အပိုင်း ၃၂
Vol. 3 Ch. 32
အဝူး-
အဲ့ဒီအချိန်မှာပဲ ကြားဖူးတဲ့ အူသံတစ်ခုထွက်ပေါ်လာသည်။
အား သွေးအလင်းသားရဲ ပြန်လာပြီ။
မော့ချူးက ဘယ်တုန်းကမှ သွေးအလင်းသားရဲ၏ ပါးဖောင်းဖောင်းကြီးကို မြင်လိုက်ရလို့ ဒီလောက်မပျော်ဖူးပေ။
ထင်ထားသည့်အတိုင်းပဲ သွေးအလင်းသားရဲပေါ်လာသည့်အချိန်တွင် မော့ချူးကို မြိုတော့မည့် အစားကျူးမြွေကြီးလည်း ချက်ချင်းစိတ်ဓာတ်ကျသွားသည်။ သူ့ကြည့်ရသည်မှာ ကုပ်ကုပ်ကလေးဖြစ်သွားပြီး သွေးအလင်းသားရဲက မနီးမဝေးတွင်ရှိနေသည်။ သူက သူ့ရဲ့မျက်လုံးတွေကို ပိတ်လိုက်ပြီး နောက်ဆုံးတော့ မော့ချုးကို ခပ်အင်အင်ဖြင့်ထားခဲ့ပြီး အဝေးကို ဖြင့် ပြေးသွားတော့သည်။
ကံမကောင်းစွာနဲ့ပဲ ဒီအစားကျူးမြွေကြီးက အရမ်း ရန်ငြိုးထားတတ်သည့် အကောင်လည်းဖြစ်သည်။
အဝူး အဝူး-
သွေးအလင်းသားရဲက ဒေါသတွေနဲ့ပြည့်နေသည်။ သူဒီအုံဆိုင်းသည့်တောအုပ်ထဲတွင် နေလာတာအတော်ကြာပြီ။ ဒါပေမဲ့ သူ့ရဲ့သားကောင်ကို နှိက်ရဲသည့်အကောင်တစ်ကောင်မျှ မတွေ့ဖူးသေးချေ။ ဟ ဒီနေ့တော့ သူ့အသက်ကို မနှောမျောတဲ့ အကောင်နဲ့တွေ့ပြီ။ မင်းကိုတော့ သတ်တော့မယ်။
သွေးအလင်းသားရဲရဲ့ ဒီလိုပြင်းထန်နေတဲ့ မျက်နှာကို ကြည့်ပြီး အစားကျူးမြွေလည်း သူက ကြမ်းတမ်းတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်တွေ့နေရပြီဆိုတာကို သိလိုက်သည်။
ကံမကောင်းစွာနဲ့ပဲ သူဘယ်လောက်ပဲကြိုးစားပါစေ အစွမ်းကုန်သုတ်လာတဲ့ သွေးအလင်းသားရဲက မြန်မြန်ပဲဖမ်းမိသွားသည်။ ကြီးမားပြီး သံလိုမာကြောနေတဲ့ လက်ကြီးတွေက အစားကျူးမြွေကြီးရဲ့မျက်နှာကို တည့်တည့်သွားလိုက်သည်။
ပုတ်..
ဒီတစ်ချက်နှင့်တင် အစားကျူးမြွေကြီးမှာ မူးနှောက်ပြီး မျက်စိများလည်ကုန်သည်။
ဒီမြင်ကွင်းက မော့ချူးကို အသက်ရှုမှားလောက်စေသည်။ သွေးအလင်းသားရဲက အရင်က သူမနဲ့ကစားနေခဲ့တာဟာ သူ့ကိုယ်သူထိန်းထားတယ်ဆိုတာ ထင်ရှားနေပါသည်။ မဟုတ်ရင် သူမရဲ့ခန္ဓာကိုယ်သေးသေးလေးနှင့် တစ်ချက်နှစ်ချက်နှင့်ပင် လဲကျသွားမည်မှာသေချာသည်။
သွေးအလင်းသားရဲက အစားကျူးမြွေအပေါ် ကြမ်းတမ်းတာပေါ့။ ကြီမားတဲ့ တိုက်ခိုက်မှုတွေပြီးသွားတဲ့နောက်မှာတော့ သူသည် အစားကျူးမြွေကို မူးမေ့သွားစေရန် လုပ်လိုက်သည်။
အဝူး-
ဒီလောက်လေးနဲ့များ ငါ့ကိုယှဉ်ရဲတယ်ပေါ့လေ။
တောက်
