← Chapters

အပိုင်း ၂၆

Vol. 2 Ch. 27

အပိုင်း ၂၆

Vol. 2 Ch. 27

ကျော်ကြားမှုကို ကြောက်ရွံ့ခြင်းဟူသည် ဘာကိုဆိုလိုသနည်း။ မော့ချူးသည် ဤစကားစု၏ အဓိပ္ပါယ်ကို နောက်ဆုံးတွင် နားလည်သွားသည်။

'အလောင်းအစား' အဖြစ်အပျက်သည် တစ်လခွဲကျော်ကြာခဲ့ပြီဖြစ်သော်လည်း မော့ယန်နှင့် သူမအပေါ် အာရုံစိုက်မှုများက မြင့်မားနေဆဲဖြစ်သည်။ သူတို့နှစ်ဦးသည် ကြီးကြီးကျယ်ကျယ် နေရသည်ကို နှစ်သက်ကြသူများ မဟုတ်သောကြောင့် အိမ်တွင် ရိုးရိုးရှင်းရှင်း ငြိမ်ငြိမ်သက်သက် ကျင့်ကြံကြသည်။

မိုယန်သည် အဆင့်(၆) သို့ တက်လှမ်းခဲ့ပြီး သူ၏အခြေခံအုတ်မြစ်သည် မတည်ငြိမ်သေးပေ။ အဲဒါကို အားကောင်းအောင်လုပ်ဖို့ အခွင့်ကောင်းပါပဲ။

တစ်ဖက်တွင်မူ မော့ချူးသည် သူမ၏ အချက်အပြုတ်ကို ဆက်လက်လုပ်ဆောင်ရန် အုံးဆိုင်းသောသစ်တောမှ စုဆောင်းလာသည့် ပါဝင်ပစ္စည်းများအားလုံးကို စိတ်လှုပ်ရှားစွာ ထုတ်ယူလိုက်သည်။

အာလူး၊ ဂေါ်ဖီထုပ်၊ ဆန်၊ ရေမှော်ပင်များနှင့် ငွေပုန်းငါးများစသည့် ပါဝင်ပစ္စည်းများနှင့် ပြည့်နေသော စားပွဲကို ကြည့်လိုက်ရာ မော့ချူးသည် ပြီးပြည့်စုံသွားသလို ခံစားလိုက်ရသည်။

ယခင်က သူမချက်ပြုတ်ခဲ့သော ငါးကင်ကို ပြန်တွေးရင်း မော့ချူးသည် သားရေယိုနေတော့သည်။ အရသာကို သူမ မှတ်မိနေသေးသည်။

မော့ချူးသည် အသားစားသတ္တဝါမဟုတ်ပါ။ သို့သော်လည်း အဖွဲ့ချုပ်တွင် အချိန်အတော်ကြာ နေခဲ့ပြီး အသားကို တစ်ကြိမ်သာ မြည်းစမ်းဖူးသေးသည်။ အခု တွေးကြည့်မိတော့ သူ့မကိုယ်သူမ တကယ်သနားမိသွားသည်။

ဒီနေ့ ငါ ငါးဟင်းချက်ကြည့်ရမယ်။

မော့ချူ၏ မျက်လုံးများ လင်းလက်သွားသည်။ လျင်မြန်သော လှုပ်ရှားမှုများဖြင့် သူမသည် ပိန်လှီနေသည့် ငွေပုန်းငါးအချို့ကို ရွေးထုတ်လိုက်သည်။ သူမက အကြေးခွံတွေကို ဖယ်ပြီး အပေါ်ကို လှန်လိုက်သည်။ ထို့နောက် အလယ်တွင်ရှိသော ငါးအသားများကို အပိုင်းပိုင်းဖြတ်ပြီး ငါးနံ့ဆိုးများကို ဖယ်ရှားရန် ရေမှော်များဖြင့် ထုပ်ပိုးထားလိုက်သည်။

ထို့နောက် စားပွဲပေါ်ရှိ ကျန်ပါဝင်ပစ္စည်းများကို တစ်ချက်ကြည့်လိုက်သည်။ မော့ချူးသည် သူမ၏တံတွေးကိုမျိုချလိုက်ပြီး ၎င်းတို့အားလုံးကို ဆေးရန်ဆုံးဖြတ်လိုက်သည်။ အတုံးသေးသေးလေးတွေ လှီးဖြတ်ပြီး ဘေးဖယ်ထားလိုက်တယ်။ သူမ ဒီနေ့ ငါးဟင်းကို စား‌တော့မှာလား။

