အပိုင်း ၁၈
Vol. 2 Ch. 18
ငွေပုန်းငါးက ၅ကောင်ရှိသည်။ သူတို့နှစ်ယောက်သည် အဲ့ဒီငါးတွေကို အကုန်စားလိုက်သည့်အပြင် နောက်ထပ်လည်း ခြောက်ကောင်ဖမ်းပြီး ထပ်စားလိုက်သေးသည်။
“အာ ဗိုက်တင်းလိုက်တာ” မော့ချူးသည် ကြမ်းပြင်ပေါ်လှဲချလိုက်ပြီး သူမရဲ့ ခြေတွေလက်တွေကို ဆန့်ကားလိုက်သည်။ နွေးထွေးတဲ့ နေရောင်ဖျော့ဖျော့လေးကို သူမမျက်နှာကို လာရိုက်ပြီး သူမအိပ်ချင်လာသည်။
“ငါရောပဲ” မော့ယန်သည်လည်း တော်တော်လေးစားလိုက်သည်။ မော့ချူးရဲ့ ကြောင်လေးကဲ့သို့ အိပ်ချင်နေသည့်ပုံကို မြင်ပြီး မော့ယန်၏ နှလုံးသား ပျော့ပျောင်းသွားသည်။ “ငါတို့ ဆက်မသွားခင် ခဏနားရအောင်လေ”
နေထွက်ကတည်းကနေ အခုချိန်ထိ မော့ချူးသည် “ပင်ပန်းလိုက်တာ” ဆိုသည့်စကားကို မပြောရသေးချေ။ သို့သော် သူမ၏မျက်နှာကို ကြည့်ပြီး သူ့အစ်ကိုက တန်းသိနိုင်သည်။
“ချူးလေးရေ” ပြန်ထူးသံမကြားရပေ။ မော့ယန်က သူ့၏ခေါင်းကို နည်းနည်းလေး ထောင်လိုက်ပြီး ကြည့်လိုက်သည်။ သူသိလိုက်ရတာကတော့ မော့ချူးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေပြီ။ သူမရဲ့ သွေးသွယ်တဲ့ မျက်တောင်လေးတွေက မျက်လုံးနှင့် မျက်နှာပေါ်ကို အရိပ်ထင်ဟပ်နေသည်။ နေရောင်အောက်တွင် သူမရဲ့ ဖြူဖွေးနေသည့် မျက်နှာသေးသေးလေးက ကျောက်စိမ်းကဲ့သို့ပင် ချောမွတ်နေသည်။
မော့ယန်က တစ်ခစ်ခစ်နဲ့ ရယ်လိုက်ပြီး သူ့ရဲ့ မျက်လုံးလေးများကို အသာအယာမှိတ်လိုက်သည်။ သူခံစားရမှာတော့ နေရောင်ခြည်ရဲ့ နွေးထွေးမှုလေးပင်ဖြစ်သည်။
နေရောင်ဖျော့ဖျော့လေးသည် သူတို့ဆီကို သစ်ရွက်သစ်ကိုင်းများကို ဖြတ်ပြီး လာဖျန်းပက်နေသည်။ သူတို့ရဲ့ အသက်ရှုသံတိုးတိုးလေးဟာ တောအုပ်တစ်ခုလုံးပျံ့နှံ့သွားသည်။
ရုတ်တရက် မော့ယန်ရဲ့ မျက်ခုံးများ တွန့်သွားသည်။
သူက ခဏတာအနားယူနေသော်ငြားလည်း သတိရှိနေသေးသည်။ ပတ်ဝန်းကျင်မှ မူမမှန်တဲ့ စွမ်းအားအတက်အကျကို သတိထားမိသွားသောအခါ သူလှဲနေရာမှ ချက်ချင်းထလိုက်သည်။ သို့သော်လည်း သူကြည့်ဖို့ အခွင့်သာတဲ့အချိန် သူစိုက်ကြည့်နေလိုက်သည်။
