← Chapters

အပိုင်း ၃၉

Vol. 3 Ch. 39

အပိုင်း ၃၉

Vol. 3 Ch. 39

“ပြန်ပြောရမှာလား” လင်းရဲ့ မျက်နှာထားက မဲမှောင်သွားပြီး သူ့ရဲ့မျက်လုံးများက ကြောက်စရာကောင်းနေသည်။ “မိန်းကလေးတွေအကုန်လုံး ချက်ချင်း မက်တပ်ထစမ်း”

အမျိုးသမီးတွေအကုန်လုံးက လက်ရှိမှာ အရမ်းထိန့်လန့်နေကြသော်လည်း လင်းရဲ့ ဖိအားပေးမှုကို ဘယ်သူမှ မလွန်ဆန်ရဲကြချေ။ သူတို့ခြေထောက်တွေ တုန်တုန်ယင်ယင်နဲ့ တစ်ယောက်ပြီးတစ်ယောက် မတ်တပ်သာ ရပ်ကြရတော့သည်။ သူတို့ရဲ့နောက်ကမော့ချူးက သူမကိုယ်သူမ မမြင်ရအောင်ကြိုးစားနေသည်။

မျက်နှာတွေ ဖြူရော်နေလောက်အောင် ကြောက်လန့်နေကြတဲ့ အမျိုးသမီးတစ်စုကို လင်းက ကြည့်လိုက်ပြီး စိတ်မရှည်စွာဖြင့် သူ့ရဲ့လက်ကို မြှောက်လိုက်သည်။

“တော်လောက်ပြီ ဒီလူသတ်ဂိမ်းက မင်းတို့နဲ့ ဘာမှမဆိုင်ဘူး”

အဲ့ဒါကိုကြားလိုက်ပြီးမှာသာ အမျိုးသမီးများ သက်ပြင်းချလိုက်ကြသည်။

သို့သော်လည်း သူတို့ ဝမ်းမသာခင် လင်းရဲ့ နောက်ထပ်စကားလုံးတွေကို သူတို့ကို အသူတစ်ရာချောက်ကြီးထဲ ဆွဲချလိုက်သည့်အတိုင်းပင်။

လင်းကိုယ်တိုင်က ဒီအမျိုးသမီးတွေကို စိတ်မဝင်စားချေ။ သို့သော် သူ့အဖွဲ့သားတွေကတော့ စိတ်မဝင်စားတာ မဟုတ်ချေ။ လင်းက သူတို့ကို ကြည့်လိုက်ပြီး “မင်းတို့တွေ အရင်ရက်က သေတာတွေပဲကြည့်ရတာ ပျင်းလာပြီဆို။ အခုတော့ အရုပ်သစ်လေးတွေ ရောက်လာပြီ။ မင်းတို့ပဲ ကြိုက်သလို ခွဲယူလိုက်ကြတော့”

ဒီစကားလုံးတွေ ပြောလိုက်သည့်အချိန်မှာ သင်္ဘောပေါ်က အမျိုးသမီးတွေက စိုက်ကြည့်နေကြတော့သည်။

အဖွဲ့ချုပ်မှာဆိုရင် ယောကျ်ားလေးဦးရေက မိန်းကလေးဦးရေထက် ပိုများသည်။ ထို့ကြောင့် မိန်းကလေးများ၏ အခွင့်အရေးတွေနဲ့ စိတ်ဝင်စားမှုတွေကို သေချာ ကာကွယ်ပေးထားသည်။

အဓမ္မကျင့်ခြင်း မဆိုထားနှင့် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု အသေးစားလေး တစ်ခုတည်းလောက်ကတောင် ဆယ်နှစ်ထက်ပိုသည့် ထောင်ဒဏ်ကို ခံစားရမည်ဖြစ်သည်။

သို့သော်လည်း ဒီလူတစ်စု... ဒီအုပ်စုက ဘယ်လိုတောင် ဒီလို ဝရုန်းသုန်းကားဖြစ်မည့် ပစ်မှုကို ကျူးလွန်နိုင်ရတာလဲ။

ဒီလူတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကြည့်ရင်း မော့ချူးသည် အသက်ပြင်းပြင်းရှုချလိုက်သည်။ ဟုတ်တယ် သူတို့က ဘာမဆိုလုပ်ရဲတဲ့သူတွေ။

သူတို့ရဲ့ သန်မာမှုအားကိုးနှင့် အကျင့်စာရိတ္တနဲ့ ဥပဒေကို သူတို့ရဲ့ခြေဖျားအောက်မှာ တက်နှင်းထားတဲ့ ဒီလူတစ်စုက အဲ့ဒါတွေနဲ့ ဘယ်လိုလိုက်လျောညီထွေ နေနိုင်မှာမို့လဲ။

“ဒီလိုဆို အရမ်းကောင်းတာပေါ့။ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး” နောက်လိုက်ယောကျ်ားတွေက ဒီလိုကိစ္စတွေနဲ့ ရင်းနှီးကျွမ်းဝင်နေသည့်ပုံပင်။ သူတို့ရဲ့တက်မက်မှုတွေကို မဖုံးကွယ်တော့ဘဲ မိန်းကလေးတွေရဲ့ အရွယ်အစားကို သူတို့မျက်လုံးတွေနဲ့ တိုင်းနေကြသည်။ အချို့ဆို ချက်ချင်း စလှုပ်ရှားတော့သည်။

