← Chapters

အခန်း (၁၅၈၈-၁၅၉၀)

Vol. 106 Ch. 1588-1590

အခန်း (၁၅၈၈-၁၅၉၀)

Vol. 106 Ch. 1588-1590

အခန်း(၁၅၈၈)

"ဒီအင်မော်တယ် သတ္တဝါတွေကို အရင်သတ်လိုက်ကြရအောင်"

ကျန်းချန်က နင်ယန်ကို ပြောဆိုလိုက်ပြီးနောက်တွင် သူ့ဆီသို့ ခုန်အုပ်လာသော အင်မော်တယ် သတ္တဝါကို သူ၏ လက်ထဲမှ ဓားဖြင့် တိုက်ခိုက်လိုက်သည်။

"ဝုန်း.."

အင်မော်တယ်သတ္တဝါက ကျန်းချန်၏ ဓားချက် ထိမှန်ခံလိုက်ရပြီး ကြိုးပြတ်သွား‌သော စွန်တစ်ကောင်နှယ် ၁၀ပေအကွာအဝေးထိ လွင့်စင်သွားခဲ့သည်။

သို့ရာတွင် ကျန်းချန်၏ ဓားချက် ထိမှန်ခံရသော အင်မော်တယ် သတ္တဝါသည် မြေပြင်ကနေ လျင်မြန်စွာ ပြန်ထလာခဲ့ပြီး ကျန်းချန်ကို ကြည့်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

"ဒီအင်မော်တယ် သတ္တဝါတွေက အပြင်ဘက်က သတ္တဝါတွေထက် ပိုပြီး အစွမ်းထက်နေတာပဲ"

သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် အနည်းငယ်မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။

ဤအခိုက်အတန့်တွင် သူ၏နံဘေးရှိ နင်ယန်သည် ဓားကွက်များကို ထုတ်ဖော်လိုက်သည်။

သူမ၏ ဓားချက်ကနေ ကြောက်မက်ဖွယ် မီးတောက်များ ထွက်ပေါ်လာခဲ့ပြီး အင်မော်တယ် သတ္တဝါတစ်ကောင်ကို ထိမှန်သွားခဲ့ရာ ထိုအင်မော်တယ် သတ္တဝါသည် ချက်ချင်းဆိုသလိုပင် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။

နင်ယန်၏ ဓားပညာက ယန်စွမ်းအားလွန်ကဲ၍ အင်မော်တယ်သတ္တဝါများ အပေါ်ကြီးမားသော သက်ရောက်မှု ရှိနေသည်မှာ ထင်ရှား၏။

ဤမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ မီးဥပဒေသ တတိယအဆင့် စွမ်းအားနှင့် မိုးကြိုးဥပဒေသတတိယအဆင့် စွမ်းအားတို့ကို တိုက်ရိုက် ထုတ်ဖော်ကာ အင်မော်တယ် သတ္တဝါများကို သက်ရောက်စေခဲ့သည်။

သူ၏ တိုက်ခိုက်မှုအောက်တွင် အင်မော်တယ်သတ္တဝါများသည် အနည်းငယ်သာ ရုန်းကန်နိုင်ခဲ့ပြီး တစ်ခဏအတွင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤအင်မော်တယ် သတ္တဝါများသည် အားမနည်းသော်လည်း ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်လာသူများသည် နယ်မြေအသီးသီးမှ ထိပ်တန်း ပါရမီရှင်များဖြစ်ကြ၍ သဘာဝကျစွာပင် အားနည်းခြင်းမရှိကြပေ။

သူတို့၂ဦး၏ ပူး‌ပေါင်းတိုက်ခိုက်မှုတွင် အင်မော်တယ် သတ္တဝါဒါဇင်ကျော်သည် ချက်ချင်းဆိုသလိုပင် ကျဆုံးသွားခဲ့သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ကျန်းချန်သည် ဆေးဥယျာဥ် အပြင်ဘက်မှ ရုန့်ရင်းသော အရှိန်အဝါ တစ်ခုကို ရုတ်တရက် ခံစားမိလိုက်သည်။

"တစ်ယောက်ယောက် လာနေပြီ"

ဆေးဥယျာဥ် အပြင်ဘက်မှ အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်၏ မျက်နှာသည် အနည်းငယ် လေးနက်သွားခဲ့သည်။

"စီနီယာအစ်ကိုလော်ကျွင့် ရောက်လာတာ ဖြစ်ရမယ်"

နင်ယန်၏ မျက်နှာက အပေါ်ယံတွင် ငြိမ်သက်နေခဲ့သည်။

သို့ရာတွင် သူမ၏ စိတ်နှလုံးထဲတွင်မူ အလွန်တရာပင် စိတ်လှုပ်ရှားနေခဲ့၏။

သူမက အင်မော်တယ် သတ္တဝါများကို ရင်ဆိုင်ရန် ကျန်းချန်နှင့် ပူးပေါင်းခဲ့သော်လည်း သူမ၏ စွမ်းအားများကို အကုန်အစင် အသုံးပြုခဲ့ခြင်း မရှိပေ။

အကြောင်းအရင်းမှာ စီနီယာအစ်ကိုလော်ကျွင့် ရောက်ရှိလာသည်အထိ အချိန်ဆွဲလိုသောကြောင့်ပင်။

ယခုအခါ ဝူရှို့နတ်သစ်သီးကဲ့သို့ အနှိုင်းမဲ့ရတနာ တစ်ပါးကို ရှာ‌ဖွေတွေ့ရှိနေပြီ ဖြစ်ရာ သူမအနေဖြင့် ကျန်းချန်ကို အလွယ်တကူ မည်ကဲ့သို့ ပေးနိုင်ပါမည်နည်း။

ဂိုဏ်း၏ ထိပ်တန်းပါရမီရှင် ၅ဦးထဲမှ ၁ဦးအဖြစ် သတ်မှတ်ခံရသော စီနီယာအစ်ကို လော်ကျွင့်သည် ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားကို နားလည်ထားသော အဆင့်မြင့် ပကတိနတ်ဘုရားတစ်ပါး ဖြစ်သည်။

စီနီယာအစ်ကို လော်ကျွင့်ရောက်ရှိလာသည်နှင့် သူမက စီနီယာအစ်ကိုလော်ကျွင့်နှင့် ပူးပေါင်းကာ ကျန်းချန်နှင့် အင်မော်တယ် သတ္တဝါများကို အလွယ်တကူ သတ်ဖြတ်ပြီး ဤနေရာရှိရတနာများ အားလုံးကို သိမ်းပိုက်နိုင်မည် မဟုတ်ပါလော။

အစောပိုင်းက နင်ယန်သည် သူမ၏ စီနီယာအစ်ကို လော်ကျွင့် အချိန်မီ ရောက်ရှိမလာမည်ကို စိုးရိမ်နေခဲ့သည်။

