← Chapters

အပိုင်း ၃၆

Vol. 3 Ch. 36

အပိုင်း ၃၆

Vol. 3 Ch. 36

“အကောင်လေး သွားစို့” မော့ချူးက သူမလက်ထဲက သွေးအလင်းသားရဲကို အသာလေးပုတ်လိုက်ပြီး အာကာသာယာဉ်ဆီကို မော့ယန်နောက်လိုက်သွားခဲ့သည်။

အဖွဲ့ချုပ်က အလွန်ကြီးမားလွန်းလှသည်။ ခရိုင်တစ်ခုမှ တစ်ခုကို ကူးချင်လျှင် အာကာသယာဥ်ကို အသုံးပြုရသည်။ ဥပမာ ၂၁ရာစု လေယာဉ်တွေမှာဆိုရင် ပထမတန်းနဲ့ စီးပွားရေးတန်းဆိုပြီး ရှိသည်။ အာကာသယာဥ်များတွင်လည်း အထက်၊ အလယ်၊ အနိမ့် တန်းဆိုပြီး ခွဲထားသည်။

အတန်းတစ်ခုစီကြားမှာ အပိုင်းအခြားတစ်ခုရှိသည်။ လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ခလုတ်ခုံနဲ့ သူတို့က ခွဲခြားပြီး အပိုင်းအခြားကို ဖွင့်ကာ ဝင်ရောက်နိုင်မည်ဖြစ်သည်။

ထိုင်ရတာကလည်း သတ်မှတ်ထားသည့် ထိုင်ခုံတွင် ထိုင်ရခြင်းဖြစ်သည်။ မော့ချူးက ဒီမာနကြီးတဲ့ သွေးအလင်းသားရဲကို ချော့နေသည်။ ဒီအကောင်လေးက နာမည်ကိစ္စနှင့် ပတ်သက်ပြီး မကျေမနပ်ဖြစ်နေသည်။

“ဝိုင်းဝိုင်း ဝိုင်းဝိုင်းလေး ကြည့်လေ ဒီနာမည်လေးက ဒီလောက်ကောင်းတာကို” မော့ချူးက သူမရဲ့လက်ကို ဆန့်လိုက်ပြီး သွေးအလင်းသားရဲရဲ့ ဗိုက်သေးသေးလေးကို ဆွဲ့ဆန့်လိုက်သည်။ ဒီနူးညံ့တဲ့ အမွေးလေးက အရမ်းကိုင်လို့ကောင်းသည်။

အာဝူး အာဝူး

သူက သူ့နာမည်နဲ့ ပတ်သက်ပြီး မကျေနပ်သေးချေ။ သို့သော် မော့ချူး လုပ်လိုက်တာက ခံလို့ကောင်းသည်။ သူ့ရဲ့ဖောင်းဖောင်းကားကား ခန္ဓာကိုယ်က ပြားလိုက်ပြီး မော့ချူးရင်ခွင်ထဲတွင် လှဲနေကာ ဒီကြုံခဲတဲ့ အပြုအစုလေးကို ခံစားနေလိုက်သည်။

မော့ယန်က ဘေးနားကကြည့်နေပြီး သူ့ရဲ့မျက်လုံးတွေက နွေးထွေးမှု အပြည့်နှင့်ပင်။

“ဟေး သတိထား” ရုတ်တရက် လျှောက်လမ်းက အမျိုးသမီးတစ်ယောက်က ချော်လဲသွားသည်။ မော့ချူးက မြန်မြန်ပဲ တုံ့ပြန်လိုက်ပြီး သူမကို ကူညီရန်သွားလိုက်သည်။ “ရရဲ့လား”

ဖြောင်း

မော့ချူးက မွေးရာပါ စေတနာကောင်းခြင်းဖြစ်သည်။ သို့သော် သူမသည် အမျိုးသမီးဆီကနေ ပါးရိုက်ခံရလိမ့်မယ်လို့တော့ မထင်ထားချေ။ အမျိုးသမီးက ဖီးနစ်ငှက်ကဲ့သို့ မျက်လုံးတွေနဲ့ မော့ချူးကို အထင်သေးစွာကြည့်လိုက်သည်။ “အောက်တန်းစားတွေ ငါ့ကိုလာမထိနဲ့ ဝေးဝေးသွားစမ်း”

