← Chapters

အပိုင်း ၂၃

Vol. 2 Ch. 23

အပိုင်း ၂၃

Vol. 2 Ch. 23

တာဝန်ပေးအပ်ရေးဌာနတွင်

“ဟိတ်ကောင်တွေ မင်းတို့မှန်းကြည့်စမ်း။ မော့ယန်နဲ့ ဟိုကလေးမလေးက ဒီအချိန် မစ်ရှင်ပြီးလောက်ပြီထင်လား” သူတို့ပြုလုပ်ထားသည့် အလောင်းအစားက အတော်လေး သတင်းမွှေးနေသည့်အတွက် လူအများက စိတ်ဝင်စားနေကြသည်။

“ဒါပေါ့ မော့ယန်က အဆင့်(၅)ကျွမ်းကျင်သူလေ။ ဒီ Aအဆင့် မစ်ရှင်လောက်ကတော့ ပြဿနာဘယ်ဟုတ်ပါ့မလဲ” ဒီတစ်ယောက်က မော့ယန်ရဲ့ အမာခံပရိတ်သက်ဖြစ်လိမ့်မည်။ ဒီစကားလုံးတွေကနေ ဘောစ့် မော့ယန်ကို တကယ်လေးစားကြောင်း ပြောနိုင်သည်။

“ဘာလဲဟ” သူ့ရဲ့ဘေးနားကလူက ပြန်ပြောလိုက်သည်။

“ဒီမစ်ရှင်က သွေးအလင်းသားရဲရဲ့ လည်ဆံမွေးကို ယူဖို့လေကွာ။ ဆေးပြားစားရသလောက် လွယ်တယ်ထင်နေလား”

“တကယ်ဆိုရင် မော့ယန်ရဲ့ စွမ်းရည်လောက်နဲ့ သွေးအလင်းသားရဲရဲ့ လည်ဆံမွေးကို ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဒီတစ်ယောက် စဉ်းစားတတ်သည်။ သူကပြောလိုက်သည်။

“ ဒါပေမဲ့လည်း ဒီအလောင်းအစားရဲ့ ခက်ခဲမှုက သူကဒီမစ်ရှင်ကို ပြီးမြောက်အောင်လုပ်ရမယ် နောက်ပြီး သူရဲ့ အဆင့်(၁)ညီမကလည်း ထိခိုက်မှုမရှိရဘူးဆိုတဲ့ ဟာအပေါ်မှာ မူတည်နေတယ်။ ဒါက လွယ်တော့ မလွယ်လှဘူး”

“ဟူး ငါလည်း ကာစီနိုမှာ လောင်းကစား တကယ်လုပ်နေကြတဲ့ သူတွေအကြောင်းကြားဖူးတယ်။ အ‌ရေးသာဖို့က နှစ်ခုတစ်ခုဖြစ်နေတယ်။ ကြည့်လိုက်လေ ကာစီနိုက လူတွေတောင် မော့ယန်ဘက်မှာ မပါဘူး။ သူတို့ တော်တော်တော့ အန္တရာယ်ရှိနေပြီ”

ရှောက်ယွမ်က ထောင့်နားမှာ ရပ်နေပြီး ပြောနေတာတွေကို နားထောင်နေသည်။ သူအတော်ကျေနပ်နေသည်။

ဒါအမှန်ပဲ ဒီတစ်ခါတော့ မော့ယန်လည်း ဒုက္ခလှလှ တွေ့ပြီကွ။

သူက လူအများရှေ့မှာ မော့ယန်ရဲ့ ညီမက သူ့ကို ခေါင်းငုံ့ပြီး တောင်းပန်နေရမည့်ပုံကို မြင်ယောင်ပြီး ပြောမပြနိုင်လောက်အောင်ကို သာယာနေသည်။