ယခု အပြင်ဘက်မှ လှုပ်ရှားမှုကို ကြားလျှင် သူမ၏ စိုးရိမ်မှုသည် အနည်းငယ် လျော့ပါးသွားခဲ့၏။

သူတို့က သူတို့၏ရှေ့ရှိ အင်မော်တယ်သတ္တဝါများကို ရင်ဆိုင်နေရင်း အပြင်ဘက်မှ အခြေအနေကိုလည်း အကဲခတ်ခဲ့သည်။

သိပ်မကြာခင်မှာပင် ဆေးဥယျာဥ်၏ တံခါးသည် ပေါက်ကွဲသံနှင့်အတူ ရုတ်တရက် ပွင့်ထွက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပုံရိပ်နှစ်ခုသည် ဆေးဥယျာဥ်၏ အပြင်ဘက်ကနေ လျင်မြန်စွာ ဝင်ရောက်လာခဲ့၏။

ထိုပုံရိပ်၂ခုမှ ယောကျာ်း၁ဦးနှင့် အမျိုးသမီး ၁ဦး ဖြစ်သည်။

အမျိုးသားက ခန္ဓာကိုယ် ထွားကျိုင်းသန်မာပြီး အလွန်ပင်အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။

အမျိုးသမီးကမူ ခန္ဓာကိုယ် ပြေပြစ်ပြီး ချောမောသော ရုပ်ရည်သွင်ပြင် ရှိသည်။

"စီနီယာအစ်ကို လော်ကျွင့်လည်း မဟုတ်ပါလား"

နင်ယန်က သူမ၏ရှေ့ရှိ လူ၂ဦးကိုကြည့်ကာ နှုတ်ကနေ ရေရွတ်မိလိုက်သည်။

"စီနီယာအစ်ကို လော်ကျွင့်တဲ့လား"

ကျန်းချန်က နင်ယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သူ၏ စိတ်ထဲကနေ နားလည်သွားခဲ့သည်။

အင်မော်တယ် သတ္တဝါများကို ရင်ဆိုင်စဥ် နင်ယန်သည် အချိန်ဆွဲ၍ တိုက်ခိုက်နေသည်ဟု သူခံစားခဲ့ရသည်။

ဖြစ်နိုင်သည်မှာ ဤအမျိုးသမီးသည် သူမ၏ စီနီယာအစ်ကို လော်ကျွင့်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ပုံရ၏။

"ဝိုး.. သွေးဝိညာဥ်ပန်း.. မှော်မြက်.. ဗဟိုဧရိယာမှာပေါက်နေတာက ဒဏ္ဍာရီလာ ဝူရှို့နတ်သစ်သီးပါလား"

"အစ်ကို ကျွန်မတို့ ကံကောင်းပြီထင်တယ်.. ကျွန်မတို့ ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုကို ရရှိခဲ့ပြီ"

ဆွဲဆောင်မှုရှိသော အမျိုးသမီးက ဝူရှို့သစ်သီးကို တွေ့လျှင် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"အမှန်ပဲ ဒါက ဒဏ္ဍာရီလာ ဝူရှို့နတ်သစ်သီး အစစ်ပဲ"

ခန္ဓာကိုယ် ထွားကျိုင်းသန်မာသော အမျိုးသားက ဝူရှို့နတ်သစ်သီးကို စူးရှသော အကြည့်ဖြင့် စိုက်ကြည့်ပြီးနောက်တွင် ကျန်းချန်တို့ နှစ်ဦးကို လျစ်လျူရှုကာ ဆေးဥယျာဥ်၏ အလယ်ဗဟို ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

"ဝေါင်း.."

ဤဆေးဥယျာဥ်ရှိ အင်မော်တယ် သတ္တဝါများသည် အပြင်ဘက်မှ သတ္တဝါများထက် အသိတရား ရှိပုံရသည်။

ခန္ဓာကိုယ် ထွားကျိုင်းသန်မာသော အမျိုးသားက ဆေးဥယျာဥ်ထဲသို့ ဝင်ရောက်ရန် ပြင်နေသည်ကို မြင်လျှင် ကျန်းချန်တို့ကို လျစ်လျူရှုကာ ချက်ချင်းပင် ခန္ဓာကိုယ် ထွားကျိုင်းသန်မာသော အမျိုးသားဆီသို့ ပြေးဝင်သွားခဲ့ကြသည်။

"သွားသေလိုက်စမ်း"

ခန္ဓာကိုယ် ထွားကျိုင်းသန်မာသော အမျိုးသားက ကျယ်လောင်စွာကြုံးဝါးလိုက်ပြီး လျှပ်စီးအလင်းများဖြင့် လင်းလက်နေသော ဧရာမ လက်ဖဝါးတစ်ခုကို ထုတ်ဖော်ကာ အင်မော်တယ် သတ္တဝါများထဲမှ ၁ကောင်ကို ဖမ်းဆုပ်လိုက်သည်။

ထိုအင်မော်တယ်သတ္တဝါက ချက်ချင်းဆိုသလိုပင် အရိုးပုံ တစ်ပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ် ထွားကျိုင်းသန်မာသော အမျိုးသား၏ လက်ထဲတွင် ပြန့်ကျဲသွားခဲ့သည်။

"ဒီလူက အတော်လေးသန်မာတာပဲ"

သူမရှေ့မှ မြင်ကွင်းကိုမြင်လျှင် နင်ယန်သည် အံ့အားသင့်သွားခဲ့သည်။

ခန္ဓာကိုယ်ထွားကျိုင်းသန်မာသော အမျိုးသား ယခုလေးတင် သတ်ဖြတ်လိုက်သော အင်မော်တယ် သတ္တဝါသည် ဤနေရာရှိ အင်မော်တယ် သတ္တဝါများထဲတွင် အစွမ်းထက်ဆုံး အင်မော်တယ် သတ္တဝါများထဲမှ တစ်ကောင် ဖြစ်ပြီး အဆင့်မြင့်ပကတိနတ်ဘုရား အထွတ်အထိပ်နှင့်ပင် နှိုင်းယှဥ်နိုင်သည်။

သူမ အနေဖြင့် အစွမ်းကုန်ကြိုးစားလျှင်ပင် ထိုအင်မော်တယ်သတ္တဝါကို သတ်ဖြတ်ရန် အားထုတ်မှုများစွာ လိုအပ်လိမ့်မည်ဖြစ်၏။

သို့သော်လည်း သူမ ရှေ့ရှိ ခန္ဓာကိုယ် ထွားကျိုင်းသန်မာသော အမျိုးသားကမူ ပေါ့ပေါ့ပါးပါးဖြင့်ပင် လုပ်ဆောင်ခဲ့သည်။

ဤသည်ကို ကြည့်လျှင် ထိုအမျိုးသား၏ တိုက်ခိုက်ရေးစွမ်းရည်က အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းမှန်း သိသာနေ၏။

"ကျန်းချန်.. ဒီနှစ်ယောက်က အရမ်းသန်မာလွန်းတယ်.. ငါတို့က သူတို့ပြိုင်ဘက်တွေ မဟုတ်လောက်ဘူး.. ဘာဆက်လုပ်သင့်လဲ"

ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသားက အင်မော်တယ်သတ္တဝါများကို သတ်ဖြတ်လိုက်ပြီးနောက်တွင် ဆေးဥယျာဥ်၏ အလယ်ဗဟိုဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် နင်ယန်၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ဤခန္ဓာကိုယ် ထွားကျိုင်းသန်မာသော အမျိုးသား၏ စွမ်းအားသည် သူမ၏ စီနီယာအစ်ကို‌ လော်ကျွင့်ထက် မနိမ့်လောက်ပေ။

ပြောနေစရာ မလိုလောက်အောင်ပင် ခန္ဓာကိုယ်ထွားကျိုင်းသန်မာသော အမျိုးသား၏ နံဘေးရှိ ဆွဲဆောင်မှုရှိသော အမျိုးသမီးသည်လည်း သူမထက် မနိမ့်ကျပေ။

သူမနှင့် ကျန်းချန်က ထိုနှစ်ယောက်ကို ရင်ဆိုင်ရန် လုံလောက်ခြင်း မရှိသည်မှာ ထင်ရှားနေ၏။

"စောင့်ကြည့်လိုက်ပါဦး"

ကျန်းချန်က အလျင်မလိုခဲ့ပေ။

ဤဆေးဥယျာဥ်ထဲတွင် အန္တရာယ်အချို့ ရှိနေကြောင်း သူခပ်ရေးရေး ခံစားမိခဲ့သည်။

သူ့အထင် ခန္ဓာကိုယ်ထွားကျိုင်းသန်မာသော အမျိုးသားသည် ဝူရှို့နတ်သစ်သီးနှင့် ရတနာများစွာကို ရရှိရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ပေ။

"စီနီယာအစ်ကို သတိထားပါ ဒီဆေးဥယျာဥ်က တစ်ခုခုထူးဆန်းနေတယ်လို့ ကျွန်မထင်တယ်"

ထိုအခိုက်အတန့်တွင် ဆွဲဆောင်မှုရှိသောအမျိုးသမီးသည် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး ခန္ဓာကိုယ် ထွားကျိုင်းသန်မာသော အမျိုသားကို သတိပေးလိုက်သည်။

"စိတ်မပူပါနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒီနေ့ ဝူရှို့နတ်သစ်သီးကို မရရအောင် ယူမယ်.. ငါ့ကို တားဆီးရဲရင် ဘယ်သူမဆို သတ်ဖြတ်ပစ်မယ်"

ခန္ဓာကိုယ် ထွားကျိုင်းသန်မာသော အမျိုးသားက ထီမထင်သော အမူအရာဖြင့် ပြောလိုက်ပြီးနောက်တွင် ဆေးဥယျာဥ်၏ အလယ်ဗဟိုဆီသို့ ပြေးထွက်သွားခဲ့သည်။

ပကတိနတ်ဘုရားများ အတွက် ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်ရန်မှာ အလွန်တရာပင်ခက်ခဲ၏။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူက လွန်ခဲ့သည့် နှစ်၁၀၀၀တွင်း မိုးကြိုး ဥပဒေသ၏ မူလစွမ်းအားကို နားလည် သဘောပေါက်ခဲ့သည့်တိုင် ကောင်းကင်နတ်ဘုရားအဆင့်နှင့် အလှမ်းဝေးနေဆဲပင်။

ဤဝူရှို့နတ်သစ်သီးသည် နတ်ဘုရားနယ်မြေတွင် အလွန်ရှားပါးသော အနှိုင်းမဲ့နတ်သစ်သီး ဖြစ်သည်။

အခြားသော အရည်အသွေးကို ထည့်မတွက်လျှင်ပင် ဝိညာဥ်ကို သန့်စင်စေသော အရည်အသွေး တစ်မျိုးတည်းကပင် ခန္ဓာကိုယ် ထွားကျိုင်းသန်မာသော အမျိုးသားကို အလွန်တရာ ပျော်ရွှင်စေရန် လုံလောက်နေခဲ့ပြီ ဖြစ်၏။

သူက ပါရမီ မမြင့်မား၍ ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို နားလည်ရာတွင် အမြဲတစေ အားနည်းခဲ့သည်။

အကယ်၍ သူသာ ဝူရှို့နတ်သစ်သီးကို ရရှိခဲ့လျှင် ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားအပေါ် နားလည်ခြင်းက လျင်မြန်စွာတိုးတက်လာမည်ဖြစ်ပြီး ကောင်းကင်နတ်ဘုရား အဆင့်ကိုပင် ပို၍ လျင်မြန်စွာ ထိုးဖောက်နိုင်လိမ့်မည် ဖြစ်၏။

"ဝုန်း.."

ခန္ဓာကိုယ် ထွားကျိုင်းသန်မာ‌သောအမျိုးသားက ‌ဆေးဥယျာဥ်၏ အလယ်ဗဟိုဆီသို့ အပြေးအလွှား သွား‌ရောက်နေစဥ်မှာပင် အံ့အားသင့်စရာကောင်းသော အရှိန်အဝါ တစ်ခုသည် ဆေးဥယျာဥ်၏ အောက်ဘက်ကနေ ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ဆိုးယုတ်သော အရှိန်အဝါများနှင့်အတူ ကြောက်မက်ဖွယ် ကုတ်ဆွဲချက်သည် ဆေးဥယျာဥ်၏ အောက်ခြေကနေ တိုက်ရိုက် ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်ထွားကျိုင်းသန်မာသော အမျိုးသားကို တိုက်ခိုက်လိုက်သည်။

အခန်း(၁၅၈၈)ပြီး၏။

အခန်း(၁၅၈၉)

ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသား၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး မိုးကြိုးလျှပ်စီးများ တောက်ပနေသော လက်သီးချက်ကို ထုတ်ဖော်ကာ ကုတ်ဆွဲချက်ကို ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော ကျယ်လောင်သော အသံသည် ဆေးဥယျာဥ်အတွင်း ရုတ်တရက် ပျံ့နှံ့သွားခဲ့ပြီး ၁၀မိုင် အချင်းဝက်အတွင်းရှိ နေရာလွတ်ကိုပင် မငြိမ်မသက် ဖြစ်စေခဲ့သည်။

ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသားက ပေရာနှင့်ချီ အကွာအဝေးသို့ နောက်ဆုတ်လိုက်ရ၏။

သူက ဆေးဥယျာဥ်၏ အလယ်ဗဟိုရှိ နေရာတစ်ခုကို စိုက်ကြည့်လိုက်ရာ အရပ်ရှည်ရှည်နှင့် အသားအ‌ရောင် နက်မှောင်သော လူတစ်ယောက်သည် မြေကြီးထဲကနေ ခုန်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူထံကနေ အင်မော်တယ်သတ္တဝါ၏ အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

