အပိုင်း ၂၁
Vol. 2 Ch. 21
ဟူချင်းရဲ့ အော်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
သွေးအလင်းသားရဲ၏ ရက်စက်ကြမ်းကြုတ်မှုက လူပြောများသည်။ ဒီလို ပြောသံတွေကိုကြားပြီး လူတိုင်းတုံလှုပ်နေကြသည်။ သူတို့သည် နေရာအနံ့ကို အော်ပြီး ပြေးသွားကြသည်။ တစ်ဖက်တွင် မော့ချူးသည် ထိုနေရာမှာပဲ ငေးပြီးရပ်နေသေးသည်။ တဖြည်းဖြည်းနီးကပ်လာသည့် ထိုသတ္တဝါကို မယုံနိုင်သည့်မျက်လုံးများဖြင့်ကြည့်နေသည်။
ဒါက ဒဏ္ဍာရီလာ သွေးအလင်းသားရဲလား။
မဖြစ်နိုင်လိုက်တာ။
သူမ၏ မြင်ကွင်းတွင် ခေါင်းဝိုင်းဝိုင်း၊ အမြီးတိုတို၊ အဖြူအမည်း တစ်ဝက်နှင့် အကောင်သည်သူတို့ဆီသို့ ပြေးလာသည်။ ဤချစ်စဖွယ်သတ္တဝါသည် နိုင်ငံတော်၏ ရတနာ၊ ကြီးမားသည့်ပန်ဒါဝက်ဝံဖြစ်သည်မှာ ထင်ရှားသည်။
ဒီချစ်စရာ ပန်ဒါဝက်ဝံကြီး=ကြောက်စရာကောင်းပြီး ယုတ်မာတဲ့ သွေးအလင်းသားရဲလား။ မော့ချူးသည် လက်မခံနိုင်သေးပေ။
သူတို့နှစ်ယောက်၏ အရွယ်အစားမှာ ကွာခြားလှသည်။
သို့သော်လည်း အဲ့ဒီပန်ဒါဝက်ဝံကြီးနဲ့ မော့ချူးအကြည့်ချင်းဆုံလိုက်သည့်အခါ အဲ့ဒီအကောင်ကြီးတွင် နီနေတဲ့ မျက်လုံးတစ်စုံရှိကြောင်း သတိထားမိသွားသည်။
“ချူးလေး မြန်မြန်ပြေးတော့” သွေးအလင်းသားရဲ၏ စွမ်းရည်မှာ အလွန်သန်မာလှသည်။ မော့ယန်ဆိုရင်တောင် နိုင်ဖို့ ၁၀၀% အခွင့်အရေးမရှိပေ။
မော့ချူး မတုံ့ပြန်မီတွင် ပန်ဒါဘီလူးကြီး၏ မျက်လုံးများက သူမကို ကြည့်သောအခါ ရုတ်တရက် တောက်ပလာသည်။ နေရောင်အောက်မှာ အလင်းရောင်ပြန်ဟပ်နေတဲ့ ပတ္တမြားတစ်လုံးဟာ သူမဆီဦးတည်လာနေသလိုပင်။
သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ကြောက်လန့်တကြားအော်သံကိုကြားတော့ မော့ချူး သတိပြန်ကပ်လာသည်။ သူမ ကပျာကယာ ထွက်ပြေးလိုက်သည်။ ၎င်းသည် တိရစ္ဆာန်ရုံရှိ ချစ်စရာကောင်းပြီး နာခံမှုရှိသော ပန်ဒါဝက်ဝံကြီး မဟုတ်ဘဲ လူ၏အသားကို ကိုက်စားနိုင်သည့် သွေးအလင်း သားရဲတစ်ကောင်သာဖြစ်သည်။
သူမကတော့ သူမကို မျက်စိကျပြီး လိုက်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။ သူသည် အခြားသူများကိုပင် မကြည့်။ သူသည် ပေါ့ပါးသွက်လက်ပြီး တစ်ခါခုန်ချက်သည် မော့ယန်၏ ခြေလှမ်းအတော်များများကဲ့သို့ ရောက်သည်။
