အပိုင်း ၂၂
Vol. 2 Ch. 22
“အွန်း...” မော့ယန်က ချောင်းဆိုးပြလိုက်ပြီး သူ့ဘေးနားမှာ သာယာနေကြတဲ့ မိန်းကလေးနဲ့ သားရဲကို အသံပေးလိုက်သည်။
ဟုတ်ပါတယ်။
မော့ချူးက သွေးအလင်းသားရဲနှင့် ပျော်နေသည်။
အဲ့ဒီလိုနဲ့ပဲ သွေးအလင်းသားရဲက ပြင်သစ်အကြော်များစား၍ကုန်သွားသည်။ မော့ချူးက ကျန်ရှိနေသေးသည့် ငါးကင်တွေကို လက်ပေါ်တင်လိုက်ပြီး ယမ်းပြလိုက်သည်။ သွေးအလင်းသားရဲ၏ မျက်လုံးများတောက်ပသွားပြီး စက္ကန့်မလပ် ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နှင့်ဖြစ်နေသည်။
ရုတ်တရက် မော့ချူးက ငါးကင်ကို ပစ်ပေးလိုက်သည်။
သွေးအလင်းသားရဲကလည်း အခွင့်အရေးကို ချက်ချင်းအသုံးချပြီး လိုက်ဖမ်းတော့သည်။ ခန္ဓာကိုယ်အကြီးကြီးဖြင့် ခုန်ဆွခုန်ဆွလုပ်နေသည်မှာ လေထဲတွင် ယိမ်းယိုင်နေသည့်ပုံစံဖြစ်နေသည်။ သူ့ရဲ့လက်တွေကို ဆန့်လိုက်ပြီး လေထဲက ငါးကင်ကို ဖမ်းလိုက်သည်။
“အာဝိုး အာဝိုး” သူကပျော်သွားပြီး အော်တော့သည်။ သွေးအလင်းသားရဲသည် ဒီသားရေယိုစရာလေးကို ရှူကြည့်လိုက်ပြီး သူ၏သားရေများစီးကျသည်။ နောက်ဆုံးတော့ မနေနိုင်တော့ ဒီငါးကင်ကို သူ၏လက်အကြီးကြီးနှင့် ပါးစပ်ထဲသို့သွတ်လိုက်သည်။
သူ ငါးရိုးများ စူးမလား။
မော့ချူးက နည်းနည်းစိုးရိမ်သွားပြီး လှမ်းကြည့်လိုက်သည်။ သို့သော်လည်း ခဏလေးအတွင်းတွင်ပဲ ဒီသားရဲကြီးက ငါးရိုးသေးသေးလေးတွေနဲ့ အတူ ငါးရိုးအကုန်လုံးကို ထွေးထုတ်လိုက်သည်။
ဝိုး တော်တော်ကျွမ်းတာပဲ။
“ချူးလေး ငါတို့ကသူ့ခေါင်းကို ယူဖို့ဒီကိုရောက်လာတာလေ” သူအသံပေးတာကို သူတို့က လျစ်လျူရှုထားသောကြောင့် မော့ယန်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
“အို့ ဟုတ်သားပဲ” မော့ချူးက သူမတစ်ယောက်တည်း ကျေနပ်နေသည်။ မော့ယန်သာ သတိမပေးလိုက်လျှင် သူမက ဒီအကြောင်းကို မေ့နေတော့မည်။ သူမဘာမှ မတက်နိုင်တော့ပါ။ ဒီသတ္တဝါလေးမှာ သူမ၏အရင်က ပီကင်းခွေးလေးနဲ့တူပြီး ချစ်စရာကောင်းလွန်းလှသည်။ သူတို့အခုဆော့နေတာက အပျော်သဘောဆိုရင်တောင် ထိန်းချုပ်ရလွယ်လွန်းနေသည်။
ဒါကို မြင်ပြီး မော့ယန်ကတော့ ဘာမှမတက်နိုင်သည့်ပုံနှင့် ခေါင်းသာယမ်းနေနိုင်တော့သည်။ သူက ရှေ့ကို ခပ်အေးအေးလျှောက်လာလိုက်ပြီး သွေးအလင်းသားရဲ၏ ခေါင်းကိုခုတ်ဖို့ ပြင်လိုက်သည်။
