အပိုင်း ၃၄
Vol. 3 Ch. 34
သူမက ဒါကိုတွေးပြီး ဘေးနားက သွေးအလင်းသားရဲကို ငေးကြည့်နေတော့သည်။ ဒီအကောင်လေးကတော့ လောလောဆယ် သူအစာထဲမှာ နှစ်ခြိုက်နေသည်။ သူက မြေကြီးပေါ်မှာထိုင်ချလိုက်ပြီး သူ့ရဲ့လက်ကြီးကြီးတွေနဲ့ အိုးကို မထားလိုက်ပြီး မြွေစွတ်ပြုတ်ကို သူ့ပါးစပ်ထဲကို လောင်ချလိုက်သည်။
ဘုရားရေ
မော့ချူးအံ့အားသင့်သွားသည်။ ဒီမြွေစွတ်ပြုတ်တစ်အိုးလုံးက သူက တစ်ထိုင်တည်းနှင့် ကုန်အောင်စားလိုက်သည်။ သူရဲ့ ပုံစံကို ကြည့်ရသည်မှာ စားကောင်းနေသည့်ပုံပင်။
မော့ချူး ဘာမှ မပြောရသေးခင်မှာပဲ သွေးအလင်းသားရဲက အိုးကို ချလိုက်သည်။ သူက အာသာမပြေသေးသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူက သူ့ပါးစပ်ကို ကိုက်ထားလိုက်သည်။ ဟမ်... ဒီလောက်စားပြီးတာတောင် မဝသေးဘူးလား။
မော့ချူးက သွေးအလင်းသားရဲရဲ့ ဝမ်းဗိုက်ကို စိတ်ဝင်စားစွာဖြင့် ကြည့်လိုက်သည်။ အဲ့ဒါက ဖောင်းမနေချေ။ စွတ်ပြုတ်တွေ အကုန်ဘယ်များ ရောက်သွားတာလဲ။
သွေးအလင်းသားရဲကတော့ မော့ချူး ဘာတွေးနေလဲ နားမလည်ချေ။ စားပြီးသောက်ပြီးသွားပြီးနောက် သူပျင်းရိလာတော့သည်။ သူက မျက်ခင်းပေါ်ကိုလှဲချလိုက်ပြီး သူ့ရဲ့မျက်လေးတွေက တဖြည်းဖြည်းမှေးလာသည်။ သူ့ကိုကြည့်ရသည်မှာ အိပ်ဖို့အသင့်ဖြစ်နေသည့်ပုံပင်။
မော့ချူးကတော့ ရင်မအေးသေးချေ။ သူက လေပြင်းသားရဲဆီမှာ အဖမ်းခံလိုက်ရပြီး သူ့မရဲ့အစ်ကိုကတော့ အခုလောက်ဆို တော်တော်စိတ်ပူနေလောက်ပြီ။ ကံကောင်းစွာနဲ့ပဲ သူမရဲ့ ဒြပ်စွမ်းအင်ပြန်လည်ရရှိပြီး မော့ယန်နှင့် တွေ့နိုင်တော့မည်။
မှတ်ညဏ်ထဲက လမ်းကြောင်းနောက် လိုက်လိုက်သည့်အခါ မီတာရာပေါင်း အနည်းငယ် လမ်းလျှောက်ပြီးသည့်နောက်မှာ သူမ ရင်းနှီးသည့် ပုံစံကို တွေ့လိုက်ရသည်။
“အစ်ကို”
မနီးမဝေးမှာရှိနေတဲ့ မော့ယန်က မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများက အံ့ဩမှုများနှင့်ပြည့်နေသည်။ ကောင်းလိုက်တာ။ သူနောက်ဆုံးတော့ သူ့ရဲ့ညီမကို ရှာတွေ့သွားပြီ။ သူမြန်မြန်ပြေးသွားလိုက်ပြီး မော့ချူးကို သေချာကြည့်လိုက်သည်။ “ဘယ်လိုလဲ။ ညီမလေးဘယ်နားထိခိုက်သွားသေးလဲ”
“ညီမလေး အဆင်ပြေပါတယ်” မော့ယန်ရဲ့ စိတ်ပူနေတဲ့ အကြည့်ကို ကြည့်ပြီး မော့ချူးက ပြုံးပြလိုက်ကာ သူမရဲ့ ခေါင်းကို ယမ်းလိုက်သည်။ “စိတ်မပူပါနဲ့ ညီမလေး...”