မော့ချူးကတော့ ဘေးမှာအိပ်နေသည်။ ဒါပေမဲ့ သူမ ခန္ဓာကိုယ်က စွမ်းအင်တွေက မြင့်တက်လာသည့်ပုံပင်။ စွမ်းအင်တွေက အဆင့်(၁)ရဲ့ ၈ဆင့်ကနေ အဆင့်(၂)ရဲ့ ၅အဆင့်ကို မရောက်ခင်အထိ တက်လိုက်ကျလိုက်ဖြစ်နေသည်။
ဘုရားရေ ဘာတွေဖြစ်နေတာလဲ
မော့ယန်၏ မျက်နှာမှာ ရှော့ရသွားသည်။ ဆေးပြားတွေစားလိုက်ပြီး စွမ်းအင်တွေ ထိုးတက်လာတာကလွဲလို့ ဒီလိုမျိုး ရုတ်တရက် ထိုးတက်လာသည့် အခြေအနေမျိုး မရှိဘူးသေးချေ။
မော့ယန် မစဥ်းစားနိုင်သေးခင် အချိန်မှာပဲ သူ့ခန္ဓာကိုယ်တွင်းက စွမ်းအင်တွေဟာလည်း တက်လိုက်ကျလိုက်ဖြစ်နေသည်ကို အံ့သြစွာတွေ့လိုက်ရသည်။ တည်ငြိမ်နေသည့် အရှိန်အဝါများက တဖြည်းဖြည်း မြင့်တက်လာပြီး စွမ်းအင်တွေစုပုံလာသည်။ သူက အဆင့်(၅)ရဲ့ ခြောက်ဆင့်ကနေ ကိုးဆင့်အထိ မြင့်တက်သွားသည်။
ကျင့်ကြံမှုရဲ့ အဆင့်ကမြင့်လာလေလေ အဆင့်တက်ဖို့ခက်ခဲလာလေလေဖြစ်သည်။ သုံးဆင့်သာတက်သွားသည်ဆိုသော်လည်း ဒီအဆင့်တွေကို ကျော်ဖြတ်ဖို့ သုံးနှစ်လောက်အချိန်ပေးပြီး ကျင့်ကြံရသည်။ ယခုတွင် သူသည် ထိုလောက်လွယ်လွယ်နှင့် အဆင့်တက်သွားသည်လား။
သူက ထီလက်မှတ်လည်း မဝယ်ထားဘဲ အကြောင်းမဲ့ ပထမဆုရှင် ဖြစ်သွားသည့်အတိုင်းပင်။
မော့ချူးနိုးလာသည့်အချိန်တွင် သူ့အကိုရဲ့ နားမလည်နေနိုင်သည့်ပုံစံကို တွေ့လိုက်ရသည်။ ချောမောတာရော မတူတာရော နှစ်ခုပေါင်းစပ်ထားသည့်ပုံ။ အရမ်းစွဲဆောင်မှုရှိလှသည်။ မော့ချူးကသာ ဒီအချိန်မှာ လက်ထဲကင်မရာတစ်ခုရှိမည်ဆိုလျှင် ဒီပုံကို အမှတ်တရရိုက်ယူထားမည်မှာ သေချာပေါက်ပင်။
“အစ်ကို အဆင့်တက်သွားတာလား” မော့ချူးက မြင့်တက်လာသည့်စွမ်းအင်များကို အာရုံခံစားမိပြီး မေးလိုက်သည်။ နောက်သိပ်မကြာ မော့ယန်ရဲ့ အရှိန်အဝါတွေက အရင်ကထက်ပိုပြီးပြင်းထန်လာတာကို သူမသတိထားမိလိုက်သည်။
သူမက သူမခန္ဓာကိုယ်ထဲက စွမ်းအင်တွေကိုလည်း တွက်ချက်ကြည့်လိုက်သေးသည်။ အဲဒီနောက်တော့ သူမ သတိထားမိလိုက်သည်မှာ သူမရဲ့စွမ်းအင်တွေကလည်း တော်တော်လေး မြင့်တက်လာခြင်းဖြစ်သည်။ “ညီမလေးရဲ့ ဒြပ်စွမ်းအင်တွေလည်း မြင့်တက်လာတာပဲ”