ထိုအင်မော်တယ်သတ္တဝါက ကြောက်မက်ဖွယ်ရာ အကြည့်ဖြင့် ခန္ဓာကိုယ် ထွားကျိုင်းသော အမျိုးသားကို ကြည့်ကာ အော်ငေါက်လိုက်၏။

"ဆေးဥယျာဥ်ထဲကို ကျူးကျော်ဝင်ရောက်ရင် သေလမ်းတစ်လမ်းပဲရှိတယ်"

ဤအစွမ်းထက်သော အင်မော်တယ်သတ္တဝါက ဥာဏ်အလင်းရရှိနေခဲ့ပြီး စကားပြောဆိုနိုင်ပုံ ရ၏။

"စီနီယာအစ်ကို သတိထားပါ.. ဒီအင်မော်တယ်သတ္တဝါက အရမ်းသန်မာတယ်.. ကျွန်မ ကူညီဖို့လာခဲ့မယ်"

ရုတ်တရက် ထွက်ပေါ်လာသော အင်မော်တယ်သတ္တဝါကိုမြင်လျှင် ဆွဲဆောင်မှုရှိသော အမျိုးသမီး၏ ချောမောသောမျက်နှာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"မလိုဘူး.. ဒါက အလောင်းကနေ ပျိုးထောင်ထားတဲ့ အင်မော်တယ် သတ္တဝါလေးပါပဲ.. သူ့မှာ စွမ်းအားတချို့ ရှိနေရင်တောင် ဘယ်လိုလုပ်ပြီး ငါ့ကို တားဆီးနိုင်မှာလဲ"

ထို့နောက်တွင် ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသားက မိုးကြိုးနတ်ဘုရားတစ်ပါး ကဲ့သို့ မိုးကြိုးလျှပ်စီးများကို ထုတ်ဖော်ကာ အင်မော်တယ် သတ္တဝါကို တိုက်ခိုက်လိုက်သည်။

မိုးကြိုးဥပေဒသသည် ကောင်းကင်နှင့်မြေကြီးကြားရှိ ဥပဒေသများထဲတွင် အားအကောင်းဆုံး ဥပဒေသများထဲမှ တစ်ခုဖြစ်သည်။

ထို့အပြင် ခန္ဓာကိုယ်ထွားကျိုင်းသောအမျိုးသား၏ မိုးကြိုးဥပဒေသတွင် မူလစွမ်းအားများ ပါဝင်နေခဲ့သည်။

မိုးကြိုးစွမ်းအားသည် အင်မော်တယ် သတ္တဝါများ၏ အကြွင်းမဲ့ရန်သူပင် ဖြစ်၏။

ထိုအင်မော်တယ်သတ္တဝါက မိုးကြိုးစွမ်းအား ထိမှန်ကာ ပေအနည်းငယ်ထိ လွင့်စင်သွားခဲ့ပြီးနောက် ပြင်းထန်စွာ ကြိမ်းဝါးလိုက်သည်။

"ကျန်းချန် ငါတို့ ဘာဆက်လုပ်သင့်လဲ.. ဒီအင်မော်တယ်သတ္တဝါက ခန္ဓာကိုယ်ထွားကျိုင်းတဲ့ အမျိုးသားကို တားဆီးနိုင်ပုံ မပေါ်ဘူး"

သူမ ရှေ့ရှိမြင်ကွင်းကို ကြည့်ရင်း နင်ယန်၏ မျက်လုံးထဲတွင်စိုးရိမ်ပူပန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဤခန္ဓာကိုယ် ထွားကျိုင်းသော အမျိုးသားသည် သူမနှင့် ကျန်းချန်၏ တည်ရှိမှုကို လျစ်လျူရှုပြီး ဝူရှို့နတ်သစ်သီးကို အပိုင်သိမ်းရန် ကြံစည်နေခဲ့သည်။

ထိုအမျိုးသား၏ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

အကယ်၍ ထိုအမျိုးသားသာ ဝူရှို့နတ်သစ်သီးကို ရယူသွားခဲ့လျှင် စီနီယာအစ်ကို လော်ကျွင့် ရောက်ရှိလာခဲ့သည့်တိုင် ထိုအမျိုးသားကို အနိုင်ယူပြီး ဝူရှို့နတ်သစ်သီးကို ပြန်ယူနိုင်မည်မဟုတ်ပေ။

ထို့အပြင် စီနီယာလော်ကျွင့် ရောက်ရှိလာရန်မှာ အချိန်အနည်းငယ် ကြာမြင့်ဦးမည် ဖြစ်၏။

ယင်းအတွက်ကြောင့် သူမက ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသားကို တားဆီးရန်အတွက် နည်းလမ်းတစ်ခုကို ရှာဖွေရမည်ဖြစ်ပြီး စီနီယာအစ်ကိုလော်ကျွင့် ရောက်လာခြင်း မရှိမီ ဝူရှို့နတ်သစ်သီးကို ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသား မရရှိအောင် လုပ်ဆောင်ရပေလိမ့်မည်။

သို့မှသာ စီနီယာအစ်ကို လော်ကျွင့်သာ ရောက်လာလျှင် စီနီယာအစ်ကိုလော်ကျွင့်၏ စွမ်းအားဖြင့် သူတို့သည် ဤနေရာရှိ ရတနာအားလုံးကို မသိမ်းပိုက်နိုင်လျှင်ပင် တစ်စိတ်တစ်ပိုင်းကို ရရှိနိုင်သေးသည် မဟုတ်ပါလား။

"မင်းက သူ့အဖော်ဖြစ်တဲ့ ဟိုအမျိုးသမီးကို ထိန်းထားလိုက်.. ငါက ဒီကောင့်ကို ရင်ဆိုင်ဖို့ အင်မော်တယ် သတ္တဝါကို အကူအညီ ပေးလိုက်မယ်"

ကျန်းချန်က မျက်ဝန်းများက အနည်းငယ် ဖျတ်ခနဲ လက်သွားခဲ့သည်။

ဤခန္ဓာကိုယ် ထွားကျိုင်းသော အမျိုးသားသည် မိုးကြိုးဥပဒေသ၏ မူလစွမ်းအားကို နားလည်သော အဆင့်မြင့်ပကတိနတ်ဘုရားတစ်ပါး ဖြစ်၍ တိုက်ခိုက်ရေးစွမ်းအားသည် အလွန်တရာပင် အစွမ်းထက်၏။

သူတစ်ဦးတည်းဆိုလျှင် ထိုအမျိုးသားကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပေ။

အင်မော်တယ်သတ္တဝါနှင့် လက်တွဲခြင်းသည်သာ ခန္ဓာကိုယ် ထွားကျိုင်းသော အမျိုးသားကို ရင်ဆိုင်ရန် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

"ကောင်းပြီ"

နင်ယန်က ကျန်းချန်ကို ပြန်ဖြေလိုက်ပြီးနောက်တွင် သူမ၏ ဓားရှည်ကို ချက်ချင်းဆိုသလို ဝှေ့ယမ်းကာ ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသား၏အဖော် ဖြစ်သည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးကို တိုက်ခိုက်လိုက်သည်။