သူမစကားမဆုံးခင်မှာပဲ ပြင်းထန်တဲ့ ဟိန်းသံကြီးကို ကြားလိုက်ရသည်။
ဒီတစ်ခါတော့ သွေးအလင်းသားရဲက သင်ခန်းစာရသွားပါပြီ။ သူက မော့ယန်ရဲ့ တည်ရှိမှုကို တွေ့သွားပြီး သူ့မျက်လုံးကို ချက်ချင်းဖွင့်ကာ ပြေးလာတော့သည်။ သူက မော့ချူးရဲ့လက်မောင်းတွေကို သူ့ရဲ့ ကြီးမားတဲ့လက်ကြီးတွေနဲ့ ဆုပ်ထားလိုက်သည်။
ဒီတစ်ခါတော့ သူက အရသာရှိတဲ့စားစရာတွေကို ချက်ပြုတ်ပေးတဲ့သူကို လက်မလွှတ်တော့ချေ။ အဲ့ဒါဆိုရင် သူကို နေ့တိုင်း သူမ ချက်ပြုတ်ပေးလို့ရပြီ။ သူက နောက်ကျရင် နေ့တိုင်း အရသာရှိတာတွေကို စားရတော့မယ်ဆိုတဲ့အတွေးနဲ့ သွေးအလင်းသားရဲက အရမ်းရယ်လိုက်ပြီး သူ့ရဲ့မျက်လုံးများတောင် မှေးလို့သွားသည်။
မော့ယန်က သွေးအလင်းသားရဲကို မြင်လိုက်ချိန်တွင် သူက အလိုလျောက်တိုက်ခိုက်ဖို့ ပြင်လိုက်သည်။ သူက မော့ချူးနဲ့ သွေးအလင်းသားရဲရဲ့ နှီးကပ်နေတာကို မြင်ပြီး နည်းနည်းစိတ်အေးသွားသည်။ “ချူးလေး ဒါက အစ်ကိုတို့တွေ့တဲ့ နောက်ဆုံးအကြိမ်လို ဖြစ်သွား...”
“ဟုတ်ပါတယ်” မော့ချူးက ခေါင်းငုံ့လိုကပြီး သွေးအလင်းသားရဲရဲ့ ခေါင်းကို အသာလေးပုတ်လိုက်သည်။ “ဟေး အကောင်လေး ငါတို့က သွားတော့မယ်နော်”
သွေးအလင်းသားရဲက မကြားချင်ယောင်ဆောင်လိုက်ပြီး မော့ချူးကို သူ့ရဲ့ မျက်ရည်တွေဝိုင်းနေတဲ့ မျက်လုံးချည်းတွေနဲ့ စိုက်ကြည်နေသည်။ ငါက အရမ်းသနားဖို့ကောင်းပါတယ်။ ငါ့ကို မင်းထားသွားရက်လို့လား။
ဘေးက မော့ယန်က နေရာရွှေ့လိုက်သည်။ သူက ရုတ်တရက် လှုပ်ရှားဖို့ပြင်လိုက်သည်။ သူက ချူးလေးပေါ်မှာတင်ထားတဲ့ သွေးအလင်းသားရဲရဲ့ သံမဏိလက်ကြီးကို ဖယ်ဖို့ပြင်လိုက်သည်။ ကံမကောင်းစွာနဲ့ပဲ သူမလုပ်နိုင်လိုက်သည့်အပြင် သားရဲ၏ မျက်လုံးများက သူ့ကို လှည့်ကြည့်လိုက်သည်။
ဒီအရသာရှိတဲ့စားစရာတွေကို ချက်ပြုတ်ပေးတဲ့သူကြောင့်သာမဟုတ်ရင် မော့ယန်ကို သေသည်အထိ ရိုက်ပစ်မည်မှာ သေချာသည်။ သူမို့လို့ သူမကို ထိရဲတယ်။ ဟွန့်