အဲ့ဒီအချိန်မှာပဲ မော့ယန်က ပုံမှန်အတိုင်း စိတ်ငြိမ်သွားသည်။ “ဟုတ်တယ် ချူးလေး မင်း ရေအလုံး ထုတ်ဖို့စမ်းမကြည့်ချင်ဘူးလား”
ဒြပ်စွမ်းအင်တွေက အဆင့်(၂)ကို ရောက်သွားသည်နှင့် သူတို့ကမြင်သာတဲ့ ဒြပ်တွေကို ထုတ်လုပ်နိုင်ပြီဖြစ်သည်။
“ရေအလုံး ဟုတ်လား”
“ဟုတ်တယ်လေ” မော့ယန်က ခေါင်းညိတ်လိုက်သည်။ သူ့ရဲ့ညာဘက်လက်ကို ဆန့်တန်းလိုက်ပြီး မော့ချူးလုပ်ရမည့်ပုံစံကို တစ်ဆင့်ချင်း လုပ်ပြသည်။
“အရင်ဆုံး မင်းလုပ်ရမှာက ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ ဒြပ်စွမ်းအင်ကို ရှာဖွေပြီး သူနဲ့ဆက်သွယ်ရမှာ။ အဲ့ဒါပြီးရင်တော့ မင်းရဲ့ စိတ်စွမ်းအားကို အသုံပြုပြီး သူ့ကိုထိန်းချုပ်ပြီးရင် ထုတ်လွှတ်လိုက်လို့ရပြီ”
သူက ရှင်းပြပြီးသွားသည်နှင့် မော့ယန်၏ လက်မှ မိုးကြိုးအလုံးထွက်လာသည်။ အဲ့ဒါက လင်းလက်တောက်ပသွားသည်။
မော့ချူးသည် သူမမျက်လုံးများကို ပိတ်လိုက်ရသည်။
“မင်းလုပ်ကြည့်”
“ဟုတ်ပြီ” မော့ချူးက မျက်လုံးများပိတ်လိုက်ပြီး သူမခန္ဓာကိုယ်အတွင်းမှ ဒြပ်စွမ်းအားများကို ခံစားမိစေရန် အာရုံစိုက်လိုက်သည်။
“ဒါပဲလေ” မော့ယန်က ဘေးမှာရပ်နေပြီး ခေတ္တနည်းပြလုပ်ပေးနေသည်။ “လုပ်ဆောင်ရတာက နည်းနည်းခက်ခဲလိမ့်မယ်။ လူတော်တော်များက သူတို့အဓိကအချက်ကို နားမလည်ခင်မှာ သဘောပေါက်ဖို့ လိုသေးတယ်။ အဲ့ဒါကြောင့် အခုချိန်မှာ အဲ့လောက်ကြီးထိ စိတ်ပူစရာမလိုဘူး။ အေးဆေးပေါ့”
မော့ယန် စကားမဆုံးသေးခင်မှာပဲ ရေအလုံးသေးသေးလေးက မော့ချူးရဲ့လက်ထဲကနေ ထွက်လာခဲ့သည်။ အဲ့ဒါလေးက ထင်သာမြင်သာရှိလှသည်။
“ဝိုး” မော့ချူးက သူမလက်ထဲက ရေအလုံးလေးကို ကြည့်လိုက်သည်။ သူမမျက်လုံးများတွင် အံ့သြမှုများပြည့်နေသည်။ “အစ်ကို ညီမလေးလုပ်တာ မှန်ရဲ့လား”
“အမှန်ပဲ” မော့ယန်က ပြုံးလိုက်သည်။ အရင်တုန်းကလည်း မော့ယန်က သူ့ရဲ့ ပထမအကြိမ်မှာတင် မိုးကြိုးအလုံးကို ထုတ်လွှတ်နိုင်ခဲ့သည်။ သူတို့နှစ်ယောက်ကတော့ မောင်နှမ ပီသလှပါပေသည်။
မော့ချူးက သူမလက်ထဲက ရေအလုံးကို ဂရုတစိုက်ထိန်းချုပ်နေပြီး ရင်ထဲတွင်တော့ စိတ်လှုပ်ရှားမှု အပြည့်ဖြစ်နေသည်။