“မဟုတ်ဘူး လွှတ်” အမျိုးသမီးတစ်ယောက်ရဲ့အသက်က ရုတ်တရက် ထထွက်လာသည်။ သူမရဲ့ အသံက ကြောက်ရွံ့မှုတွေ၊ စိတ်ပျက်အားငယ်မှု အပြည့်နှင့်ပင်။

“ငါ နင့်ကို ပြောလိုက်မယ် ငါ့အဖေက... ခရိုင်(၃)ရဲ့ တရားသူကြီးချုပ်နော်။ နင်ငါ့ကို ဒီလိုဆက်ဆံရင် အဖေက နင်ကို သေချာပေါက် အလွှတ်ပေးမှာ မဟုတ်ဘူး”

အစကတော့ မော့ချူးက ဒီမိန်းကလေးက စိတ်ဆတ်တဲ့သူလို့ ထင်လိုက်သည်။ သို့သော်လည်း နောက်ကျန်တဲ့ စကားတွေကို ကြားလိုက်ပြီးတဲ့နောက်မှာတော့ သူမစိတ်ထဲ စကားနှစ်လုံးသာ ထွက်လာတော့သည် — သောက်ရူး ။

ဒီလိုအခြေအနေမျိုးမှာ သူမရဲ့ အသက်တောင် ဆုံးရှုံးသွားနိုင်ချေရှိသည်။ ဒါတောင် သူမက လွှတ်မြောက်ဖို့အတွက် ခြိမ်းခြောက်တဲ့ဗျူဟာကို သုံးချင်နေသေးသည်။ စဥ်းတောင်မစဥ်းလေနဲ့။

ထင်ထားသည့်အတိုင်း စားပွဲကိုမှီထားတဲ့ လင်းကလည်း ဒီစကားတွေကို ကြားသွားခဲ့သည်။ သူက ဖြေးဖြေးချင်း ထလိုက်ပြီး သူ့ရဲ့ပါးစပ်က ပြုံးသွားခဲ့သည်။ “ခရိုင်(၃)ရဲ့ တရားသူကြီးချုပ် ဟုတ်လား၊ ဟား ဟား ဒါက တော်တော်အထင်ကြီးစရာပဲ”

သူ့ရဲ့ ထေ့ငေါ့ငေါ့ပြောတဲ့ စကားလုံးတွေက မာထန်နေပါသည်။ ခုဏလေးတင်ကတောင် အဆက်မပြတ်အော်နေသည့် မိန်းကလေးတောင် ချက်ချင်း အော်နေတာကို ရပ်လိုက်သည်။ သူမက အသက်ကို အောင့်ထားကာ သူမကိုယ်သူမ လိမ်လိုက်ပြီး လင်းက သူမကို လွှတ်ပေးဖို့ မျှော်လင့်နေသေးသည်။

သို့သော်လည်း ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

လင်းက အနက်ရောင် ဘောင်းဘီကို ဝတ်ထားပြီး သူက မိန်းကလေးဆီကို တည့်တည့်တန်းတန်း လျှောက်သွားလိုက်သည်။ သူ့ရဲ့ စစ်ဖိနပ်တွေနဲ့ ကြမ်းပြင်ကို စောင့်လိုက်သည်။ ဒါပေမဲ့လည်း အဲ့ဒါက လူတိုင်းရဲ့ နှလုံးပေါ်မှာ လမ်းလျှောက်နေသည့်အတိုင်းပင်။

လူစုက လင်းအတွက် လမ်းဖယ်ပေးလိုက်တော့ နှစ်ခြမ်းကွဲသွားသည်။ တစ်ယောက်ပြီးတစ်ယောက် ဒီစိတ်တိုလွယ်တဲ့လူရဲ့ ပစ်မှတ်မဖြစ်အောင် နောက်ကို တက်နိုင်သလောက်ဆုတ်လိုက်ကြသည်။

မော့ချူးက အစကတည်းက နောက်မှာရပ်နေတာပါ။ ဒါပေမဲ့လည်း ဒီလူတန်းကြောင့် သူမ မတက်နိုင်ဘဲ ရှေ့ကို ရောက်သွားသည်။ ဒီလိုနဲ့ သူမက မိန်းကလေးရဲ့မျက်နှာကို မြင်လိုက်ရသည်။

အယ် ကြည့်ရတာ ရင်းနှီးနေသလိုပဲ။

သူမ မစဥ်းစားခင်မှာပဲ မိန်းကလေးက နောက်ထပ်တစ်ခါ အော်တော့သည်။ “မလုပ်ပါနဲ့ ကျွန်မကို မသတ်ပါနဲ့”

လင်းက ယုတ်မာတဲ့အပြုံးကြီးနဲ့ သူမနား နီးနီးလာတဲ့အခါ မိန်းကလေးက အသနားခံတော့သည်။

သူမရဲ့ အသနားခံမှုကလည်း ဒူးထောက်ကာ မော့ချူးရဲ့ခြေထောက်ကို ဖက်ပြီး မော့ကြည့်လိုက်သည်။ သူမရဲ့ ဖီးနစ်ငှက်လို မျက်လုံးတွေကို ရုတ်တရက် ပင့်လိုက်ပြီး “ကယ်ပါဦး ငါ့ကိုကယ်ပါဦး။ စောစောက ငါမှားသွားပါတယ်။ ငါ့ကို ကယ်ပါနော်”

All Chapters