အပိုင်း ၂၇
Vol. 2 Ch. 27
အဖွဲ့ချုပ်ရှိ အိမ်များနှင့် အဆောက်အဦများတွင် အများအားဖြင့် အလိုအလျောက် သန့်ရှင်းရေး လုပ်ဆောင်ချက်များ တပ်ဆင်ထားသည်။ ထို့ကြောင့် ကြမ်းပြင်ပေါ်ရှိ အညစ်အကြေးများကို ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းနေရန် မလိုအပ်ပေ။
သို့သော်လည်း နံရံများပေါ်ရှိ အက်ကွဲကြောင်းများအကြောင်း အိမ်ရှင်ကို အကြောင်းကြားရမည်ဖြစ်ပြီး သူတို့ကို ပြုပြင်ရန် အထူးပြုပြင်သည့်ဝန်ထမ်းများကို ခေါ်ယူရလိမ့်မည်၊
သူတို့အလုပ်တွေ ပြီးသွားချိန်မှာတော့ ညနေစောင်းနေပြီ။
မော့ယန်ကတော့ ထူးထူးထွေထွေ ဘာမှမခံစားရချေ။ တစ်ဖက်တွင်မူ မော့ချူးသည် ပေါက်ကွဲပြီးကတည်းက စားပွဲဘေးတွင် ရပ်နေခဲ့သည်။ သူမသည် ပါဝင်ပစ္စည်းများကို အဆက်မပြတ် ချိန်ဆရင်း လက်ထဲတွင် ကိုင်ထားသည်။
သူမအတွက် ပဟေဌိဖြစ်နေခဲ့သည်။ ဘာကြောင့် ရုတ်တရက် ပေါက်ကွဲရတာလဲ။
အရင်က မော့ချူးသည် အနည်းဆုံး ခုနစ်ကြိမ်၊ ရှစ်ကြိမ် ချက်ပြုတ်ခဲ့ဖူးသော်လည်း ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးချေ။
"ကဲ ညီမလေး နားမလည်နိုင်ရင် စဉ်းစားမနေပါနဲ့" မော့ယန်သည် မော့ချူးဖြစ်နေသည်ကို မကြည့်နိုင်သောကြောင့် တိုးတိုးလေး နှစ်သိမ့်လိုက်သည်။ “ဒါက နေ့ချင်းညချင်း သိနိုင်တဲ့ ကိစ္စ မဟုတ်ဘူးလေ။ ဖြည်းဖြည်းချင်း အဖြေရှာတာပေါ့"
“ဟုတ်ကဲ့” မော့ချူးက မြန်မြန်ပဲ သဘောတူလိုက်သည်။ သို့သော် ပါဝင်ပစ္စည်းများကို လက်ထဲမှာ ကိုင်ထားဆဲပင်။ သူမ တွေးနေသေးသည်မှာ ထင်ရှားသည်။
ရက်အတော်ကြာပြီးနောက် မော့ယန်သည် သူ့ညီမလေး၏ စိတ်နေစိတ်ထားကို နားလည်လာသည်။ ဒီကလေးမသည် အပြင်ပန်းတွင် ပျော့ညံ့သည်ထင်ရသော်လည်း အတွင်းစိတ်တွင် ဇွဲသတ္တိရှိသည်။
"ခလုတ်ခုံကို မေးကြည့်လိုက်လေ" မော့ယန်က အကြံပြုလိုက်သည်။
ဒါကိုကြားလိုက်ရတော့ မော့ချူးရဲ့ မျက်လုံးများ တောက်ပသွားသည်။
ဟုတ်တာပေါ့။ ဒါကို သူမ ဘာလို့မေ့နေပါလိမ့်။
မော့ချူးသည် ခလုတ်ခုံကို ချက်ချင်းဖွင့်ကာ အဖွဲ့ချုပ်၏ စာကြည့်တိုက်သို့ ဝင်လိုက်သည်။ အဲဒီထဲမှာ အကြောင်းအရာမျိုးစုံကို ခြုံငုံထားတဲ့ အချက်အလက်တွေ အများကြီးရှိသည်။ သူတို့က မော့ချူးကို စိတ်ကူးသစ်များစွာ ပေးခဲ့သည်။
မော့ချူးက စာဖတ်သည့်အရှိန်ကောင်းနေချိန်တွင် ရုတ်တရက် စာရွက်စာတမ်းတော်တော်များများဟာ သော့ခတ်ထားကြောင်းကို သူမတွေ့လိုက်ရသည်။ သူမသည် ၎င်းတို့ကို ဖွင့်ရန် နည်းလမ်းမရှိခဲ့ပေ။
"အစ်ကို ဒါကဘာဖြစ်လို့လဲ ဘာလို့ ဒီစာရွက်စာတမ်းတွေကို ဘာလို့ဖွင့်လို့မရတာလဲ” မော့ချူးသည့် အံ့ဩစွာဖြင့် ခလုတ်ခုံကို မော့ယန်အား လွှဲပေးလိုက်သည်။
