← Chapters

အပိုင်း ၃၅

Vol. 3 Ch. 35

အပိုင်း ၃၅

Vol. 3 Ch. 35

“အမလေး ဒါဘယ်လို အိမ်မွေးတိရစ္ဆာန်အမျိုးအစားလေးလဲ။ ချစ်စရာကောင်းလိုက်တာ”

“အို့ ဟုတ်တာပေါ့ ဒီကောင်လေးကို ဘယ်ကနေဝယ်ခဲ့တာလဲ။ စတားနက်က လင့်လေးပို့ပေးလို့ရလား”

အုံ့ဆိုင်းသည့်တောအုပ်က အပြန် မော့ချူးရဲ့လက်တွေပေါ်က သွေးအလင်းသားရဲလေးကတော့ အမျိုးသမီးအများစုကို ဆွဲဆောင်နေသည်။

ဒါကလည်း မထူးဆန်းချေ။ ဒီသတ္တဝါလေးကို အလိုလိုချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသည်။ သူ့ရဲ့ ခန္ဓာကိုယ်ကျုံ့သွားပြီးနောက် သူ့ရဲ့ ချစ်စရာကောင်းပြီး အပြစ်ကင်းတဲ့ပုံစံလေးက ယာယီထွက်လာတော့သည်။ သဘာဝတိုင်းကို သူက အမျိုးသမီးတို့ရဲ့ အာရုံစိုက်မှုကို ရနေသည်။

ဟွန့် သွေးအလင်းသားရဲက မာနကြီးပြနေသည်။ ငါက အစွမ်းလည်းကြီးတယ်။ မင်းတို့လိုလူတွေသေချာပေါက် ငါ့ကို ဦးညွှတ်ကြရလိမ့်မယ်။

သူ့ရဲ့ သွက်လက်နေတဲ့ ခန္ဓာကိုယ်လေးကို လိမ်လိုက်ပြီး မော့ချူးရဲ့ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေးနေနေလိုက်သည်။

“ချူးလေး အစ်ကို သူ့ကိုခဏ သယ်ထားပေးမယ်လေ” မော့ယန်က ဘေးကနေ အသာလေးမေးလိုက်သည်။ သွေးအလင်းသားရဲက တော်တော်လေး လေးမည့်ပုံပင်။ တစ်လမ်းလုံး မော့ချူးချည်း သယ်ထားရလျှင် သူမသေချာပေါက် မောနေတော့မည်။

အမှန်တိုင်းပြောရလျှင် သွေးအလင်းသားရဲက အရုပ်အရွယ်ပုံစံပြောင်းလိုက်တာကို သူပထမဆုံးမြင်လိုက်ရချိန်တုန်းက မော့ယန် တော်တော်အံ့ဩနေခဲ့သည်။ ဒီနှစ်တွေတစ်လျှောက်လုံး မှော်သားရဲတစ်ကောင်က ပုံစံပြောင်းနိုင်တယ်ဆိုတာကို သူတစ်ခါမျှ မကြားဘူးခဲ့ချေ။ သို့သော်လည်း သူ မယုံလို့ကို မရတော့ပါ။ နောက်ပြီး သူ့ရဲ့မျက်စိရှေ့တင် ဖြစ်ပျက်သွားသည့် ကိစ္စလည်းဖြစ်သည်။

အံ့ဩသွားပြီးသည့်နောက်တွင် မော့ယန်က ဒီကိစ္စကို ခပ်မြန်မြန်ပဲ လက်ခံလိုက်သည်။ သွေးအလင်းသားရဲ အလွန်စွမ်းအားကြီးတဲ့အတွက် သူက မော့ချူးရဲ့လုံခြုံရေးကို သိပ်စိတ်မပူတော့ချေ။ ဒီရှုထောင့်ကနေကြည့်လျှင် ဆိုးကျိုးထက် ကောင်းကျိုးက ပိုများသည်။

“မလိုပါဘူး” မော့ချူးက ပြုံးပြီး သူမရဲ့ခေါင်းကို ယမ်းလိုက်သည်။ “သူက အဲ့လောက်ကြီး မလေးဘူး”

