အပိုင်း ၂၀
Vol. 2 Ch. 20
ဒီအချိန်တွင် ဟူချင်းက အရမ်းပဲ နောင်တရနေပြီ။ ဒီမစ်ရှင်ကို ဘာလို့ဝင်ပါဖို့ ဆုံးဖြတ်လိုက်တာပါလိမ့်။ သူမဘာလို့ ဒီလောက်ကံမကောင်းရတာလဲ။
သူတို့သုံးယောက် အကြပ်အတည်းဖြစ်နေချိန်တွင် မိုးကြိုးလုံးတစ်ခုက သံမဏိပုရွက်ဆိတ်များကို ပစ်လိုက်ပြီး သူတို့ရဲ့ အရေးပေါ်အခြေအနေကို ချက်ချင်းဖြေရှင်းလိုက်သည်။ သူတို့အသံကြားသောကြောင့် မော့ကြည့်လိုက်သောအခါ မော့ယန်ကို တွေ့လေသည်။
“မော့ယန်”
“အစ်ကိုက ဒီမှာပဲ”
မော့ယန်ကို မြင်လိုက်သောအခါမှ ဟူထျန်းလည်း သက်ပြင်းချလိုက်တော့သည်။ သူ့ရဲ့နောက်က ဟူချင်းကတော့ အံ့သြဝမ်းသာဖြစ်နေသည်။ သူမရဲ့မျက်လုံးများက အားကျမှုနဲ့ ပျော်ရွှင်မှုတွေ ပြည့်နေသည်။ သူမရဲ့ အန္တရာယ်အရှိဆုံး အချိန်မှာ မော့ယန်က ရောက်လာပြီး သူရဲကောင်းတစ်ယောက်ကဲ့သို့ သူမကို ကယ်တင်လိုက်ခြင်းဖြစ်သည်။ သူမ ရင်မခုန်ပဲ ဘယ်လိုနေနိုင်တော့မည်။
“ အဟင်း ဟင်း ကျွန်မရော ဒီမှာနော်” မော့ချူးက ချောင်းနှစ်ခါဆိုးပြလိုက်ပြီး တိုက်ပွဲထဲမဝင်ခင် သူမလည်း ရှိနေကြောင်းကို သတိပေးလိုက်သည်။
အခုတော့သူမက ရေအလုံးကိုသုံးပြီး သံမဏိပုရွက်ဆိတ်တွေကို အောင်အောင်မြင်မြင် တိုက်နိုင်နေပြီ။ မော့ယန်ကလည်း လျှပ်စီးလုံးတွေနဲ့ပစ်လိုက်သည်။
ရေနဲ့ လျှပ်စီးနဲ့ပေါင်းသွားပြီး သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုမှာလည်း အတော်လေး တိုးတက်လာပြီ။ အတော်လေးကြာပြီးသောအခါ သံမဏိပုရွက်ဆိတ်များလည်း သူတို့ကိုယ်တိုင် လူစုခွဲသွားကြသည်။
ကျန်ရှိနေသေးသော ပုရွက်ဆိတ်များကလည်း အခြေအနေ မဟန်တော့မှန်း သိသည်ဖြင့် မြန်မြန်ဆန်ဆန်ပဲ ထွက်ပြေးသွားကြသည်။
ဒါကိုမြင်ပြီး ဝေ့ယွမ်နှင့် ဟူချင်းတို့လည်း စိတ်အေးသွားကြသည်။ တစ်ဖက်တွင်တော့ သူတို့ဘေးနားက ဟူထျန်းမှာ အံ့အားသင့်ပြီး မျက်လုံးပြူးနေသည်။ အရင်လကထက် မော့ယန်၏ သန်မာမှုမှာ အချီကြီးထိုးတက်သွားသည်။ တိုးတက်မှုနှုန်းမှာ ကြောက်စရာပင်ကောင်းလှသည်။ သို့သော်လည်း သူက ဒီကလေးမလေး မော့ချူးအကြောင်းကို ပိုပြီး စိတ်ဝင်စားနေပါပြီ။
သူမနိုးကာစဆိုလျှင် သူမကို ဖော်ပြစရာစကားလုံးကတော့ “အားနည်းသူလေး” ပင်ဖြစ်သည်။ အဲ့ဒီတုန်းကဆိုရင် ဒြပ်စွမ်းအင် မဆိုထားဘိ သူမပုံမှန်အတိုင်း အသက်ရှင်နိုင်မည်ဆိုလားတောင် မသေချာပေ။
သို့သော်လည်း အခုတွင် မော့ချူးကို ကြည့်ရသည်မှာ ကျင့်ကြံမှုအဆင့်(၂)လောက်ရှိမည်ထိသည်။ သူမ၏ လက်တွေ့တိုက်ပွဲကို ကြည့်လိုက်ပြီး သူမဆိုရင် အဆင့်(၂) အလယ်လောက်ကိုပင် ရောက်နေလောက်ပြီ။ သူမ၏ ကျင့်ကြံမှုတိုးတက်နှုန်းမှာ မော့ယန်ထက်ပင် မြန်သေးသည်။
ဒါကိုတွေးလိုက်ပြီး ဟူထျန်းက သက်ပြင်းချလိုက်သည်။ ဆိုရိုးစကားအတိုင်း မျိုးဆက်သစ်တွေက အရင်လူတွေကို ကျော်စမြဲပင်။ သူတို့အားလုံး အသက်ကြီးကြီးလာကြပေသည်။