“ဒါတွေက အထူး စာရွက်စာတမ်းတွေ။ အခွင့်အာဏာမရှိဘဲ သူတို့ကို ဖွင့်လို့မရဘူး။” စာတမ်းအများအပြားကို စတားနက်ရှိ အဖွဲ့ချုပ်စာကြည့်တိုက်တွင် ထားရှိသည်။ ပုံမှန်အားဖြင့် အချက်အလက် အားလုံးကို နိုင်ငံသားများအား ဖွင့်ပြောဖို့ဆိုတာ မဖြစ်နိုင်ချေ။ လျှို့ဝှက်ထားရန် လိုအပ်သည့် အချက်အလက်ရှိနေသောကြောင့် ဖြစ်မည်။
“ဒါဆို ဘယ်လို အခွင့်အာဏာမျိုးနဲ့ ဖွင့်ရမှာလဲ” အချက်အလက်အချို့ကို ကြည့်ပြီးနောက် မော့ချူးသည် စတင်အတွေးဝင်တော့သည်။ သို့သော် အရေးကြီးဆုံးဖြစ်သည့် အချက်အလက်များမှာ သော့ခတ်ထားသည်။ ဖြစ်ပုံက သည်းထိတ်ရင်ဖိုစရာရုပ်ရှင်တစ်ကားကို ကြည့်ရသလိုပင်။ စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းတွေမှာ အမြဲတမ်း တစ်ကွက်ချန်ထားသည်။ တကယ်ပင် အရမ်းစိတ်ပျက်စရာကောင်းလှသည်။
“ဒါက ပုံမှန်ပါပဲ…” မော့ယန် စကားမဆုံးခင်မှာ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မော့ချူးသည် နံရံကို ပြုပြင်ဖို့လာသည့်သူဟု အစက ထင်လိုက်သည်။ တံခါးဖွင့်လိုက်တာနဲ့ သူအရင်က တစ်ခါတွေ့ခဲ့ဖူးတဲ့ ဝေ လို့တော့ မမျှော်လင့်ခဲ့ချေ။
"ဟိတ် ရက်ပိုင်းပဲရှိသေးတာကို ညီမလေးချူးက အကို့ကို မေ့နေပြီလား" မော့ချူး၏ အံ့အားသင့်နေသော မျက်နှာကို ကြည့်လိုက်ပြီး ဝေက စိတ်မကောင်းဖြစ်နေသည်မှာ ပေါ်လွင်နေသည်။ သို့သော် သူ့မျက်နှာက ပြုံးနေသေးသည်။ သူစနေတယ်ဆိုတာ သိသာသည်။
“မဟုတ်တာ မှတ်မိသေးတာပေါ့” မော့ချူးက ပြုံးပြီး ပြန်ဖြေလိုက်သည်။ ဝေရဲ့ နောက်ပြောင်နေသည့် မျက်နှာက သူမကို အတည်ပေါက်ကြီး စိုက်ကြည့်လိုက်သည်။
ဒါကိုကြားတော့ ဝေက ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ နဖူးပေါ်က ဆံပင်တွေကို လှန်လိုက်ပြီး “မင်းကို ပြောဖူးပါတယ်။ အကို့လို ချောမောတဲ့သူကို တွေ့ရခဲတယ်။ ညီမလေးချူးက အကို့ကို မေ့စရာအကြောင်းမှမရှိတာနော့်”
“ဟုတ်ပါပြီ လာထိုင်ပါ” ဝေ၏ ကြောင်တောင်တောင်အမူအရာကိုကြည့်ရင်း မော့ယန်က ကူရာမဲ့ကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းနေလိုက်သည်။ "ဘာကိစ္စရှိလို့လဲ"
ဝေသည် အများအားဖြင့် အလုပ်များနေပြီး တစ်ခုခု လိုအပ်ရင်လည်း မခုတ်ခံကနေတဆင့် သူ့အတွက် မက်ဆေ့ချ် ချန်ထားလိုက်သည်။ ဒီနေ့တော့ လူကိုယ်တိုင် ဘာလို့လာတာပါလိမ့်။
"သေချာဖြေနော်။ ဒီနေ့ ငါ မင်းကို အရေးကြီးတာတစ်ခုမေးစရာတစ်ခုရှိတယ်..." ဝေသည် ပြောနေရင်းရပ်လိုက်သည်။
မော့ယန်သည် ဝေကို ကြည့်သောအခါ နံရံရှိ အက်ကွဲကြောင်းကို ဝေက စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ဝေ၏ မျက်လုံးများသည် အံ့ဩမှုများအပြည့်ဖြင့်။ "ဒါက မင်းလုပ်ထားတော့ မဟုတ်ဘူးမလား"
“အင်း…” မော့ယန်သည် ချူးလေးကို ကာကွယ်လိုသောကြောင့် ထုံးစံအတိုင်း မသေမချောဖြေလိုက်သည်။