အဖွဲ့ချုပ်သည် တရားမျှတမှုကို အားပေးသော်လည်း သူတို့၏ စွမ်းအားနှင့် အဆင့်အတန်းကြောင့် လူတန်းစားအမျိုးမျိုး ခွဲခြားခံရမည်မှာ မလွဲမသွေပင်ဖြစ်သည်။

အထင်ရှားဆုံးမှာ ခရိုင် ခွဲခြားဆက်ဆံခြင်း ဖြစ်သည်။ ခရိုင်(၁) မှ (၃) တွင်နေထိုင်နိုင်သူများသည် တန်ခိုးအာဏာကြီးမားသောသူများဖြစ်သည်။ ထုံးစံအတိုင်း သူတို့ဟာ သူတို့ကိုယ်သူတို့ သိပ်အထင်ကြီးပြီး အထူးသဖြင့် ဒေသ(၉) ကနေ (၁၂) ကနှင့် အခြားခရိုင်က နိုင်ငံသားတွေကို အထင်အမြင်သေးပြီး ရှုတ်ချလိမ့်မည်။

ကောင်းပြီ! မော့ချူးက ဘာမှပြန်မပြောဘဲ သူမလက်ကို နောက်ဆုတ်လိုက်သည်။ ယနေ့ခေတ်တွင် ကြင်နာမှုသည် ရှားပါးသော်လည်း ဒီအမျိုးသမီးက မော့ချူးရဲ့ ကြင်နှာတတ်မှုကို တန်ဖိုးမထားနိုင်ပေ။

ချူးလေး ဒီလိုပုံစံဖြင့် ဆက်ဆံခံလိုက်ရတာကို မြင်ပြီး မော့ယန်က ဘယ်လိုလုပ် သည်းခံနိုင်တော့မည်လဲ။ သူ့ရဲ့ ချောမောတဲ့မျက်နှာလေးက ‌ဒေါသတွေပြည့်လို့နေသည်။ မော့ချူးသာ မော့ယန်ကို တားဖို့ လက်မမြှောက်လိုက်လျှင် သူထပေါက်ကွဲတော့မည်။

“ဟွန့် ဒီနိုင်ငံအစုတ်ကတော့” အမျိုးသမီးက အေးစက်စွာ အော်ဟစ်လိုက်သည်။ သူမထပြီး ရှေ့ကို ဆက်လျှောက်ဖို့ လုပ်လိုက်သည့်အချိန်တွင် မော့ချူးလက်ထဲက သွေးအလင်းသားရဲကို မြင်လိုက်သည်။ သူမရဲ့မျက်လုံးများ ရုတ်တရက် လင်းလက်သွားသည်။ “ဟေး မင်းရဲ့ဒီကောင်လေးအတွက် ဘယ်လောက်ပေးရမလဲ”

“ငါ မင်းကို ဒင်္ဂါး ၅၀၀၀ ပေးမယ်။ ငါ့ကိုရောင်း” အမိန့်ပေးသည့်လေသံဖြင့် ပြောလိုက်သည်။

မော့ချူး ဘာမှမပြောခင်မှာ သူမလက်ထဲက သွေးအလင်းသားရဲက မကျေနပ်သည့်ပုံဖြင့် ထခုန်တော့မည်။ ဒင်္ဂါ်း ၅၀၀၀ ဟုတ်လား။ ဒီလောက် ခမ်းနားတဲ့ မှော်သားရဲကို ဒင်္ဂါး ၅၀၀၀ပဲတန်တယ်လို့ပြောနေတာလား။ ဒီမိန်းမ ကန်းနေလားမသိဘူး။

“ဒါက ရောင်းဖို့မဟုတ်ဘူး” ‌မော့ချူးက သူမခေါင်းကို မော့လိုက်ပြီး အမျိုးသမီးကို တည့်တည့်စိုက်ကြည့်နေလိုက်သည်။ သူမ၏ မျက်နှာအသွင်အပြင်သည် သပ်ရပ်လှပပြီး သူမ၏ ဖီးနစ်မျက်လုံးများသည် အထူးပင်လှပသည်။ သို့သော် ထိုမာနကြီးသည့် စိတ်ထားက သူမကို ကြည့်ရဆိုးသွားစေသည်။