“ခေါင်းဆောင် အဆင်ပြေကြရဲ့လား” မော့ယန်က သူ့ရဲ့ခေါင်းကိုလှည့်ပြီး မေးလိုက်သည်။ သူက ဝံပုလွေရိုင်းအဖွဲ့ထဲက ထွက်သွားပြီးသည့်တိုင် ဟူထျန်းကို ရာထူးကြီးသူအဖြစ် ရိုသေနေဆဲပင်။
“ထွေထွေထူးထူးတော့ မရှိပါဘူး။ ဒီတိုင်း လေပြင်းသားရဲဆီက အကုတ်ခံလိုက်ရရုံပါပဲ” ဟူထျန်းက သူ့ရဲ့လက်ကို လွှဲလိုက်ပြီး ဘာမှမဖြစ်သလို နေလိုက်သည်။ သို့သော်လည်း သူ့မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများရှိနေသည်။
နှိမ်နင်းခံလိုက်ရပြီးနောက် ဆက်လိုက်လာသေးတာကတော့ သံမဏိပုရွက်ဆိတ် နှစ်ကောင် သုံးကောင်လောက်ဖြစ်သည်။ အခြားကျန်တဲ့အကောင်အများစုကတော့ ကျန်နေသေးတဲ့ အဖွဲ့တွေနဲ့သွားပေါင်းကြသည်။ သူတို့ရဲ့ အဖွဲ့ကြီးလည်း အခုဘာတွေဖြစ်နေမှန်း မသိကြတော့။
“မော့ယန်” ဟူထျန်းက ဆက်အချိန်ဆွဲမနေတော့ဘဲ မေးလိုက်သည်။ “မင်းတစ်ခြားအဖွဲ့ဝင်တွေဆီသွားပြီး ကူညီပေးပါလား။ သူတို့ကလည်း ဒီသံမဏိပုရွက်ဆိတ်တွေနဲ့ ရင်ဆိုင်နေရတာ။
ဝေ့ယွမ်က သူ့ရဲ့ခလုတ်ခုံကို ချက်ချင်းထုတ်လိုက်ပြီး အခြားအဖွဲ့ဝင်တွေနဲ့ ဆက်သွယ်လိုက်သည်။ သူတို့ရဲ့နေရာကို တိတိကျကျ မေးပြီးတဲ့အခါမှာ ချက်ချင်းလိုက်သွားကြသည်။
ဟူထျန်း ထင်ထားသည့်အတိုင်း ဒီကတိုက်ပွဲတွေက ပို၍ပင် ပြင်းထန်နေသေးသည်။ ဒဏ်ရာရထားသည့် သူများလည်းရှိသည်။ တစ်ချို့ဆို ဒြပ်စွမ်းအင်တွေကုန်သွားပြီး တိုက်ခိုက်ဖို့ သူတို့ရဲ့ ဓားမြှောင်လေးများကိုသာ အသုံးပြုနေကြရတော့သည်။ သို့သော်လည်း ပုရွက်ဆိတ်များ၏ သံမဏိအခွံများမှာ အလွန်မာကြော၍ ဓားမြှောင်များနှင့်မှာ မထိရောက်ပေ။
သို့သော်လည်း မော့ယန်နှင့် မော့ချူးတို့ ပါဝင်လာသည့်အတွက် သူတို့မှာ အန္တရာယ်ဘေးမှ ကင်းလွှတ်သွားကြသည်။ ကျန်ရှိနေသေးသော ပုရွက်ဆိတ်များကို ဖြိုခွင်းရန် တစ်နာရီကြာလိုက်သည်။
အဲ့ဒီအချိန်တွင် လူတိုင်းသက်ပြင်းချလိုက်ကြပြီး ခဏနားလိုက်ကြသည်။
မော့ချူးကတော့ တော်တော်လေး ပင်ပန်းသွားပြီပင်။ သူမ၏ မျက်နှာသေးသေးလေးမှာ အနည်းငယ်ဖြူရော်နေသည်။ သူမရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်စွမ်းက ဒီလိုပြင်းထန်ပြီး တကယ့်တိုက်ပွဲတွင် မခံနိုင်သည်မှာ ပုံမှန်ပင်။
“မင်းအဆင်ပြေရဲ့လား ချူးလေး” မော့ယန်က သူ့ညီမကို စိတ်ပူစွာနှင့်ကြည့်လိုက်သည်။ သူက ဒါမျိုးအခြေအနေမျိုးကို ခဏခဏကြုံရပြီး လျစ်လျူရှုထားခဲ့သည်။
“အဆင်ပြေပါတယ်” မော့ချူးက ခေါင်းညိတ်လိုက်သည်။ သူမက မော့ယန်ကို ဖက်လိုက်ပြီး မျက်နှာကိုကွယ်လိုက်သည်။ “အစ်ကို ညီမလေး အစာစားမလို့ ကွယ်ထားပေးဦးနော်”
မော့ချူး သူမပါးစပ်ထဲ ပြင်သစ်အကြော်တွေ သွတ်နေတာကို ဘယ်သူမှ မမြင်ကြချေ။ သူမက ဒြပ်စွမ်းအင်က ခြောက်သွေ့ပြီး မကုန်ခမ်းမီ ပြင်သစ်အကြော်တွေကို မြိုချလိုက်သည်။ သူမရဲ့ မျက်နှာလေး နည်းနည်းပြန်နီလာသည်။
“အကိုလည်း နည်းနည်းစားသင့်တယ်။ မဟုတ်ရင်...” သူမစကားမဆုံးခင်မှပဲ ဟူချင်းရဲ့ အလန့်တကြားပြောသံကို ကြားလိုက်ရသည်။
“သွေးအလင်းသားရဲ သွေးအလင်းသားရဲ ပြေးကြ ပြေးကြ”