အဓိကအချက်က ဒီအကောင်လေးက သူစိမ်းကို ကြောက်တတ်တဲ့သူပါ။ မော့ချူးကလွဲလို့ တစ်ခြားသူ သူ့ကိုထိရင် သူ့‌ဒေါသတွေ ပေါက်ကွဲလာလိမ့်မည်။ သူ့ရဲ့လက်သည်းသေးသေးလေးတွေက အသံထွက်အောင်ပြုလုပ်နေသည်။ နောက်ပြီး သူက နည်းနည်းမျှ သနားတတ်သည့်ပုံ မရှိပေ။

“အဲ့ဒါဆိုလည်း ဟုတ်ပါပြီ” မော့ယန်လည်း သူလက်လျှော့ရမယ်ဆိုတာ သိလိုက်သည်။ ကံကောင်းစွာနဲ့ပဲ သူတို့မကြာခင် မှော်ဒေသအပြင်ကို ရောက်တော့မည်။ သူတို့လာခဲ့သည့်အချိန်တုန်းကအတိုင်း မောင်းနှင်ခြင်းစက်ကို အသုံးပြုနိုင်တော့မည်။ ချူးလေးလည်း ဒုက္ခခံစရာမလိုတော့ပေ။

အာဝူး-

သူတို့စကားပြောနေသည့်အတိုင်းပင်။ သူမလက်မောင်းတွေထဲက သွေးအလင်းသားရဲသည် မော့ချူးရဲ့ ပုခုံးကို ပုတ်လိုက်ပြီး သူ့ရဲ့ကြီးမားတဲ့မျက်လုံးကြီးတွေက သူမကို ကြည့်နေတဲ့အတိုင်း ပိတ်လိုက်ဖွင့်လိုက်လုပ်နေသည်။

မော့ချူးက သူဘာကိုပြောချင်လဲ ရှင်းရှင်းလင်းသိနေပြီ။ ဒီသားရဲ နောက်ထပ်ဗိုက်ဆာနေပြန်ပြီ။ သူက သူမကို အစာတောင်းနေခြင်းဖြစ်သည်။

“မဖြစ်နိုင်ဘူး” မော့ချူးက သူမအနီးတစ်ဝိုက်ကို ကြည့်လိုက်ပြီး ငြင်းလိုက်သည့်ပုံစံဖြင့် ခေါင်းယမ်းပြလိုက်သည်။ အဲ့ဒီအချိန်မှာပဲ သူတို့ အုံ့ဆိုင်းသည့်တောအုပ်အစွန်းကို ရောက်နေပြီ။ လူတွေက နေရာတိုင်းတွင် ရှိပြီး သူတို့သာ စားစရာအသစ်လုပ်နေသည်ကို တွေ့သွားကြလျှင် ပြဿနာအကြီးအကျယ်တက်မည်။ “ကားထဲရောက်တာနဲ့ မင်းအတွက် ငါတို့ စားစရာလုပ်ပေးမယ်နော်”

မော့ချူးက ဒီလိုပြောလိုက်ချိန်မှာ စိတ်ငြိမ်နေပြီး ပုံမှန်အတိုင်းဖြစ်နေသော်လည်း ရင်ထဲတွင် တော်တော်လေးထိခိုက်နေသည်။

ဒီအကောင်လေးက အစားကို ကြီးလွန်းတယ်။

မကြာသေးခင်လေးကမှ သူမက သွေးအလင်းသားရဲကို ဆက်တိုက် အစာကြွေးပြီးပြီ။ ဒါပေမဲ့ ဒီအကောင်လေးကတော့ ပြိုင်စံရှားပင်။ ဒီအကောင်လေးက သူမရဲ့ စားစရာတွေ တော်တော်များများကို စားပြီးပြီဖြစ်သည်။ သူမဒါကို တွေးမိပြီး သူမစငိုတော့မည်။