ကျန်းချန်ကလည်း တုံ့ဆိုင်းမနေခဲ့ပေ။

သူက ခန္ဓာကိုယ် ထွားကျိုင်းသော အမျိုးသားနှင့် အင်မော်တယ် သတ္တဝါတို့ တိုက်ခိုက်နေသော နေရာသို့ အလျင်အမြန်ပင် ပြေးထွက်သွားခဲ့၏။

သို့ရာတွင် သူက ခန္ဓာကိုယ် ထွားကျိုင်းသောအမျိုးသားကို တိုက်ရိုက်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

သူ၏ အသက်ဥပဒေသ စွမ်းအားဖြင့် ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသားနှင့် တိုက်ခိုက်ရင်း ဒဏ်ရာရရှိခဲ့သည့် အင်မော်တယ်သတ္တဝါ၏ ဒဏ်ရာများကို ကုသပေးခဲ့သည်။

ခန္ဓာကိုယ်သန်မာထွားကျိုင်းသော အမျိုးသား၏စွမ်းရည်သည် အလွန်ပင် အံ့အားသင့်စရာ ကောင်း၏။

ကျန်းချန်က အင်မော်တယ်သတ္တဝါကို အသုံးချကာ ထိုအမျိုးသား၏ စွမ်းအားကို ကုန်ခမ်းစေရန် ရည်ရွယ်ထားခဲ့သည်။

"ငါမင်းကို မတိုက်ခိုက်ခဲ့တာက ငါ့ရဲ့ကရုဏာစိတ်ကို ပြသခဲ့တာပဲ.. ဒါပေမဲ့လည်း မင်းက ငါ့ကို စတင် တိုက်ခိုက်ရဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ကောင်းပြီလေ.. ဒီလောက်အထိ သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသား၏ မျက်နှာက အေးစက်စက် ဖြစ်နေခဲ့သည်။

သူက ချက်ချင်းဆိုသလို လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော မိုးကြိုးမုန်တိုင်း တစ်ခုသည် ကျန်းချန်ဆီသို့ သက်ရောက်သွားခဲ့သည်။

"နတ်ခန္ဓာပုံရိပ်"

ကျန်းချန်၏ ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး ဧရာမ ရွှေရောင်ဓားပုံရိပ် အဖြစ် သူ၏ကျောဘက်တွင် ရုတ်တရက် စုဖွဲ့သွားခဲ့သည်။

ထိုရွှေ‌ရောင်ဓားပုံရိပ်က ကျန်းချန်ဆီသို့ သက်ရောက်လာသော မိုးကြိုးမုန်တိုင်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

"ဝုန်း.."

‌ရွှေရောင်ဓားပုံရိပ်နှင့် မိုးကြိုးမုန်တိုင်းတို့ လေထဲတွင် ထိပ်တိုက် ဆုံတွေ့သွားပြီးနောက်တွင် ဆေးဥယျာဥ် အထက်ရှိ နေရာလွတ် တစ်ခုလုံးကို ချက်ချင်းပင် ဘာမှမရှိသည့် အဖြစ်သို့ ရောက်ရှိသွားစေခဲ့သည်။

"မင်းက ဘယ်ဆိုးလို့လဲ အလယ်အလတ် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်လောက်နဲ့ ငါ့ရဲ့တိုက်ကွက်ကို တားဆီးနိုင်မယ်လို့ ငါမမျှော်လင့်ထားမိဘူး.. ကောင်လေး မင်းမှာ ကောင်းမွန်တဲ့ ပါရမီရှိတယ်.. ဘယ်နယ်မြေက လာသလဲဆိုတာသိပါရစေ.. ပိုင်ယွင်နယ်မြေကလား.. စန်းရှန်နယ်မြေကလား.. ကြယ်သင်္ကေတ နယ်မြေကလား"

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားက ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။

ကျန်းချန်ကို ကြည့်နေသော သူ၏အကြည့်တွင် အံ့သြသောအမူအရာများ ဖြစ်ပေါ်နေ၏။

ဤအချိန်တွင် ကျန်းချန်၏ မျက်ဝန်းများသည် တဖျပ်ဖျပ်လင်းလက်နေခဲ့သည်။

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသား၏ စကားထဲတွင် ပါဝင်သော နယ်မြေအားလုံးသည် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေထဲသို့ ဝင်ရောက်လာသော ပါရမီရှင်များ၏ သက်ဆိုင်ရာ နယ်မြေများ ဖြစ်ပုံရသည်။

သို့သော်လည်း ထိုလူသည် သူနေထိုင်သည့် ရှေးဟောင်းနဂါးကုန်းမြေကို အဘယ်ကြောင့် ထည့်မပြောရပါသနည်း။

ကျန်းချန်က ထီမထင်သော အမူအရာဖြင့် အေးစက်စက်ရေရွတ်လိုက်သည်။

"ငါ့ဘာသာ ဘယ်နေရာကလာလာ အဲဒါက မင်းနဲ့ဘာဆိုင်လို့လဲ"

"ကောင်းပြီလေ မင်းဘာသာ ဘယ်နယ်မြေကပဲ လာတာဖြစ်နေပါစေ.. ဒီနေ့တော့ မင်းမုချ သေစေရမယ်"

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားက ပြင်းထန်စွာကြုံးဝါးလိုက်သည်။

သူ၏ အရှိန်အဝါက ချက်ချင်းဆိုသလိုပင် မြင့်တက်လာခဲ့ပြီး မိုးကြိုးဥပဒေသ စွမ်းအားကို တစ်ဖန် ထုတ်ဖော်လိုက်သည်။

သို့သော်လည်း ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသား၏ မိုးကြိုးဥပဒေသ စွမ်းအားက ကျန်းချန်ဆီသို့ သက်ရောက်တော့မည့် အချိန်မှာပင် အင်မော်တယ်သတ္တဝါသည် ခန္ဓာကိုယ်သန်မာထွားကျိုင်းသော အမျိုးသားကို ဝင်ရောက် တိုက်ခိုက်လိုက်သည်။

အင်မော်တယ်သတ္တဝါထံမှ ထွက်ပေါ်လာသော အနက်ရောင် စွမ်းအားသည် ခန္ဓာကိုယ် သန်မာထွားကျိုင်းသောအမျိုးသား၏ မိုးကြိုးဥပဒေသ စွမ်းအားကို လေထဲတွင် ပြန့်ကျဲသွားစေခဲ့၏။

"မင်းက ငါ့ကို အနှောင့်အယှက် ပေးနေမှတော့ မင်းကို အရင်ဆုံး သတ်ပစ်ရသေးတာပေါ့"

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသား၏ မျက်နှာက အေးစက်စက် ဖြစ်နေခဲ့၏။

သူက အင်မော်တယ်သတ္တဝါကို သတ်ဖြတ်ရန် မိုးကြိုးဥပဒေသ စွမ်းအားကို ထပ်မံ လှုံ့ဆော်လိုက်သည်။