အခုလေးတင် မော့ချူးရှေ့မှာ ချစ်စရာကောင်းပြီး နှစ်လိုဖွယ်စရာကောင်းအောင်လုပ်နေတဲ့ ဒီသွေးအလင်းသားရဲက ချက်ချင်းကြီး ကြမ်းတမ်းရိုင်းစိုင်းသွားလိမ့်မည်ဟု တွေးထားမည်မဟုတ်ပါ။
မော့ယန်က သူနဲ့၂မီတာလောက်ဝေးနေသေးသည်။ သွေးအလင်းသားရဲသည် ရုတ်တရက် အန္တရာယ်မရှိသည့်ပုံစံကနေ သတိကြီးကြီးထားနေသည့် ပုံစံသို့ ပြောင်းလဲသွားသည်။ သူ၏မျက်နှာတစ်ခုလုံး ရုတ်တရက် ယုတ်မာသည့်ပုံစံသို့ပြောင်းလဲသွားသည်။
သူ၏မျက်လုံးများကလည်း အရိုင်းဆန်သည့်အတိုင်း အနီရောင်တောက်ပနေကြသည်။ မျက်လုံးများက မော့ယန်ကို စိုက်ကြည့်နေပြီး သံကဲ့သို့ချွန်ထက်နေတဲ့ သူ့ရဲ့ လက်သည်းတွေကို မြှောက်လိုက်သည်။
မော့ယန်က မူမမှန်တာကို သတိထားမိပြီး သူ့ရဲ့ခြေလှမ်းတွေကို ချက်ချင်းရပ်လိုက်သည်။
အဲ့လိုဆိုရင်တောင် သွေးအလင်းသားရဲသည် အသံနိမ့်နိမ့်နဲ့ ဟိန်းဟောက်နေသည်။ သူ့ရဲ့ မျက်လုံးများကလည်း ထက်နေပြီး ခန္ဓာကိုယ်တစ်ဝက်ကို အောက်သို့ဝပ်ထားလိုက်ပြီး အချိန်မရွေးတိုက်ခိုက်နိုင်သည့်ပုံပင်။
အဲ့ဒီအချိန်ရောက်မှပဲ ဒါကညဏ်များတဲ့ သွေးအလင်းသားရဲဆိုတာကို ယုံနိုင်တော့သည်။
“အစ်ကို ခဏလေးနေပါဦး” မော့ချူးပြောလိုက်သည်။ သူမက သွေးအလင်းသားရဲရဲ့ မူမမှန်မှုကို သတိထားမိလိုက်သည်။ သူမက အကောင်ကြီးအနားကို မရဲတရဲနှင့် နှစ်လှမ်းလောက် တိုးသွားလိုက်သည်။ သို့သော်လည်း သူမအံသြစွာနဲ့ပဲ တွေ့ရှိလိုက်ရတာကတော့ သွေးအလင်းသားရဲကြီးက မတိုက်ခိုက်ပဲ အေးအေးဆေးဆေးဖြစ်နေသည့်ပုံပါပဲ။
မော့ယန်က ဒီဖြစ်စဥ်ကို သတိထားမိလိုက်ပြီး သက်ပြင်းအနည်းငယ် ချလိုက်သည်။ ဒီအစားပုပ်နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် တကယ်ပဲနားလည်နေကြတာလား။
မော့ချူးကို သွေးအလင်းသားရဲဆီကိုရောက်အောင်သွားလိုက်ပြီးတော့ “အစ်ကို ညီမကို ကိရိယာလေးတွေပေး”
သွေးအလင်းသားရဲ၏ လည်ပင်းမှာ အလွန်မာကျောသည်။ သာမန်ကိရိယာလောက်နှင့်တော့ ဖြတ်၍ရမည်မဟုတ်ပါ။ ထို့ကြောင့် သူတို့အသုံးပြုနိုင်သည့် တစ်ခုတည်းသော ကိရိယာမှာ အဖွဲ့ချုပ်ကပြုလုပ်ထားတဲ့ အထူးကိရိယာပင် ဖြစ်သည်။
“ဟုတ်ပြီ။ ဂရုစိုက်နော်” မော့ယန်က စိတ်ပူပေမဲ့လည်း မော့ချူးကို ဓါးပစ်ပေးရုံသာ သူလုပ်နိုင်တော့သည်။ “မင်းတကယ်မလုပ်နိုင်ဘူးဆိုရင် မြန်မြန်သာပြေးတော့နော်”