ရုတ်တရက် တံခါးတွင် အုတ်အုတ်သောင်းနင်းဖြစ်ကုန်သည်။

လူများက ဆူညံသံများ ကြားသောအခါ လှည့်ကြည့်လိုက်ကြသည့်အချိန် သူတို့၏မျက်လုံးများသည်မယုံနိုင်သည့် အကြည့်များဖြင့် ပြူးကုန်ကြသည်။ လူအုပ်က လမ်းဖယ်ပေးလိုက်တော့ ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်းဖြစ်သွားသည်။ အလယ်က လျှောက်လာတဲ့သူတွေကတော့ မော့ယန်နှင့် မော့ချူးတို့ပဲ ဖြစ်ကြသည်။

“ဘုရားရေ တစ်ရက်ပဲရှိသေးတာကို သူတို့က ဘာလို့ပြန်ရောက်နေကြတာလဲ။ ဒီမစ်ရှင်က ခက်လွန်းလွန်းလို့ လက်လျှော့လိုက်ကြတော့တာလား”

“ဒါက အကြောင်းအရင်းဖြစ်ရမယ်။ ငါအရင်ကပြောတယ်လေ မော့ယန်ရဲ့ညီမက အဆင့်(၁)ပဲရှိတာလို့။ သူမက အုံ့ဆိုင်းသောတောအုပ်အတွင်းဝင်သွားတာနဲ့ အကြောက်လွန်ပြီး ငိုနေမှာ။ အဲ့လိုဆို သူတို့က ဘယ်လိုလုပ် မစ်ရှင်ကို ဆက်လုပ်လို့ရတော့မှာလဲ”

“အဲ့ဒါဖြစ်နိုင်တယ်”

အထူးကျွမ်းကျင်သူတွေကတော့ မျက်စိလျင်ပြီး နားပါးကြသည်။ ပြောနေတာတွေက မနှီးနေပေမဲ့လည်း သူတို့က ကြားနေသည်။

ဒီစကားလုံးတွေကို ကြားပြီး ရှောက်ယွမ်က မော့ချူးနဲ့ မော့ယန်ကို မြင်လိုက်ရသော်လည်း ရင်နည်းနည်းအေးသွားသည်။ ဒါက တစ်ရက်ပဲ ကြာသေးတယ်ဆိုတာအမှန်ပါ။ ဒီလောက်မြန်မြန်သူတို့ ဘယ်လိုလုပ် ဒီမစ်ရှင်ကို ပြီးမှာလဲ။

ဒါကို လုံးဝကို မဖြစ်နိုင်တာပဲ

သို့သော်လည်း မော့ချူးနှင့် မော့ယန်တို့က တာဝန်ပေးအပ်ရေး ကောင်တာကို တည့်တည့်မတ်မတ်သွားလိုက်သည့်အခါ ရှောက်ယွမ်၏ နှလုံးခုန်နှုန်း တဖြည်းဖြည်းမြန်လာသည်။

မော့ချူးသည် လူကြားထဲမှ ရှောက်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ သူမက မချိပြုံး ပြုံးပြလိုက်သေးသည်။ ဟား

နားမလည်နိုင်ပြီး သိချင်နေကြတဲ့ လူတွေရဲ့ရှေ့မှာ မော့ချူးသည် သူမ၏ခလုတ်ခုံမှ သွေးအလင်းသားရဲ၏ လည်ဆံမွေးကို ထုတ်လိုက်ပြီး ကောင်တာက ဝန်ထမ်းဆီလွှဲပြောင်းပေးလိုက်သည်။

တာဝန်ပေးအပ်ရေး ဌာနတစ်ခုလုံး ငြိမ်ကျသွားသည်။ ခုဏလေးတင်ကအထိ ပြောနေလိုက်ကြတဲ့သူတွေရဲ့ ပါးစပ်တွေလည်း အဟောင်းသားဖြစ်ကုန်ကြပြီ။ သူတို့အားလုံးရဲ့ မျက်နှာမှာ ပေါ်နေတဲ့ စကားလုံးကတော့ ‘မဖြစ်နိုင်လိုက်တာ’