သူ၏အမြင်တွင် သာမန် အဆင့်မြင့် ပကတိနတ်ဘုရားအထွတ်အထိပ်ထက် များစွာ ပို၍ အားကောင်းသော အင်မော်တယ် သတ္တဝါသည် ကျန်းချန်ထက်ပင် ပို၍ အန္တရာယ်ရှိသည်။

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားက အင်မော်တယ်သတ္တဝါနှင့် အကြိတ်အနယ် တိုက်ခိုက်နေစဥ်မှာပင် တခြားတဖက်တွင် နင်ယန်သည် ဆွဲဆောင်မှုရှိသောအမျိုးသမီးနှင့် တိုက်ခိုက်ခဲ့သည်။

သို့သော်လည်း ဆွဲဆောင်မှုရှိသော အမျိုးသမီး၏ တိုက်ခိုက်ရေးစွမ်းရည်သည် နင်ယန်ထက် အဆင့်တစ်ဆင့်ပို၍ မြင့်မားနေသည်မှာ ထင်ရှား၏။

တိုက်ကွက်အနည်းငယ် ရင်ဆိုင်ပြီးနောက်တွင် နင်ယန်သည် လုံးဝ အောက်စည်းသို့ ရောက်ရှိသွားခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်းချန်က အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။

ဆွဲဆောင်မှုရှိသော အမျိုးသမီးသာ နင်ယန်ကို အနိုင်ယူလိုက်ပြီး ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားနှင့် ပူးပေါင်းခဲ့လျှင် သူ့အတွက် အခြေအနေပို၍ ဆိုးရွားသွားလိမ့်မည် မဟုတ်ပါလော။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လင်းလက်သွားခဲ့ပြီးနောက်တွင် ကျန်းချန်သည် နင်ယန်ကို ကူညီရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း ကျန်းချန် ကူညီတော့မည့် ဆဲဆဲမှာပင် အလွန်တရာ အစွမ်းထက်သော အရှိန်အဝါတစ်ခုကို ထပ်မံ ခံစားလိုက်ရ၏။

"တစ်ယောက်ယောက် ထပ်ပြီး ရောက်လာတာလား"

ကျန်းချန်က မော့ကြည့်လိုက်ရာ ပုံရိပ်တစ်ခုသည် လေထဲကနေ ဆေးဥယျာဥ် ဆီသို့ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။

"စီနီယာအစ်ကိုလော် ရောက်လာပြီ"

ရောက်ရှိလာသောလူကို မြင်လျှင် ဆွဲဆောင်မှုရှိသော အမျိုးသမီးကြောင့် အခြေမလှ ဖြစ်နေသော နင်ယန်၏ မျက်ဝန်းထဲတွင် အံ့သြသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

နင်ယန် နှုတ်ကနေ အမှတ်မထင် ပြောထွက်မိခဲ့သော စီနီယာအစ်ကို လော်ကျွင့်သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ချေပြီ။

ဤအချိန်တွင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ်ကျဥ်းမြောင်းသွားခဲ့သည်။

ယခုအခါ အခြေအနေက ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလာခဲ့ပြီ မဟုတ်ပါလား။

အခန်း(၁၅၈၉)ပြီး၏။

အခန်း(၁၅၉၀)

နင်ယန်၏ စီနီယာအစ်ကို ထွက်ပေါ်လာသည်ကို မြင်လျှင် ကျန်းချန်သည် အကူအညီပေးရန် ရည်ရွယ်ချက် မရှိတော့ဘဲ မသိမသာ နေလိုက်သည်။

နင်ယန်၏ စီနီယာအစ်ကိုဖြစ်သူက အလွန်တရာပင် အစွမ်းထက်ပြီး ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကိုပင် နားလည်နေသော ပါရမီရှင် တစ်ယောက် ဖြစ်နိုင်၏။

ဆိုရလျှင် နင်ယန်၏ စီနီယာအစ်ကို ဖြစ်သူသည် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားထက် နိမ့်ကျပုံမရပေ။

အလယ်အလတ် ပကတိနတ်ဘုရားအဆင့်သာ ရှိသော သူ့ကို ထို၂ယောက်ထဲတွင် မည်သူကမှ အရေးလုပ်မည်မဟုတ်ပေ။

ထို့ကြောင့် သူက ဘေးထွက်၍ ထို၂ယောက် တိုက်ခိုက်သည်ကို ကြည့်နေနိုင်သည် မဟုတ်ပါလော။

အကယ်၍ ထို၂ယောက် တိုက်ခိုက်ပြီး ၂ဦးစလုံး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့လျှင် သူ့အနေဖြင့် ဝူရှို့နတ်သစ်သီးကို ရရှိရန် သံသယဖြစ်ဖွယ်ရာ မရှိ ပို၍ လွယ်ကူသွားလိမ့်မည် ဖြစ်သည်။

"ငါ့ညီမတော်ကို တိုက်ခိုက်ရဲတယ်လား.. မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ"

ငွေရောင်ဝတ်စုံဝတ် လူငယ် လော်ကျွင့်က နင်ယန်၏ အန္တရာယ်ရှိသော အခြေအနေကို မြင်လျှင် ဒေါသတကြီးကြုံးဝါးလိုက်သည်။

သူ၏ မျက်ဝန်းများက ရုတ်တရက် အေးစက်သွားခဲ့၏။

ချက်ချင်းဆိုသလိုပင် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ကြောက်မက်ဖွယ် မုန်တိုင်းဓားတစ်စင်းသည် ပေ၁၀၀၀ အကွာအဝေးရှိ နေရာလွတ်ကို ထိုးဖောက်ကာ ဆွဲဆောင်မှုရှိသော အမျိုးသမီး ဆီသို့ သက်ရောက်လာခဲ့သည်။

ဆွဲဆောင်မှုရှိသော အမျိုးသမီး၏ မျက်နှာအမူအရာသည် အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့၏။

သူမက ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းအားများနှင့် ဥပဒေသစွမ်းအားများကို ပေါင်းစပ်ကာ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးအဖြစ် စုစည်းလိုက်ပြီး လော်ကျွင့်၏ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းဓားကို ပိတ်ဆို့လိုက်သည်။

သို့သော်လည်း သူမ၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးသည် မုန်တိုင်းဓားအောက်တွင် လျင်မြန်စွာ ပုံပျက်ပန်းပျက်ဖြစ်လာခဲ့ပြီး အဆုံးသတ်တွင် ပေါက်ကွဲသံနှင့်အတူ ပွင့်ထွက်သွားခဲ့၏။

"ဖူး.."