“ဟုတ်ပြီလေ။ ငါမင်းကို ဖဒရယ် ဒင်္ဂါး ၅၀၀၀၀၀ ပေးမယ်” အမျိုးသမီးက မော့ချူးကို လှူနေသည့်ပုံစံဖြစ်နေသည်။ သူမက မော့ချူးကို အထင်သေးစွာဖြင့်ကြည့်လိုက်သည်။

“မင်းက စျေးမြင့်မြင့်လိုချင်လို့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်တာမလား” ‌တောက်

ဘေးကလူတွေက မော့ချူးကို အားကျသည့်အကြည့်များဖြင့် ကြည့်နေကြသည်။ အိမ်မွေးတိရစ္ဆာန်သေးသေးလေးကို ဖဒရယ် ဒင်္ဂါး ၅၀၀၀၀၀ ပေးဝယ်နေသည်။ ဒါက မိုးပေါ်ကကျလာတဲ့ ရွှေထုပ်ပဲ ဖြစ်လိမ့်မယ်။

သာမန် အိမ်မွေးတိရစ္ဆာန်လေးတွေက ဖဒရယ် ဒင်္ဂါး တစ်ရာလောက်သာကျသင့်သည်။ အလွန်ဆုံးမှ ဖဒရယ် ဒင်္ဂါး တစ်ထောင်၊နှစ်ထောင်သာ ကျသင့်သည်။ အဖွဲ့ချုပ် ဒင်္ဂါး ၅၀၀၀၀၀ ဆိုသည်မှာ အလွန်များသည့် ငွေပမာဏဖြစ်သည်။

ဟုတ်ပါတယ်။ မော့ယန် အလုပ်လုပ်လာတာ နှစ်တွေအများကြီး ရှိနေပါပြီ။ သို့သော် သူ ဒင်္ဂါး ၃၀၀,၀၀၀ လောက်သာစုနိုင်သေးသည်။ အခုတော့ ဒီအမျိုးသမီးက ဒင်္ဂါး ၅၀၀၀၀၀ ပေးနေပြီ။ သူမကို ကြည့်ရသည်မှာ လူသိများတဲ့ မကြာသေးခင်ကမှ ချမ်းသာလာသည့်သူနှင့်တူသည်။

“မြန်မြန်လုပ်ပြီး ငါ့ကို မင်းရဲ့ကိုယ်ပိုင် ခလုတ်ခုံ နံပတ်ပေး” အမျိုးသမီးက စိတ်မရှည်ဖြစ်နေသည်။ သူမကို ခြေထောက်ကို စောင့်လိုက်ပြီး မောက်မာစွာ ပြောလိုက်သည်။ “ဒီတစ်ခေါက်သာ မင်း ငါ့ကို မရောင်းရင် ငါစျေးကို ဒီလောက်မြင့်မြင့်ပေးတော့မှာ မဟုတ်ဘူး”

မော့ချူးသည် အမှန်တကယ်ပင် လိမ္မာပါးနပ်သူဖြစ်သည်။ သူမ ခေါင်းကို ယမ်းကာ သူမ၏ လက်ထဲတွင် သွေးအလင်းသားရဲကို ဆက်လက် ကိုင်ထားလိုက်သည်။ သူမသည် စိတ်အေးလက်အေးဖြစ်ပုံရသော်လည်း သူမပြောသောစကားများသည် နှင်းခဲများကဲ့သို့ စူးရှနေသည်။

"နင်က လှပါတယ် ဒါပေမယ့် နင့်ရဲ့နားရွက်နေက အလှထားတာ သက်သက်လား။ ငါ့အိမ်မွေးတိရိစ္ဆာန်ကို မရောင်းဘူးလို့ ရှင်းအောင်ပြောပြီးသားလေး။ ဒီလိုရိုးရှင်းတဲ့ စကားလုံးတွေကိုတောင် နားမလည်နိုင်ဘူးလား။ ဟား! နင့်ရဲ့ ညဏ်ရည်ကို ငါတကယ် စိတ်ပူတယ် သိလား။ အခု ဘေးကိုဖယ်ပေးနော်။ နင်ဒီမှာရှိတော့ လေထုက ညစ်ညမ်းနေသလို ခံစားရတယ်"

