← Chapters

အပိုင်း ၄၃

Vol. 3 Ch. 43

အပိုင်း ၄၃

Vol. 3 Ch. 43

နောက်ဆုံးတော့ ဒီခရီးရဲ့ ကြောက်စရာ၊ တုန်လှုပ်ခြောက်ခြားစရာတွေက အဆုံးသတ်လို့သွားပြီပင်။ ဒီကြယ်သင်္ဘောကလည်း ခရိုင်(၉)ကို အောင်မြင်စွာ ဆိုက်ကပ်သွားပြီ ဖြစ်သည်။

သူတို့ ခရိုင်(၉)ကို ခြေချလိုက်တာနဲ့ တစ်ပြိုင်နက် လူအုပ်ကြီးတစ်စုက ကျိုင်းကောင်တွေကို ပြေးဆင်းကြတော့သည်။ သင်္ဘောပေါ်မှာနေခဲ့ရတဲ့ အချိန်ရဲ့ အမှတ်တရတွေက သူတို့မမေ့နိုင်တဲ့ အိမ်မက်ဆိုးကြီးလိုပဲ။ အဲ့အကြောင်းပြန်တွေးလိုက်သည့်အခါ သူတို့တစ်ကိုယ်လုံး တုန်သွားကြသည်ထိပါ။ လူတိုင်း တစ်ယောက်ချင်းစီတိုင်း သင်္ဘောပေါ်ကနေ သူတို့အတက်နိုင်ဆုံး ပြေးဆင်းကြတော့သည်။

ထို့ကြောင့် မော့ယန်နဲ့ သူ့ညီမ အောက်ကိုဆင်းသည့်အချိန်တွင် သူတို့သိလိုက်ရတာက သင်္ဘောပေါ်က လူအများစုက ထွက်ပြေးပြီးသွားကြပြီဆိုတာပါပဲ။ ကျန်ခဲ့သည့်လူအရေအတွက်က လက်ချိုးရေလို့ရသည်။

နျဉ်ယိယွမ်က ထောင့်နားက မော့ယန်နှင့် သူ့ညီမကို လှမ်းကြည့်လိုက်သည်။ ခဏလောက် ချီတုန်ချတုန်ဖြစ်နေပြီးနောကတော့ သူက နောက်ကိုလှည့်ပြီး ထွက်သွားတော့သည်။ ဒါပေမဲ့လည်း ဘေးနားက သူ့ရဲ့ နောက်လိုက်နှစ်ယောက်က အဲ့ဒါကိုမြင်ပြီး စိတ်ထဲမှာ ထင်ကြေးတွေ ထုတ်နေကြသည်။

ဟူး ဆရာလည်း အရွယ်ရောက်လာပြီဆိုတော့ အချစ်အကြောင်းတွေးရင်လည်း မဆန်းတော့ပါဘူးလေ။ မဆန်းပါဘူး။ ဟုတ်တယ်...လုံးဝကို မဆန်းပါဘူး။ လူနှစ်ယောက်က သူတို့ကိုယ်သူတို့ ဖြေသိမ့်ဖို့ကြိုးစားနေကြသည်။ ဒါပေမဲ့ သူတို့ရဲ့ တုံ့ဆိုင်းနေတဲ့ ခြေလှမ်းတွေနဲ့ ပြူးကျယ်နေတဲ့ မျက်လုံးတွေကတော့ အတွေးနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဆရာက ဒီကလေးမသေးသေးလေးကို တကယ်ပဲ စိတ်ဝင်စားနေတာလား။ ဒါကတော့ ပုံမှန်မဟုတ်သေးဘူး။

မော့ချူးကတော့ သူတို့ကို အာရုံမစိုက်ပါပေ။ အစောကတည်းက မော့ယန်က စတားနက်ကနေ အခန်းတစ်ခန်းငှားထားပြီးသားပါ။ အခုတော့ သူတို့အထုပ်တွေသယ်ပြီး ရွှေ့ရုံပဲ ကျန်တော့သည်။

သူတို့ အခန်းထဲရောက်တော့ နှစ်ယောက်သား ခဏနားလိုက်ကြပြီးတော့ မော့ယန်က မေးလိုက်သည်။ “ချူးလေး ဒီမှာပဲနားချင်လား ဒါမှမဟုတ် လျှောက်ပတ်သွားချင်လား”

“ဟုတ်ပြီ...”မော့ချူး အဖြေပြန်မပြောခင်မှာပဲ သွေးအလင်းသားရဲက ရုတ်ရုတ်ရုတ်ရုတ် လုပ်တော့သည်။

“အားဝူး-“ အပြင်သွားမယ်။ အပြင်သွားမယ်။ ဒီအိမ်ပေါက်စလေးထဲမှာ မနေနဲ့။

တက်ကြွနေတဲ့ ခန္ဓာကိုယ်နဲ့ မော့ချူးရဲ့လက်မောင်းထဲမှာ လှုပ်ခါနေပြီး သူရဲ့ကြီးမားပြီး စိုရွှမ်းနေတဲ့မျက်လုံးများက မော့ချူးကို ပုတ်ကလပ် ပုတ်ကလပ် ကြည့်နေသည်။ စောစောလေးက သူက အလုံပိတ်ထားသည့် အခန်းထဲမှာ နေရပြီး မွန်းကြပ်နေသည်။ အခုတော့ နောက်ဆုံးမှာ အပြင်ထွက်လည်ဖို့ အခွင့်အရေးလေးရလာတုန်း သူက ဘယ်လက်လွှတ်ခံပါ့မလဲ။

“ဟုတ်ပြီလေး” မော့ချူးက သွေးအလင်းသားရဲရဲ့ ခေါင်းကို ဖွဖွလေးပုတ်လိုက်ပြီး ပြုံးပြကာ သဘောတူလိုက်သည်။ “ငါ့တို့လည်း မပင်ပန်းသေးလို့ အပြင်ထွက်လျှောက်ကြည့်ကြတာပေါ့”