သွေးအလင်းသားရဲက သူ့ရဲ့မျက်လုံးတွေကို လိမ့်လိုက်ပြီး အစားကျူးမြွေကို လက်တစ်ဖက်တည်းနှင့်ကိုင်လိုက်သည်။ သူက လေထဲကို ယမ်းလိုက်ပြီး သူရဲ့လက်မှာ ကြိုးချည်သလို ချည်ထားလိုက်သည်။ တစ်ချိန်တည်းမှာပဲ မော့ချူးဆီကို ခုန်ဆွခုန်ဆွပြေးသွားခဲ့သည်။ သူ၏မျက်နှာကလေးမှာ အပြစ်ကင်းပြီး ချစ်စရာကောင်းနေသည့်ပုံပင်။
သွေးအလင်းသားရဲ့က မော့ချူးဘေးကို သွားလိုက်သည့်အခါတွင် သူက အစားကျူးမြွေကို လက်ကနေ မြေကြီးပေါ်ကိုချလိုက်ပြီး သူ့အပေါ်ကို ထိုင်ချလိုက်သည်။ သူက ဒီအစားကျူးမြွေကို ထိုင်ခုံလိုအသုံးချလိုက်ပြီး သူက ဘုရားသခင်ထံမှ သစ်သီးကို ထုတ်လိုက်ပြီး မော့ချူးကို လှမ်းပေးလိုက်သည်။
ဒါကဘာလဲ။
မော့ချူးက အရမ်းမေးချင်နေသော်လည်း သူမက သွေးအလင်းသားရဲနှင့် မဆက်ဆံနိုင်ချေ။ သူမက သစ်သီးကို တိတ်တိတ်လေးသာ လက်ခံနိုင်လိုက်သည်။ ဒီအသီးက စပျစ်သီးအရွယ်လောက်ရှိပြီး ကြက်သွေးရောင်ဖြစ်သည်။ နောက်ပြီး လှပသည်။
ဒါကိုမြင်ပြီး မော့ချူးသည် သူမလက်ထဲက အသီးကို ရူးကြောင်ကြောင်နှင့် ငေးကြည့်နေပြီး ဘာလုပ်ရမှန်းမသိပေ။ သွေးအလင်းသားရဲကတော့ အနည်းငယ်ပူပန်နေသ်။ သူက သူ့ရဲ့လက်ကို ဆန့်တန်းလိုက်ပြီး အသီးကို မော့ချူး ပါးစပ်ထဲ ထိုးသွင်းလိုက်သည်။
အဝူး-
မြန်မြန်စားလိုက်ပါတော့
မော့ချူးက သူမခေါင်းကို မော့ကြည့်ပြီး ရိုးရိုးသားသားနှင့် မျှော်လင့်စောင်းစားနေသည့် သွေးအလင်းသား၏ မျက်လုံးကြီးကြီးတွေကို တစ်ခါတည်းတွေးလိုက်ရသည်။ သူမရင်ထဲက တုံံ့ဆိုင်းနေမှုလည်း လုံးဝပျောက်သွားသည်။ ဒီအကောင်က သူမကို ထိခိုက်စေချင်ရင် တကူးတက ဒီလိုလုပ်နေစရာတောင် မလိုချေ။
အဲ့ဒီလိုတွေးလိုက်သည်။ မော့ချူးသည် သူမ၏ပါးစပ်ထဲသို့ အသီးကို တည့်တည့်မတ်မတ် ထည့်လိုက်ပြီး စတင်ဝါးတော့သည်။ ပြောနေစရာမလိုပေ အရသာကတော့ အဆိုးကြီးမဟုတ်။ ချယ်ရီသီးလို ငံပြီး ချိုသည်။
မော့ချူးက အရသာကို မခံခင် စွမ်းအင်လှိုင်းများ သွေးကြောတွေကိုဖြတ် သူမ၏ခန္ဓာကိုယ်အတွင်းလည်ပတ်ပြီး ရင်ဘက်ထဲကနေ လိမ့်တက်လာသည်။
“အား-“ သူမ၏ခန္ဓာကိုယ်တစ်ခုလုံ ပေါက်ကွဲတော့မည့်အတိုင်းခံစားရပြီး မော့ချူးသည် နာကျင်နေတော့သည်။ သူမ၏မျက်နှာလေးမှာ ဖြူရော်သွားပြီး နာကျင်မှုကြောင့် မြေကြီးပေါ်တွင် လူးလိမ့်နေရသည်။
အာဝူး အာဝူး-
ဘာဖြစ်တာလဲ။
သွေးအလင်းသားရဲက အဲ့ဒီနေရာမှာပဲ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ရဲ့ခေါင်းကို စောင်းလိုက်ပြီး မျက်လုံးကြီးတွေကို ပိတ်လိုက်ဖွင့်လိုက်လုပ်နေသည်။ ပထမဆုံးတော့ သူက နားမလည်နိုင်ဖြစ်နေသည်။ နောက်တော့ သူရဲ့မျက်လုံးတွေ ရုတ်တရက်လင်းလက်လာပြီး - ဒါက ကစားနည်းအသစ်များလား။
