← Chapters

အပိုင်း ၄၂

Vol. 3 Ch. 42

အပိုင်း ၄၂

Vol. 3 Ch. 42

လင်းက ဒီနေ့ အရှုံးကြီးရှုံးလိုက်ရသည်။

“သူမကို လွှတ်ပေးရင် ငါမင်းကို ချမ်းသာပေးမယ်” ငွေရောင်ဆံပင်နဲ့လူက ပြတ်သားသည့်အသံနှင့်ပြောလိုက်သည်။

“အို့ အဲ့ဒါဆိုရင်တော့ မလိုပါဘူး” လင်းက လှောင်ပြုံးပြုံးလိုက်ပြီး သင်္ဘောရဲ့တံခါးကို ရုတ်တရက် ဖွင့်လိုက်သည်။ သူက မော့ချူးကို သူ့လက်နဲ့ တင်းကြပ်စွာကိုင်ထားလိုက်ပြီး ဘယ်သူမှ မတားလိုက်နိုင်ခင်မှာပဲ ခုန်ချလိုက်သည်။

“ချူးလေး” နောက်က မော့ယန်က ဒီမြင်ကွင်းကို မြင်လိုက်ရပြီး အရမ်းကို ထိတ်လန့်သွားသည်။

“အာဝူး အာဝူး “ ဒီလိုကျဥ်းကြပ်နေတဲ့ အခြေအနေမှာ သွေးအလင်းသားရဲကလည်း ရုတ်တရက် ခုန်ချလိုက်သည်။ သူ့ရဲ့ချွန်ထက်နေတဲ့သွားတွေက မော့ချူးကို ကိုင်ထားသည့် လင်းရဲ့လက်ကို ကိုက်ထားလိုက်သည်။

ကျက်သားရေတုံးကောင်။ ငါ ခက်ခက်ခဲခဲနဲ့ ရှာထားရတဲ့ ဟင်းကောင်းချက်ကျွေးတဲ့သူကို မင်းက ခေါ်သွားမယ်ပေါ့လေ။ လွယ်မယ်တော့ မထင်နဲ့နော်။ ကြည့်နေ ငါမင်းကို သေသွားအောင် ကိုက်ပြမယ်မှတ်။

သွေးအလင်းသားရဲက သရုပ်ဆောင်နေတာ မဟုတ်ပါဘူး။ စူးရှနေတဲ့နာကျင်မှုက လင်းရဲ့လက်ကနေတဆင့် သူ့ခန္ဓာကိုယ်က ဆဲလ်တိုင်းကို ပျံ့နှံ့သွားသည်။ နောက်ဆုံးတော့ သူလည်း ဆက်မကိုင်ထားနိုင်တော့ပါ။

သူက မော့ချူးကို ကိုင်ထားသည့် လက်ကိုလွှတ်လိုက်ပြီး နီးနီးကပ်ကပ်ကြည့်လိုက်သည်။ သူ့ရဲ့လက်က သွေးတွေစီးကျနေပြီး တော်တော်လေးကို မြင်မကောင်းရှုမကောင်းဖြစ်နေသည်။

“သတိထား” ငွေရောင်ဆံပင်နှင့်လူက မြန်မြန်အော်လိုက်သည်။ သူက သူ့ရဲ့ခန္ဓာကိုယ်ဝက်လောက်ကို ဆန့်လိုက်ပြီး မော့ချူးရဲ့လက်ကို ဆွဲလိုက်သည်။

မော့ယန်ကလည်း ကူညီဖို့ မြန်မြန်လုပ်လိုက်သည်။ သို့သော်လည်း သူဘာမှမလုပ်ရသေးခင် ငွေရောင်ဆံပင်က မော့ချူးကို အောင်အောင်မြင်မြင် ကယ်တင်ပြီးသွားပါပြီ။

“ဘာဖြစ်သွားသေးလဲ အဆင်ပြေရဲ့လား” မော့ယန်က သူ့ရဲ့ညီမ တစ်ခြားယောကျ်ားလေးရဲ့လက်မောင်းပေါ်မှာ မှီနေတာကို မကြည့်နိုင်ချေ။ သူ့က ရှေ့ကိုတိုးသွားလိုက်ပြီး မော့ချူးကို မေးလိုက်ကာ သူမကို ပြန်ဆွဲလိုက်သည်။

