အပိုင်း 41
Vol. 3 Ch. 41
လင်းကလည်း အလွယ်တကူအနိုင်ယူလို့ရသည့် ပုဂ္ဂိုလ်မဟုတ်ချေ။ အခြေအနေက ရုတ်တရက်ပြောင်းလဲသွားသော်လည်း သူ့ရဲ့တုံ့ပြန်မှုကတော့ တော်တော်မြန်ဆန်သည်။ သူက ကပ်သီလေးရှောင်လိုက်ကာ လေဓားပျံက သူ့ရဲ့မျက်နှာကို ဖြတ်ကျော်သွားသည်။
သူက တကယ်ကို ရှောင်လိုက်တာပါ။ မော့ချူးက မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း နောက်ထပ်ချက်ချင်း လင်းရဲ့မျက်နှာပေါ်မှာ သွေးထွက်နေတဲ့ ကြီးမားသည့် ဒဏ်ရာတစ်ခု ပေါ်ပေါက်လာသည်။
သူက လေဓားပျံကို ရှောင်နိုင်လိုက်သည်ဆိုသော်လည်း ဒြပ်စွမ်းအင်ကြောင့် ဒဏ်ရာရသွားခြင်းဖြစ်သည်။
“ဟ စိတ်ဝင်စားဖို့ကောင်းသားပဲ” လင်းက သရော်ပြုံးပြုံးလိုက်သည်။ သူ့ရဲ့လက်တစ်ဖက်က မော့ချူးရဲ့ခါးကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး တစ်ခြားလက်တစ်ဖက်က သူ့မျက်နှာပေါ်က ဒဏ်ရာကို သုတ်လိုက်သည်။ လတ်ဆတ်နေတဲ့သွေးစက်တွေက လင်းရဲ့လက်ထိပ်တွေကို စွန်းသွားပြီး သူ့ရဲ့အပြုံးက ပိုပြီးရက်စက်သည့်ပုံပေါက်လာသည်။
မော့ချူးက ထိတ်လန့်နေသည်။ လေဓားပျံက တော်တော်လေးပါးပြီး သူ့ရဲ့ ထိရောက်မှုကတော့ အထင်လေးလို့မရပါဘူး။ ဒီလို ပြီးပြည့်စုံတဲ့ ဒြပ်စွမ်းအင်ကို ထိန်းချုပ်နိုင်တဲ့သူဆိုတော့ ဆရာ့တစ်ကာဆရာကြီး ဖြစ်လိမ့်မည်။
သူနဲ့မျက်နှာချင်းဆိုင်ဘက်မှာ လူအုပ်အလည်မှာရပ်နေတဲ့ သန်သန်မာမာ တောင့်တောင့်ဖြောင့်ဖြောင့်လူတစ်ယောက် ရပ်နေသည်။ သူ့ရဲ့ငွေရောင်ဆံပင်တွေက မြင်သာထင်သာဖြစ်စေသည်။ သူ့ရဲ့ အထူးကောင်းမွန်တဲ့ မျက်နှာဖုံးက သူ့မျက်နှာရဲ့ ပုံပန်းသွင်ပြင်ကို ကာထားပေးသည်။ သူရဲ့ နက်ရှိုင်းပြီးတောက်ပနေသည့် မျက်လုံးများကို သာမြင်နိုင်သည်။
“ပျော်ဖို့ကောင်းသားပဲ ဒီဂိမ်းက ခုခံမှုတွေရောဆိုတော့ ပိုပျော်ဖို့ကောင်းတယ်” လင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက သူ့ရဲ့သွေးပေနဲ့ လက်ထိပ်တွေကို ပါးစပ်ထဲထည့်လိုက်ပြီး လျှာနှင့်လျက်ကာ သုတ်လိုက်သည်။ မောက်မာတဲ့အကြည့်နဲ့ သူနဲ့မျက်နှာချင်းဆိုင်ကလူကို စိုက်ကြည့်လိုက်သည်။ ရုတ်တရက် သူက တစ်မူထူးတဲ့ အော်ဟစ်သံတွေကို လုပ်လိုက်သည်။