အခုလိုဖြစ်ပြီးတဲ့နောက်မှာ မော့ယန်က သွေးအလင်းသားရဲအန္တရာယ်ကို ကာကွယ်ရန်ပြင်ဆင်ထားသည်။ နောက်ပြီးတော့ ဒီသတ္တဝါမှာ ခန့်မှန်းရအလွန်ခက်သည်။ သူက ထိန်းမရသိမ်းမရဖြစ်ပြီး ချူးလေးကို အန္တရာယ်ပြုလိုက်ရင်ရော။
မော့ချူးက သွေးအလင်းသားရဲဆီကို သွားလိုက်ပြီး သူ့ရဲ့ခေါင်းလေးကို အသာလေးပွတ်ပေးလိုက်သည်။ ခုလေးတင်ပဲ မော့ယန်ကို ရန်ဆောင်နေသည့် သွေးအလင်းသားရဲသည် ချက်ချင်းပင် ပုံစံပြောင်းသွားသည်။ သူက အခုတွင် အရမ်းနာခံတတ်နေပြီး မော့ယန်ပွတ်သက်ပေးနေသည်ကို ကြည်နူးပြီး စိတ်သက်သာယာ ရနေသည်။
“ချစ်စရာ သတ္တဝါလေး ငါမင်းရဲ့ခေါင်းက အမွေးနည်းနည်းလိုတယ်။ လိမ်မာပြီး ညိမ်ညိမ်လေးနေနော် ဟုတ်ပြီလား” သွေးအလင်းသားရဲက နားလည်မလည် သူမမသိချေ။ သို့သော် မော့ချူးသည် သူ့ကို ရင်းရင်းနှီးနှီးစကားပြောလိုက်သည်။
“အဲ့ဒါဆို ဖြတ်တော့မယ်နော်” မော့ချူးက ခေါင်းဖြတ်သည့်ဓါးကို ယူလိုက်ပြီး သွေးအလင်းသားရဲ၏ ခေါင်းပေါ်တင်လိုက်သည်။ သူက ခေါင်းကို လှည့်လိုက်သဖြင့် မော့ချူးလွဲသွားသည်။
ဘေးနားက ကြည့်နေသည့် မော့ယန်က ဒီသွေးအလင်းသားရဲ အရိုင်းစိတ်ဝင်သွားမှာကို စိုးရိမ်ပြီး ကြောက်လန့်နေခဲ့သည်။
“ဘာဖြစ်လို့ မကြိုက်လို့လား” မော့ချူးက ဒီအကောင်လေးက သူမအပေါ်ရန်လိုသည့် တုံ့ပြန်မှုမရှိသည်ကို ခံစားမိသည်။ သို့သော် ဘာလို့ ရုတ်တရက် စိတ်ကောက်သွားပါလိမ့်။
မော့ချူးက သူ့ရဲ့အမွေးတွေကို နည်းနည်းအကြာ ပွတ်သက်ပေးကြီးနောက်မှာတော့ ကြမ်းပြင်ပေါ်က ငါးရိုးတွေဆီကို ခြေဟန်လက်ဟန်ဖြင့် ပြလိုက်သည်။
အဲ့ဒီတော့မှ မော့ချူးလည်း နားလည်တော့သည်။ သူမက သူ့ရဲ့လည်ဆံမွေးကို လိုချင်ရင် ငါးကင်နဲ့ အလှဲအလည် လုပ်ရမည်ထင်သည်။ ဒီအကောင်လေးက အရမ်းလိမ္မာပါးနပ်လွန်းသည်။
ကံကောင်းစွာနဲ့ပဲ မော့ချူးမှာ ငါးကင်အနည်းငယ်ကျန်သေးပြီး တစ်ခုချင်းစီထုတ်လိုက်သည်။ ခလုတ်ခုံထဲမှာ ဘာမှမကျန်တော့မှဘဲ အဲ့ဒီအကောင်လေးက စိတ်ချမ်းသာသွားတော့သည်။ သူက သူ့ခေါင်းလေးကို မော့ချူးနားတိုးပေးလိုက်ကာ မော့ချူးကလည်း မြန်မြန် လည်ဆံမွေးကို ဖြတ်လိုက်သည်။ အဲ့ဒီနောက်တော့ သူလည်း အရသာရှိလှတဲ့ ငါးကင်ကို စားတော့သည်။