ဒါက တစ်ကယ်ကို မှော်ဆန်လိုက်တာ။
သူမက မော့ယန်လက်ထဲက မိုးကြိုးအလုံးကို မြင်ပြီးသော်ငြားလည်း သူမကိုယ်တိုင်လုပ်ပြီးမှရသည်နှင့် ခံစားချက်ချင်းကွာခြားလှသည်။ အဲ့ဒါလေးက ရေအလုံး သေးသေးလေးဆိုသော်ငြားလည်း သူမ၏စိတ်ဝိဉာည်နှင့် ဆက်စပ်နေသည်။ သူမက ဒီလိုဆန်းကျယ်မှုမျိုးကို စကားလုံးနှင့်ပင် မဖော်ပြနိုင်ချေ။
အကယ်၍ သူမသာ ၂၁ရာစုမှာဆိုလျှင် ဂါလာနွေဦးပွဲတော်တွင် မျက်လှည့်ပြရန် အပမ်းမကြီးတော့ပေ။
မော့ချူး၏ အတွေးများ ပျံ့နှံ့နေသည်။ သူမက ခေါင်းအနည်စောင်းပြီး ကြည့်လိုက်သောအခါ မော့ယန်မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရသည်။ သူက တစ်ခုခုအကြောင်းလေးလေးနက်နက် စဥ်းစားနေသည့်ပုံပင်။ “အစ်ကို ဘာဖြစ်လို့လဲ”
မော့ယန်က ခဏတိတ်နေလိုက်သေးသည်။ သူ့ရဲ့အသံကတော့ သံသယဖြစ်နေသည့်ပုံပင်။ “အစ်ကိုတို့ အဆင့်တက်လာတာက ပုံမှန်တိုင်းဆိုရင် ကောင်းတဲ့ကိစ္စတစ်ခုပဲလေ။ ဒါပေမဲ့ ဘာလို့ဒီလို ရုတ်တရက်ကြီး အဆင့်တက်လာရတာလဲ”
မော့ယန်က သူတို့ အုံ့ဆိုင်းသောတောအုပ်ထဲ ဝင်လာကတည်းက အကြောင်းအရာတွေကို ပြန်သုံးသပ်နေသည်။ သို့သော် မူမမှန်တာတစ်ခုမျှမတွေ့ချေ။ နည်းလမ်းကျကျပြောရရင် စွမ်းအင်တွေ ရုတ်တရက်တိုးလာစရာ အကြောင်းအရင်းမရှိချေ။
“ဟုတ်တာပေါ့ ညီမတို့အခုလေးတင် စားလိုက်တဲ့ ငါးကင်ကြောင့်လေ”
ငါးကင်လား
မော့ချူးက အဲ့လိုပြောလိုက်ပြီးနောက် မော့ယန်က လျစ်လျူရှုထားလိုက်တဲ့ ငါးကင်ကို ပြန်သတိရလာသည်။ သို့သော်လည်း ငါးကင်က ဒီတိုင်းအရသာကောင်းရုံသက်သက်ပဲ မဟုတ်လား။ ဘယ်လိုမျိုးများ စွမ်းအင်တွေနဲ့ ချိတ်ဆက်နေရတာလဲ။
မော့ယန်ကတော့ အဖြေရှာမရဖြစ်နေစဲပင်။
“အစ်ကို ညီမလေး ကျင့်ကြံမှုစတဲ့ ပထမဆုံးရက်က စွမ်းအားတွေအများကြီးမြင့်တာလာတာကို မှတ်မိသေးလား” သူ့အစ်ကိုရဲ့ စိတ်ရှုပ်နေမှုကို မြင်ပြီး မော့ချူးက ရှင်းပြလိုက်သည်။ “အဲ့ဒါကဘာလို့လဲဆိုတော့ အဲ့ဒီပြင်သစ်အကြော်တွေက ကျင့်ကြံမှုကို မြန်မြန်မြင့်တင်လိုက်လို့ပဲ”
