူလုပ်ခဲ့သောအရာများသည် အဘိုးကြီးက သူ့ကိုသုံးခါလောက်ရိုက်သတ်ပစ်ရန် လုံလောက်ကြောင်း တွေ့ရှိလိုက်ရသည်။

ဖေးကျန့်သာ အင်တာနက် ဗန်းစကားများကိုသိခဲ့မည်ဆိုလျှင် သူ၏လက်ရှိစိတ်အခြေအနေမှာ - ရှုံးနိမ့်ကြောင်းဝန်မခံဘဲ၊ ကိုယ့်ကိုယ်ကို အရှက်မကွဲစေဘဲ ဒီကသိကအောက် ဖြစ်ဖွယ်ကာလကို ချောချောမွေ့မွေ့ဖြတ်သန်းနည်းနှင့် သူ့မိသားစုက သူဟာ ငကြောက်တစ်ယောက်ဖြစ်ကြောင်း မသိအောင်သေချာစေနည်း။ အရေးကြီးတယ်၊ အွန်လိုင်းမှာ စောင့်နေမယ်။

ဖေးကျန့် နှာမှုတ်ပြီးနောက် လုနန်သည် သူ့ကိုနောက်တစ်ကြိမ်ထပ်ပုတ်လိုက်ပြီး ပြောလိုက်သည်။

"တော်တော့၊ လာပြီး သန့်ရှင်းရေးကူလုပ်ပေး။"

ဖေးကျန့်သည် လုနန်က သူ့ကိုခရီးဆောင်အိတ်ထုပ်ပိုးရာတွင် ကူညီခိုင်းသည်ဟုထင်ကာ ဒေါသထွက်သွားသည်။

"ဒီအကျင့်မကောင်းတဲ့မိန်းမ! ခင်ဗျား ကျွန်တော့်ကိုထားခဲ့မှာကိုတောင် ခင်ဗျားကို အထုတ်သိမ်းတာ ကူလုပ်ပေးခိုင်းသေးတယ်။ ခင်ဗျား နှလုံးသားက ကျောက်တုံးနဲ့ထုထားတာလား?"

လုနန်သည် သူ့စကားကြောင့် ချမ်းစိမ့်စိမ့် ဖြစ်သွားသည်။ "မငြီးငြူနဲ့တော့။ မနေ့က နင့်အဖေပြန်လာပြီး ကျောက်ရှင်းရဲ့အမှုက ပေါ်သွားပြီလို့ပြောတယ်။ ခြံထဲက ကေဒါတွေရဲ့မိသားစုတွေအထိပါ ပါဝင်ပတ်သက်နေတယ်လို့ပြောတယ်။ အထက်လူကြီးတွေက နင့်အဖေကို စုံစမ်းစစ်ဆေးရေးမှာ ကူညီပေးဖို့တောင်းဆိုထားတယ်။ တောင်ပိုင်းကိုသွားမယ့်အချိန်ကို ရွှေ့ဆိုင်းလိုက်ပြီ။ ဒါက တကယ်တော့ကောင်းပါတယ်။ ကလေးမွေးပြီးတဲ့အထိ စောင့်လို့ရတယ်။ ပေကျင်းက ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေက ပိုကောင်းပြီး ပိုလုံခြုံတယ်။"

ဖေးကျန့် သက်ပြင်းချလိုက်မိသည်။ လပေါင်းများစွာကျန်သေးသည်။ အမှန်တကယ်တွင် ဖေးကျန့် မျက်နှာပြင်ပေါ်တွင်ပြသခဲ့သော မကျေနပ်မှုအမျိုးမျိုးသည် သူ၏အတွင်းစိတ်ထဲက ဝမ်းနည်းမှုနှင့် စိုးရိမ်ပူပန်မှုများကို ဖုံးကွယ်ထားခြင်းသာဖြစ်သည်။

ဖေးကျန့်သည် ပြည့်စုံသောမိသားစုတစ်ခုကို စခံစားနေရုံရှိသေးပြီး ယခုအခါတွင် သူတို့သည် ခွဲခွာရတော့မည်ဖြစ်ကာ သူ့ကိုပေကျင်းတွင် နှစ်နှစ်တိုင်တိုင်တစ်ယောက်တည်းထားခဲ့မည်ဖြစ်သည်။

ထိုနှစ်နှစ်အတွင်း လုနန်နှင့် သူမမိသားစုသည် သူ့ကိုမေ့လျော့ကာ ရှေ့ဆက်သွားကြမည်မှာ သေချာသည်။ ထိုအတွေးတစ်ခုတည်းကပင် ဖေးကျန့်ကို ဝမ်းနည်းစေပြီး သူ့နာကျင်မှုကိုသက်သာစေရန် ဟွိုက်ဟွိုက်ဆီမှ ပွေ့ဖက်မှုကို လိုချင်မိသည်။

သို့သော် လုနန်က ပေကျင်းတွင် ကလေးမွေးရန်ဆုံးဖြတ်လိုက်သောကြောင့် သူ့အတွက် နောက်ထပ်ငါးလအချိန်ရလိုက်သဖြင့် ယခုအခါတွင် ပိုကောင်းသွားပြီဖြစ်သည်။

All Chapters