“အဆင်ပြေပါတယ် စိတ်မပူပါနဲ့ အစ်ကို” မော့ချူးက ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူမရဲ့ခြေထောက်တွေ နည်းနည်းအားနေသလို ဖြစ်နေတာက လွဲလို့ ကျန်တာ အကုန်အဆင်ပြေသည်။

သူမ စိတ်ငြိမ်သွားပြီးတဲ့နောက်မှာ မော့ချူးက သူမကို ကယ်ခဲ့တဲ့သူကို ကျေးဇူးတင်ဖို့ လှည့်လိုက်သည်။ “ကျေးဇူးတင်ပါတယ်နော် ဦးလေး”

မော့ချူးက ဒီငွေရောင်ဆံပင်ကို နက်နဲတဲ့ ကျွမ်းကျင်မှုတွေနဲ့ လျှို့ဝှက်တတ်တဲ့ ပညာရှင်ဆိုပြီး သတ်မှတ်ထားသည်။

အမျိုးသားရဲ့ ဘာမှမပြောပဲ ခေါင်းသာညိတ်ပြလိုက်ပြီး ခဏရပ်နေလိုက်သည်။

မော့ယန်ကလည်း ဘေးနားကနေ စိတ်ရင်းမှန်ဖြင့်ကျေးဇူးတင်နေသည်။ သူကယ်လို့သာ မဟုတ်ရင် ချူး‌လေး ဒုက္ခအကြီးအကျယ် ရောက်တော့မည်။

အမျိုးသားကတော့ ဘာမျှမပြောချေ။ သူက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ထွက်ဖို့လှည့်လိုက်သည်။ သူ့ရဲ့ ထွက်သွားသည့်ပုံစံကို ကြည့်လိုက်တော့ မော့ယန်၏ ရင်ထဲ ခံစားချက်လှိုင်းလုံးကြီး မြင့်တက်လာသည်။

ဆိုရိုးစကားအတိုင်း လူပြိန်းက ပြပွဲကို ရွှင်ရွှင်မြူးမြူးကြည့်နေသည့်အချိန်တွင် ပညာရှင်က လှည့်ကွက်ကိုသာ ကြည့်သည်။ လင်း ခန့်ထားတဲ့လုပ်ကြံသတ်ဖြတ်သူတွေကို ဖမ်းရှားပစ်ဖို့ရာ မလွယ်ကူလှချေ။ မော့ယန်က ဒါကို ကောင်းကောင်းကြီး သိသည်။

လင်းက ထိန်းချုပ်တဲ့အခန်းကို တိုက်ခိုက်ဖို့ လူငါးယောက်လွှတ်လိုက်တာကို အခုလေးပဲ မော့ယန်သိလိုက်ရသည်။ အဲ့ဒီလူတိုင်းက အဆင့်(၇)ကျွမ်းကျင်သူတွေ ဒါမှမဟုတ် အဆင့်(၇)ထက်တောင် မြင့်သည့်သူများဖြစ်ကြသည်။

သို့သော်လည်း အဲ့ဒီလူတွေကို တားလိုက်သည့်သူက နှစ်ယောက်တည်းသာဖြစ်သည်။ ဒီလူနှစ်ယောက်က သန်မာသော်ငြားလည်း သူတို့အတွက် ငါးယောက်နှစ်ယောက် ယှဉ်တိုက်ရန်မှာ မဖြစ်နိုင်ပေ။

အဖြစ်မှာ... ဒီလူနှစ်ယောက်က ထိန်းချုပ်ခန်းထဲကို အရင်ဝင်ထားနှင့်ကာ ပုန်းနေပြီး ရှောင်တခွင် ဝင်တိုက်မှသာ အနိုင်ရနိုင်ချေရှိသည်။

သို့သော်လည်း ဒါက အကြောင်းအရင်းအမှန်ဆိုရင် သူ့ရဲ့ရှေ့က ဒီလူက အစကတည်းက မူမမှန်တာကို ကြိုသတိထားမိတာဖြစ်သည်။ နောက်ပြီး သူက ထိန်းချုပ်ခန်းထဲကို လူနှစ်ယောက်ဝင်ဖို့လို့ မဆိုင်းမတွတောင် ဆုံးဖြတ်ချက် ချလိုက်သေးသည်။

