အပိုင်း ၂၄
Vol. 2 Ch. 24
ရှောက်ယွမ်၏ အစီအစဉ်များသည် ပြောင်းပြန်ဖြစ်သွားခဲ့သည်။ အခုချိန်တွင် လူတိုင်းလည်း ထိုကဲ့သို့တွေးနေလောက်မည်။
သူက ဒီအခွင့်အရေးကို မော့ယန်အရှက်ကွဲစေဖို့ အသုံးချခဲ့သည်။ သို့သော် နောက်ဆုံးတွင် မျက်နှာ အရိုက်ခံလိုက်ရသည့် အရှက်တကွဲဖြစ်သွားသည့် သူမှာ သူကိုယ်တိုင်ပင်ဖြစ်သည်။
“အဆင့်(၆)” ရှောက်ယွမ်က ရေရွတ်နေလိုက်သည်။ သူက မနှီးမဝေးမှာရှိတဲ့ မော့ယန်ကို မော့ကြည့်လိုက်ပြီး သူ့ရဲ့နှလုံးခုန်နှုန်းတွေက အရမ်းမြန်နေသည်။ ဒါက သူ့ဘဝမှာ သူဘယ်တော့မှ မရနိုင်သည့် ပန်းတိုင်သာဖြစ်သည်။ သို့သော် ဒီလူသည် သူရဲ့ရှေ့တွင် အလွယ်လေး အောင်နိုင်သွားသည်။
“ဘာလို့လဲ” ရှောက်ယွမ်က ရုတ်တရက် ထအော်လိုက်သည်။
သူ့ဘေးနားက သူတွေက သူ့ကို လက်ညိုးထိုးလိုက်ကြသည်။ သူရဲ့ အထင်မြင် သေးစရာကောင်းတဲ့ မျက်လုံးတွေက သူ့ကိုအရှက်ပိုကွဲစေသည်။ ဒီအချိန်တွင် သူသည် ဒေါသများ ထပေါက်ကွဲတော့သည်။
“မင်းတို့တွေက ငါတို့လိုချင်တဲ့အရာတွေတိုင်းကို အားမထုတ်ဘဲနဲ့ ရနိုင်တဲ့လို့ ဘာလို့ထင်နေတာလဲ။ အဆင့်အတန်း၊ အာဏာ၊ ကြွယ်ဝမှုတွေက အဆင့်မြင့်ကျွမ်းကျင်သူတွေမှာပဲ ရှိတာလား”
“ဘာလို့လဲဆိုတော့ မင်းတို့က ထူးချွန်သူတွေမို့လား”
မော့ယန်က ရယ်လိုက်သည်။ သို့သော် သူ့ပုံမှာ ရှုံတွနေသည်။
“ငါ အကောင်းဆုံးကြိုးစားခဲ့တာ။ အကောင်းဆုံးကို ကြိုးစားခဲ့တာ။ ဒါပေမဲ့ အသုံးမဝင်ဘူး။ အဆင့်(၂)ဖြစ်နေတာ နှစ် ၂၀ကနေ ၃၀လောက်ထိရှိနေပြီ။ ဒါပေမဲ့ ဒီကနေအဆင့်တက်ဖို့ အခက်အခဲဖြစ်နေတုန်းပဲ”
“ဒါပေမဲ့ မင်းကိုကြည့်လိုက်ပါဦး။ မင်းအတွက် အလွယ်လေးပဲ။ မင်းအဆင့်တစ်ခုကနေ တစ်ခုတက်သွားတာက ရေသောက်နေတဲ့အတိုင်း လွယ်နေတယ်လေ။ ငါတို့အတွက်ကျတော့ရော။ အသုံးမဝင်ဘူးဆိုရင်တောင် အကောင်းဆုံး ကြိုးစားတာပဲလေ”
“ဒါ ဘာသဘောလဲ။ ပြောစမ်း ဘာလုပ်ရမှာလဲလို့”
ဒေါသပေါက်ကွဲသံကြောင့် တာဝန်ပေးအပ်ရေးဌာန တစ်ခုလုံး ငြိမ်သွားသည်။ ရှောက်ယွမ်၏ လေထဲမှာ အသက်ပြင်းပြင်းရှုသံသာကြားရသည်။
ဒီစကားလုံးတွေက ယခုခေတ်လူအများစုရဲ့ ရင်ထဲက စကားသံတွေပင်။
လူတစ်ယောက်ရဲ့ အဆင့်မြင့်မှုက သူ့ရဲ့ အနာဂတ်နဲ့ ဘယ်လောက်ထိ ကျယ်ပြန့်လို့ရလဲဆိုတာကို ဆုံးဖြတ်ပေးသည်။ ဒီအချက်က အဖွဲ့ချုပ်မှာ တော်တော်များများ အရေးပါတဲ့အရာပါ။
“ဘာလို့လဲ” အကုန်လုံးတိတ်နေကြသည့် အချိန်တွင် မော့ချူးက ရုတ်တရက်ထပြောလိုက်သည်။ သူမရဲ့ မျက်နှာလေးက အနည်းငယ် အေးစက်နေသည်။ “ကျွန်မပြောပြမယ်”