စိတ်တွေလှုပ်ရှားပြီး သွေးအလင်းသားရဲက မော့ချူးလုပ်နေသည့်ပုံစံကို စလုပ်ကြည့်ပါတော့သည်။ သူက ခန္ဓာကိုယ်ကို လှဲချလိုက်ပြီး မြက်ပေါ်တွင် စပြီး လူးလိမ့်တော့သည်။
ကျယ်ပြန့်တဲ့ မြက်ခင်းကြီးလည်း သူ့ကြောင့်ပျက်ဆီးပြီးသွားတဲ့နောက်တော့ သွေးအလင်းသားရဲက မကျေမနပ်နဲ့ရပ်လိုက်ပြီး မော့ချူးဘေးကို ပြေးသွားတော့သည်။
ပုတ် ပုတ်။ သွေးအလင်းသားရဲက မော့ချူးကို သူ့ရဲ့ပါးစပ်လေးနဲ့ ပုတ်လိုက်သည်။ ဟိတ် မြန်မြန်ထတော့။ ဒီကစားနည်းက လုံးဝပျော်ဖို့မကောင်းဘူး။
...
နာကျင်မှုက တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့နောက်တော့ မော့ချူးလည်း သူမ မျက်လုံးကို ဖွင့်လိုက်သည်။ သူမ၏အင်္ကျီများလည်း ပြဲစုတ်နေသည်။
မော့ချူး သက်သာရာမရသေးခင်မှာပဲ သူမမြင်လိုက်ရတာတော့ ပါးဖောင်းဖောင်းမျက်နှာကြီးက သူမကို ကာထားတာပါပဲ။
အာဝူး အာဝူး
နောက်ဆုံးတော့ နိုးပြီပေါ့။ မြန်မြန်ထတော့
သွေးအလင်းသားရဲက ဘေးကနေ ပျော်ရွှင်စွာနှင့် ထခုန်လိုက်ပြီး မော့ချူးလည်း မြေကြီးတုန်သွားတာကို ခံစားလိုက်ရသည်။ သူက လေးတာပဲ။
မော့ချူး၏ ခြေထောက်များသည် သူမထလိုက်ချိန်တွင် တုန်ယင်နေသည်။ သူမက သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်နေချိန်တွင် သွေးလင်းသားရဲက သူရဲ့တင်ပါးကြီးနဲ့ သူမကို ပုတ်လိုက်သည့်အတွက် သူမသည် ပြန်လဲကျလုနီးပါးဖြစ်နေသည်။
ဒီအကောင်လေးကတော့။
မော့ချူးက ခေါင်းကို ထောင်လိုက်ပြီး ကြည့်လိုက်ချိန်တွင် သွေးအလင်းသားရဲသည် သတိမရှိတော့သည့် အစားကျူးမြွေကို မြှောက်ကိုင်ထားသည်။ သူကို့ကြည့်ရသည်မှာ မော့ချူးကို ပစ်ပေးလိုက်တော့မည့်ပုံပင်။
ဘာလဲဟ။
မော့ချူးက မျက်တောင်ကို ပိတ်လိုက်ဖွင့်လိုက်လုပ်နေသည်။ သူမက တိရစ္ဆာန်တွေကို စုဆောင်းရတာ ဝါသနာမပါပေ။
မော့ချူးက သူဆိုလိုချင်တာကို နားမလည်နေသည့်ပုံကိုကြည့်ပြီး သွေးအလင်းသားရဲက အရမ်းဆန္ဒစောပြီး သူ့ရဲ့ပါးတွေကို ဆွဲလိုက်သည်။ သူက အစားကျူးမြွေ မြေပြင်ပေါ်ကျသွားသည်ကိုပင် ဂရုမစိုက်တော့ပေ။
ဟုတ်ပါတယ်။
သွေးအလင်းသားရဲ၏ ပါးစပ်ထောင့်များ ချက်ချင်း တွန့်သွားသည်။
သူက မြေပြင်ပေါ်က အစားကျူးမြွေကို လက်တစ်ဖက်တည်းနှင့် မလိုက်ပြီး ကျန်လက်က လက်သည်းတွေကို ထုတ်လိုက်သည်။ သူက အစားကျူးမြွေရဲ့ ခန္ဓာကိုယ်ကို ခွဲလိုက်ပြီး ဆွဲလိုက်သည်။ သူက အရေခွံကို ခွာလိုက်ပြီး နီရဲနေတဲ့မြွေအသားသာ ကျန်နေအောင်ထားလိုက်သည်။