မီးကိုဖွင့်ပြီး အိုးကို အပူပေးကာ ဆီကို လောင်းထည့်သည်။

ဆီပူလာလျှင် မော့ချူးသည် အရွက်များကို အိုးထဲသို့ထည့်ကာ မွှေကြော်လိုက်သည်။ ခဏကြာအောင် မွှေပြီးနောက် အိုးထဲမှ အမွှေးရနံ့လေး ထွက်လာသည်။

မော့ချူးက အေးအေးဆေးဆေး ရေနွေးကို လောင်းထည့်လိုက်သည်။ ရေကိုကျိုပြီးနောက် ငါးတုံးများကို အိုးထဲသို့ထည့်ကာ မီးကြီးပေါ်တွင် ပြုတ်လိုက်သည်။ နောက်ဆုံးတွင် လှီးထားသော အာလူးများ၊ ဂေါ်ဖီထုပ်နှင့် အခြားပါဝင်ပစ္စည်းများကို အိုးထဲသို့ထည့်ကာ ဖြည်းဖြည်းချင်းဆူအောင် မဆူမီ မီးလျှော့လိုက်သည်။

အချိန်တွေ တရွေ့ရွေ့ဖြင့်ကြာလာပြီး အမွှေးရနံ့က တဖြည်းဖြည်း ပြင်းပြင်းလာခဲ့သည်။

မော့ယန်သည် ကျင့်ကြံမှု ပြီးသွား၍ သူ့အခန်းထဲမှ ထွက်လာခဲ့သည်။ သူ့ရှေ့က မြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားမိသည်။ ဒါက ရိုးရိုးရှင်းရှင်း ချက်ပြုတ်မှုလေး တစ်ခုဆိုတာ သိသာပေမဲ့ မော့ချူးပြုလုပ်နေသောကြောင့် ဟင်းသည် ဆွဲဆောင်မှုရှိနေသည်။ သူမဟင်းချက်နေသည့်ပုံသည်ပင် ကြည့်လို့ကောင်းနေသည်။

မော့ယန်က အနီးကပ်ကြည့်ရန်လုပ်လိုက်သည့်အချိန်တွင် မော့ချူးသည် သူမ၏ အကျင့်ဟောင်းပြန်ပေါ်လာပြန်သည်။ သူမသည် အိုးဘေးကိုကပ်ကာ ရှူလိုက်သည်။ သူမမွှေးရနံ့ကို ရှူရှိုက်မိရင်း သူမ၏ မျက်နှာငယ်လေးသည် ယစ်မူးနေသော အမူအရာဖြင့် ပြည့်နှက်သွားသည်။ ဒီလိုအကြည့်လေးကြောင့် မော့ယန်က ရယ်မောလိုက်သည်။

သို့သော် အနံ့က သူ့ကို သားရေယိုစေသည်။ မော့ယန်က မနေနိုင်တော့ဘဲ ခြေလှမ်းအနည်းငယ် အိုးနားသို့ ကပ်လာလိုက်သည်။ မော့ကြည့်လိုက်သည်အခါ အိုးထဲမှာ နှင်းဖြူငါးဟင်းရည် ပွက်ပွက်ဆူနေတာ တွေ့လိုက်ရသည်။ အိုးကြီးထဲမှာ အာလူးနဲ့ ဂေါ်ဖီထုပ်များ ပြည့်နေသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ စားချင်စိတ်များ တဖွားဖွားဖြစ်လာသည်။

"ဒါကိုကြည့်လိုက်တာနဲ့ မော့ချူးလေးက အစားအသောက် ကျွမ်းကျင်သူဖြစ်ဖို့ လုပ်နေတယ်လေ" မော့ယန်က စနောက်သည့်ပုံစံဖြင့်ပြောသည်။

အဖွဲ့ချုပ်တွင် စားဖိုမှူးဟူသည့် အလုပ်မရှိပေ။ အဲဒီအစား အစားအသောက် ကျွမ်းကျင်သူများတော့ရှိသည်။ သူတို့သည် မှော်အပင်များနှင့် မှော်သားရဲများကို အစားအစာအဖြစ် ပြောင်းလဲရန် စွမ်းအင်ပိုမိုရရှိစေရန် သုတေသနတွေကို အထူးပြုလေ့လာကြသည်။ ဥပမာအားဖြင့် မော့ချူးရှောင်ခဲ့ရသော အာဟာရဆေးတောင့်သည် သူတို့၏လက်ရာတစ်ခုလည်းဖြစ်သည်။

