အပိုင်း ၂၅
Vol. 2 Ch. 25
“မင်းက ဘာတွေများသိလို့လဲ” ရှောက်ယွမ်က အော်လိုက်သည်။ သူလက်ထဲမှာ မီးလုံးတစ်လုံးထွက်လာပြီး မော့ချူးဆီကို ဦးတည်လိုက်သည်။
ဖြစ်သွားတာတွေက မြန်လွန်းအားကြီးနေသည်။ ရှောက်ယွမ်က ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှမထင်ထားပေ။ ထို့အပြင် နှစ်ယောက်ကြား အကွာအဝေးသည် အလွန်နီးကပ်လွန်းလှသည်။ မီးလုံးသည် မော့ချူးကို ထိလုနီးနီးဖြစ်နေသည်ကို မြင်လိုက်ရပြီး သူတို့ကြိုးစားသော်လည်း အချိန်မီ မတားနိုင်လိုက်ချေ။
လူတိုင်းက မော့ချူး ဒဏ်ရာရတော့မည်ဟု ထင်လိုက်သည့်အချိန်သည် သူမက သူမလက်နှင့် ရေအလုံးတစ်ခုကို ရှောက်ယွမ်၏ မီးလုံးကို အချိန်မှီ ခုခံနိုင်စွာ ပစ်လိုက်သည်။
“အာ ဒီကောင်မလေးက အဆင့်(၁)ပဲရှိသေးတာ မဟုတ်ဘူးလား” နားမလည်နိုင်တဲ့ အသံတစ်ခုထွက်လာသည်။
“သူမက ရေအလုံးထုတ်နိုင်ဆိုတာ အဆင့်(၂)ကို ရောက်နေပြီဆိုတဲ့သဘောပေါ့”
“အဆင့်(၂) ငါးဆင့်” ဝမ်လိက မော့ချူးရဲ့ ဒြပ်စွမ်းအင်အဆင့်ကို ဖော်ပြလိုက်သည်။ သူ့ရဲ့ မျက်လုံးတွေအနည်းငယ် မှေးသွားသည်။ သူက အဆင့်(၆)ရှိတဲ့ မော့ယန်ကိုသာ ဂရုစိုက်မိနေပြီး သူရဲ့ ညီမကလည်း ပါရမီရှင်တစ်ယောက်ဖြစ်နေမည်ဆိုတာကို မမျှော်လင့်ထားခဲ့ပါ။
ဒါကိုကြားတော့ ရှောက်ယွမ်ရဲ့ အမူအရာက ပိုလို့တောင် ဆိုးရွားလာခဲ့သည်။
အရင်က သူ နှိမ်ခဲ့တဲ့ ကလေးမလေးဟာ တကယ်ပဲ ပြောင်းလဲသွားခဲ့သည်။ သူမက မပျော့ညံ့ချေ။ သူ မော့ချူးကို ကြည့်လိုက်သောအခါ မော့ယန်ကို ကြည့်နေရသလို ခံစားလာရသည်။ သူမသည် သူ့အစ်ကိုနှင့်တူသော ထူးထူးခြားခြား အရည်အချင်းရှိသည်။ မကြာမီ သူမသည် သူ့ကို ကျော်သွားလိမ့်မည်။
ဒါကို စဉ်းစားရင်း ရှောက်ယွမ်က မျက်စောင်းထိုးလိုက်သည်။
သူ့လက်ကို ကျစ်ကျစ်ဆုပ်လိုက်သည့်အချိန် မီးလုံးကလည်း ချက်ချင်းဆိုသလို ပိုပူလာသည်။
ရေသည် မီးကို တန်ပြန်နိုင်ခြင်းသည် ယေဘုယျသဘောဖြစ်သည်။ သို့သော် ၎င်းသည် အထူးစွမ်းရည်အသုံးပြုသူများနှင့် မသက်ဆိုင်ချေ။
ယေဘုယျအားဖြင့်ပြောရလျှင် မီးစွမ်းအင်အသုံးပြုသူများသည် ပိုမိုပြင်းထန်သော ဒြပ်စင်ဖြစ်သည့်တွက် တိုက်ခိုက်မှုများတွင်လည်း ပြင်းထန်သည်။ တူညီသောအဆင့်ရှိသည့် ရေအမျိုးအစား အသုံးပြုသူများသည် တူညီသောအဆင့်ရှိသည့် မီးအမျိုးအစားအသုံးပြုသူများကို ခုခံနိုင်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် ရေအမျိုးအစား အထူးစွမ်းရည် အသုံးပြုသူများသည် တူညီသောအဆင့်ရှိ မီးအမျိုးအစား အထူးစွမ်းရည်အသုံးပြုသူများကို နှိမ်နင်းရန် မဖြစ်နိုင်ချေ။
ထို့အပြင်၊ သူသည် အဆင့်(၂)ကိုးဆင့်တွင်ရှိနေသည်။ ၎င်း၏စွမ်းအင်သည် အဆင့်(၂)၏ ငါးဆင့် တွင်အထူးစွမ်းရည်အသုံးပြုသူ မော့ချူး ထက် အဆအနည်းငယ်ပိုမိုမြင့်မားနေသည်။
ဟ ဒီအခွင့်အရေးကို အသုံးချပြီး သူသည် ဒီကောင်မလေးကို သင်ခန်းစာကောင်းကောင်းပေးနိုင်သည်။ သူမမှာ ထူးချွန်တဲ့ စွမ်းရည်လေးရှိတာနဲ့ပဲ စိတ်ကြီးဝင်နေလို့ မရဘူးလေ။
ရှောက်ယွမ်ကပြုံးနေသည့်အချိန်တွင် မော့ချူးရဲ့ ရေအလုံးက ရုတ်တရက် သူ့ရဲ့ မီးလုံးကို ငြိမ်းသွားစေသည်ကို တွေ့လိုက်ရသည်။ ဒါတင်မကသေးဘဲ ရေအလုံးက သူရဲ့ မီးလုံးကို ဖျက်ဆီးပြီး တိုက်ခိုက်တော့သည်။ ဒါက အံ့ဩစရာပဲ။
“ဒါက မဖြစ်နိုင်ဘူး!”