ဝန်ထမ်းကတောင် စိုက်ကြည့်နေလိုက်သေးသည်။ သူက ချက်ချင်းသတိရသွားပြီး မော့ချူးလက်ထဲက လည်ဆံမွေးတွေကို ယူလိုက်တာက လူရဲ့ အလုပ်ကြောင့်သာဖြစ်သည်။

“ဒါအတုတွေပဲဖြစ်ရမယ်။ သူတို့က ဒီလည်ဆံမွေးတွေကို တစ်နေရာရာကနေတွေ့ပြီးတော့ ဒီကိုယူလာတာပဲ ဖြစ်ရမယ်” ရှောက်ယွမ်ကပြောလိုက်သည်။ ဒီလို အချိန်တိုလေးအတွင်းတွင် မော့ယန်နဲ့ သူညီမက မစ်ရှင်ကို ပြီးမြောက်သွားသည်။ အခြားသူများသာဆိုလျှင် ဒီလောက်အချိန်လေးအတွင်း သွေးအလင်းသားရဲရဲ့ အရိပ်တောင် တွေ့လိုက်ရမည် မဟုတ်ချေ။

သို့သော်လည်း ဝန်ထမ်းက လည်ဆံမွေးတွေကို အထူးစစ်ဆေးတဲ့ကိရိယာအပေါ်တင်လိုက်ပြီး အမှားအယွင်းမရှိကြောင်း အတည်ပြုလိုက်သည်။ လူများလည်း ချက်ချင်း ‘ဝါး’ခနဲ ဖြစ်သွားကြသည်။

“ဝိုး ထင်ထားတဲ့အတိုင်းပဲ တို့ရဲ့သူရဲကောင်းကြီး”

“မော့ယန်နဲ့ သူညီမကတော့ Aအဆင့် မစ်ရှင်ကို အမြန်ဆုံးပြီးအောင်လုပ်နိုင်တဲ့သူတွေအဖြစ် မှတ်တမ်းတင်သွားပြီ”

“Aအဆင့်မစ်ရှင်ဆိုတာ မေ့ထားလိုက်ဦး။ ဒီလိုအချိန်တိုလေးအတွင်း Cအဆင့်နဲ့ Dအဆင့်လောက်တောင် ပြီးနိုင်တဲ့သူ မတွေ့ဘူးသေးဘူး”

“ဂုဏ်ယူပါတယ်” ဝန်ထမ်းက ဂရုတစိုက်နဲ့ လည်ဆံမွေးတွေကို သိမ်းလိုကပြီး သူတို့ကို လှည့်ကြည့်လိုက်သည်။ “ဘယ်လို ပစ္စည်းတွေနဲ့များ အလဲအလည်လုပ်လို့ရမလဲဆိုတာ သိလို့ရမလား”

သူပြောပြီးတဲ့နောက်မှာ မော့ချူးနှင့် မော့ယန်တို့ရှေ့၌ လေထဲတွင် မျက်နှာပြင်သေးသေးလေးတစ်ခုပေါ်လာသည်။ ပစ္စည်းအားလုံးနှင့် အလဲအလည် လုပ်လို့ရသည်။

“ဝိုး” ဒြပ်စွမ်းအင်သုံးသူ အချို့က အံ့ဩပြီးအော်လိုက်ကြသည်။ မျက်နှာပြင်ပေါ်တွင် ပေါ်နေသည့် ပစ္စည်းများမှာ ပုံမှန်Aအဆင့်များရသည့် ဆုလာဒ်များထက် သာနေသည်။ “စွမ်းအင်မြင့်တင်တဲ့ ဆေးတွေရော ချီဆေးပြားတွေပါ ပါသေးတယ်ဟ”