ဘုရားရေ
မော့ချူးသည် အသက်မရှုနိုင်လောက်အောင်ကိုပြေးသည်။ သို့သော်လည်း သူမ နောက်သို့လှည့်ကြည့်လိုက်သည့်အခါ သွေးအလင်းသားရဲသည် သူမနောက်မှလိုက်လာနေစဲပင်။ မီတာဝက်လောက်လှမ်းသွားသောအခါ ထိုအကောင်သည် သူ၏မျက်လုံးလေးများကို ချစ်စရာကောင်းသည့်ပုံစံ ဖမ်းလိုက်သည်။
ချစ်စရာကောင်းအောင် လုပ်နေတဲ့ပုံကလည်း ကြောက်စရာကောင်းသည်။
စက္ကန့်ပိုင်းအတွင်းတွင် သွေးအလင်းသားရဲသည် မော့ချူးကို လိုက်မှီသွားပြီး ရှေ့ကိုခုန်အုပ်လိုက်သည်။ ချက်ချင်း မော့ချူး၏လခန္ဓာကိုယ်သေးသေးလေးကို တွယ်ကပ်လိုက်သည်။
“ချူးလေး” သူ့နောက်တွင် မော့ယန်အော်လိုက်သည့်အသံ ပေါ်ထွက်လာသည်။
သွေးအလင်းသားရဲက မော့ချူးကို ခုန်အုပ်လိုက်စဉ် သူဘာမှမလုပ်နိုင်ခဲ့ချေ။ ကူကယ်ရာမဲ့မှု၊ သောက၊ မခံမရပ်ဖြစ်မှုတို့က မော့ယန်၏ရင်ထဲတွင် တစ်ချိန်တည်းမှာပဲ ပေါ်ထွက်လာသည်။ ဒါတွေအားလုံးက သူချူးလေးကို အန္တရာယ်ကနေ မကာကွယ်နိုင်လောက်အောင် မသန်မာသေးလို့။ ဒါတွေအားလုံး သူ့အပြစ်ပင်။
ရုတ်တရက် မော့ယန်၏ ခန္တကိုယ်မှ ပြင်းထန်သည့် အရှိန်အဝါများ ထွက်လာသည်။ ဒါက ပြောင်းလဲသည့်အနေအထားပင်ဖြစ်သည်။ သူသည် အောင်အောင်မြင်မြင် အဆင့်(၅)ကို ကျော်လွန်သွားပြီး အဆင့်(၆)ကို ရောက်ရှိသွားလေပြီ။
ဒီအရှိန်အဝါအားကိုးဖြင့် မော့ယန်သည် သွေးအလင်းသားရဲကို တိုက်ခိုက်တော့သည်။ လျှပ်စီးအလုံးသည် သွေးအလင်းသားရဲကို တည့်တည့်ထိသွားသည်။
သို့သော်လည်း သွေးအလင်းသားရဲက သူ့မျက်လုံးတွေနဲ့ လှည့်ကြည့်လိုက်သည်။ ချက်ချင်းလျှပ်စီးလုံးကို ကိုင်လိုက်ပြီး တိမ်းရှောင်လိုက်နိုင်သည်။
လျှပ်စီးလုံးက မထိသောအခါ မော့ယန် မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့လက်တွင် စွမ်းအင်များကို စုလိုက်သည်။ သူက သွေးအလင်းသားရဲဆီ ဆက်တိုက်ဆက်တိုက် လျှပ်စီးအလုံးမျာ ပစ်ပစ်ပေးလိုက်သည်။ လင်းခနဲ ဝင်းခနဲပင်။
သို့သော်လည်း မော့ယန်၏ တိုက်ခိုက်မှုများက တိမ်းစောင်းသွားနေသည်ကို သွေးအလင်းသားရဲက သတိထားမိပုံရသည်။
“အစ်ကို နေဦး” စိတ်တွေပူပန်နေပြီး မော့ယန်ရဲ့တိုက်ခိုက်မှုများဟာ ပြင်းသထက်ပြင်းလာသည်။ သို့သော်လည်း မော့ချူးက သူ့ကို တားလိုက်သည်။