ရှောက်ယွမ်က ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့က သူ့စိတ်တစ်ခုလုံးကို သိမ်းပိုက်ထားလိုက်ဖြစ်သည်။ သူ မတုံ့ပြန်ခင်မှာ ရေအလုံးက ရှောက်ယွမ်ရဲ့ ရင်ဘတ်ကို ထိနေပြီ။
လှုပ်လှုပ်ရွရွဖြင့် ရှောက်ယွမ်ကို ရေအလုံးကမ မီတာအနည်းငယ်အကွာအထိ တွန်းထုတ်လိုက်သည်။ ပါးစပ်က သွေးတွေ ထွက်လာပြီး မျက်နှာက ဖြူဖျော့သွားသည်။ သူ ဒဏ်ရာ ပြင်းထန်ပုံရသည်။
သို့သော် မည်သူကမျှ သူ့ကို မသနားကြပေ။
မော့ချူးက မလှုပ်ရှားခင်မှာ မည်သူမျှသူမက အဆင့်(၂)ဆိုတာကို သတိမထားမိခဲ့ကြပေ။ ထုံးစံအတိုင်း ရှောက်ယွမ်လည်းပဲ မမျှော်လင့်ထားခဲ့ပါ။
တစ်နည်းအားဖြင့် သူကမော့ယန်ကို အရှက်ခွဲရန် သေချာလုပ်ခဲ့သည်။ ဒါက သူ့ရဲ့ ပါးစပ်ကို ရိုက်ခံလိုက်ရသည်နှင့် အတူတူပင်။
လူကွယ်ရာမှာ ဘာတွေပဲဖြစ်နေဖြစ်နေ လူရှေ့သူရှေ့တွင်တော့ အဆင့်မြင့်အသုံးပြုသူတွေက အဆင့်နိမ့်အသုံးပြုသူတွေကို ထိခိုက်မှုပေးလို့မရပါ။ သို့သော်လည်း ရှောက်ယွမ်က ကျူးလွန်လိုက်သည်။ သူက လူတွေအများကြီးရှေ့မှာတောင် ကျူးလွန်လိုက်သေးသည်။ ဒီအချိန်တွင်တော့ သူရဲ့ ဂုဏ်သတင်းသည် အလွန်ထိုးကျသွားသည်။
ဟုတ်ပါတယ် အခုအချိန်မှာ သူ့ကို လူအတော်များများက အာရုံမစိုက်ကြဘူး။
အားလုံးက မော့ချူးကို အာရုံစိုက်လာကြသည်။
နှစ်ပေါင်းများစွာ ရေအမျိုးအစားစွမ်းရည်များကို 'အသုံးမဝင်သောဒြပ်စင်စွမ်းအင်' အဖြစ် လူသိရှင်ကြား သဘောထားထားခဲ့ကြသည်။ ယနေ့ မော့ချူး၏ လုပ်ရပ်သည် သူတို့အား တုန်လှုပ်သွားစေခဲ့သည်။
ရေအမျိုးအစား အထူးစွမ်းရည်အသုံးပြုသူများသည် အလွန်အစွမ်းထက်ကြောင်း တွေ့ရှိလိုက်ရသည်။ သူတို့သည် မီးအထူးစွမ်းရည် အသုံးပြုသူများကို တားဆီးနိုင်ရုံသာမက မြင့်မားသောအဆင့်ရှိ ပြိုင်ဘက်များကိုပင် အနိုင်ယူနိုင်သည်။
ထို့ကြောင့်၊ အခြား ရေအထူးစွမ်းရည်အသုံးပြုသူများအားလုံး ကြောင်သွားကြသည်။ တစ်ယောက်ပြီး တစ်ယောက် အကြံဉာဏ်တောင်းဖို့ ရည်ရွယ်ပြီး မော့ချူးဆီ ပြေးသွားကြသည်။
အရေးကြီးတာကတော့ မော့ချူးသည် ဒီအချိန်တွင် ဘာလုပ်ရမှန်းမသိ ကူကယ်ရာမဲ့နေသည်။ သူမကိုယ်တိုင်မသိသည့် အကြောင်းအရာတစ်ခုကို သူတစ်ပါးအား ရှင်းပြဖို့ဆိုတာ မဖြစ်နိုင်ပေ။