ထို့ပြင် ဒီလိုလူထောင်ချီရှိတဲ့ထဲကမှ လင်းလွှတ်ထားတဲ့ လုပ်ကြံသတ်ဖြတ်သူတွေကိုလည်း ရှာတွေ့သေးသည်။ ဘယ်သူကိုမှ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ လုပ်ကြံသတ်ဖြတ်သူကို သိနေသည်။ နောက်ဆုံးတွင် ဒီလူက ခရီးသည်တွေထဲကနေ စွမ်းအားကြီးအထူးစွမ်းအင်အသုံးပြုသူတွေကိုတောင် တွေ့ပြီး လင်းနဲ့ သူ့ရဲ့လူတွေကို ပြန်တိုက်ခိုက်ဖို့ ဖြောင်းဖြပြီး သွေးအာကာသဓားပြတွေကို မပြင်ဆင်ထားဘဲ ဖမ်းနိုင်လိုက်သေးသည်။

သူ့ရဲ့အစီအစဉ်တွေထဲက တစ်ခုလေးမှားသွားတာနဲ့ ဆိုးကျိုးတွေက သေချာပေါက်ဖြစ်လာမှာပင်။

သို့သော်လည်း ဒီပုဂ္ဂိုလ်က အမှားတစ်ခုလေးတောင်မလုပ်ဘဲ ဆုံးရှုံးမှုအနည်းဆုံးဖြင့် အောင်မြင်မှု အကြီးကြီးကို ရရှိလိုက်သည်။

ဒီလူရဲ့ ဗျူဟာစွမ်းရည်၊ ခွန်အား၊ သူတို့အားလုံးက တုန်လှုပ်စရာပါ။

“ဆရာ ဆရာ့ရဲ့အစီအစဉ်တွေက ဒီနေ့တော်တော်ကောင်းတယ်ဗျာ” နျဥ်ယိယွမ် ဘေးနားမှာ လူနှစ်ယောက်၊ ဘယ်ဘက်မှာ တစ်ယောက်နှင့် ညာဘက်မှာ တစ်ယောက် ရပ်နေသည်။ သူတို့က စောစောလေးက ထိန်းချုပ်ခန်းထဲဝင်ထားတဲ့ လူနှစ်ယောက်ပါ။

“စကားလုပ်ပြောနေသေးတယ်။ ဆရာ့အစီအစဉ်ပဲဟာ ကောင်းမှာပေါ့”

“အဲ့လိုဖြစ်သွားလား” အရင်က စကားသိပ်မပြောတဲ့ နျဉ်ယိယွမ်က ရုတ်တရက် သူတို့ကို ကြည့်လိုက်ပြီး အသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။ “မင်းတို့ ငါအရမ်းအသက်ကြီးနေပြီလို့ ထင်လား”

ဟာ၊ လူနှစ်ယောက်က ရုတ်တရက် ကြောင်ကြည့်ကြည့်နေကြသည်။ အဆက်အစပ်မရှိ ဘာလို့ဒါကို မေးနေပါလိမ့်။

“ထားလိုက်တော့” နျဥ်ယိယွမ်က သူရဲ့လက်ကို ယမ်းလိုက်ပြီး ခေါင်းကို ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။ သူက အဲ့ဒီမိန်းကလေးရဲ့ အစားမက်ပြီး မူးဝေနေတဲ့အကြည့်ကို တွေးမိပြီး သူ့ရဲ့ပြတ်သားနေတဲ့ မျက်လုံးတွေကို သိမ်မွေ့လာသည်။

ခပ်မြန်မြန်ပဲ သူက နှာချေလိုက်သည်။

သူမငါ့ကို ‘ဦးလေး’လို့ခေါ်လိုက်တာလား။ ငါအခုမှ အသက် ၄၀ ပဲ ရှိသေးတယ်လေ။ အသက် ၃၀၀ လောက်အထိနေကြတဲ့ အဖွဲ့ချုပ်မှာ ငါ့ကို လူငယ်လို့ သတ်မှတ်ကြတာ မဟုတ်လား။

အဲ့ကလေးမကတော့ အမြင်ကို မရှိဘူး။

All Chapters