အပိုင်း ၃၈
Vol. 3 Ch. 38
ဒီ ဓားပြတွေက သူတို့သန်မာတာကြောင့်ပဲ နာမည်ကြီးတာမဟုတ်ပေ။ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တာကြောင့်လည်းပါသည်။
ပုံမှန်ပြောရရင် ဓားပြတွေက သင်္ဘောကို ပိုက်ဆံဓားပြတိုက်တာဖြစ်သည်။ ဒါပေမဲ့ သွေးဓားပြတွေကတော့ ထူးခြားသည်။ သူတို့က ပိုက်ဆံကို ဓားပြတိုက်ရုံတင် မဟုတ်ပါချေ။ လူတွေကိုလည်း အကြိမ်တိုင်းသတ်ပြီး ယာဉ်တစ်စင်းလုံးကို သွေးတွေနဲ့ ရွှဲသွားအောင် လုပ်တတ်ကြတဲ့သူတွေပါ။ ဓားပြတိုက်ခိုက်ရတဲ့သူတွေရဲ့၁ရာခိုင်နှုန်းလောက်ကပဲ သူတို့လက်က လွှတ်မြောက်နိုင်ကြတာပင်။
အသံကျယ်ကြီးဖြင့် အခန်းထဲက အကာနှစ်ခုကို ဖွင့်လိုက်သည်။ ဘေးပတ်လည်က သူတွေမှာလည်း အကြောက်တရားတွေနဲ့ စိတ်ပျက်အားငယ်မှုတွေနဲ့ ပြည့်နေသည်။ တစ်ချို့လူတွေဆို အကြောက်လွန်ပြီး ထိုင်နေတဲ့နေရာမှာပဲ မေ့လဲသွားတဲ့သူတွေတောင် ရှိသေးသည်။
သူ့ရဲ့အသွင်အပြင်က ကြမ်းတမ်းပြီး အုပ်စိုးတတ်တဲ့ပုံလည်းပေါ်သည်။ သူ့ရဲ့ တစ်ကိုယ်လုံးကလည်း ရမ်းကားတဲ့ပုံပေါက်ပြီး ဆုံးသွမ်းတဲ့အငွေ့အသက်တွေနဲ့ ဖုံးလွှမ်းထားသည်။ အရှိန်အဝါလေးနဲ့တင် ကြောက်ဒူးတုန်လောက်သည်။
“အခုတော့ နာခံပြီးတော့ ငါတို့နဲ့ ပူးပေါင်းပါ” ဓားပြက သူ့စကားဆုံးသွားတာနဲ့ အခန်းကိုထိန်းချုပ်ထားတဲ့ အခန်းရဲ့ တံခါးပွင့်လာပြီး အနီရောင်ဆံပင်နဲ့ လူတစ်ယောက်ထွက်လာသည်။
“ဒါက သွေးဓားပြခေါင်းဆောင် လင်း ပဲ” မော့ယန်က မော့ချူးရဲ့နား နားကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ အနီရောင်တောက်နေတဲ့ ဆံပင်က သူ့ရဲ့ အပေါ်လွင်ဆုံး သင်္ကေတပဲ။
ဆံပင်အနက်ရောင် အမျိုးသားတစ်ဦးသည် အနောက်မှသူတို့ဆီသို့ လျှောက်လာသည်။ သူ့လက်ထဲတွင် ကိုယ်ပိုင်ခလုတ်ခုံတစ်ခုကို ကိုင်ထားပြီး သူ့လေသံမှာ ရှင်းရှင်းလင်းလင်း ဖြစ်သော်လည်း ခြိမ်းခြောက်မှုများ ပြည့်နှက်နေသည်။ “ကဲ၊ မင်းတို့ရဲ့ ခလုတ်ခုံထဲမှာရှိတဲ့ ပိုက်ဆံအားလုံးကို ငါ့ဆီ လွှဲပေးပါ။ နားမထောင်ရင်..."