ဘာလို့လဲတော့ မသိပါဘူး။ ဒါပေမဲ့ ဒီသွေးအလင်းသားရဲက သူမကို ထိခိုက်မှာမဟုတ်ဘူးလို့ ထင်နေသည်။ သူခုန်အုပ်လိုက်သည့်အချိန်သည် သူမ၏လည်ချောင်းကို ကိုက်လိုက်၍ရသည်။ သို့သော် သူ မလုပ်ခဲ့ပေ။ အဲ့ဒီအစား သူမမျက်နှာကို လျှာနှင့်သာ လျက်နေတော့သည်။ ဒါလေးမှာ ချစ်စရာကောင်းလှသည်။
မော့ယန် တိုက်ခိုက်နေခြင်းကို ခံနေရသည့်တိုင် သူမကို သူ့ခန္ဓာကိုယ်အောက်တွင် ကာကွယ်ထားခဲ့သည်။
မော့ယန်က နားမလည်ပေမဲ့လည်း တိုက်ခိုက်နေသည်ကို ရပ်လိုက်သည်။ သို့သော်လည်း သူ့ရဲ့လက်ထဲမှာတော့ လျှပ်စီးတွေကို အရန်သင့်လုပ်ထားဆဲပါ။ တကယ်လို့ သွေးအလင်းသားရဲက မူမမှန်တဲ့ လှုပ်ရှားမှုမျိုးရှိခဲရင် အချိန်မှီ တုံ့ပြန်ရန်ဖြစ်သည်။
သွေးအလင်းသားရဲ သည် ၎င်း၏ ဦးခေါင်းကို နောက်သို့ လှည့်လိုက်သည်။ မော့ယန်က တိုက်ခိုက်တာကို ရပ်သွားတာကိုမြင်တော့ ထလိုက်သည်။ နီရဲတောက်ပသော မျက်လုံးတစ်စုံသည် မော့ချူးကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေသည်။ ၎င်း၏စိုစွတ်သောနှာခေါင်းသည် မော့ချူး၏ လည်ပင်းနှင့် နီးကပ်လာကာ ဆက်၍ ရှူရှိုက်ရင်း၊ ၎င်း၏ပါးစပ်ထောင့်ရှိ သားရေများ ယိုဆင်းတော့မည်ဖြစ်သည်။
“အာဟိုး-“ အရသာရှိတဲ့ စားစရာက ဘယ်မှာပါလိမ့်။ သူသည် ခုလေးတင်ပဲ အရသာရှိသည့်စားစရာနံ့ ရလိုက်သည်။ မြန်မြန်ထုတ်လိုက်တော့။
မော့ချူးသည် ပထမတွင် ငေးကြည့်နေသေးသည်။ နောက်မှ သွေးအလင်းသားရဲ၏ ပုံစံမှာ တစ်ခုခုနှင့် တူနေသည်ကို သတိထားမိသွားသည်။ သူ့ကိုကြည့်ရသည်မှာ သူမအတိတ်ဘဝက ဗိုက်ဆာလို့ အစာတောင်းနေသည့် မျက်လုံးလက်လက်နဲ့ ခွေးကလေးကဲ့သို့ပင် ဖြစ်နေသည်။
အဲ့ဒီတော့ အခုက အစာတောင်းနေတာလား။
မော့ချူးသည် နားနေချိန်တုန်းက ပြင်သစ်အကြော်စားနေသည်ကို သူမ ပြန်မှတ်မိသွားသည်။ သူက ပြင်သစ်အကြော်အနံ့ကြောင့်များ ဒီကိုရောက်လာတာလား။
မဖြစ်နိုင်တာ။ ဒီအကောင်လေးရဲ့ အမြင်က ထက်မြက်လွန်းတယ်။
သူမရဲ့ ထင်မြင်ချက်ကို အတည်ပြုရန် မော့ယန်က ခလုတ်ခုံထဲက ပြင်သစ်အကြော်လက်တစ်ဆုပ်စာကို ထုတ်လိုက်သည်။ သွေးအလင်းသားရဲသည် စိတ်လှုပ်ရှားလာသည်။ သူ၏ခန္ဓာကိုယ် ဝဝကစ်ကစ်လေးသည် ဟိုဘက်ယိုင်းလက် ဒီဘက်ယိုင်းလိုက်နှင့်ပင်။
အရသာရှိတဲ့ဟာ! အရသာရှိတဲ့ဟာ!
