← Chapters

အပိုင်း ၃၁

Vol. 3 Ch. 31

အပိုင်း ၃၁

Vol. 3 Ch. 31

တစ်ချက်လောက်ကြည့်လိုက်ရုံမျှဖြင့် ဒီမြွေကြီးဟာ ၁၀မီတာကျော်လောက်ရှည်ပြီး မီတာဝက်လောက်တုတ်တယ်ဆိုတာ သူမခန့်မှန်းကြည့်လို့ရသည်။ မြွေ၏လျှာနီနီကြီးသည် နှစ်ခြမ်းကွဲနေပြီး သားရေများနှင့်ရွှဲဆိုကာ ထုတ်လိုက်သွင်းလိုက်လုပ်နေသည်။

ဒါက အစားကျူးမြွေအမျိုးစားပါ။

သူမအိမ်မှာရှိစဉ်က မှော်အပင်တွေနဲ့ မှော်သားရဲတွေအကြောင်းကို ရှာဖွေကြည့်ဖို့ အခွင့်အရေးကို အသုံးချခဲ့ပါသေးသည်။ သူတို့ထဲကမှ ထိတ်လန့်စရာအကောင်းဆုံးပုံစံကို ပိုင်ဆိုင်ထားတာကတော့ ဒီအစားကြူးမြွေကြီးပါပဲ။ အဲ့ဒီအချိန်တုန်းက ဒီမှော်သားရဲရဲ့ နာမည်က သူမငယ်ငယ်က ကစားခဲ့တဲ့ဂိမ်းနာမည်နဲ့တူနေပြီး နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းသားဟု တွေးနေပါသေးသည်။ အခုလိုအချိန်မှာ ဒီမြွေကြီးနဲ့တွေ့ရလိမ့်မယ်လို့ သူမဘယ်ထင်ထားပါ့မလဲ။

အိမ်မှာတုန်းကတော့ ရယ်စရာကောင်းသားဟု သူမထင်နေပါသေးသည်။ အခုတော့ သူမငိုချင်နေပြီ။

အစားကျူးမြွေကို ဘာလို့ ဒီလိုခေါ်ကြတာပါလိမ့်။

ဘာလို့လဲဆိုတော့ အစားကျူးလို့ပါပဲ။

ဒီမြွေကြီးက ရသမျှ ဇီဇာမကြောင်ချေ။ တွေ့သမျှအကုန် ကြိတ်သည်။ သူက အကုန်လုံးက တစ်လုတ်ထဲနဲ့ မျိုချလေ့ရှိသည်။ သူရဲ့ အလွန့်ဖွံ့ဖြိုးသည့် အစာအိမ်ကြောင့်လည်း မြိုနိုင်ခြင်းဖြစ်သည်။ ဒီအစားကျူးမြွေတွေက လူတွေကြောင့်တို့ အခြားမှော်သားရဲတွေကြောင့် မသေဘဲ အစားလွန်ပြီးသေကြတာများတယ်ဟု ပြောကြသည်။ သူတို့ကို ဒီကမ္ဘာမှာ အထူးခြားဆုံး မှော်သားရဲဟုပင် သတ်မှတ်နိုင်သည်။

“ဒီကို မလာနဲ့ မလာနဲ့...” ပုံမှန်အခြေအနေဆိုလျှင် မော့ချူးသည် ပြန်တိုက်နိုင်ကောင်း တိုက်နိုင်လိမ့်မည်။ သို့သော်လည်း ယခုသူမသည် လေပြင်းသားရဲ၏ မေ့ဆေးပေးထားသည့် ဒဏ်ကို ခံနေရသည်။ သူမ မလှုပ်ရှားနိုင်ချေ။ သူမလုပ်နိုင်တာကတော့ ဒီအစားကျူးမြွေကြီးမျက်လုံးကန်းပြီး သူမကို မမြင်နိုင်ဖို့ပဲ ဆုတောင်းနေခြင်းပဲဖြစ်သည်။

သို့သော်လည်း မော့ချူးရဲ့ ဆုတောင်းတွေက အချည်းနှီးပဲဆိုတာ သိသာပါသည်။

ဒီအစားကျူးမြွေကြီးက သူရဲ့ရှည်လျားတဲ့ ခန္ဓာကိုယ်က သူ့ကိုဆွဲထားသော်လည်း သူ့ရဲ့ လှုပ်ရှားမှုများကတော့ မြန်ဆန်လှသည်။ သူက မော့ချူးဆီ တည့်တည့်လာနေသည်။ ပါးစပ်ကြီးကို အကျယ်ကြီး ဖွင့်ထားပြီး မော့ချူးကို တစ်လုတ်ထဲနှင့် မြိုချင်နေသည့်ပုံပင်။

မော့ချူးက မြေပြင်ပေါ်မှာလှဲနေသည်။ သူမမျက်လုံးတွေပြူးနေပြီး သူမနှလုံးခုန်နှုန်းကလည်း အရမ်းမြန်နေသည်။

သူမက ဒီနေ့ပဲ ဒီအစားကျူးမြွေကြီးရဲ့ ဝမ်းဗိုက်ထဲမှာ သေတော့မှာလား။

မော့ချူးရဲ့ စိတ်ထဲ မျှော်လင့်ချက်တွေကုန်သွားတဲ့အချိန်မှာပဲ အစားကျူးမြွေကြီးက သူမနဲ့ ၇ မီတာ ၈မီတာလောက် အကွာကို ရောက်တဲ့အခါ ရုတ်တရက် ရပ်လိုက်သည်။ သူက အဲ့ဒီနေရာမှပဲ သူ့ရှေ့က တစ်ခုခုကို ကြောက်နေသည့်ပုံစံဖြင့် ရစ်ခွေနေလိုက်သည်။