“ဒါပေမဲ့လည်း အဲ့ဒါကို အစ်ကိုလည်း စားတယ်လေ။ ဘာလို့ အစ်ကိုကျ ဘာမှမဖြစ်တာလဲ” မော့ယန်က သူမပြောနေတာ ဟုတ်တော့မဟုတ်သေးဘူးဆိုတာကို ပြန်ထောက်လိုက်သည်။
အဲ့ဒါက သူ မပြောင်းလဲတာမဟုတ်ပါဘူး။ ပြောင်းလဲတာက ဒီတစ်ခေါက်အတိုင်း မသိသာတာပါ။ ဘာလို့လဲဆိုတော့ သူက မော့ချူးလုပ်တဲ့ စားစရာကို နည်းနည်းလေးပဲ စားရသေးလို့ပါ။ အဲ့ဒါကြောင့် သူ့ရဲ့ကျင့်ကြံမှုတိုးတက်နှုန်းက နည်းနည်းလေးပဲ မြင့်တက်လာတဲ့ပုံပါ။ နောက်ပြီး ဒီအတောအတွင်းကို သူသတိမထားမိလိုက်တဲ့ အရာတွေအများကြီး ဖြစ်ပျက်သွားခဲ့တာပင်။
မော့ယန်က အတွေးတွေထဲ နစ်မြောနေသည့်အချိန် မော့ချူးကလည်း အရာမဝင်တော့ မဟုတ်ခဲ့ချေ။
မှန်ပါတယ်။ အရင်က သူမပြင်ပေးတဲ့စားစရာတွေကို စားပေမဲ့လည်း မော့ယန်က အများကြီး မပြောင်းလဲခဲ့ချေ။ သို့သော်လည်း ဒီနေ့ ဒီငါးကင်ကို စားပြီးမှ ဘာလို့ရုတ်တရက် စွမ်းအင်တွေတိုးသွားကြတာလဲ။
ဖြစ်နိုင်တာက...
မော့ချူးတွေးတောလိုက်သည်မှာ- အကြောင်းအရင်းကတော့ သူတို့အတူရောလိုက်တဲ့ အရောင်ကြောင့်များလား။
လွန်ခဲ့တဲ့ရက်အနည်းငယ်က မော့ချူးက ပါဝင်ပစ္စည်းအနည်းငယ်ကို ရောလိုက်သည်။ နောက်ပြီး ပါဝင်ပစ္စည်းတိုင်းရဲ့ အရောင်ကွဲပြားနေသည်ကို တွေ့လိုက်ရသည်။
မတူညီတဲ့ ပါဝင်ပစ္စည်းတွေကို ရောယှက်လိုက်တာက စွမ်းအင်တွေ ပေါင်းစပ်လိုက်တဲ့ အကြောင်းအရင်းမဖြစ်နိုင်ဘူးလား။ အဲ့ဒီပေါင်းစပ်လိုက်တဲ့ စွမ်းအင်တွေကနေ ဒြပ်စွမ်းအင်ကို ပြောင်းလဲသွားတာများ မဖြစ်နိုင်ဘူးလား။
“အစ်ကို ညီမလေးသီအိုရီတစ်ချို့ရပြီ” မော့ချူးက ခေါင်းကိုထောင်လိုက်ကာ “အသေးစိတ် အတွက်ကတော့ ညီမလေးစမ်းသပ်ဖို့ အချိန်နည်းနည်း လိုသေးတယ်”
“ဟုတ်ပြီ” မော့ယန်ခေါင်းညိတ်လိုက်သည်။ သူ့ရဲ့မျက်လုံးများမှ ယုံကြည်မှုများကို မြင်နေရသည်။
“အစ်ကို ညီမလေးကို အားပေးမယ်လေ”
သူက ချူးလေးခန္ဓာကိုယ်နဲ့ပတ်သက်ပြီး မူမမှန်တာ သတိထားမိလို့မဟုတ်ချေ။ သို့သော် ချူးလေးတစ်ခုခုဖြစ်နေမလားဟူ၍ပင် ဖြစ်သည်။ သူမက သူ့ရဲ့ တစ်ယောက်တည်းသော သွေးသားအရင်းညီမဖြစ်သည်။ ဘာတွေပဲဖြစ်နေဖြစ်နေ အမြဲတမ်း သူ့ညီမဘက်က ရပ်တည်နေမှာပင်။