သူတို့ရဲ့ အလုပ်အကိုင်က တည်ငြိမ်သည်။ အကျိုးအမြတ်များသည်။ လူအများရဲ့ လေးစားမှုကို ခံရသည်။ ဒါသာ ၂၁ ရာစုဖြစ်ခဲ့လျှင် သူတို့ဟာ လူတွေအားကျအားထားရလောက်သည့် ကောင်းမွန်တဲ့ စံနှုန်းတစ်ခုဖြစ်နေမည်။

သို့သော် မော့ချူးကတော့ သိပ်စိတ်မဝင်စားချေ။ ထိုအရသာမရှိသည့်မအစားအစာများနှင့် နှိုင်းယှဉ်ပါက သူမဖန်တီးထားသည့် အစားအစာများကို ပို၍ နှစ်သက်သည်။ အရသာရှိရုံသာမက စွမ်းအင်များကိုလည်း ပေးစွမ်းနိုင်သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်သည်။

ဒါကိုတွေးနေရင်း မော့ချူးက အုံ့ဆိုင်းသည့်တောအုပ်ထဲမှာ ငါးကင်လုပ်နေတဲ့အချိန်ကို ပြန်သတိရသွားသည်။ သူတို့၏ စွမ်းအင်အဆင့်သည် သိသိသာသာ တိုးလာခဲ့သည်။ သူမ၏ ပထမဆုံးယူဆချက် မှန်ကန်ပါက ဒီငါးဟင်းအိုးသည်လည်း စွမ်းအင်ပေါင်းစည်းမှု ရှိနေသင့်သည်။

ဒါကိုတွေးလိုက်ရင်း မော့ချူးက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူမက ခဏလေးတောင် အလွှတ်မပေးချင်သည့်စိတ်ဖြင့် ငါးဟင်းအိုးကို စိုက်ကြည့်နေလိုက်သည်။

နောက်ဆုံးတော့ ငါးဟင်းအိုးနပ်ခါနီးတွင် ပါဝင်ပစ္စည်း အနည်းငယ်မှ အလင်းတန်းများသည် အချင်းချင်း ဆက်သွယ်ပြီး ပေါင်းစည်းနေသကဲ့သို့ တဖြည်းဖြည်း ရောယှက်နေသည်။

ဒါကိုမြင်လိုက်ရတော့ မော့ချူး ကျေနပ်သွားသည်။ သူမ၏ အတွေးများသည် တကယ် မှန်နေသည့်ပုံပင်။

သို့သော် သူမ မပြုံးလိုက်ခင် သူမ၏ မျက်ခုံးများက အရင်တွန့်သွားသည်။

အိုးထဲရှိ အလင်းတန်းများသည် တစ်ကယ့်ကို ပေါင်းစပ်သွားသည်။ သို့သော် ဤအရောင်သည် ယခင်က သူမ မြင်ဖူးသော နို့ဖြူရောင်မဟုတ်ပေ။ ဆန့်ကျင်ဘက် မီးခိုးရောင်-အနက်ရောင် ဖျော့ဖျော့အရောင်ဖြစ်သည်။

မော့ချူး နားမနိုင်လည်သေးချေ။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ဤမီးခိုးရောင် အနက်ရောင်ဖျော့ဖျော့အရောင်သည် ပို၍ပို၍သိပ်သည်းလာပြီး မည်းနက်သွားသည်။

အကြောင်းအရင်းသေချာမသိပေမဲ့ မကောင်းတဲ့ခံစားချက်ကြီး သူမ ရလာသည်။ မော့ချူး ထိတ်လန့်သွားသည်။ "အစ်ကို မြန်မြန် နောက်ပြန်ဆုတ်"

မော့ယန် နားမလည်သော်လည်း သူသည် ထိုစကားကိုကြားပြီးနောက် မသိလိုက်ဘဲ နောက်သို့ ခြေတစ်လှမ်း နှစ်လှမ်းဆုတ်လိုက်သည်။

အမွှေးရနံ့ပြင်းနေသည့် အိုးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသောအခါတွင် သူတို့ နှစ်ယောက် နောက်ပြန်ဆုတ်သွားကြသည်။ ထိုအခိုက်တွင် မော့ယန်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကိုပင် သိရှိပြီး မော့ချူးကို ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။

ဘန်း---

ကျယ်လောင်သော အသံကြောင့် အခန်းတစ်ခုလုံး တုန်ခါသွားသည်။

သူတို့နှစ်ယောက် အဆုံးထိ နောက်ဆုတ်သွားလိုက်သည်။ မော့ယန်က သူ့လက်ကို ယမ်းလိုက်ပြီး လျှပ်စီး၏ အလွှာပါးလေးက သူတို့နှစ်ယောက်ကို ကာကွယ်လိုက်သည်။