မော့ချူးရဲ့ အကျပ်ရိုက်နေသည့်ပုံစံကို ကြည့်ပြီး မော့ယန်က တစ်ခုခုကို တွေးလိုက်သည်။ သူက သွေးအလင်းသားရဲကို ကိုယ်တိုင်လုပ်ထားတဲ့ အာဟာရဆေးတောင့်တစ်ချို့ကို လှမ်းပေးလိုက်သည်။ သွေးအလင်းသားရဲက ရှေ့ကိုတိုးပြီး နမ်းလိုက်ပြီး ရွံရှာတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး အဝေးကို လွှင့်ပစ်လိုက်သည်။ အဲ့ဒါတွေကို ကြည့်ဖို့တောင် မတန်ဘူး။ ကိုယ့်ဘာသာကို စားပါလား။ ဘယ်လို ဂျီးများတဲ့ ပါးစပ်ပါလိမ့်။

အာဝူး အာဝူး

မော့ချူးရဲ့ စိတ်ဆုံးဖြတ်ထားတဲ့ မျက်နှာကိုကြည့်ပြီး သွေးအလင်းသားရဲက နားလိုက်ဖို့ပဲ တတ်နိုင်တော့သည်။ သူ့ရဲ့ ဖောင်းဖောင်းကားကားခန္ဓာကိုယ်ကြီးက ဘောလုံးလေးတစ်လုံးလို မော့ချူးရဲ့ရင်ခွင်ထဲမှာ သေချာခွေနေလိုက်သည်။ ဒီပုံစံလေးက ဘေးနားက အမျိုးသမီးတွေကို သနားမှုဖြစ်စေသည်။

“သူလေးက ဘာဖြစ်လို့လဲ။ နေမကောင်းလို့လား”

“ကြည့်လိုက်ပါဦး။ သနားစရာကောင်းလိုက်တာ”

သို့သော်လည်း ဒီအကွက်က မော့ချူးအတွက်တော့ အသုံးမဝင်ချေ။ သူမက ဒီလှည့်စားတဲ့ ဗျူဟာကို တော်တော်ကြာအောင် မြင်ဖူးပြီးနေပြီပဲလေ ဟုတ်တယ်မလား။

တစ်ဖက်မှာတော့ ဘေးနာက အမျိုးသမီးတွေရဲ့ အပြစ်တင်နေတဲ့ အကြည့်တွေက သူမကို မသက်မသာဖြစ်နေစေသည်။

အတော်ကြာတဲ့ဒုက္ခခရီးပြီးသွားတော့နောက်မှာတော့ သူတို့ မှော်ဒေသထဲက ထွက်လာပြီပင်။

မော့ယန်က ခလုတ်ခုံထဲက ကားကို ထုတ်ယူလိုက်ပြီး ဖွင့်လိုက်သည်။

ဒီပစ္စည်းအသစ်က သွေးအလင်းသားရဲကို အလွန်ဆွဲဆောင်တော့သည်။ သူပုံစံမှာ တက်ကြွတဲ့ဆေးတွေစားထားသည့် အတိုင်းပင်။ သူက ပင်ပန်းနွမ်းနယ်နေတာ သက်သာသွားပြီး ဘာတွေဖြစ်နေလဲကြည့်ရအောင် သူ့ရဲ့ခန္ဓာကိုယ်ကို တက်နိုင်သလောက် အပြင်ကိုဆန့်ထုတ်လိုက်သည်။

မော့ချူးက သူ ကားနားကို မသွားအောင် အတက်နိုင်ဆုံးထိန်းထားသည်။

ဒီအ‌ကောင်လေးရဲ့ ဖျက်ဆီးတတ်တဲ့ စွမ်းအင်ကတော့ အံ့ဩစရာကောင်းလောက်အောင်ကြို ကြီးမားလွန်းသည်။ တကယ်လို့သူသာ ကားကို သူ့လက်သည်းတွေနဲ့ရိုက်လိုက်ရင် သူတို့ လမ်းလျှောက်ပြန်ရတော့မည်။

“သွားကြစို့” မော့ယန်က လမ်းကြောင်းကို သတ်မှတ်လိုက်ပြီး သူတို့ ကားပေါ်ကို တက်ကာ အာကာသစခန်းကို ဦးတည်မောင်းသွားကြသည်။