သွေးအလင်းသားရဲက လင်းရဲ့လက်ကို ကိုက်လိုက်ပြီး ကြီမားတဲ့ ပူးပေါင်းလုပ်ဆောင်ချက်ကို ပြုလုပ်ထားတော့ မော့ချူးလည်း သူ့ကို နည်းနည်း အလိုလိုက်ပေးလိုက်သည်။

သူမ အခန်းထဲက ထွက်လိုက်တော့ ယောက်ယက်ခတ်နေသည့် ဆူညံသံတွေကို ကြားလိုက်ရတော့ သက်ပြင်းချလိုက်သည်။ ခရိုင်(၉)ကတော့ တကယ် ဂုဏ်သတင်းနဲ့အလိုက်ပါပဲ။

ခရိုင်(၁၂)နှင့်ယှဉ်လိုက်လျှင် စည်ကားနေမှုက သိသိသာသာကြီး ခြေတစ်လှမ်းသာနေသည်။ ဒီမှာ လုပ်စရာတွေအများကြီးရှိပြီး ကြည့်စရာ၊ လည်ပတ်စရာတွေလည်း များသည်။

မော့ချူးက စိတ်တွေလှုပ်ရှားလာပြီး သွေးအလင်းသားရဲကတော့ အထူးအားရရွှင်လန်းနေသည်။

ရုတ်တရက် သူမနားထဲ နှစ်လိုဖွယ်မကောင်းတဲ့ အော်သံတစ်ခုကြားလိုက်သည်။ “သွားစမ်း ဝေးဝေးသွားစမ်း”

သူမက အသံကြားရာဘက်ကို လှည့်ကြည့်လိုက်သည်။ ခါးကုန်းကုန်းနဲ့ အဖိုးကြီးတစ်ယောက်က သူ့ရဲ့နောက်ကြောမှာ ခြင်းတောင်းအကြီးကြီး တစ်ခြင်းကို သယ်ထားသည်။ သူ့ရဲ့တုန်ယင်နေတဲ့လက်တွေက လူလတ်ပိုင်းအမျိုးသားတစ်ယောက်ရဲ့ အင်္ကျီလက်ကို ဆွဲထားသည်။ သူ့ရဲ့မျက်နှာက အသနားခံနေသည်မှာ သိသာလှသည်။

“ကျုပ် ခင်ဗျားကို ပြောပြီးပြီလေ။ ကျုပ်တို့ လုံလုံလောက်လောက်ပြီးသွားပြီလို့။ နောက်ထပ် မလိုချင်တော့ဘူးလို့”

“မဟုတ်ပါဘူး နောက်ထပ်တစ်ခေါက်ပဲ ကြည့်ပေးပါ။ ကျွန်တော့် ပင်လယ်ထွက်ပစ္စည်းတွေက အရမ်းလတ်ဆတ်ပါတယ်။ ကျွန်တော့်ပစ္စည်းတွေက လုံးဝအသန့်ပါ” အဖိုးအိုရဲ့ လေသံက ပျော့ပျောင်းနေသည်။

“ကျုပ်ပြောပြီးပြီပဲလေ နောက်ထပ်မလိုတော့ပါဘူးလို့ အဖိုးကြီး” လူလတ်ပိုင်းအမျိုးသားက အဖိုးအိုကို ဝေးဝေးကန်လိုက်သည်။ အသံတိုးတိုးလေးနဲ့ညီးလိုက်ပြီးနောက် သူက နောက်ကိုလှည့်ပြီး ထွက်သွားသည်။

“အစ်ကို ဘာတွေဖြစ်နေတာလဲ...” ဒီမြင်ကွင်းကို ကြည့်ပြီး မော့ချူးက မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူမက ဘာတွေဖြစ်နေတာလဲဆိုတာ နားမလည်သည့်အတွက် စိတ်လိုက်မာန်ပါ မပြုမူလိုက်ပေ။

“ကြည့်ရတာ ဒီအဖိုးကြီးက ပင်လယ်ပစ္စည်းတွေ ရောင်းတဲ့ပုံပဲ” မော့ယန်က တစ်ချက်ကြည့်လိုက်ပြီး နားလည်လိုက်သည်။ “ခရိုင်(၉)မှာ အထူးစွမ်းအင်မရှိတဲ့ သာမန်လူတွေက ဒီအပေါ်ကိုမှီခိုပြီး ရှင်သန်ကြရတာ”

“ခရိုင်(၉)ရဲ့ နယ်စပ်က ပင်လယ်နဲ့နီးတော့ ပင်လယ်ပစ္စည်းအများကြီး ထုတ်ယူလို့ကောင်းတယ်။ ပင်လယ်ပစ္စည်း အများစုက အန္တရာယ်မရှိတော့ အထူးစွမ်းအင်မရှိတဲ့ သာမန်လူတွေတောင် စုဆောင်းလို့ရတယ်”

မော့ယန်က သက်ပြင်းချလိုက်သည်။ “ဒါပေမဲ့လည်း အဲ့ဒါကြောင့်ပဲ ဒီပင်လယ်ပစ္စည်းတွေက တန်ဖိုးမရှိသလောက်ပဲ။ လူနည်းနည်းလေးလောက်ကပဲ သူတို့ကို အသုံးပြုဖို့ ဝယ်ကြတာ။ ဒီပစ္စည်းတွေက ဈေးလည်းမရှိဘူး။ သူတို့ကို ရောင်းတဲ့သူတွေကလည်း ပေါတော့ သိပ်လည်း မမြတ်ကြတော့ဘူးလေ”

All Chapters