ချက်ချင်းပင် နောက်ထပ် ကျယ်လောင်သော အသံအချို့ ထွက်ပေါ်လာသည်။ သူတို့ရှေ့ရှိ လျှပ်စီးအတားအဆီးကိုပင် ဒီကြီးမားသည့် ရိုက်ခတ်တွန်းလိုက်ပြီး အတားအဆီးလည်း သိသိသာသာ ကွေးသွားခဲ့သည်။ မော့ချူးသည် အတားအဆီးက မတောင့်ခံနိုင်တော့ဘဲ အက်ကွဲတော့မည်ဟု ထင်လိုက်သည့်အချိန်တွင် အပြင်ဘက်မှ ပေါက်ကွဲသံသည် နောက်ဆုံးတွင် ငြိမ်သက်သွားပြီး လျှပ်စီးအတားအဆီးသည်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ရုန်းရင်းဆန်ခတ်မှု လုံးဝပျောက်ကွယ်သွားပြီးနောက် မော့ယန်သည် နောက်ဆုံးတွင် လျှပ်စီးအတားအဆီးထဲမှ ထွက်ခဲ့သည်။

သူတို့နှစ်ဦး၏ ရှေ့တွင် ရှုပ်ပွနေခဲ့သည်။

သန့်ရှင်းနေသည့် မီးဖိုချောင်တစ်ခုလုံးရှိ ဒန်အိုး ဒန်ခွက်များ ပေါက်ကွဲသွားခဲ့သည်။ နံရံတွင် သိသာနေသည့် အက်ကွဲကြောင်းများ အနည်းငယ်နှင့် ကြမ်းပြင်တွင်လည်း ဆီစွန်းများ ပြည့်နေသည်။ အပိုင်းအစများနှင့် ပါဝင်ပစ္စည်းများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေခဲ့သည်။

ဒီစွမ်းအားက မော့ချူးကို အံအားသင့်စေခဲ့သည်။

မော့ယန်၏ လျင်မြန်သော လှုပ်ရှားမှုကြောင့် မဟုတ်ပါက သူတို့ ဒဏ်ရာရသွားပေလိမ့်မည်။ ဒါကို သူတွေးလိုက်သောအခါ မော့ချူးသည် စိတ်မပူပဲမနေနိုင်တော့ပေ။

မော့ချူးကို မဆိုထားဘိ မော့ယန်တောင် အနည်းငယ်ကြောက်လန့်သွားသည်။

အိမ်ကို ငှားပြီးချိန်မှာတော့ လုံခြုံရေးအဆင့်ထပ်မြင့်ဖို့ သူရွေးချယ်ခဲ့သည်။ သူ၏ လက်ရှိကျွမ်းကျင်မှုဖြင့်ပင်လျှင် ဒီအိမ်ကြီးကို အနည်းငယ်လှုပ်ခါအောင် မလုပ်နိုင်ချေ။ သို့သော်လည်း နံရံပေါ်ရှိ နက်နဲသော အက်ကွဲကြောင်း အနည်းငယ်ကို ကြည့်လိုက်ရာ မော့ယန်သည် အေးစက်နေသော ချွေးများဖြင့် ထွက်လုနီးပါး ဖြစ်နေသည်။

ဒါက သူ့ညီမ အစားအစာ ချက်ပြုတ်နေတာမဟုတ်ဘဲ စွမ်းအင်ပမာဏကြီးမားတဲ့ လက်နက်မျိုးများ တီထွင်နေတာလား။

“အစ်ကို” မော့ချူးသည် ဝမ်းနည်းသောအမူအရာဖြင့် ခေါင်းကို မော့လိုက်သည်။ "သွားပါပြီ။ ညီမလေးတို့နေနေတဲ့အိမ်ကို ဖောက်ခွဲပစ်လိုက်မိပြီ။ ညီမလေးတို့ ပိုက်ဆံအများကြီး ပေးတော့ရမယ်"

မော့ယန်၏ မူလ လေးလံသော စိတ်ကို ဒီစကားက ရုတ်တရက် ရပ်တန့်လိုက်စေသည်။ မော့ချူး၏ ခေါင်းကို သူက ရွှင်ရွှင်မြူးမြူးဖြင့် ပွတ်သက်လိုက်သည်။ "စိတ်မပူပါနဲ့ အစ်ကို ဒီလောက်ပိုက်ဆံလောက်တော့ တတ်နိုင်သေးပါတယ်"

သူ့ညီမလေးရဲ့ ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်တော့တာ ထင်ရှားနေသည်။ ဒီအချိန်က ငွေအတွက် စိတ်ပူနေရမည့် အချိန်မဟုတ်ချေ။

All Chapters