“ဝိုး- “မော့ချူး သဘောပေါက်သွားသည်။ သူမရဲ့ နှလုံးသည် ရင်ဘက်ထဲမှ ခုန်ထွက်သွားတော့မည့်အတိုင်းပင်။

ရုတ်တရက် သူမရဲ့စိတ်ထဲ အကြံတစ်ခုပေါ်လာသည်။ တိရစ္ဆာန်တွေက သူတို့နယ်မြေကို အခြားတိရစ္ဆာန်တွေကနေ ကာကွယ်ဖို့ အမှတ်အသားတွေချန်ခဲ့ထားကြတယ်ဆိုတာကို သူမ မှတ်မိသွားသည်။ နောက်ပြီး အစားကျူးမြွေကြီး လုပ်နေသည့်ပုံစံကို ကြည့်ရလျှင် သွေးအလင်းသားရဲက သူမကို ကာကွယ်ဖို့ တစ်ခုခုချန်သွားသည်ဖြစ်မည်။

ဒါကိုတွေးကြည့်ပြီး နောက်ဆုံးတော့ မော့ချူးလည်း စိတ်သက်သာရာ ရသွားသည်။ သွေးအလင်းသားရဲသည်လည်း ဒီအုံ့ဆိုင်းသည့်တောအုပ်ထဲမှာ နံပတ်(၁)သားရဲဖြစ်သည်။ ဒီအစားကျူးမြွေကြီးက သူ့ကို ပြဿနာဘယ်ရှာချင်ပါ့မလဲ။

သူမ အခုတော့ လုံခြုံသွားလေပြီ။

အခုတော့ သူမ စိတ်တွေပူပန်နေတာ လျော့သွားတော့ သူမကြွက်သားတွေနည်းနည်းတောင့်နေတာကို သတိထားမိလာသည်။

ဟစ် ဟစ်–

ကျွတ် ကျွတ်-

‘မွှေးနေတာပဲ’ အစားကျူးမြွေကြီးက မော့ချူးကို ငေးကြည့်နေပြီး သူ့ရဲ့သားရေတွေကျနေတာ ရေကန်ကြီး‌လောက်ကို ရှိနေပြီ။

သူ အသက်ရှင်လာတာ နှစ်တွေအများကြီးရှိနေပြီ။ သို့သော် ဒီလိုမွှေးနေတဲ့ အနံ့ကိုရတာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။ နေရာက ကွာဝေးနေသော်လည်း အမွှေးရနံ့သည် သူ၏နှာခေါင်းထဲကို စိမ့်ဝင်နေသည်။ သူက ဒီသားကောင်ကို တစ်လုတ်ထဲနှင့်သာ မျိုချလိုက်ချင်သည်။ တွေးရုံနှင့်ပင် အရသာရှိလှပြီ။

သို့သော်လည်း အစားကျူးမြွေသည် ခေါင်းကိုငုံ့ကာ မြေကြီးပေါ်ကို ဝပ်သွားလိုက်သည်။ ဒီအမွှေးရနံ့က သွေးအလင်းသားရဲ ချန်ထားခဲ့တာပဲ ဖြစ်ရမယ်။ ဒီလောက်မွှေးနေတဲ့ စားစရာက သေချာပေါက် သွေးအလင်းသားရဲ အတွက်ပဲဖြစ်မှာပေါ့။

တကယ်လို့ သွေးအလင်းသားရဲသာ သူ့ရဲ့သားကောင်အထိခံလိုက်ရတာသိရင် အဆုံးသတ် ဘယ်ကောင်းတော့မလဲ။

တစ်ခဏမျှ အစားကျူးမြွေကြီး အကျပ်ရိုက်နေသည်။ သူ့ရဲ့ အမြီးတောင်စက်ဝိုင်းပုံ ကွေးသေးတယ်ဆိုတာကို အရမ်းတွေးနေသည်။ စားဖို့ရွေးချယ်ပြီး သေလိုက်ရင်ကောင်းမလား။ ပြဿနာပင်။

နည်းနည်းကြာပြီးတဲ့နောက်တော့ သူရဲ့ အသက်ရှုသံတွေက ရုတ်တရက်ကျယ်လာသည်။

မော့ချူးရဲ့ နှလုံးလည်းကွဲအက်တော့မည့်ပုံပင်။ မဟုတ်ဘူးလေ...

သူမက အစားကျူးမြွေရဲ့ လောဘကို လျှော့တွက်လိုက်တာလား။ သွေးအလင်းသားရဲရဲ့ ရက်စက်တယ်ဆိုတဲ့ ဂုဏ်သတင်းတောင် သူ့ရဲ့ အစားကြီးတဲ့သဘာဝကို အဟန့်အတား မဖြစ်စေနိုင်တော့ဘူးလား။

မော့ချူးလည်း ချက်ချင်း ခေါင်းကို ထောင်လိုက်သည်။ ထင်ထားတဲ့အတိုင်း အစားကျူးမြွေကလည်း သူမဆီကို တည့်တည့်ကြီးလာနေသည်။ သွေးအလင်းသားရဲ ဒီမှာမရှိတာနဲ့ပဲ ဒီအစားကောင်းကို စားတော့မလို့လား။ ဘာတွေကို ဆက်ဖြစ်တော့မှာလဲကွာ။

All Chapters