မော့ချူး၏ စကားများသည် ချဲ့ကားခြင်းမဟုတ်ချေ။ သာမန်လူများနှင့် ယှဉ်လျှင် သူမရဲ့ အနံ့ခံအာရုံက ပိုပြီး အားကောင်းသည်။ အမျိုးသမီး၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ရေမွှေးရနံ့သည် သူမ၏နှာခေါင်းထဲသို့ ဝင်ရောက်သွားပြီး ခဏခဏ နှာချေလိုက်ရသေးသည်။

“နင် နင်…” အမျိုးသမီးသည် မော့ချူးကဲ့သို့ အကြင်နာကင်းမဲ့သူတစ်ယောက်နှင့် တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ သူမ၏မျက်နှာသည် ချက်ချင်းပင် နီရဲလာပြီး ဖီးနစ်နှင့်တူသော မျက်လုံးများက မီးတောက်ချင်လာသည်။

သူ့လက်ထဲက ရောင်ဝါတွေ ပွက်ပွက်ဆူလာပြီး အနီရောင်တောက်တောက် မီးတောက်တွေကို ဖျတ်ခနဲ ဖျတ်ခနဲ ဖြစ်လာသည်။ သူမ စွမ်အားသုံးခါနီးမှာ ဝန်ထမ်းတစ်ယောက်က ဘေးကနေ ရုတ်တရက် ထွက်လာပြီး သူတို့ နှစ်ယောက်ကြားမှာ ရပ်လိုက်သည်။

သူက သူ့မျက်လုံးထဲမှာ သတိပေးတဲ့အရိပ်အမြွက်နဲ့ အမျိုးသမီးကို ကြည့်လိုက်ပြီး “တောင်းပန်ပါတယ်နောက် ယာဉ်ပေါ်မှာ ခွင့်ပြုချက်မရှိဘဲ စွမ်းအားသုံးလို့မရပါဘူး။ မင်းရဲ့ထိုင်ခုံက လူလတ်တန်းစား အခန်းထဲမှာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"

အဖွဲ့ချုပ်၏ ဥပဒေတွင် တစ်စုံတစ်ယောက်သည် ယာဉ်ပေါ်တွင် စွမ်းအားသုံးပါက ချက်ချင်းဖမ်းဆီးကာ ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ်အထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။

အမျိုးသမီးက ဒါကို ရှင်းရှင်းလင်းလင်းသိပြီး အာဏာပိုင်ကို မစော်ကားဝံ့ချေ။ သူမသည် မော့ချူးကို မုန်းတီးစွာ စိုက်ကြည့်နေရုံသာ ရှိတော့သည်။ နင် စောင့်နေလိုက်။

မော့ချူးသည် သူမ၏ခြိမ်းခြောက်မှုကို လျစ်လျူရှုကာ သွေးအလင်းသားရဲကို စရန် လှည့်ကြည့်လိုက်သည်။ ပြောရရင် ဒီကောင်ကလေးက တကယ်ကို သဘောကျဖို့ကောင်းသည်။

"အာဝူး အာဝူး” အလယ်အလတ်တန်းစား အခန်းကို လှည့်မကြည့်မီ သွေးအလင်းသားရဲသည် မော့ချူးကို အကြိမ်အနည်းငယ် ပွတ်သက်လိုက်သည်။ သူ့ခြေသည်းတွေနဲ့ တွဲပွတ်တယ်။ ဟွန့် ငါမင်းကို မှတ်ထားတယ်မှတ်။

ခရိုင်(၁၂ )မှ ခရိုင်(၉) သို့ ကီလိုမီတာ ၁၅၀၀၀ အကွာအဝေးရှိပြီး သွားရန် သုံးနာရီကြာသည်။