တကယ်တော့ သွေးအာကာသ ဓားပြအဖွဲ့က ပေါ့ပေါ့သေးသေးမဟုတ်ချေ။
မော့ချူးက မျက်မှောင်ကြုတ်လိုက်သည်။ ဒါက လင်းက လျှို့ဝှက်လှုပ်ရှားမှုတွေ လုပ်နေတာ မဖြစ်နိုင်ဘူးလား။ သူတို့ကို ပြောကြသည့် အရာတစ်ခုရှိသည်။ သူတို့ တိုက်ခိုက်နေသရွေ့ ရှုံးကြမည်မဟုတ်ပေ။
ဒီအခု မြင်နေရတဲ့ လူအနည်းငယ်တင်မဟုတ်ဘဲ လင်းက ခရီးသည်တွေကြားထဲမှာလည်း လုပ်ကြံသတ်ဖြတ်သူတွေ ပုန်းနေရအောင် စီစဥ်ထားပြီးဖြစ်သည်။ အဲ့ဒါကလည်း အရေးပေါ်ဖြစ်လာလျှင်အတွက်သာဖြစ်သည်။ ကြည့်ပါဦး အခုတော့ အခြေအနေ ရောက်လာလေပြီ။
သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ရဲ့အကြည့်က လူအုပ်ထဲကို ရောက်သွားသည်။ အဲ့ဒီတော့မှ သူသတိထားမိလိုက်တာက သူကြိုတင်စီစဉ်ထားတဲ့ လျို့ဝှက်အဖွဲ့သားတွေ မရှိတော့တာ ကြာပြီဆိုတာပါပဲ။
ကံမကောင်းစွာနဲ့ပဲ လင်းက သူ့ကိုယ်သူ အားရကျေနပ်မှုမရသေးခင်မှာပဲ သူက တစ်ခုခု မူမမှန်တာကို သတိထားမိလိုက်သည်။ သူက အမိန့်ပေးပြီးသွားရက်နဲ့ လှုပ်ရှားမှုတစ်ခုမျှ ပေါ်မလာသေးချေ။ သူတို့က အရင်ကတည်းက သတိထားမိသွားတာဖြစ်နိုင်သည်။
စိုးရိပ်တဲ့ပုံရိပ်လေးတစ်ခု လင်းရဲ့မျက်နှာကို လာရိုက်ခတ်လိုက်သည်။ သို့သော်လည်း အဲ့ဒီစိုးရိမ်မှုက မျက်စိတစ်မှိတ်အတွင်းပင် ပျောက်သွားသည်။
“အထင်ကြီးလောက်ပါပေတယ်” လင်းရဲ့မျက်နှာမှာ အပြုံးမရှိတော့ပါဘူး။ ရက်စက်ကြမ်းကြုတ်တဲ့ အငွေ့အသက်တွေထွက်လာပြီး အဲ့ဒီလူကို သူ့ရဲ့ရှေ့မျာတင် တစ်စစီဆွဲဖြဲပစ်လိုက်ချင်နေသည်။
“တစ်ယောက်ယောက်က ငါ့အစီအစဉ်တွေကို ဆန့်ကျင်နိုင်တာ ဒါပထမဆုံးအကြိမ်ပဲ။ စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ”
မျက်နှာချင်းဆိုင်က လူက သူ့ကို ကြည့်နေပြီး စကားတစ်လုံးမှ မပြောချေ။ ဒါက လင်းရဲ့ စကားလုံးတွေကို သွယ်ဝိုက်သောနည်းလမ်းနဲ့ ထောက်ခံတယ်ဆိုတာ ပြောနေသည့်အတိုင်းပင်။
လင်းက သူ့ရဲ့သွားတွေကို ကြိတ်လိုက်ပြီး သူ့ရဲ့ခါးမှာရှိတဲ့ ကိုယ်ပိုင်ခလုတ်ခုံကို အသက်သွင်းလိုက်သည်။ သူ့ရဲ့လေသံက ခက်ထန်နေသည်။ “ညီလေး(၅) ဒီသင်္ဘောကို ထောက်ပံ့ထားတဲ့ စွမ်းအင်တွေကို ဖျက်ဆီးလိုက်”
