← Chapters

အပိုင်း ၁၉

Vol. 2 Ch. 19

အပိုင်း ၁၉

Vol. 2 Ch. 19

ခဏနားပြီးသည့်နောက်တွင် မော့ချူးသည် ချောင်းထဲမှ ရေမှော်တစ်ဝက်ကျော်လောက်ကို ယူလိုက်ပြီး မကျေမနပ်မချင်း သူမရဲ့ ခလုတ်ခုံထဲကို ထည့်နေလိုက်သည်။

အုံ့ဆိုင်းသောတောအုပ်၏ အတွင်းပိုင်းသည် အလွန်အန္တရာယ်ရှိသော်လည်း ရှိနေသည့်စားစရာများမှာ အလွန်ကြွယ်ဝလှသည်။ နှစ်နာရီ သုံးနာရီလောက် လမ်းလျှောက်ပြီးသည့်နောက်တွင် မော့ချူးက နောက်ထပ် ပါဝင်ပစ္စည်းအနည်းငယ်ကိုပင် စုဆောင်းရရှိသွားသည်။

ရုတ်တရက် မနီးမဝေးတွင် အမျိုးသမီးတစ်ယောက်၏ ကျယ်လောင်စွာ အော်ဟစ်နေသံကို ကြားလိုက်ရသည်။ “အား သွားစမ်း၊ အခုချက်ချင်း သွားစမ်း။ အဖေ ကယ်ပါဦး”

မော့ယန်ရဲ့ မျက်ခုံးများ အနည်းငယ်တွန့်သွားသည်။

အုံ့ဆိုင်းနေသောတောအုပ်သည် အန္တရာယ်များနှင့် ပြည့်နေသည်။ လတ်ဆတ်တဲ့ သွေးနံ့အပြင် လူတစ်ယောက်ရဲ့ ဟစ်အော်သံကလည်း မှော်သားရဲများကို ဆွဲဆောင်သည်။ ဘယ်လိုသောက်ရူးကများ ကိုယ့်သေတွင်းကိုယ်တူနေပါလိမ့်။

“သွားစမ်း။ အခုချက်ချင်းသွားစမ်း။ ကယ်ကြပါဦး” သူမက မကောင်းဆိုးဝါး မြင်လိုက်ရသည့်အတိုင်း အမျိုးသမီး၏ အသံသည် ပို၍ကျယ်လာပြီး စူးဝါးလာသည်။ ဒါကိုကြားပြီး မော့ချူးကြက်သီးများထလာသည်။

“ဟူချင်း တိတ်တိတ်နေ” ခပ်တိုးတိုးအသံတစ်ခုက မိန်းကလေးအော်သံကို ရပ်တန့်လိုက်သည်။ မော့ချူးလည်း သိချင်စိတ်ပြင်းပြသွားသည်။

ဟူချင်းလား။

အဲ့ဒါက သူမ သိတဲ့ အဲ့ဒီဟူချင်းများဖြစ်နေမလား။

မော့ယန်လည်း အဲ့လိုထင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူက ဟူချင်းအပေါ်အမြင်မကြည်ချေ။ တကယ်တော့ သူမရဲ့ ချူးလေးအပေါ်ထားတဲ့ မကောင်းတဲ့စိတ်ထားကြောင့် မော့ယန်က ရွံတောင်ရွံသေးသည်။

သို့သော်လည်း ဝံပုလွေရိုင်းအဖွဲ့ရဲ့ အခြားအဖွဲ့ဝင်တွေအပေါ်တော့ သံယောဇဉ်လေးရှိသေးပြီး သူတို့သေသွားမည်ကို ဒီတိုင်းကြည့်မနေနိုင်ပါ။

“ခေါင်းဆောင် ကျွန်တော်တို့ အခုဘာဆက်လုပ်ကြမလဲ” ဝေ့ယွမ်၏ မျက်နှာမှာချွေးများဖြင့် ပေနေသည်။ သို့သော်သူ့တွင် သုတ်နေချိန်မရှိပေ။ သူ့ရဲ့လက်တွေနဲ့ အဆက်မပြတ် ကြီးမားတဲ့ မြေနံရံကြီးကို ထောင်ထားရသောကြောင့်ဖြစ်သည်။ သို့သော်လည်း သူတို့သည် သံမဏိပုရွက်စိတ်များ တိုက်ခိုက်ခြင်းမှ အနည်းငယ်သာခုခံနိုင်သည်။

အခုတွင် လူသုံးယောက်ကို ထောင့်နားသွား၍ ခုခံခိုင်းနေသည်။ သူတို့သည် လွတ်လမ်းမစဉ်းစားနိုင်လျှင် အရှင်လတ်လတ် သံမဏိပုရွက်ဆိတ်များထံ၌ စားခံရတော့မည်ဖြစ်သည်။

ဝေ့ယွမ်၏ နောက်တွင်ရှိနေသည့် ဟူထျန်း၏ မျက်နှာမှာ စိတ်ညစ်နေသည့်ပုံပင်။ သူ့ရဲ့ညာဘက်လက်မောင်းမှာ အတော်လေးနက်သည့်ဒဏ်ရာတစ်ခုကို မြင်တွေ့ရပြီး သူ့အင်္ကျီလက်တစ်ခုလုံး သွေးများနှင့် ပေပွနေသည်။ ဝေ့ယွမ်ရဲ့စကားများကိုကြားတော့ သူမျက်နှာမှာ ပို၍ပင် ဖြူရော်သွားသည်။