အစပိုင်းတွင် သွေးအလင်းသားရဲ သည် နာခံနိုင်ဆဲဖြစ်သော်လည်း ခဏအကြာတွင် သူသည် ရုန်းရင်းဆန်ခတ်ဖြစ်လာတော့သည်။ နောက်ပြီး သူက အုံ့ဆိုင်းသည့်တောအုပ်ထဲတွင် ရက်စက်ကြမ်းကြုတ်စွာ ပြုမူလေ့ရှိသည်။ ယခုတော့ ထိုကဲ့သို့သော သေးငယ်သော နေရာလေးတွင် နေရန် အတင်းအကျပ် လုပ်ယူနေရတော့သည့်အတွက် နေမကောင်းပြီး မငြိမ်မသက် ဖြစ်နေတော့သည်။

"တစ်ခုခုစားချင်လား" စားစရာကျွေးသူတစ်ယောက်အနေဖြင့် မော့ချူးသည် အရသာရှိသောအစားအစာများသည် သူရဲ့စိတ်ခံစားမှုတွေကို သက်သာဖို့ အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်း နားလည်ခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း မကြာသေးမီက မှုန်ကုပ်ကုပ်လေးဖြစ်နေသော သွေးအလင်းသားရဲ၏ မျက်လုံးများသည် မော့ချူးယူလိုက်သည့် အစာကို မြင်လိုက်ရသည့်အခိုက်တွင် လင်းလက်သွားသည်။

အခြားသူများ သတိမထားမိစေရန် မော့ချူးသည် အကြံကောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ အာလူးချောင်းကြော်လိုမျိုး သရေစာလေးတွေကို အဖွဲ့ချုပ်ရဲ့ စားစရာထည့်တဲ့အိတ်ထဲကို ထည့်လိုက်သည့်။ ဒီလိုနည်းနဲ့ သူတို့စားနေတဲ့ အစားအစာတွေက တခြားသူတွေနဲ့ မတူဘူးဆိုတာကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ပေ။

သွေးအလင်းသားရဲသည် လက်ရှိတွင် သူ၏ အစာကို နှစ်နှစ်ခြိုက်ခြိုက် စားသောက်နေသောကြောင့် မော့ချူးတောင် ဗိုက်ဆာလာသည်။ ထို့ကြောင့် သူမလည်း စားဖို့ ဆုံးဖြတ်လိုက်သည်။

ဘေးမှကြည့်ရင်း မော့ယန်က မထိန်းနိုင်ဘဲ ကျယ်လောင်စွာရယ်မောလိုက်သည်။

သူမနှင့်သားရဲတို့၏ အပြုအမူများသည် လုံးဝကို ထပ်တူကျကာ စားဖော်စားဖက်များအဖြစ် သူတို့ကြားတွင် သူတို့အချင်းချင်းပဲသိသည့် နားလည်မှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့ရဲ့ ဝါးနေတဲ့ ပုံစံတွေက တူညီနေပြီး ခေါင်းလှုပ်ရှားနေပုံတွေလည်း တူညီနေသည်။

သူတို့ရဲ့ ပါးစပ်လှုပ်ရှားပုံတောင် တစ်ထပ်တည်းကျနေသည်။ သူတို့၏ မျက်နှာများသည် ပျော်ရွှင်ခြင်းများနှင့် ပြည့်နှက်နေသည်။

နျဥ်ယိယွမ်သည် နေရာကောင်းသည့်ထောင်တွင် ထိုင်နေသောကြောင့် ယာဉ်တစ်ခုလုံးကို မြင်နိုင်သည်။ ထုံးစံအတိုင်း သူသည် ထိုရယ်ချင်စရာမြင်ကွင်းကို မလွတ်ခဲ့ပါ။

သူ့ရဲ့ ပါးစပ်ထောင့်က အနည်းငယ် အပေါ်ကိုတက်လာပြီး သူ့ဘေးနားရှိ လူများက အံ့အားသင့်နေခဲ့သည်။ သူက ပြတင်းပေါက်အပြင်ကို လှမ်းကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။

အယ်။ မိုးလည်းမရွာဘဲနဲ့ ဒီကောင်က ဘာလို့ ရုတ်တရက် ပြုံးလာတာတုန်း။

All Chapters