ဒီအချိန်ကျတော့လည်း တာဝန်ပေးအပ်ရေးဌာနကို ရက်ရောနေသည်။ နောက်ပြီး ဒြပ်စွမ်းအင် အသုံးပြုသူတွေအတွက် ဒီဆေးပြားတွေက သူတို့ရဲ့ ခွန်အားတွေကို တိုးမြင့်ပေးပြီး ဒြပ်စွမ်းအင်တွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပင်။

လူတိုင်းရဲ့ သံသယဖြစ်နေကြသည့်ပုံကို ကြည့်လိုက်ပြီး ဝန်ထမ်းက ရှင်းပြလိုက်သည်။ “မော့ယန်နဲ့ မော့ချူးတို့ယူလာတဲ့ ပမာဏက အရင်တုန်းက ဟာတွေထက် သုံးဆပိုများပါတယ်။ သူတို့က Aအဆင့် မစ်ရှင်သုံးခုကို ပြီးလာတဲ့အတိုင်းပါပဲ။ ပုံမှန်ဆိုရင် ဆုလာဒ်တွေကို ဒီ့ထက်တောင် များသင့်သေးတယ်”

အံ့သြစရာမရှိတော့ဘူး။

ဒါကိုကြားပြီး လူတိုင်း နားလည်သွားကြသည်။ လည်ဆံမွေးတွေကိုကြည့်လိုက်တော့ သူတို့ တုန်လှုပ်သွားကြသည်။ မော့ယန်နဲ့ သူ့ညီမကတော့ သွေးအလင်းသားရဲ ဘယ်နှစ်ကောင်ဆီကများ ဓားပြတိုက်လာပါလိမ့်။

မော့ချူးကတော့ ဒီဆုလာဒ်ပစ္စည်းတွေ အကြောင်းကို သိပ်နားမလည်ချေ။ ထို့ကြောင့် သူမသည့် သူ့အစ်ကို ကိုသာ အပ်ထားလိုက်တော့သည်။

သူမနောက်ကို လှည့်လိုက်သည့်အချိန်တွင် ရှောက်ယွမ်ကို တွေ့လိုက်ရသည်။ သူမက မြေခွေးပေါက်စလေးလို မဲ့ပြုံးပြုံးပြလိုက်သည်။ “ဒါနဲ့ ငါတို့ရဲ့ အလောင်းအစားကို ပြန်ဆက်လိုက်ကြတော့မလား”

လူအများရှေ့တွင် ရှောက်ယွမ်လည်း မငြင်းနိုင်တော့ချေ။ သူ၏မျက်နှာမှာ ဖားမြိုချထားသည့်အတိုင်း ရှုံ့တွနေသည်။

“ဒါပေါ့ လောင်းထားတာကို ဂတိတည်ရမှာပေါ့”

“တောင်းပန်လိုက်”

တိုက်တွန်းနေသည့် အသံများသည် ဗိုင်းရပ်များ ပြန့်သကဲ့ တစ်ယောက်မှတစ်ယောက်သို့ ပြန့်နှံ့သွားသည်။

မျက်စိတစ်မှိတ်အတွင်း တာဝန်ပေးအပ်ရေးဌာန တစ်ခုလုံး တိုက်တွန်းနေသည့် အသံများဖြင့် ပြည့်သွားသည်။ “တောင်းပန်လိုက် တောင်းပန်လိုက်”

ရှောက်ယွမ်၏ မျက်နှာမှာ တွန့်လို့သာနေတော့သည်။ သူကတောင်းပန်ဖို့ ပါးစပ်ဟလိုက်သည့်အချိန်တွင် ကြားဖြတ် ပြောသံတစ်ခုကြားလိုက်ရသည်။

“မော့ယန်က အဆင့်(၅)ကနေ အဆင့်(၆)ကို ရောက်သွားပြီ”