အစားကျူးမြွေက ခုဏက သတိမေ့မျောနေတာပါ။ သို့သော် မသေသေးချေ။ သွေးအလင်းသားရဲက ဒီလိုလုပ်လိုက်သည့်အချိန်သည် သူသည် နာကျင်မှုကြောင့် နိုးလာသည်။ မြွေက သူ့ရဲ့ပါးစပ်ကို အကျယ်ကြီးဖွင့်လိုက်ပြီး ရုန်းကန်နေရသည့်ပုံဖြင့် ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် လှုပ်ခါနေသည်။ နှလုံးမသာယာစရာ အော်သံတွေကို ထုတ်လွှတ်နေသည်။ အဲ့ဒါက မော့ချူးရဲ့နှလုံးလေး ပြင်းပြင်းထန်ထန်ခုန်နေစေပြီး သူမကို အရမ်းကြောက်လန့်စေသည်။
တစ်ဖက်မှာတော့ သွေးအလင်းသားရဲက လုံးဝ ဂရုမစိုက်သည့်ပုံပင်။ သူက အရေခွံကို လွှင့်ပစ်လိုက်ပြီး အစားကျူးမြွေရဲ့ခန္ဓာကိုယ်ထဲကနေ ကြီးမားတဲ့အသားပိုင်းတစ်ခုကို ကြမ်းကြမ်းတမ်းတမ်း ဆွဲထုတ်လိုက်သည်။ သူက မော့ချူးကို မျှော်လင့်နေသည့် အကြည့်ဖြင့်ကြည့်လိုက်ပြီး ခေါင်းတောင် ငေါ့ပြလိုက်သေးသည်။
အဲ့ဒီအချိန်မှာ သူဘာဆိုလိုလဲဆိုတာ မော့ချူးလုံးလုံးနားလည်သွားသည်။
သူပြောချင်တာက စားစရာလုပ်ဖို့အတွက် ဒီမြွေကို အသားအဖြစ်လုပ်ဖို့ ပြင်ထားပါတယ်ဟူ၍ ဖြစ်သည်။
မော့ချူးက စားဖိုမှူး အလကားလုပ်ပေးဖို့ မရည်ရွယ်ထားချေ။ သို့သော်လည်း အစားကျူးမြွေရဲ့ အဆက်မပြတ်အော်သံတွေနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကနေ အတောမသတ်အောင် ထွက်ကြနေတဲ့ လတ်လတ်ဆတ်ဆတ် သွေးသွေးတွေကို မြင်နေကြားနေရသည်။
သူမ သွေးအလင်းသားရဲ၏ လက်ကြီးထဲမှာ သွေးတရဲရဲနှင့် အသားတုံးကို မြင်ပြီး ဟင်းချက်ချင်စိတ်ပင် မရှိတော့ချေ။
ဒီအချိန်မှပဲ သူမ သိခဲ့ရတဲ့ အချက်အလက်တွေက မမှားဘူးဆိုတာ သဘောပေါက်တော့သည်။ သွေးအလင်းသားရဲရဲ့ အရေခွံနွှာတာနဲ့ အသားထွင်တဲ့နေရာမှာ ဘယ်လောက်ကျွမ်းလဲ ကြည့်လိုက်ရုံနှင့်ပင် သူအရင်က ဘယ်လောက် ရက်စက်ကြမ်းကြုတ်ခဲ့သည်ကို သိနိုင်သည်။ လူတိုင်းသူ့ကို ကြောက်ကြသည်မှာ အံ့ဩစရာမရှိတော့ပေ။
မော့ချူးဖြစ်နေသည့် မျက်နှာကို မြင်ပြီး သူ့ရဲ့ခေါင်းကို နာကျင်မှုကြောင့် ရုန်းကန်နေရသည့် အစားကျူးမြွေကို ပြန်လည့်ကြည့်လိုက်သည်။ သွေးအလင်းသားရဲက အစကတော့ ကြောင်ကြည့် ကြည့်နေသေးသည်။ ခပ်မြန်မြန်ပဲ သူတစ်ခုခုကို နားလည်သွားသည့်ပုံစံဖြင့် သူက အစားကျူးမြွေဆီကို ခုန်ဆွခုန်ဆွသွားလိုက်သည်။ သူ့ရဲ့ ကြီးမားတဲ့လက်တွေနဲ့ မြွေရဲ့အသက်သွေးကြောကို အတိအကျဖြင့် သူ့ရဲ့ဘဝကို အဆုံးသတ်ပေးလိုက်သည်။