ဆွဲဆောင်မှုရှိသော အမျိုးသမီးက ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ပေရာချီ အကွာအဝေးအထိ နောက်ပြန်လွင့်စင်သွားခဲ့သည်။

သူမ၏ မျက်နှာက ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့၏။

ရုတ်တရက် ထွက်ပေါ်လာသော ငွေရောင်ဝတ်စုံဝတ် လူငယ်ကိုကြည့်ကာ သူမ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ဤငွေရောင်ဝတ်စုံဝတ် လူငယ်သည် ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားကို နားလည် သဘောပေါက်ထားသော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့၏။

ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားသည် ကိုယ်ခံပညာ ဥပဒေသ၏ စွမ်းအားနေရာတွင် အစားထိုး ဝင်ရောက်လာသောစွမ်းအား ဖြစ်သည်။

ကိုယ်ခံပညာဥပဒေသကို တတိယအဆင့် အကန့်အသတ်အထိ ရောက်ရှိပြီးမှသာ ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားကို နားလည်သဘောပေါက်နိုင်မည် ဖြစ်၏။

တစ်စုံတစ်ယောက်က ကိုယ်ခံပညာ၏ မူလစွမ်းအားကို အပြည့်အဝ နားလည်သဘောပေါက်သည်နှင့် ကမ္ဘာ့စွမ်းအားအဖြစ် ပြောင်းလဲကာ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို နားလည်သဘောပေါက်ခြင်းသည် ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်သို့ ခြေလှမ်းတစ်ဝက် ရောက်ရှိနေပြီဟု ဆိုလို၏။

ထိုကဲ့သို့သော ကျင့်ကြံသူများကို ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား ဟုလည်း ခေါ်ဆိုကြသည်။

ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားမျာသည် အဆင့်မြင့်ပကတိ နတ်ဘုရား နယ်ပယ်အဆင့်တွင် ရှိနေလျှင်ပင် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားသည် သာမန် အဆင့်မြင့် ပကတိနတ်ဘုရားများထက် များစွာသာလွန်သည်။

ထိုအကြောင်းကြောင့်ပင် ဆွဲဆောင်မှုရှိသော အမျိုးသမီးသည် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် စီနီယာအစ်ကိုလော်ကျွင့်ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

"စီနီယာအစ်ကိုလော်.. ဆေးဥယျာဥ်ရဲ့ အလယ်ဗဟိုမှာ ဒဏ္ဍာရီလာ ဝူရှို့နတ်သစ်သီး ရှိနေတယ်.. စီနီယာအစ်ကို အမြန်သွားယူလိုက်ပါ"

ထိုအခိုက်တန့်မှာပင် နင်ယန်သည် လော်ကျွင့်ကို အလျင်အမြန်ပင် သတိပေးလိုက်သည်။

လော်ကျွင့်က အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး ဆေးဥယျာဥ်၏ အလယ်ဗဟို ဆီသို့ ချက်ချင်းဆိုသလိုပင် ကြည့်လိုက်သည်။

"ဒါက နတ်မြေဆီလွှာကနေ ပေါက်ဖွားလာတဲ့ ဝူရှို့နတ်သစ်သီးအစစ်အမှန်ပဲ.. ညီမလေး.. ဒီမှာ ခဏတောင့်ထား.. ငါဝူရှို့နတ်သစ်သီးကို အရင်သွားယူလိုက်မယ်"

လော်ကျွင်း၏ပုံရိပ်က ငွေရောင်ပုံရိပ်တစ်ခု အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ဆေးဥယျာဥ်၏ အလယ်ဗဟိုရှိ နတ်မြေဆီလွှာရှိရာသို့ ပြေးလွှားသွားခဲ့သည်။

"ဝူရှို့သစ်သီးက ငါ့အပိုင်ပဲ ထွက်သွားစမ်း"

ထိုမြင်ကွင်းကိုမြင်လျှင် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားသည် ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး အင်မော်တယ် သတ္တဝါကို လျစ်လျူရှုကာ မိုးကြိုးဥပဒေသ စွမ်းအားဖြင့် လော်ကျွင့်ကို တိုက်ခိုက်လိုက်သည်။

လော်ကျွင့်၏ မျက်နှာက အေးစက်သွားခဲ့ပြီး ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခုကို ထုတ်ဖော်ကာ ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားနှင့် ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံသည် ကမ္ဘာတစ်ဝန်းတွင် ပဲ့တင်ထပ်နေခဲ့၏။

လေထုထဲရှိ ပုံရိပ်နှစ်ခုသည် ပေရာချီ အကွာအဝေးသို့ နောက်ပြန်ဆုတ်လိုက်ရသည်။

"ဝုန်း..ဝုန်း..ဝုန်း.."

ထို့နောက်တွင် နှစ်ဦးသားသည် ထပ်မံ၍ အကြိတ်အနယ် ရင်ဆိုင်ခဲ့ကြပြန်၏။

သူတို့ နှစ်ဦး၏ တိုက်ခိုက်မှုသည် ကောင်းကင်ယံကိုပင် တုန်ခါစေခဲ့သည်။

မိုင်၁၀၀ အချင်းဝက်ရှိ နေရာလွတ်သည်ပင် ကမ္ဘာ့ အဆုံးသတ်နေ့ကို ရောက်ရှိသွားသကဲ့သို့ ပြိုကျသွားခဲ့သည်။

အဆုံးသတ်တွင် နှစ်ဦးစလုံးသည် ပကတိနတ်ဘုရားကမ္ဘာငယ်လေးကို ကိုယ်စီ ထုတ်ဖော်ကာ ရင်ဆိုင်ခဲ့ကြ၏။

ချက်ချင်းဆိုသလိုပင် အဆင့်မြင့် ပကတိနတ်ဘုရားနှစ်ပါးကိုဗဟိုပြု၍ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း မုန်တိုင်း စွမ်းအင်တစ်ခုသည် ကောင်းကင်ယံတွင် ပျံ့နှံ့သွားခဲ့သည်။

ထို့အပြင် ပုံရိပ်နှစ်ခုသည်လည်း ဖျက်ဆီးခြင်းမုန်တိုင်းစွမ်းအင်၏ သက်ရောက်မှုကြောင့် ပေအနည်းငယ် အကွာသို့ နောက်ဆုတ်လိုက်ရ၏။

"ဒီကမိတ်ဆွေ.. မင်းနဲ့ငါသာ ဒီလိုမျိုး ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နှစ်ယောက်စလုံးပဲ နာကျင်ရလိမ့်မယ်.. ဒါက ဘယ်သူ့ကိုမှ အကျိုးရှိစေမှာ မဟုတ်ဘူး.. ငါတို့တွေ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့"

လော်ကျွင့်က သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ကာ ဆန့်ကျင်ဘက်ရှိ ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားကို ကြည့်၍ ပြောလိုက်သည်။

ဤခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားသည် အလွန်တရာ အားကောင်း၍ ထိုအမျိုးသားကို အနိုင်ယူလိုလျှင် သူ့အနေဖြင့် ကြီးမားသော အဖိုးအခတစ်ခုကို သေချာပေါက် ပေးဆပ်ရပေလိမ့်မည်။