“ရှင့်ရဲ့ စွမ်းရည်က နိမ့်တယ်။ ကျွန်မအစ်ကိုရဲ့ စွမ်းရည်က မြင့်တယ်။ ဒါက မတရားတာပဲ” မော့ချူးက ရှေ့ကိုနှစ်လှမ်းတိုးလိုက်သည်။ ရှောက်ယွမ်ရဲ့မျက်လုံးတွေကို ကြည့်ပြီးပြောလိုက်သည်။ “မင်းမှာ ဒြပ်စွမ်းအင်တွေရှိပြီး တစ်ချို့သူတွေမှာ မရှိဘူး။ ဒါလည်း မတရားတာပဲ”
ရှောက်ယွမ်က ချက်ချင်း မှင်သက်သွားသည်။
ဒါအမှန်ပါပဲ သူက မော့ယန်ကိုရင်ဆိုင်ပြီး သူ့ရဲ့ မကျေနပ်မှုတွေကို ထုတ်ပြနေတာပါ။ သို့သော်လည်း ဒြပ်စွမ်းအင်မရှိတဲ့သူတွေ၊ အဖွဲ့ချုပ်ရဲ့ ဟိုးအောက်ဆုံးမှာနေနေရတဲ့သူတွေကရော ဘာပြောရတော့မှာလဲ။
“စွမ်းရည် မြင့်လေလေ တာဝန်ပိုကြီးလေလေးပဲ” မော့ချူးက သူမရဲ့ မျက်လုံးတွေကိုကျဉ်းလိုက်ပြီး ပြင်းထန်တဲ့ လေသံနဲ့ ပြောလိုက်သည်။ “ ငါတို့က ဒြပ်စွမ်းအင်အသုံးပြုသူတွေ ဖြစ်နေကတည်းကိုက ကံကောင်းနေလှပြီ။ ငါတို့ကို ငါတို့ မြတ်နိုးသင့်တယ်”
“မင်းအတွက်ကရော လောကကြီးရဲ့ မတရားမှုတွေကို ထိုင်အပြစ်တင်နေပြီး ဘာရမှာမလို့လဲ”
“ဒီလိုပုံစံနဲ့ ငါ့အစ်ကိုကို အော်ပြောဖို့ သတ္တိရှိသေးတယ်ပေါ့” နောက်ဆုံးစာကြောင်းက မော့ချူး သူပါးစပ်ဖွင့်ရတဲ့ အကြောင်းအရင်းပင် ဖြစ်သည်။
သူမ၏အရင်ဘဝတွင် သူမသည် မိဘမဲ့တစ်ယောက်ဖြစ်သည်။ လူတွေရဲ့ ဆက်ဆံမှုနဲ့ပတ်သတ်ပြီး လောကကြီးရဲ့ နာကျင်မှုတွေ၊ အေးစက်မှုတွေ အကြောင်းကို သူမလောက် သိမည့်သူမရှိပေ။ ဒါက သူမ ဒီလို ကြင်နာတတ်တဲ့ စိတ်နှလုံးသားရလာတဲ့ အကြောင်းအရင်းပင်။
မော့ချူးမှာလည် ကိုယ်ပိုင်အားနည်းချက်တွေ ရှိကြောင်း ဝန်ခံရလိမ့်မည်။ တကယ်လို့ ရှောက်ယွမ်သာ မော့ယန်ကို ပစ်မှတ်မထားဘဲ အခြားသူဆိုလျှင် သူမသည် ဒီလို ပြန်ပြောလိမ့်မည် မဟုတ်ပေ။
“မင်းဘာသိလို့လဲ” ကောင်မလေးငယ်လေးရဲ့ အရှက်ခွဲတာကို ခံရပြီးတဲ့နောက်မှာ ရှောက်ယွမ်ရဲ့ မျက်နှာက နီစုတ်ပြီး သူ့ရဲ့မျက်လုံးတွေက လည်း အမုန်းတရားတွေနဲ့ ပြည့်နေသည်။
“မော့ယန်ရဲ့ စောင့်ရှောက်မှုအောက်မှာ မင်းကတော့ ဘာအပူအပင်ရှိမလဲ။ မင်းက ဒီစကားလုံးတွေကို အလွယ်လေးပြောနေနိုင်တာပေါ့။ မင်းသွေးတွေ ရွာကျတဲ့ မိုးထဲကို ခြေလှမ်းပြီးသွားမှာ ငါ့ကို လာဆုံးမ လာ”
“မိုက်မဲလိုက်တာ မိုက်မဲလိုက်တာ” မော့ချူးက သက်ပြင်းချလိုက်ပြီး မော့ယန်ဆီကို သွားလိုက်သည်။ ထိုအချိန်တွင် ရှောက်ယွမ် သူမျက်နှာကို စိုးရိမ်နေသေးသည်။ သူက တကယ်ကို မိုက်မဲတဲ့သူပဲ။
ရှောက်ယွမ်သာ သူ့ရဲ့ ဒေါသအထွတ်အထိပ်သို့ ရောက်နေမည်ဆိုလျှင် မော့ချူး၏ စကားလုံးမျာက သူ့အတွက် ကုလားအုပ်ရဲ့ ကျောပေါ်က ကောက်ရိုးများကဲ့သို့ ဖြစ်နေမည်။