သူ့၏ ပင်ကိုလေးလံထိုင်းမှိုင်းနေသော ခန္ဓာကိုယ်သည် သွက်လပ်လာခဲ့သည်။ သွေးအလင်းသားရဲသည် သူ၏လက်များကို ဆန့်ထုတ်လိုက်ပြီး မော့ချူး၏လက်ထဲမှ ပြင်သစ်အကြော်များကို ယူလိုက်သည်။ တစ်ခုမှတောင် မကျန်တော့ချေ။
သူ့ရဲ့လက်ထဲက ပြင်သစ်အကြော်တွေကို ကြည့်လိုက်ပြီး သူ့ရဲ့ နှာခေါင်းထဲကို အမွေးရနံ့က ဝင်လာသည်။ သွေးအလင်းသားရဲ၏ မျက်လုံးများ တောက်ပသွားပြီး အကြော်တွေကို ပါးစပ်ထဲ သွတ်လိုက်သည်။
“အာ-“ အရသာရှိလိုက်တာ။ အရသာရှိလိုက်တာ။
သူ၏ ပါးစပ်ထဲရှိ အာလူးချောင်းကြော်များကို အရသာခံရင်း သားရဲ၏မျက်လုံးများ လင်းလက်နေသည်။ သူသည် စိတ်တွေလှုပ်ရှားပြီး ခေါင်းကိုတောင် ခါယမ်းလိုက်သည်။ မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်တော့ လက်ဖဝါးက လွတ်နေတာကို တွေ့လိုက်ရတယ်။ အာလူးချောင်းကြော်တွေအားလုံးကို တစ်ချက်တည်းစားပြီး သူ့မျက်လုံးတွေက နောင်တရနေသည့်ပုံပင်။ သူ့လက်ဖဝါးပေါ်ကိုတောင် လျက်လိုက်သေးသည်။ သို့သော် မော့ချူးဆီသို့ မျက်လုံးများ ရောက်သွားသောအခါ ချက်ချင်းပင် တောက်ပလာသည်။
ဒီကောင်မလေးမှာ စားစရာရှိသေးတယ်။
ထို့ကြောင်း သွေးအလင်းသားရဲသည် မော့ချူးဆီသို့ တစ်ခါလာပြီးတောင်းပြန်သည်။ သူ့ပုံစံကို ချစ်စရာကောင်းအောင်နေပြီး လှည့်ပတ်ပင်ပြလိုက်သေးသည်။ သူ၏ရွန်းလဲ့နေသည့် မျက်လုံးများက သိသာလှသည်။ ငါ့ကို စားစရာလေးတွေပေးပါဦး။ ငါက နာခံတတ်တယ်လေ။
မော့ယန်သည် ဘေးနားတွင်ရှိနေပြီး နားမလည်နိုင်ဖြစ်နေသည်။ သူက ကိုယ်တိုင်အပြင်မှာ သွေးအလင်းသားရဲနှင့် မတွေ့ဘူးသေးချေ။ သို့သော် အခြားသူများထံကတော့ ကြားဖူးသည်။ သူထင်ထားသည်မှာ တိုက်ခိုက်ဖို့ကို အတတ်နိုင်ဆုံးရှောင်။ တိုက်ပြီဆိုရင်လည်း သေတဲ့အထိ တိုက်ရတော့မှာဟူ၍ပင်ဖြစ်သည်။ သို့သော် အခုအခြေအနေမှာ ဘယ်လိုမျိုးပါလိမ့်။
အဲ့ဒီလူက သူ့ကို အချက်အလက် အမှားပေးလိုက်သည်ဖြစ်မည်။ မဟုတ်လျှင်လည်း သူ့ရှေ့မှာရှိနေသည့် သွေးအလင်းသားရဲမှာ အခြားသတ္တဝါတစ်ခုခုပင်ဖြစ်နေမည်။
မော့ယန်တင် မဟုတ် မော့ချူးလည်း ဒါနဲ့ပတ်သက်ပြီး တစ်ခုခုလွဲနေပြီဆိုတာကို သိသည်။
ဝံပုလွေရိုင်းအဖွဲ့ထဲမှ အဖွဲ့သားများသည် ကြောက်ပြီး ပြေးသွားကြသည်။ အခုဆိုလျှင် သူတို့သည် ပျောက်ခြင်းမလှကို ပျောက်သွားကြာပြီ။ ဒီလိုနေရာအကျယ်ကြီးတွင် ကျန်ခဲ့သည့်သူများမှာ သူတို့မောင်နှမနှစ်ယောက်နှင့် သားရဲကြီးသာဖြစ်သည်။
သွေးအလင်းသားရဲရဲ့ ဂုဏ်သတင်းဟာ ပျံ့နှံ့တယ်ဆိုတာကို ပြသလိုက်ခြင်းပင်ဖြစ်သည်။ လူတိုင်းက ကြောက်စရာ ထိတ်လန့်စရာကောင်းမည်ဟုထင်နေကြခြင်းဖြစ်သည်။
သို့သော်လည်း သူတို့ရှေ့တွင်ရှိနေသည်အရာကို ‘ကြောက်လန့်စရာ’ ဟုဖော်ပြရန်မဖြစ်နိုင်ချေ။