ယခုလို အန္တရာယ်များဖြင့် ပြည့်နှက်နေသော ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေလို နေရာတွင် လော်ကျွင့်သည် မလိုအပ်ဘဲ အခြားသူများနှင့် သူသေကိုယ်သေ ရင်ဆိုင်လိုခြင်းမရှိပေ။

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားက သူ၏ လည်ချောင်းထဲမှ ချိုမြမြ သွေးများကို မျိုချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

သူက လေဥပဒေသ၏ မူလစွမ်းအားကို နားလည်ရာတွင် မမြင့်မားဘဲ ၁၀ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းသာ ရှိခဲ့သည်။

သို့သော်လည်း သူ၏ရှေ့မှ ငွေရောင်ဝတ်စုံဝတ် လူငယ်ကမူ လေဥပဒေသ၏ မူလစွမ်းအားအပေါ် နားလည်မှုတွင် အနည်းဆုံး ၃၀ရာခိုင်နှုန်းခန့် ရှိနေခဲ့၏။

သို့ဖြစ်၍ ထိုလူ၏ စွမ်းအားသည် သူ့ထက်အနည်းငယ် ပို၍ အားကောင်းနေခဲ့သည်။

ယခုလေးတင် ရင်ဆိုင်ခဲ့သော တိုက်ပွဲတွင်လည်း သူ့အနေဖြင့် ပြင်းထန်သော ဒဏ်ရာများကို ခံစားခဲ့ရပြီးပြီ ဖြစ်၏။

ထို့ကြောင့် ဆက်လက် တိုက်ခိုက်လိုလျှင် သူ့အတွက် မည်သည့်အားသာချက်မှ ရရှိလိမ့်မည် မဟုတ်ပေ။

ဆိုရလျှင် ‌‌‌ငွေရောင်ဝတ်စုံဝတ် လူငယ်ကြောင့် ဤနေရာရှိ ရတနာများကို တစ်ဦးတည်း အပိုင်သိမ်းရန်မှာ မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် ငွေရောင်ဝတ်စုံဝတ် လူငယ်နှင့်အတူ ရတနာများကို ခွဲဝေယူသည်က ပို၍ ကောင်းမွန်သော ဆုံးဖြတ်ချက်ပင် ဖြစ်၏။

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားက ဆက်လက် အချိန်ဆွဲလိုခြင်း မရှိတော့ပေ။

အကယ်၍သာ မူလစွမ်းအားကို နားလည်သော အခြားပါရမီရှင် တစ်ယောက်က ဤနေရာသို့ ရောက်ရှိလာခဲ့လျှင် ပို၍ပင် အနှောင့်အယှက် ဖြစ်လာလိမ့်မည် မဟုတ်ပါလော။

လော်ကျွင့်က အပိုစကားများကို မပြောတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။

"ဝူရှို့သစ်သီးက ၂လုံးရှိတယ် ဆိုတော့ မင်းနဲ့ငါက ၁ယောက်၁လုံးစီ ယူကြမယ်.. ကျန်တဲ့ အရင်းအမြစ်ကိုလည်း တစ်ယောက်တစ်ဝက်ပဲ ယူကြမယ် မင်းဘယ်လိုသဘောရလဲ"

ထိုကမ်းလှမ်းချက်ကို ကြားလျှင် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားသည် ကျန်းချန်ဆီသို့ တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။

"အဲဒီကောင်လေးက မင်းရဲ့လူ မဟုတ်ဘူးလား"

"ငါ သူ့ကို မသိဘူး"

လော်ကျွင့်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် သူက အလယ်အလတ် ပကတိနတ်ဘုရားအဆင့်ပဲ ဆိုတော့ ပုရွက်ဆိတ်တစ်ကောင်ထက် ဘာမှမပိုပါဘူး.. သူက ငါတို့နဲ့ အရင်းအမြစ်တွေကို ခွဲဝေဖို့ ဘယ်လိုလုပ်အရည်အချင်း ပြည့်မီနိုင်မှာလဲ"

"ကောင်းပြီလေ မင်းရဲ့ကမ်းလှမ်းချက်ကို ငါသဘောတူတယ်"

ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားက စကားဆုံးသည်နှင့် အင်မော်တယ်သတ္တဝါကို စူးစိုက်ကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ဒါဆို အင်မော်တယ်သတ္တဝါကို သတ်ဖို့ အတူတူလုပ်ကြရအောင်"

"ကောင်းပြီ"

‌‌လော်ကျွင့်က လှုပ်ရှားလိုက်ပြီး သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ကာ မုန်တိုင်းလက်ဝါး ရိုက်ချက်ဖြင့် အင်မော်တယ်သတ္တဝါကို တိုက်ခိုက်လိုက်သည်။

ထိုအချင်းအရာကိုမြင်လျှင် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားသည်လည်း မိုးကြိုးဥပဒေသ၏ မူလစွမ်းအားဖြင့် အင်မော်တယ် သတ္တဝါကို တိုက်ခိုက်လိုက်၏။

သို့သော် ထိုအချိန်မှာပင် ပုံရိပ်တစ်ခုသည် နေရာလွတ်ကို ထိုးဖောက်ကာ သူ၏ ဦးခေါင်းအထက်တွင် ပေါ်လာခဲ့ပြီး သူ့ကိုတိုက်ခိုက်လိုက်သည်။

ယင်းအတွက်ကြောင့် ခန္ဓာကိုယ် သန်မာထွားကျိုင်းသောအမျိုးသား၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏ နတ်ခန္ဓာပုံရိပ်ကို စုစည်းလိုက်သည်။

တစ်ခဏအတွင်းမှာပင် ရွှေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး မိုးကြိုးနတ်ဘုရားကဲ့သို့ မိုးကြိုးတူကို ကိုင်ဆောင်ထားသော ပုံရိပ်တစ်ခုသည် သူ၏ ကျောဘက်တွင် ပေါ်ထွက်လာခဲ့သည်။

ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ပုံရိပ်သည် လက်ထဲတွင် ကိုင်စွဲထားသော မိုးကြိုးတူကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ရာနှင့်ချီသည့် မိုးကြိုးလျှပ်စီးများသည် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသား၏ ဦးခေါင်း အထက်တွင် ရှိသည့် ပုံရိပ်ဆီသို့ ရိုက်ခတ်သွားခဲ့သည်။

"ဝုန်း.."

စွမ်းအင်ချင်း ထိပ်တိုက် တွေ့ရာမှ ပေါက်ကွဲသံသည် ကမ္ဘာတစ်ခွင် ပဲ့တင်ထပ်သွားခဲ့၏။

ထိုအခိုက်အတန့်တွင် ခန္ဓာကိုယ် သန်မာထွားကျိုင်းသော အမျိုးသားသည် ပေရာနှင့်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

သူက ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်ကာ ကြုံးဝါးလိုက်၏။

"ကောင်‌လေး မင်းလို ပုရွက်ဆိတ်ကများ ငါ့ကို တိုက်ခိုက်ရဲတယ်လား"

အခန်း(

All Chapters