သူ့ရဲ့စကားလုံးများက မြေကြီးများကွဲအပ်သွားသည့် အတိုင်းပင်။ စကားပြောလိုက်သည့်သူက ခရိုင်၁၂တွင် ပထမဆုံးမှာ ရပ်တည်နေတဲ့ အသင်းရဲ့ခေါင်းဆောင် ဝမ်လိ ဖြစ်သည်။ သူကလည်း အဆင့်(၆)ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့စကားတွေကို လူအများက ယုံကြည်ကြသည်။

ဒါကို ကြားပြီးတော့ လူအုပ်က အုပ်အုပ်သောင်းနင်းဖြစ်သွားကြပြန်သည်။

အခြားသူတွေမဆိုထားဘိ တကယ်တမ်းတွင် ဝမ်လိကိုယ်တိုင်တောင် လန့်ဖြန့်သွားသည်။ ဒြပ်စွမ်းအင်အသုံးပြုသူတွေရဲ့ ကျင့်ကြံမှုဟာ အလွန်ခက်ခဲသည်။ ခြေလှမ်းတိုင်းက စွန့်စားမှုတွေပင်။ ကြိုးစားပြီးတော့ ကျရှုံးသွားကြပြီး သူတို့ရဲ့ ဘဝမှာ ဒီအဆင့်ကနေ မတက်တော့သည့်သူများ မည်မျှရှိမည် မသိနိုင်ပါ။

တစ်ဖက်တွင် မော့ယန်သည် အသက်၃၀သာရှိသေးသည်။ သူအရွယ်လေးရောက်ခါစတွင်လျှင်ပင် သူသည် အဆင့်(၆)ကို ရောက်နှင့်နေပြီ။ ဒီလိုရလာဒ်မျိုးက အလွန်ပင် အံ့ဩတုန်လှုပ်စရာ ကောင်းလွန်းလှသည်။ ဒီလိုအလားအလာဖြင့် ခရိုင်၁၂တစ်ခုလုံးက ဘယ်သူမှသူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။

“တကယ်ကြီးလားဟ”

“နောက်နေတာတော့ မဟုတ်ဘူးမလား” ဒီ... သူက အဆင့်(၆)ဖြစ်နေပြီလား။

“ဟုတ်ပါတယ်” လူတိုင်းရဲ့ ငေးကြည့်နေတဲ့ကြားကနေ မော့ယန်ကခေါင်းညိတ်ပြလိုက်သည်။ ရုတ်တရက် သူက‌ ရှောက်ယွမ်ဆီကို လှည့်လိုက်ပြီး နူးညံ့သည့် အသံနှင့်ပြောလိုက်သည်။ “ဒါတွေအားလုံးက ရှောက်ယွမ်ရဲ့ကျေးဇူးတွေပါ”

“သူသာ ဒီမစ်ရှင်ကို လက်ခံဖို့ အကြံမပေးခဲ့ဘူးဆိုရင် ကျွန်တော့်ရဲ့ လက်ရှိအဆင့်ကို ချိုးဖောက်ပြီး အဆင့်(၆)ကို ရောက်မှာမဟုတ်ပါဘူး။ ဘာပဲပြောပြော သူကို့ ကျေးဇူးတင်ရမယ်”

နှစ်ဆရိုက်ချက်ပင်။

ဒါပဲလေ။

ရှောက်ယွမ်ရဲ့ ဖြူရော်ပြီး ရှုံ့တွနေသည့်မျက်နှာကို ကြည့်ပြီး မော့ချူးက တိတ်တိတ်လေး‌ ပျော်နေသည်။

သူမရဲ့ အစ်ကိုက တမင်ပြောတာလား သဘောရိုးလားဆိုတာ သူမ မသိချေ။ စကားလုံးအနည်းငယ်လောက်နှင့်ပင် ရှောက်ယွမ် ဝပ်သွားရတော့သည်။

မော့ယန်ရဲ့ အကွက်တွေက သေသပ်လှပလွန်းတာကို သူမ‌ထောက်ခံသည်။

All Chapters