← Chapters

အပိုင်း ၃၇

Vol. 3 Ch. 37

အပိုင်း ၃၇

Vol. 3 Ch. 37

တစ်ခြားသူမကို ကြည့်နေတဲ့သူရှိကြသေးလား။

မော့ချူးက သူမရဲ့ခေါင်းကို မော့လိုက်ပြီး အခန်းရဲ့ရှေ့ကို ကြည့်လိုက်သည်။ သို့သော်လည်း ခြားထားတဲ့အရာတစ်ခုရှိနေတယ်ဆိုတာကို သတိထားမိလိုက်သည်။ သူမက ပြုံးလိုက်သည်။ သူမ အတွေးလွန်နေတာ ဖြစ်မည်။ သူမခေါင်းကို နောက်ပြန်လှည့်ကြည့်ချိန်တွင် သူမကို ပြတင်းပေါက် အပြင်ဘက်က မြင်ကွင်းတစ်ခုက ဆွဲဆောင်လိုက်သည်။ သူမရဲ့ မျက်လုံးတွေတောက်ပသွားသည်။ “ဝိုး အရမ်းလှတာပဲ”

ယာဥ်ရဲ့ ပြတင်းပေါက်တွေက ဖောက်မြင်နေရသည့်အတွက် သူမက အပြင်ဘက်က အရာတွေကို ရှင်းရှင်းလင်းလင်းမြင်ရသည်။

၂၁ရာစုတုန်းကလိုဆို ကြယ်ကြွေသလိုမျိုး ဒါမှမဟုတ် မြောက်ဝင်ရိုးစွန်းက မိုးသောက်ပန်းတို့လိုမျိုး ရောင်ခြည်တန်းကြီးက တသွင်သွင်စီးဆင်း သွယ်တန်းနေသည်။ သူမ၏ မျက်လုံးများရှေ့တွင် အလင်းတန်းများက တဖျပ်ဖျပ်ခတ်သွားပြီး အသက်ရှုမှားရလောက်အောင် လှပလွန်းလှသည်။

“ဝိုင်းဝိုင်း ကြည့်လိုက်” မော့ချူးက အစားအသောက်ထဲမှာ မေ့မြောနေတဲ့ သွေးအလင်းသားရဲကို ကောက်ကိုင်လိုက်ပြီး သူ့ရဲ့မျက်နှာလေးကို ဆိတ်လိုက်သည်။ သူက အစားအသောက်မှာပဲ တစ်ချိန်လုံး အာရုံစိုက်ထားလို့မရတော့ဘဲ သူက လှပမှုကို တစ်ချိန်ပြီးတစ်ချိန်ခံစားရတော့သည်။ “အရမ်းလှတာနော်”

သွေးအလင်းသားရဲက သူ့ရဲ့ခေါင်းကို လှည့်လိုက်ပြီး နှောက်ရှောက်ခံလိုက်ရသည်။ ငါစားတုန်းသောက်တုန်း မင်းက ငါ့ကို နှောက်ယှက်ရဲတယ်ပေါ့။ နောက်ပြီး ဒီလိုခပ်တုံးတုံး မြင်ကွင်းက ဘယ်လိုလုပ် ဆွဲဆောင်မှုရှိတာလဲ။

ဟုတ်ပြီလေ။ ငါ ဒီအစားပုပ်နဲ့ စကားမများချင်တော့ဘူး။

မော့ချူးက သွေးအလင်းသားရဲကို ချလိုက်ပြီး သူ့ရဲ့ခေါင်းလေးကို မတတ်နိုင်တော့သည့်ပုံစံဖြင့် ပုတ်လိုက်သည်။ “မင်းကတော့ ဆက်စားနေတာပဲကောင်းတယ်”

“အာဝူး” သွေးလင်းသားရဲက ဝမ်းမြောက်လိုက်ပြီး စားစရာထဲမှာ တစ်ခါ မေ့မြောသွားပြန်တော့သည်။

သွေးအလင်းသားရဲက အစားထဲကိုပဲ အာရုံစိုက်ထားပြီး အချိန်ကိုတောင် မသိတော့ချေ။ သူက လေးလံထိုင်းမှိုင်းလာပြီး မော့ချူးရဲ့လက်မောင်းလည်း တအီအီမြည်လာသည်။ သူက ကြမ်းပြင်ပေါ် မထိုင်ချခင် အနည်းငယ်လူးလိမ့်လိုက်သေးရာ သူ့ရဲ့ အမွေးတွေနဲ့ ဆံပင်တွေ တော်တော်လေး ရှုပ်ပွသွားသည်။ သူမျက်လုံးတွေက မော့ချူးကို အပြင်းကင်းသည့်သူလေးပုံစံဖြင့် ကြည့်နေသည်။

မော့ချူးက ဒီအကောင်လေးရဲ့ ပရော်ပရည်နိုင်နိုင်တာကြောင့် ရယ်ချင်သွားသည်။ သူမက မျက်နှာကို မပြုံးဘဲနဲ့ မနေနိုင်တော့ချေ။

“အာဝူး အာဝူး” သွေးအလင်းသားရဲက ရှက်လည်းရှက် ဒေါသလည်းထွက်နေသည်။ သူ့ရဲ့ ဝဖီးနေသည့် ခန္ဓာကိုယ်နဲ့ မော့ချူးရဲ့ ရင်ခွင်ထဲကို ခုန်လိုက်သည်။ သူက သူ့ရဲ့ ပါးစပ်ကို အကျယ်ကြီးဖွင့်လိုက်ပြီး မော့ချူးရဲ့လက်ချောင်းကို ယူလိုက်ပြီး ရက်ရက်စက်စက် ကိုက်လိုက်သည်။

