← Chapters

အပိုင်း ၃၀

Vol. 2 Ch. 30

အပိုင်း ၃၀

Vol. 2 Ch. 30

ဟိတ် မလုပ်တော့နဲ့။

ငါမင်းကို ‌တောင်းပန်နေတယ်လေ ဟုတ်ပြီလား။

အဆုံးမရှိတဲ့ ကြိုးဝိုင်းထဲတွင် ပိတ်မိနေသော မော့ချူးသည် မငိုနိုင်ဘဲ မနေနိုင်တော့ပေ။ လက်တွေ ခြေတွေ ထုံနေပြီ ခေါင်းတွေလည်းမူးနေပြီ။ သူမတစ်ကိုယ်လုံး အားနည်းသွားသည်။ သူမနဲ့ ဒီအတိုင်း ဆက်ကစားရင် သူမမေ့လဲသွားတော့မည်။

နောက်ဆုံးတွင် သွေးအလင်းသားရဲက သူပျော်ရွှင်နေပေမဲ့ တစ်ခုခု မှားနေကြောင်း သိလိုက်သည်။

“အာဝိုး-” သူ၏ထွားကြိုင်းသော ခြေသည်းလက်သည်းများသည် မော့ချူးကို ညင်သာစွာ တွန်းလိုက်သည်။

'ဟင် ဘာလို့ ဘာမှမတုံ့ပြန်ရတာလဲ။ စောစောကကြောင့် ကြောက်များကြောက်သွားတာလား’

ဒါကိုတွေးပြီး သွေးအလင်းသားရဲက ချက်ချင်းပဲ ခေါင်းကို လှည့်လိုက်သည်။ ပြင်းထန်သောအမူအရာဖြင့် ၎င်းသည် လေပြင်းသားရဲကို နှစ်ကြိမ်ဟောက်ခဲ့သည်။ "ဝေါင်း ဝေါင်း"

'မင်းလုပ်လိုက်တာကို ကြည့်ဦး။ မင်းကိုတွေ့လို့ ငါ့ရဲ့ အရသာရှိတဲ့ အစားအသောက်ကို ဒီနေရာကို ယူလာပေးဖို့ မင်းကို ပြောလိုက်တယ်။ ဒါကို မင်းဘယ်လိုလုပ်လိုက်လဲ။ သူ ထိတ်လန့်လို့ အခု ငါ့အတွက် အရသာရှိတဲ့ ဟင်းချက်နည်းကို ဘယ်လိုလုပ်ရတော့မလဲ'

သွေးအလင်းသားရဲ၏ အော်ဟစ်သံများသည် လေပြင်းသားရဲကို အလွန်ထိတ်လန့်စေခဲ့သည်။ သူ့၏ခန္ဓာကိုယ်ကြီးသည် မသိမသာ အနည်းငယ် ကျုံ့သွားသည်။ သူက မိန်းမငယ်တစ်ယောက်လို နှစ်ကြိမ်အော်လိုက်သည်။ "အောက်ဝိုး အောက်ဝိုး”

'သူမ ထွက်ပြေးသွားမှာကိုကြောက်လို့ သူ့ကို ညင်ညင်သာသာလေးပဲ ဆုပ်လိုက်တာပါ။ မေ့ဆေးအာနိသင် ပြေသွားပြီးရင်တော့ သူမ ပြန်ကောင်းလာပါလိမ့်မယ်'

မော့ချူးသည် လေပြင်းသားရဲ၏ အူသံကို နားမလည်သော်လည်း သွေးအလင်းသားရဲ၏ အမူအရာသည် တဖြည်းဖြည်း ပြေလျော့လာသည်ကို သူမမြင်လိုက်ရသည်။ ၎င်း၏လက်ဖဝါးကြီးသည် လေပြင်း၏ ဦးခေါင်းကို ကိုင်ကာ 'ကောင်းပြီ မင်းကိုနောက်မှ ဆုကြီးကြီးမားမားချမယ်' လို့ ပြောနေသည့်ပင်။ သူမ အနည်းငယ် ထိတ်လန့်သွားသည်။

ထို့နောက် သူမသည် လေပြင်းသားရဲကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။ အငြိုးထားသည့်ပုံမပေါ်ဘဲ လက်ပါးစေတစ်ယောက်လို သူ့မျက်နှာမှာ ကြည်နူးမှုတစ်ခုတောင် ရှိနေသည်။

ဒါဆို ဒီသွေးအလင်းသားရဲက အုံ့ဆိုင်းသောတောအုပ်ရဲ့ အရှင်သခင်လို့ သတ်မှတ်လို့ရမှာလား။ သူ့ရဲ့ အနေအထိုင်ကို ကြည့်လိုက်တော့ အရင်ကလို ဘာမှမသိတဲ့ အစားအသောက်ကြူးသူပုံစံနဲ့ လုံးဝမတူချေ။

လေပြင်းသားရဲသည် ၎င်း၏မျက်နှာပေါ်တွင် ကျေနပ်သောအကြည့်ဖြင့် ထွက်ခွာသွားပြီးနောက် သွေးအလင်းသားရဲသည်လည်း မော့ချူးဘက်သို့ ပြန်လှည့်လာခဲ့သည်။ ဘယ်ညာကြည့်ကာ စိုစွတ်နေသော နှာတံဖြင့် သူမကိုပင် တိုက်လိုက်သေးသည် ။ အရသာရှိတဲ့ အစားအစာ တစ်ခုခုများ ပါလာမလား သိချင်နေသည့်ပုံပင်။