မော့ချူးက သူတို့ဘယ်လောက်လိုအပ်လဲဆိုတာကို မသိချေ။ သူမက သွေးအလင်းသားရဲ၏ ထူထပ်နေတဲ့ လည်ဆံမွေးကို ဒီတိုင်းလေးပဲ ဖြတ်လိုက်သည်။ ဟင်း သူ့ရဲ့ ဆံပင်အသစ်က တော်တော်လေးမိုက်နေပြီ။
သွေးအလင်းသားရဲကတော့ သူ့ရဲ့ပုံစံကို ဂရုမစိုက်ချေ။ သူက ငါးကင်တွေကိုသာ သူ့ပါးစပ်ထဲထိုးသိပ်နေပြီး ကျေနပ်သွားသည်အထိ စားနေလိုက်သည်။
မော့ချူးက သူမလက်ထဲက အမွေးအစည်းကို ပြလိုက်ပြီး “အစ်ကို ဒီလောက်ဆို လောက်လား”
မော့ယန်က မျက်ခုံးများကို ပင့်လိုက်ပြီး “အင်း လောက်တယ်”
အရင်တုန်းက မော့ချူးလက်ထဲမှာရှိတာရဲ့ သုံးပုံတစ်ပုံလောက်ကို ယူနိုင်ခဲ့တဲ့သူမရှိသေးချေ။ ဒီအချိန်မှာ ဒီလိုအများကြီးပေးလိုက်ရင် ဆုလာဒ်တွေလည်း အများကြီးရလောက်မည်။
အဓိကအချက်ကတော့ ဒီမစ်ရှင်က လွယ်လွန်းနေတာပါပဲ။
သွေးထွက်သံယိုမှုမရှိ၊ အသေအပျောက်မရှိ။ ပြင်သစ်အကြော် လက်တစ်ဆုပ်စာနှင့် ငါးကင်အချို့သာ။ ဒါက လုံးဝ ပေးဆပ်ရခြင်းမရှိသကဲ့သို့ပင်။
မော့ချူးက သူ့အစ်ကို မျက်မှော်ကြုတ်တာကို သတိမထားမိလိုက်ချေ။ သူက လည်ဆံမွေးတွေကို သူမရဲ့ ကိုယ်ပိုင် ခလုတ်ခုံထဲ သေချာထည့်လိုက်ပြီး သူမရဲ့ မျက်ခုံးများကို ပင့်လိုက်သည်။ “ဒါဆို ညီမလေးတို့ မစ်ရှင်ပြီးမြောက်သွားပြီပေါ့”
“ဟုတ်တာပေါ့” ဒါက မော့ယန်အတွက် သူမစ်ရှင်တွေစလက်ခံကတည်းကနေ အခုချိန်ထိ အလွယ်ဆုံး မစ်ရှင်လို့ပြောရမှာပါပဲ။ “ဒါတွေကို လွှဲပြောင်းဖို့ ငါတို့ တာဝန်ပေးအပ်ရေးဌာနကို သွားရမယ်”
“ကောင်းတာပေါ့” မော့ချူးက ပါဝင်ပစ္စည်းအနည်းငယ်စုဆောင်းမိထားပြီ။ ဒါကြောင့် သူတို့ပြန်ရောက်တဲ့အခါ အဲ့ဒါတွေတစ်ခုပြီးတစ်ခုကို စမ်းသပ်ရုံသာ ကျန်တော့သည်။
“အာ့ ဒီချစ်စရာလေး” မော့ချူးက ငါးကင်တွေကို စားနေတဲ့ ဒီသွေးအလင်းသားရဲကို ပုတ်လိုက်သည်။ “အဲ့ဒါဆို ငါတို့သွားတော့မယ်နော်။ နောက်ကြုံရင် မင်းအတွက် စားစရာတွေ ယူလာပေးမယ်”
သွေးအလင်းသားရဲလေးက ငါးကင်တွေစားပြီးသွားတော့ သူရဲ့ ဆီတွေပေနေသည့် ပါစပ်ကို လျက်လိုက်သည်။ သူထကြည့်လိုက်သည့် အချိန်တွင် အစာပေးသည့်သူ မရှိတော့သည်ကို မြင်၍ စိတ်မချမ်းသာဖြစ်သွားသည်။
“အာဝူး-“
သူမဘယ်သွားလိုက်တာလဲ။ ဒီအရသာရှိတဲ့ စားစရာတွေကို ပေးတဲ့သူက ဘယ်ရောက်သွားတာလဲ။ ဘာလို့ သူမ ဒီလို ရုတ်တရက်ကြီး ပျောက်သွားရတာလဲ။