ငါ့ကို လှောင်ရဲဦး။ ဟွန့်

ဘေးနားက ကြည့်နေတဲ့ မော့ယန်က စိတ်ပူလာသည်။ “ချူးလေး လက်ကို မြန်မြန်ပြန်ထုတ်လိုက်”

သွေးအလင်းသားရဲကိုက်တာကို ခံလိုက်‌ရတော့ မော့ချူးရဲ့ လက်ချောင်းက သွေးထွက်တော့တာပေါ့။

“ကောင်းပြီလေ” မော့ချူးက ပြုံးလိုက်ပြီး သူမရဲ့ ကျန်တစ်ဖက်လက်ကို ဆန့်လိုကပြီး သွေးလင်းသားရဲ၏ ရှုပ်ပွနေသည့် အမွေးတွေကို ဖီးပေးလိုက်သည်။ သူမက သူ့ရဲ့စိုစွတ်နေတဲ့နှာခေါင်းကို လက်ညိုးထိုးလိုက်ပြီး “ကျေနပ်ပြီလား”

ဟောက်။ သွေးအလင်းသားရဲက နှာချေးညစ်လိုက်ပြီးမှ မော့ချူးရဲ့ လက်ကို လွှတ်လိုက်သည်။ သူမရဲ့သွေးသွယ်ပြီး ဖြူဖွေးနေတဲ့ လက်ချောင်းလေးမှာ ကိုက်ခံထားရတဲ့ အမှတ်အသားမရှိချေ။ ဒီအကောင်လေးက ရက်စက်ချင်ယောင်ဆောင်နေတာပါ။ သူက မော့ချူးရဲ့ လက်ကို ကိုက်ချင်ယောင်ဆောင်လိုက်တာပါ။

မင်းက ငါ့ကို အယုံလွန်နေတဲ့ပုံပဲ။ ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်မယ်မှတ်။ သူက သူ့ရဲ့ခေါင်းကို လှည့်လိုက်ပြီး မော့ယန်ကို အထင်သေးသည့်ပုံစံဖြင့် ကြည့်လိုက်သည်။ ထို့နောက် နောက်ကိုလှည့်လိုက်ပြီး သူ့ရဲ့ ဖင်သေးသေးလေးကို လှုပ်ပြလိုက်သည်။

‌ဟေး ဒီစိတ်ကြီးဝင်နေတဲ့ကောင်လေးကတော့။

"မင်္ဂလာပါ ခရီးသည်တို့" ထိုအချိန်တွင် သင်္ဘောပေါ်မှ အမျိုးသားတစ်ဦး၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။ မောက်မာမှုနှင့် သရော်လှောင်ပြောင်မှု လေသံတို့ ပါနေသည်။ “ငါတို့က သွေးအာကာယာဥ်ဓားပြတွေပဲ။ ဒီသင်္ဘောတစ်ခုလုံးက ငါတို့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် အားလုံး နာခံမှု ပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့…”

သူ့ရဲ့စကားမဆုံးသေးခင်မှာပဲ ပြင်းပြင်းထန်ထန် ကြောက်လန့်ကုန်ကြသည်။

ဒါကိုကြားပြီးနောက် မော့ယန်ရဲ့ မျက်နှာထားက ပြောင်းသွားသည်။ အဲ့ဒီတော့မှ အခန်းတုန်နေတာက ဓားပြတွေ တိုက်ခံနေရလို့ဆိုတာ ဆက်စပ်မိသွားသည်။

သွေးအာကာယာဉ်ဓားပြလား။

မော့ချူးကတော့ အဲ့နာမည်ကို တစ်ခါမှ မကြားဘူးချေ။ သူမက ခလုတ်ခုံကိ ယူလိုက်ပြီး ရှာကြည့်လိုက်သည်။ သို့သော် စတားနက်ကို လုံးဝ ချိတ်ဆက်လို့မရတာ သူမ သိလိုက်ရသည်။ အဲ့ဒါက ဘာကြောင့်လဲဆိုတော့ သူတို့က ချိတ်ဆက်လို့မရအောင် လုပ်ထားလို့ပဲ ဖြစ်သည်။

မော့ချူးက သူတို့ ဘယ်လောက် အင်အားကြီးလဲဆိုတာကို မသိပါဘူး။ ဒါပေမဲ့ မော့ယန်ကတော့ ရှင်းရှင်းလင်းလင်းကြီးကို သိသည်။

သွေးဓားပြတွေကို အဖွဲ့ချုပ်တစ်ဝှမ်းလုံး ကောင်းကောင်းသိကြသည်။

လူနှစ်ဆယ် လောက်ရှိတဲ့ အဖွဲ့၊ သူတို့ထဲက တစ်ဝက်လောက်က အဆင့်(၆)ကို ပြီးမြောက်သွားသည့်သူများ၊ သူတို့ရဲ့ခေါင်းဆောင်က ကြောက်စရာကောင်းလောက်အောင် စွမ်းလွန်းသည်။ ပြောကြတာကတော့ သူက အဆင့်(၉)ထဲကို အောင်အောင်မြင်မြင်ရောက်သွားပြီတဲ့။ တိုက်ခိုက်ရေးစွမ်းရည်ကလည်း တကယ်ကို တုန်လှုပ်စရာပင်။

All Chapters