သူတို့က အရင်ကတည်းက အစီအစဉ်ချပြီးသားပါ။ အုံ့ဆိုင်းသည့်တောအုပ်ထဲကို မလာခင်ကတည်းက သူတို့ အာကာသစခန်းက အာကာသယာဉ်ဆီသွားမယ်လို့ ပြင်ဆင်ပြီးသားပင်။ သူတို့က ပထမဆုံး ခရိုင်(၉)ကိုသွားမယ် ပြီးရင် ခရိုင်(၃)ကို ချိုးလိုက်မယ်။ စစ်တက္ကသိုလ်က ခရိုင်(၃) အလယ်တည့်တည့်မှာ ရှိသည်။ အခုတော့ သူတို့မှာ ခရီးသည် အပိုတစ်ယောက်ပါလာပြီ။ မှော်သားရဲတစ်ကောင်ရဲ့ ပုံစံသေးသေးလေးပေါ့။

အာဝူး-

သွေးအလင်းသားရဲက မော့ချူးရဲ့ စကားတွေကို မှတ်မိသည်။ သူတို့ ထိုင်ခုံပေါ်ထိုင်လိုက်ပြီး ခါးပတ်ပတ်ပြီးသည်နှင့် သူက ခေါင်းကိုလှည့်ပြီး အစာတောင်းတော့သည်။

“ဘယ်လို အစားပုပ်လေးကို မသိဘူး” သွေးအလင်းသားရဲ၏ စိတ်လှုပ်ရှားနေတဲ့ ပုံစံကို ကြည့်ပြီး မော့ချူး မရယ်ဘဲ မနေနိုင်တော့ချေ။ သူက ခလုတ်ခုံထဲကနေ ပြင်သစ်ကြော် တစ်ပန်းကန်ပြားထုတ်လိုက်ပြီး သူ့ကိုပေးလိုက်သည်။

သွေးအလင်းသားရဲက ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံလိုက်သည်။ သူ့ရဲ့ မျက်နှာကတော့ ကျေနပ်မှုအပြည့်နှင့်ပင်။ စားစရာကောင်း‌ ရွေးချယ်တတ်တဲ့ မော့ချူးနဲ့အတူနေလို့ကတော့ သူ နောက်‌နောင် စားကောင်းသောက်ကောင်း မစားရမှာ ပူစရာမလိုတော့ချေ။

ဒါကို ကြည့်ပြီး မော့ချူးက တစ်ခုခုတွေးလိုက်သည်။ “ဝတုတ်လေး ငါမင်းကို နာမည်တစ်ခုပေးမယ်”

သူမ သတိမထားမိတဲ့တစ်နေ့ သွေးအလင်းသားရဲလို့ သူမ ခေါ်မိလိမ့်မည်။ အဲ့လိုဆိုရင်တော့ သွားပြီ။

နာမည်လား။

ဒါကိုကြားပြီး သွေးအလင်းသားရဲက မျက်လုံးတွေကို ပင့်လိုက်ပြီး ပြင်သစ်ကြော်တွေ စားနေတာတောင် ရပ်လိုက်‌သေးသည်။

သွေးအလင်းသားရဲရဲ့ မျှော်လင့်စောင့်စားနေတဲ့အကြည့်ကို ကြည့်လိုက်ပြီး မော့ချူး အရမ်းကြီးတွေးမနေတော့ပေ။ ရုတ်တရက် သူမ သူ့ရဲ့ လုံးဝိုင်းဝိုင်းရုပ်လုံးကို ဖမ်းဖိသွားပြီး အကြံတစ်ခုပေါ်လာသည်။ “ငါ မင်းကို ဝိုင်းဝိုင်း ဒါမှမဟုတ် ဖက်တီးလို့ခေါ်မယ်လေ”

မော့ယန် အကြံမပေးရသေးခင်ထိ သွေးအလင်းသားရဲက စိတ်ညစ်နေပါပြီ။ သူက မှော်လည်းဆန်သည်။ စွမ်းအားလည်းကြီးသည်။ အဲ့ဒါကို သူမဘယ်လိုလုပ် ဒီလိုကလေးကုလားနာမည်ပေးပါလိမ့်။ လုံးဝမဟုတ်ဘူးလေ။