မော့ချူးကတော့ ကူကယ်ရာမဲ့နေပြီး သူမအကြောင်းပြစရာဆိုလို့ တစ်ခုသာရှိတော့သည်။ “ငါတို့ အခုသွားရတော့မယ်နော်။ ဒီလိုလုပ်မယ်လေ ငါပြန်လာတဲ့အချိန်ကျ အရသာရှိတဲ့ စားစရာတွေ ယူလာခဲ့မယ်လေ”
သို့သော်လည်း သွေးအလင်းသားရဲကတော့ လွယ်လွယ်နှင့် လက်မလျှော့ပေ။ သူအတွက် ဒီလို ချက်ပြုတ်တတ်သူတစ်ယောက် ရှာဖို့မလွယ်ချေ။ သူဘယ်လိုလုပ် လွယ်လွယ် လက်လွှတ်နိုင်ပါ့မလဲ။ ထို့ကြောင့် သူ့လက်သည်းတွေက မော့ချူးလက်မောင်းကို ပို၍ပင်ဆုပ်ကိုင်ထားလိုက်သေးသည်။
အာဝူး အာဝူး မင်းငါ့ကို ထားသွားလို့မရဘူး။ မင်းကို ထွက်သွားခွင့်မပြုဘူး။
သူမ ဘယ်လို့လုပ်ရပါတော့လိမ့်။
ဒီမှာနေဖို့ဆိုတာ သေချာပေါက် မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ သွေးအလင်းသားရဲ၏ ခေါင်းမာတဲ့ သဘောထားကို ကြည့်ပြီး သူက သူမကိုသေချာပေါက် လက်မလွှတ်ဘူးဆိုတာ သိနေသည်။ ဒီတစ်အချိန်တော့ မော့ချူးအကြပ်ရိုက်နေပြီ။
ထို့နောက် သွေးအလင်းသားရဲသည် မော့ချူးကို ကြည့်လိုက်ပြီး သူ့ရဲ့ခေါင်းကို မော့၊ လက်သည်းတွေကို ဖြေလျှော့လိုက်သည်။ ခြေထောက်တစ်ချက်ထောက်လိုက်သည်နှင့် ကြီးမားတဲ့ သွေးအလင်းသားရဲက တကယ်ကို အရုပ်တစ်ရုပ်အရွယ်အစားလောက်အထိ ပြောင်းလဲသွားသည်။
အာဝူး- အခုဆိုရင်တော့ အဆင်ပြေသွားပြီလား။ သူက မော့ချူးအပေါ်ကို ခုန်တက်လိုက်သည်။ ဒီနည်းလမ်းဖြင့် ချက်ပြုတ်သူ ဘယ်ကိုပဲသွားသွား သူလိုက်နိုင်ပြီး သူမကလည်း သူအတွက် ချက်ပြုတ်ပေးနိုင်တော့မည်။
သူက တော်တော်လေးကို ညဏ်ကောင်းတာပဲ
သွေးအလင်းသားရဲက မော့ချူးရဲ့ လက်မောင်းတွေထဲမှာ ဝင်ခွေနေလိုက်ပြီး သူ့အတွက် တစ်ရေးတစ်မောအိပ်ဖို့ နေရာကောင်းဖြစ်နေတော့သည်။ သူကတော့ ပြောစရာစကားမရှိတော့ဘဲ စိုက်ကြည့်နေကြတဲ့ လူနှစ်ယောက်ကို ဂရုမစိုက်သည့်ပုံပင်။