မော့ယန်အဖွဲ့မှ ထွက်ပြီးကတည်းက ဝံပုလွေရိုင်းအဖွဲ့၏ တန်ဖိုးအားလုံးမှာ အဆင့်အနည်းငယ်ကျသွားသည်။ သူတို့အဖွဲ့ရဲ့ အဆင့်သုံးခုမြောက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် လေပြင်းသားရဲ၏ အတောင်ပံများကိုယူရမည့် Sအဆင့် မစ်ရှင်ကို စွန့်စားပြီး လက်ခံခဲ့ရသည်။

လေပြင်းသားရဲ သူရဲ့ နာမည်အတိုင်းပင် ပျံသည့်နေရာတွင် အလွန်မြန်သည်။ နောက်ပြီး သူ့၏လက်သည်းများသည် ပြင်းထန်တဲ့ မေ့ဆေးအစွမ်းလည်းရှိသည်။

တစ်ယောက်ယောက်က လေပြင်းသားရဲကုတ်တာကို ခံလိုက်ရမည်ဆိုလျှင် သူ့ရဲ့ နာ့ဗ်ကြောတွေ ရုတ်တရက်အကြောသေသွားမည်။ ၄၈နာရီအတွင်း သူသည် မသန်မစွမ်းတစ်ယောက်ကဲ့သို့ဖြစ်နေပြီး ဒြပ်စွမ်းအင်များလည်း အသုံးမပြုနိုင်တော့ချေ။ သို့သော်လည်း ၄၈နာရီပြည့်သွားလျှင် ရခဲ့သည့်ဒဏ်ရာများက သိပ်ပြင်းထန်မည်မဟုတ်ပေ။

မစ်ရှင်ကို ပြီးမြောက်ဖို့အတွက် သူတို့က အချိန်အကြာကြီး အစီအစဉ်ဆွဲခဲ့ပြီးဖြစ်သည်။ ဟူထျန်းကိုယ်တိုင်က အန္တရာယ်တွင်းထဲဆင်းခဲ့ရပြီး သူ့လက်မောင်းသည်လည်း လေပြင်းသားရဲ၏ ကုတ်ခြင်းခံလိုက်ရသည်။

နောက်ပြီး သူတို့သည် လွန်စွာမှကံမကောင်းသူများဖြစ်သည်။ သူတို့သည် လေပြင်းသားရဲကို အောင်အောင်မြင်မြင် ဖမ်းဆီးပြီးကာမှ သံမဏိပုရွက်ဆိတ်အဖွဲ့ကြီးရဲ့ ချုံခိုတိုက်ခြင်းကို ခံလိုက်ရသည်။

သံမဏီပုရွက်ဆိတ် ၁ကောင် ၂ကောင်လောက်မှာ‌ ကြောက်စရာမရှိပေ။ အနိမ့်ဆုံး အဆင့်(၁)ရဲ့ တစ်ဆင့်လူတောင် သူတို့ကို အလွယ်လေးသတ်နိုင်သည်။

သို့သော် သံမဏိပုရွက်ဆိတ် အဖွဲ့လိုက်ကြီးကိုတော့ အဆင့်(၅)နှင့် အထက်ရှိသူများတောင် ကြောက်ရသည်။ “စည်းလုံးခြင်းသည် အင်အား” ဆိုသည့်စကားပုံမှာ ဒီပုရွက်ဆိတ်များနှင့် ကွက်တိလာကျနေသည်။

တကယ်လို့ ဟူထျန်းသာ ဒဏ်ရာမရထားလျှင် သူသည်ဆက်၍တိုက်နိုင်သေးမည်။ သို့သော်လည်း ဟူထျန်းသည် ဒြပ်စွမ်းအင်ကို လုံးဝမသုံးနိုင်သေးချေ။ သူက ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် အဖွဲ့ကို နှစ်သင်းခွဲခြင်းသာ လုပ်နိုင်တော့သည်။

အဲ့ဒီလိုဆိုရင်‌တောင် သူတို့သုံးယောက်မှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတော့သည်။

“အမေ ဒီသံမဏီပုရွက်ဆိတ်တွေကို သမီးကို လာကိုက်နေတယ်။ နာလိုက်တာ” ဝေ့ယွမ်ရဲ့ မြေနံရံနှင့်တောင် ပုရွက်ဆိတ်အားလုံးကို မထိန်းထားနိုင်ချေ။ အက်ကြောင်းလေးများကြားထဲမှ ထွက်ထွက်လာသည့် အကောင်များက ရှိသေးသည်။

တကယ်တွင် ဟူချင်းသည်လည်း မီးစွမ်းအင် အဆင့်(၂)ရှိသူ တစ်ယောက်ဖြစ်သည်။ သူမက ဒီလိုတိုက်ပွဲအစစ်မျိုးကို တစ်ခါမျှမကြုံဘူးသေးခြင်းဖြစ်သည်။ ဒါကြောင့် သူမက ပျာယာခက်နေရခြင်းဖြစ်သည်။

သူမသည် ပစ်မှတ်ကိုတောင် မချိန်နိုင်ဘဲ မီးလုံးများသာ အဆက်မပျက် ဟိုပစ်ဒီပစ် ပစ်နေသည်။ ဒီလိုလုပ်ခြင်းသည် သံမဏိပုရွက်ဆိတ်များ ဘာမှမဖြစ်ရုံသာမက သူမရဲ့ ဒြပ်စွမ်းအင်ကို ဖြုန်းတီးနေခြင်းသာဖြစ်သည်။

All Chapters