သို့သော်လည်း အချိန်အတော်ကြာ ရှူရှိုက်ပြီးနောက်တွင်မူ အနံ့အသက် တစ်စုံတစ်ရာ မရှိတော့ပေ။ မကျေမနပ်ဖြင့် မျက်လုံးတွေမှိတ်လိုက်ပြီး သူမတင်ပါးကို တိုက်ရင်း ထွက်သွားသည်။

ဟူး ဒီအတိုင်းပဲထားခဲ့တော့မှာလား။

အဲ့လိုတော့ မထားခဲ့ပါနဲ့။

မော့ချူးသည် မျက်ရည်များဝဲနေ၏။ လောလောဆယ်တော့ သူမမှာ တိုက်ခိုက်ရန် အင်အား မရှိချေ။ အကယ်၍ သူမကို ဒီနေရာတွင် ဒီတိုင်း ထားခဲ့ပါက နာရီဝက်မပြည့်ခင်မှာပဲ အခြားသော မှော်အပင်များနှင့် မှော်သားရဲများက သူမကို စားသုံးသွားမည်ဖြစ်သည်။

"ဖက်တီးလေးရေ ပြန်လာပါနော် မသွားပါနဲ့" နှိုင်းယှဥ်ကြည့်လျှင် အနည်းဆုံးတော့ သူမသည် ဒီသွေးအလင်းသားရဲနှင့် 'မျှဝေထားသော ဆက်ဆံရေး' ရှိခဲ့သည်။ သူနဲ့ဆိုလျှင်ပို၍ ဘေးကင်းနိုင်ချေများသည်။

သွက်လက်ဖျတ်လတ်သော ဒီအကောင်ငယ်လေးသည် မီတာအနည်းငယ်အကွာတောင် ရောက်နေပြီဖြစ်သည်။ မော့ချူး၏ အသံကိုကြားသောအခါ သူ၏ခန္ဓာကိုယ်သည် ရပ်တန့်သွားသည်။ သူကပြန်လှည့်ပြီးထွက်မသွားခင် မော့ချူးကို မချိပြုံး ပြုံးပြလိုက်သေးသည်။

"အစ်ကိုကြီးရေ မင်းကို ဖက်တီးလို့ မခေါ်တော့ပါဘူး ပြန်လာပါနော်" ထိုအချိန်တွင် မော့ချူးသည် မြေပြင်ပေါ်တွင် ပျော့ခွေစွာ လဲလျောင်းနေ၏။ သွေးအလင်းသားရဲက ပို၍ပို၍ ဝေးသွားသည်ကို သူမကြည့်ရင်း ရင်ထဲတွင် ဝမ်းနည်းမှုများက မြစ်ရေကဲ့သို့ စီးကျလာသည်။

သွားပါပြီ။

ဒီတစ်ခါတော့ ချောင်းထဲတွင် လှေမှောက်လိုက်သည့်အတိုင်းပင်။

မော့ချူး၏ ခြေလက်များ အားနည်းနေသော်လည်း သူမ၏ မျက်လုံးများက ပတ်ပတ်လည်ကို သတိထားပြီး ကြည့်နေဆဲပင်။ ဒီအခိုက်အတန့်တွင် သူမသည် ဘယ်သူမှ သူမကို မမြင်နိုင်စေရန် ကိုယ်ပျောက်စွမ်းအားကိုသာ လိုချင်နေခဲ့သည်။

အခြားသော မှော်သားရဲများနှင့် မှော်အပင်များက သူမကို ရှာတွေ့သွားပြီး သူမက သူတို့ကို မခုခံနိုင်သည့်အပြင် သူတို့က သူမကို တစ်ကိုက်ချင်းစားသွားမည်ဆိုသည့် အတွေးဖြင့်ပင်။ အဲ့လိုကြီးသာဆိုရင်တော့ စိတ်ကူးကြည့်ရုံဖြင့် မော့ချူးထိတ်လန့်နေသည်။

ရှုံ့ ရှုံ့ -

ရုတ်တရက် မော့ချူး၏ နားထဲတွင် ညင်သာသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း ပတ်ဝန်းကျင်က တိတ်ဆိတ်နေသောကြောင့် အသံက အဆပေါင်းများစွာ ကျယ်လောင်သွားသည်။

သူမလောက် ကံမကောင်းတဲ့သူရှိပါ့ဦးမလား။

မော့ချူးသည် တုန်တုန်ယင်ယင် ခေါင်းကိုလှည့်လိုက်သည်။ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာကြောင့် သူမ မထိန်းနိုင်ဘဲ မောဟိုက်သွားသည်။

ဟား! မြွေကြီးတစ်ကောင်က သူမကို ဘေးကနေ စိုက်ကြည့်နေတယ်။ ၎င်း၏ တြိဂံပုံ အစိမ်းရောင် မျက်လုံးဝိုင်းဝိုင်းကြီးများသည် စိတ်ဆန္ဒများနှင့် ပြည့်နေသည်။

All Chapters