လင်း၏ ပါးစပ်ထောင့်က လှုပ်ရှားသွားပြီး သူ့ဘေးတွင် ထိုင်နေသော အမျိုးသားတစ်ဦး၏ ဦးခေါင်းကို အထူးကောင်းမွန်သော စွမ်းအင်သုံး သေနတ်တစ်လက်ကို ချိန်လိုက်သည်။ ပေါက်ကွဲသံနှင့်အတူ သွေးများ နေရာအနှံ့ ပြန့်ကျဲသွားသည်။
သူ၏ ရက်စက်မှုကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ တုန်လှုပ်ချောက်ချားမှု၊ ကြောက်ရွံ့မှုနှင့် အသနားခံမှုတို့သည် တစ်ခုပြီးတစ်ခု မြင့်တက်လာသည်။
ဒိုင်း-
နောက်ထပ် သေနတ်ပစ်ခတ်မှု ဖြစ်သည်။ အခြားအမျိုးသားတစ်ဦး ခေါင်းကွဲသွားကာ ကြောက်ရွံ့မှုအပြည့်မျက်နှာနှင့် လဲကျသွားသည်။
"တောက် မင်းတို့တွေ နားကိုညည်းနေတာပဲ" လင်းက ခေါင်းငုံ့ပြီး ပေါ့ပေါ့လေးပြောရင်း သူ့လက်ထဲက သေနတ်ကို လှည့်လိုက်သည်။ ဒီစကားလေးကြောင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
သုံးမိနစ်၊ ငါးမိနစ်ကြာသွားသည်။
အခန်းတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်နေသဖြင့် အနည်းငယ် စိတ်မငြိမ်မသက် ဖြစ်နေကြသည်။ အသက်ရှုသံတောင် ပျောက်ကွယ်လုမတတ်ပင်။
"အရမ်းကောင်းတယ်" နောက်ဆုံးတွင် လင်းသည် သူလုပ်နေသမျှကို ရပ်လိုက်သည်။ သူ၏ ရက်စက်သော မျက်လုံးများက လူတိုင်းကို ကြည့်လိုက်ကာ သူ့ရဲ့ နှုတ်ခမ်းပါးပါးလေး အနည်းငယ် ပွင့်လာသည်။ "နာခံတတ်တဲ့သူတွေကို သိပ်သဘောကျတယ်"
သူ့တို့နောက်မှာရှိသည့် ကိုယ်ပိုင်ခလုတ်ခုံကို ကိုင်ထားတဲ့လူက ခလုတ်ခုံ နံပါတ်ကို လူတိုင်းအားပြောပြတယ်။ သူ့အဓိပ္ပါယ်က အရမ်းရှင်းသည်။ ဘယ်သူမှ မနှောင့်နှေးဘဲ သူ့ဆီ ငွေအမြန်လွှဲပေးကြသည်။ အသက်တန်ဖိုးနှင့် ယှဥ်လိုက်လျှင် ငွေ၏တန်ဖိုးက ဘာမှမဟုတ်ပါ။
မော့ယန်ကလည်း ဒီရွေးချယ်မှုကိုပဲ လုပ်ခဲ့သည်။ သူ့ရဲ့ လက်ရှိ ခွန်အားနဲ့ ဒီလူတွေကို အနိုင်မယူနိုင်ဘူးဆိုတာ ရှင်းပါသည်။ အခြေအနေအရ လိုက်လျောပေးရုံမျှသာလုပ်နိုင်ပြီး ထိပ်တိုက်မတိုက်ခိုက်တော့ပါ။
ခလုတ်ခုံကို ကိုင်ထားတဲ့လူက တစ်ချက်ကြည့်လိုက်ပြီး ရလဒ်တွေကို အစီရင်ခံသည်။ “အစ်ကိုကြီး ဒီတစ်ကြိမ်မှာ စုစုပေါင်း သန်း ၃၅၀ ရပြီ”
ဒီငွေပမာဏက ယခင်ကဆို လူတွေ မနာလိုဖြစ်ရလောက်သော်လည်း ယခုအခါတွင် အသက်ရှင်ဖို့မှတပါး အခြားဘာကိုမျှ မတွေးဝံ့ကြပေ။ ခေါင်းကွဲသွားမှာကိုပဲ စိုးရိမ်နေကြသည်။
“မဆိုးပါဘူး” လင်းက ဒီငွေတွေကို လုံးဝဂရုမစိုက်သလို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူ့လက်ကို ယမ်းလိုက်ပြီး နောက်ကလူကို နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။
လင်းသည် ဖြောင့်ဖြောင့်ရပ်လိုက်ပြီး ပြောမပြနိုင်လောက်တဲ့ မကောင်းဆိုးဝါးအပြုံးတစ်ခုကို ပြုံးလိုက်သည်။ "ပိုက်ဆံတွေလည်း ရသွားပြီမို့..."
ဒါကိုကြားတော့ လူတိုင်းက သက်ပြင်းချလိုက်ကြတော့သည်။ သူ့လေသံက သူတို့ထွက်သွားတော့မည့်အတိုင်း ဖြစ်နေသောကြောင့်ဖြစ်သည်။
မော့ယန်၏ မျက်နှာထားကတော့ ပို၍ပင် မည်းမှောင်သွားသည်။ လင်းက ဒီလောက်ဘယ်ကြင်နာပါ့မလဲ။
မျှော်လင့်ထားသလိုပဲ အဲဒီလူက ဆက်ပြောလာသည်။ "ငါ့တို့ ဂိမ်းကစားကြမလား”
ဂိမ်း? ဘာကစားပွဲလဲ?
ခဏလောက်တော့ အားလုံးက အနည်းငယ် တုန်လှုပ်သွားပေမယ့် အဲဒီလူရဲ့ ရက်စက်မှုကြောင့် ကြောက်နေသည်ကို ထုတ်ဖော်မပြရဲကြပေ။
"ကြည့်ရတာ အားလုံးက အရမ်းသိချင်နေကြပုံပဲ" လင်သည် သူ့မေးစေ့ကိုပွတ်လိုက်သည်။ သူ့မျက်လုံးများ တောက်ပလာပြီး သူ၏နက်နဲသောအသံသည် သွေးဆောင်မှုအရိပ်အမြွက်ကို သယ်ဆောင်လာကာ "စိတ်မပူပါနဲ့ အဲဒါက အရမ်းရိုးရှင်းပါတယ်။ ငါတို့ကစားနေတာ — လူသတ်မှုဂိမ်း”
“ကဲ ကြွရောက်လာကြတဲ့ အမျိုးသမီး အပေါင်းတို့ ကျေးဇူးပြုပြီး ရှေ့ကို တိုးပါ” သူစကားပြီးသည်နှင့် မော့ချူး၏ နှလုံးသည် ရုတ်တရက် တုန်လှုပ်သွားသည်။