ရိုးရှင်းတဲ့ စကားလေးတစ်ခွန်းက မော့ချူးကို ဇောချွေးတွေပြန်စေခဲ့သည်။ ဒီသင်္ဘောကို ထောက်ပံ့ထားသည့် စွမ်းအင် ပျက်ဆီးသွားသည်နှင့် တစ်ပြိုက်နက် သူတို့ရှေ့ကို ဆက်သွားလို့ရမည်မဟုတ်တော့ပါ။ သူတို့ အာကာသတွင်းနက်ထဲကို ကျသွားသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံး သေပွဲဝင်ရတော့မည်။
ဒီလူက သူနဲ့အတူ သင်္ဘောပေါ်က လူတွေအကုန်လုံးကို သူနဲ့အတူသေခိုင်းချင်နေတာလား။ သွားပါပြီ။ ဒီကျပ်မပြည့်တဲ့လူနဲ့ကတော့။
“မစိုးရိမ်ကြပါနဲ့။ ငါ သူတို့အကုန်လုံးကို တာဝန်ယူထားပြီးသားပါ” ဆံပင်ငွေရောင်နှင့်လူက ပထမဆုံးအကြိမ်စကားပြောလိုက်ပြီး သင်္ဘောတစ်ခုလုံးရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေသိပ်ပေးလိုက်သည်။
“မဖြစ်နိုင်တာ” လင်းရဲ့မျက်လုံးတွေပြူးသွားပြီး မယုံကြည်နိုင်စွာဖြင့် အော်လိုက်သည်။ အခန်းကို ထိန်းချုပ်ဖို့ သူတာဝန်ပေးထားသည့်သူများက အကုန်လုံး ကျွမ်းကျင်ပညာရှင်များဖြစ်ကြသည်။ သူတို့လွယ်လွယ်နဲ့ ရှုံးသွားဖို့ဆိုတာက မဖြစ်နိုင်သလောက်ပင်။
သူက မယုံကြည်နိုင်စွာဖြင့် အော်လိုက်သော်လည်း ဒီအမျိုးသားရဲ့ ခိုင်မာနေတဲ့ မျက်လုံးတွေကို ကြည့်ပြီး လင်း နှလုံးခုန်နှုန်းတွေ မြန်လာပါပြီ။ ခလုတ်ခုံကနေ ပြန်စာဘာမှမရှိတာကို တွေ့လိုက်ရတော့ သူက သွားတွေကို ကြိတ်လိုက်ပြန်သည်။
“ငါ မင်းတို့လို စာကလေးပေါက်စတွေနဲ့တိုက်လာတာ နှစ်တွေချီနေပြီ။ ဒီလို့နေ့မျိုးမှာ ငါ့မျက်လုံးကို ဆိတ်ခံလိုက်ရမယ်လို့ မထင်ထားဘူး။ ဒီအခြေအနေရောက်မှ ငါသေရမယ်ဆိုရင်တောင် မင်းတို့ကောင်တွေ ရသလောက်တော့ ငါနဲ့အတူသေမင်းဆီခေါ်သွားမယ်” လင်းက မီးလုံးတွေကို လူအုပ်ထဲ ဆက်တိုက်ဆက်တိုက်ပစ်လိုက်သည်။ လူတွေကလည်း ကြောက်လန့်ပြီး အော်ကြတော့သည်။ သို့သော်လည်း ငွေရောင်ဆံပင်နဲ့လူက လွှတ်လိုက်တဲ့ လေဓားပျံတွေက သူတို့ကို ပိတ်ဆို့ထားလိုက်သည်။ မီးလုံးတွေက ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။
“မင်း” လင်းရဲ့မျက်လုံးတွေက ဒေါသကြောင့်နီရဲနေပြီ။ သူက ဒီလူကို ကျော်လို့မရဘူးဆိုတာ သိနေသည်။ သူသာ မော့ချူးကို ဓားစာခံမလုပ်ထားဘူးဆိုရင် ဟိုက သူ့ကို အဆုံးသတ်ပြီးတာကြာပြီ။