“ဒါနာမည်ကောင်းလို့ မင်းထင်လား” မော့ချူးမေးလိုက်သည်။

အာဝူး။ ဘယ်လိုမှ မကောင်းဘူးလေ။

သူ့ရဲ့ထင်မြင်ချက်ကို မေးလိုက်တော့ သွေးအလင်းသားရဲက ချက်ချင်းပဲ တက်ကြွလာသည်။ မင်း ငါ့အတွက် ဗိုလ်ဆန်တဲ့ နာမည်လေးရွေးပေးရမယ်။ မဟုတ်ရင် ငါက ဒဏ်ခက်ထားခံနေရသလို ဖြစ်လိမ့်မယ်။

ဒါကို တွေးပြီး သွေးအလင်းသားရဲက ဒါက ကိစ္စရှိတယ်ဆိုတဲ့ သဘောနဲ့ သူ့ရဲ့ရင်ဘက်ကို ကော့လိုက်သည်။ သို့သော်လည်း သူ့ရဲ့လုံးဝန်းနေတဲ့ အဆီကလွဲလို့ ကျန်တာ ဘာမှမရှိချေ။

“ဒါဆို ငါတို့သူ့ကို ခူလီ လို့ခေါ်ရအောင်လေ” အဲ့ဒါက ဗိုလ်ဆန်ပြီး မိုက်လည်းမိုက်တယ်။ ဘယ်လိုလည်း။ မော့ယန်က ကားကို အလိုလျောက် စနစ်လုပ်လိုက်ပြီး စကားဝင်ပြောလိုက်သည်။

ခူလီလား။

ဘာကြီးလဲ။

သွေးအလင်းသားရဲက ပိုပြီးတောင် မကျေနပ်ဖြစ်သွားသေးသည်။ ဒီမိသားစုကဟာတွေ ဘယ်လိုတောင် နာမည်ပေးညံ့လိုက်တဲ့ဟာတွေလဲ။

“တော်ပြီ” မော့ချူးက သူ့ရဲ့ခေါင်းအကြီးကြီးကို ခေါက်လိုက်သည်။ “ငါမင်းကို ရိုလီလို့ မပေးတာပဲ ကျေးဇူးတင်။ ဒီလိုနေရာမှာတောင် မင်းက ချေးများချင်နေသေးတယ်”

သွေးအလင်းသားရဲက စကားမပြောတတ်သောကြောင့် မော့ချူးက သူ့ရဲ့အကြံညဏ်ကို လျစ်လျူရှုလိုက်သည်။ “ ဘာမှလာမပြောနဲ့။ ငါမင်းကို နှစ်ခုပဲ ရွေးပေးမယ်။ ဝိုင်းဝိုင်း လို့ ခေါ်ခံမလား၊ ဖက်တီးလို့ ခေါ်ခံမလား။

သွေးအလင်းသားရဲရဲ့ မျက်နှာက ဘူးသီး‌ခြောက်ကြီးလို တွန်လာသည်။ သူက နှစ်ခုလုံးကို မကြိုက်ချေ။ သို့သော်လည်း မော့ချူးကို ပြန်မခံရဲချေ။ တကယ်လို့ နောက်ကျ မော့ချူးက သူ့ကို မချက်ကျွေးတော့ရင် ဘယ်လိုလုပ်မလဲ။

ဆုံးဖြတ်လိုက်တဲ့သူကတော့ မော့ယန်ပါ။ “အဲ့ဒါဆိုလည်း ဝိုင်းဝိုင်းလို့ပဲ ခေါ်ရအောင်လေ။ ဖက်တီးနဲ့စာရင်တော့ ပိုကောင်းပါသေးတယ်။”

နောက်ဆုံးတော့ သွေးအလင်းသားရဲလည်း ရွေးချယ်စရာမရှိဘဲ နာမည်ကို လက်ခံလိုက်ရတော့သည်။ သို့သော်လည်း သူ့ရဲ့ မျက်နှာဖောင်းဖောင်းကြီးကတော့ မကျေနပ်ချေ။

All Chapters